Monday, July 16, 2012

နေ့စဉ်မြန်မာ့အရေးဆက်စပ်သတင်းများ (ဇူလိုင်လ ၁၆ရက် ၂၀၁၂ခုနှစ်)

(၁) ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူ့ လွှတ်တော် ဥက္ကဌမှ တွေ့ဆုံ Source: Phophtaw News Association

15 July 2012
ဇူလိုင် (၁၃) ရက်နေ့ မွန်းလွဲပိုင်း () နာရီ ပြည်သူ့ လွှတ်တော် အစည်းအဝေး ပြီးဆုံးချိန်၌ တွေ့ဆုံခဲ့ပါသည်။ ယင်းတွေ့ဆုံပွဲ တွင် လက်ရှိ လွှတ်တော် အစည်းအဝေး၌ တင်ပြနေသော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့ အရေးယူမှု ကိစ္စနှင့် ပတ်သက်ပြီး အရေးကြီး အဆို တင်သွင်းခဲ့ခြင်းကို ဆွေးနွေးခြင်းဖြစ်ပါသည်။

(၂) အာဇာနည်နေ့ နိုင်ငံတော် အခမ်းအနား NLD ပါတီ တက်ရောက်မည် Source: RFA

2012-07-15
အစိုးရက ဒီနှစ်ကျင်းပမယ့် ဇူလိုင် (၁၉) ရက် ၆၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော် အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တက်ရောက်ဖို့ ရှိတယ်လို့ ပါတီတာဝန်ရှိသူတွေက RFA ကို ဒီကနေ့ ပြောကြားပါတယ်။

 

(၃) ALP မှ ပလက်ဝတွင် ဆက်ဆံရေးရုံးဖွင့်လှစ်နိုင်ရေး အတွက် လူထုစည်းရုံး Source: khonumthung

July 14th, 2012
ဇူလိုင်လ (၁) ရက်နေ့၊ တနင်္ဂနွေနေ့၊ နေ့လည်က ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့မြို့မရပ် ကွက်ရှိ ဘုန်းကြီး ကျောင်း တွင် ပလက်ဝမြို့၌ ALP ဆက်ဆံရေးရုံး ထားရှိရေးအတွက် ရခိုင် တိုးတက်ရေးပါတီက လူထုစည်းရုံးရေး ပြုလုပ်ကြောင်းဒေသခံ တစ်ဦး ၏ ပြောကြား ချက်အရ သိရသည်။
 
(၄) ခလရ (၂၀)တပ်ရင်းမှ ဗိုလ်မှူး ဦးမင်းသိန်းထွန်းအား ပလက်ဝမြို့နယ်မှ မုဒိန်းမှုဖြင့် တရားစွဲ
Source: Arakantimes





15 July 2012
ရခိုင်ပြည်နယ် ပလက်ဝမြို့နယ်တွင် ခလရ (၂၀) စစ်ကြောင်းမှူး ဗိုလ်မှူး ဦးမင်းသိန်းထွန်းအား ဂူဝကျေးရွာ (ခမီးအုပ်စု)မှ မုဒိန်းမှုဖြင့် တိုင်ကြားတရားစွဲဆိုထားရာ ယခုလတတိယအပတ်ထဲတွင် စစ်ဆေးရန်ရှိကြောင်း သိရှိရသည်။
ပလက်ဝမြို့နယ် ဂူဝကျေးရွာ (ခမီးအုပ်စု)မှ အလယ်တန်းပြကျောင်းဆရာမ ဒေါ်နုနုခင်မှတဆင့် တရားစွဲဆိုခြင်းဖြစ်ပြီး အမှုအား စစ်ဆေးမေးမြန်းရန် စစ်တွေ တရားရုံးတော်သို့ ဇူလိုင် ၁၅ ရက်နေ့အရောက် သက်သေထွက်ဆိုဖို့ ခေါ်ယူထားကြောင်း ဒေါ်နုနုခင် အသိုင်းအ၀ိုင်းမှ ပြောသည်။

(၅) မြန်မာစစ်သားများ၏ ရိုက်နှက်မှုကြောင့် တီးတိန်တွင် ရွာသားတဦးသေဆုံး Source: Khonumthung

14 July 2012
ချင်းပြည်နယ် တီးတိန်မြို့နယ် ဆိုဇန် ကျေးရွာတွင် ရဲ နဲ့ စစ်သားများက လိုင်စင်မဲ့ ဆိုင်ကယ်ပိုင် ရှင်များ ထံ ငွေကြေးတောင်း ခံရာမှ ခိုက်ရန်ဖြစ်ပွားမှုတခုဖြစ်ခဲ့ရာ ဇူလိုင်လ ၁၁ ရက်နေ့က  ရွာသားတဦး သေဆုံးသွားသည်ဟု သိရသည်။
တီးတိန်မြို့မှ ၁ မိုင်ခန့်ဝေးသော ဆိုဇန်ကျေးရွာ အနီး ကနေဒီတောင်တွင် တာဝန်ကျ ကလေး မြို့ အမှတ် (၆) ဆက်သွယ် ရေးတပ်မှ တပ်သား ၂ ဦး နှင့် ရဲ ၁ ဦးတို့သည် ဆိုဇန်ကျေးရွာတွင် လိုင်စင်မဲ့ဆိုင်ကယ်ပိုင် ရှင်တွေ ထံ ငွေကြေး တောင်းခံ ရာမှ ဆိုင်ကယ်ပိုင်ရှင်များနှင့် ခိုက်ရန်ဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

(၆) မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူဟု ယူဆရသူ မြန်မာနိုင်ငံသားတဦး ရဲလက်ထက် မအပ်ခင်သေဆုံး Source: Khonumthung

15 July 2012
မီဇိုရမ်ပြည်နယ်တွင် ဘိန်းဖြူ အဓိက ဖြန့်ဝေသူဟု ယူဆရသော မြန်မာနိုင်ငံသားတဦးကို မီဇိုး လူငယ်များအသင်း( Young Mizo Association) လက်အောက်တွင် ဖွဲ့စည်းထားသော Central Anti Drugs Squad(C A D S) အဖွဲ့က ဖမ်းဆီးပြီး ရဲ လက်ထဲ မအပ်ခင် သေဆုံး သွားခဲ့သည် ဟုသိရ သည်။
 

(၇) မန္တလေးတိုင်း ကျန်းမာရေးအရာရှိ လူထုအခြေပြုအဖွဲ့၏ လုပ်ငန်းများကို ၀င်စွက်ဖက်နေ Source: KIC

15 July 2012

မန္တလေးမြို့ တိုင်းကျန်းမာရေးအရာရှိ (Regional Officer- RO) ဒေါက်တာကျော်စိုးသည် လူထုအခြေပြုအဖွဲ့အချို့၏ လုပ်ပိုင်ခွင့်များကို ၀င်ရောက်စွက်ဖက်လျက်ရှိရာ သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များအနေဖြင့် စိတ်အနှောက် အယှက်ဖြစ်ရသည်ဟု ဒေသတွင်းရှိ လူထုအခြေပြု အဖွဲ့တစ်ခုမှ မန်နေဂျာ အမျိုးသမီး တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

(၈) ဘာသာရေးခွဲခြားမှုတိုင်ကြားချက်အပေါ် ပြည်နယ်ဝန်ကြီးချုပ်က CAG နဲ့ ဆွေးနွေး Source: Khonumthung

15 July 2012
ချင်းပြည်နယ်အတွင်း ဘာသာရေးခွဲခြားဆက်ဆံမှု ပပျောက်ရေးအတွက် ဆောင်ရွက်နေသည့် Chin Advocacy Group ( CAG) Coordinator ဖြစ်သူ Salai M Cung နဲ့ Salai Van Bawi Lian တို့အား ချင်းပြည်နယ် ၀န်ကြီးချုပ်နဲ့ ပြည်နယ် သာသနာဦးစီးမှူးတို့က ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့တွင် ခေါ်ယူတွေ့ဆုံခဲ့ကြကြောင်း သိရသည်။

(၉) နိုင်ငံခြား အန်ဂျီအိုများအပေါ် ရခိုင်၌ ဆန့်ကျင်မှု တိုးပွားနေ Source: Narinjara
15 July 2012
ရခိုင် ဒေသခံ တိုင်းရင်းသားများ အကြားတွင် ယူအန် အပါအ၀င် နိုင်ငံခြားမှ အန်ဂျီအိုများ အပေါ် ဆန့်ကျင် မူများ အထူးတိုးပွားနေကြောင်း သတင်း ရရှိသည်။

(၁၀) ရိုဟင်ဂျာ ဘင်္ဂလီများကို အင်ဒိုနီးရှားက လက်ခံရန် မဖြစ်နိုင်ကြောင်း သံအမတ် ပြောကြား Source: Narinjara

15 July 2012
မိမိတို့ အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် နိုင်ငံမဲ့ မြန်မာနိုင်ငံက မွတ်ဆလင်တွေကို လက်ခံ နေထိုင်ခွင့် ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူးဟု တာဝန်ပီးဆုံးပြီး နိုင်ငံကို ပြန်မယ့် ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ အင်ဒိုနီးရှား သံအမတ် Zet Mirzal Zainuddin ပြောကြားလိုက်သည်။

 
(၁၁) ဒု-ဗိုလ်မှူးကြီးအောင်ကြီး ခြစားမှုများထပ်မံထွက်ပေါ် Source: Arakantimes
15 July 2012
မောင်တောမြို့နယ်အတွင်း မြန်မာဘင်္ဂလီများထံမှ လာဒ်အမြောက်အများစားမှုဖြင့် ဒု-ဗိုလ်မှူး ဦးအောင်ကြီးအား ဇူလိုင်လ ၇ ရက်နေ့က နယ်ပြည်တော်သို့ ခေါ်ဆောင်သွားကြောင်းနှင့် ၎င်းအမှုများနှင့် တိုက်ရိုက်ဆက်နွယ်မှုရှိသူ ထောက်လှမ်းရေးအရာရှိ ဦးအောင်ဆန်းနေနိုင်အောင်အား ယခုသတင်းပတ် သောကြာနေ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မောင်တောမြို့ ခရိုင်ရုံးမှ အတည်ပြုပြောသည်။

(၁၂) တောင်သူလယ်သမားတွေ ဆန္ဒပြခွင့် လျှောက်ထား Source: RFA

2012-07-14
မြန်မာနိုင်ငံတ၀ှမ်း လယ်ယာမြေတွေ အဓမ္မ သိမ်းယူခံထားရတဲ့ တောင်သူ လယ်သမားတွေ အတွက် သူတို့ရဲ့ လယ်မြေတွေ ပြန်လည်ရရှိအောင် ဥပဒေတရပ် ပြဋ္ဌာန်းပေးဖို့ ရှေ့နေ ကိုဖိုးဖြူ ဦးဆောင်ပြီး တောင်သူ လယ်သမားတွေ ဆန္ဒပြပွဲတခု ပြုလုပ်ကြမယ်လို့ သိရပါတယ်။

(၁၃) မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားရေး အစွမ်းကုန် ကြိုးပမ်းမည် Source: VOA

14 July 2012

နှစ်ပေါင်း ၆၀ လောက် အထီးကျန်ပြီး ဖွံ့ဖြိုးမှုနောက်ကျခဲ့တဲ့ မြန်မာနိုင်ငံကို အာရှမှာ အလေးထား အသိအမှတ်ပြုခံရတဲ့ ဒီမိုကရေစီနိုင်ငံတခု ဖြစ်အောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောခဲ့ပါတယ်။ သောကြာနေ့က ကမ္ဘောဒီးယားနိုင်ငံ၊ Siam Reip မြို့မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်-အာဆီယံ စီးပွားရေး ဆွေးနွေးပွဲမှာ သမ္မတဦးသိန်းစိန်က မိန့်ခွန်း ပြောစဉ်မှာ ခုလို ပြောကြားသွားတာ ဖြစ်ပါတယ်။

(၁၄) အမေရိကန် စီးပွားရေးအဖွဲ့ ရန်ကုန်ရောက် Source: VOA

14 July 2012

အမေရိကန်နဲ့ အာဆီယံနိုင်ငံများရဲ့ စီးပွားရေး ညီလာခံ တက်ရောက်ရင်း မနေ့က အလွတ်သဘော တွေ့ဆုံခဲ့ကြတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ဟာ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုတွေ လျှော့ချခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်တွေ လုပ်သွားဖို့ ကိစ္စ ပြောဆိုခဲ့ကြပါတယ်။


(၁၅) မြန်မာပြည်ကို ဂျီအီးကုမ္ပဏီ စတင်ဝင်ရောက် Source: RFA

2012-07-14
အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် နည်းပညာနဲ့ စွမ်းအင်ဆိုင်ရာ GE ကုမ္ပဏီ က မြန်မာနိုင်ငံက ဆေးရုံ (၂) ရုံမှာ ဆေးဖက်ဆိုင်ရာသုံး ကိရိယာတွေ တပ်ဆင်ပေးဖို့ သဘောတူ စာချုပ်လိုက်ကြောင်း ဒီကနေ့ ကြေညာလိုက်ပါတယ်။
GE ကုမ္ပဏီဟာ မြန်မာနိုင်ငံက ပုဂ္ဂလိက ဆေးရုံ (၂) ရုံမှာ နှလုံး စမ်းသပ်တဲ့ ဓာတ်မှန် ရိုက်စက် (၂) လုံး တပ်ဆင်ပေးဖို့ စာချုပ်ခဲ့တာဖြစ်ပါတယ်။

(၁၆) မြန်မာဆေးရုံနှစ်ခုအတွက် GE လျှပ်စစ်ကုမ္ပဏီ ဓာတ်မှန်စက်များ ရောင်း Source: VOA

14 July 2012

မြန်မာနိုင်ငံအပေါ် စီးပွားရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန်အစိုးရက တရားဝင်ဖယ်ရှားပေးလိုက်ပြီး ရက်ပိုင်း အတွင်းမှာပဲ General Electric – GE ကုမ္ပဏီက ရန်ကုန်က ပုဂ္ဂလိက ဆေးရုံနှစ်ရုံကို ဓာတ်မှန်ရိုက်ကူးစက်တွေ ရောင်းချဖို့ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။ Sea Lion ဆိုတဲ့ မြန်မာကုမ္ပဏီကတဆင့် ဒေါ်လာ ၂ သန်းဖိုး အဲဒီ စက်ကိရိယာတွေကို ရောင်းချမှာဖြစ်တယ်လို့ GE ကုမ္ပဏီက ပြောပါတယ်။

(၁၇) ဘင်္ဂါလီ ရိုဟင်ဂျာ ပြဿနာကို အာဆီယံက စောင့်ကြည့်နေ Source: RFA

2012-07-14
အာဆီယံ အထွေထွေ အတွင်းရေးမှူး Dr. Surin Pitsuwan က ဘင်ဂါလီ ရိုဟင်ဂျာ အရေး ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ့်နိုင်ငံခြားရေးဝန်ကြီးတွေကို ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း တွေ့ဆုံမေးမြန်းလိုက်ပါတယ်။
နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေကလည်း အဲဒီ ဘင်္ဂါလီ ရိုဟင်ဂျာ လူမျိုးတွေနဲ့ ပတ်သက်တာကို အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ကတိပြုခဲ့ကြပါတယ်။

(၁၈) ဘန်ကောက်သွားမည့်သူများကို ရန်ကုန်လေဆိပ်တွင် ဖုန်းကတ် အလကားပေး Source: Moemaka

12 July 2012
ရန်ကုန်လေဆိပ်တွင် ဘန်ကောက်သို့ သွားမည့်ခရီးသည်များကို ထိုင်းနိုင်ငံတွင် အသုံးပြုသည့် ဆင်မ်ကတ် (SIM Card) များ အခမဲ့ ပေးဝေလျက်ရှိသည်။ ထို ဆင်မ်ကတ်ကို True Move ကုမ္မဏီက ဖြန့်ဝေနေခြင်းဖြစ်သည်။

(၁၉) အစိုးရတပ်မှ ကလေးစစ်သား ၅ ဦး KIA ထိန်းသိမ်းထား Source: Irrawaddy

14 July 2012
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာအစိုးရ စစ်တပ်တို့ ၁ နှစ်ကျော်ကြာသည် အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့စဉ် ကလေးစစ်သား ၅ ဦးအပါအဝင် မြန်မာအစိုးရ တပ်သား ၃၄ ဦးကို KIA ဘက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရသည့် မြန်မာ့တပ်သားများနှင့် ကလေးစစ်သားများကို အစိုးရတပ်များဘက်သို့ အေးချမ်းစွာ ပြန်လည်ပို့ဆောင် ချင်ကြောင်း KIA ဒုတိယ စစ်ဦးစီးမှူး ဂွမ်မော်က ဧရာဝတီသို့ ပြောသည်။

(၂၀) လေးအိမ်စု ကျေးရွာ မြေနေရာ လုမှု Source: Burmvjmedia

14 July 2012
အစားထိုး မြေနေရာကို ဖယ်ရှားခံရသူ ပြည်သူတစ်ဦး
ဧရာဝတီတိုင်း မအူပင်မြို့နယ် လေးအိမ်စု ကျေးရွာမှာ ၁၉၉၈ ၉၉ ခုနှစ်က ကျေးရွာအတွင်း အတွင်းလမ်း ဖောက်ရာမှာ အိမ်မလွတ်လို့ဆိုပြီးကျေးရွာ အုပ်ချုပ်ရေးမှူးမှ နေအိမ်တွေကို ဖယ်ရှားခိုင်းပြီး 
(၂၁) မဒေးကျွန်းဒေသဘက်စုံဖွံ့ ဖြိုးတိုးတက်ရေးအသင်းဖွဲ့ စည်း Source: Arakantimes
14 July 2012
မဒေးကျွန်းတွင် ခေတ်မီဖွံ့ ဖြိုးသော စီမံကိန်းများ တည်ဆောက်နေသော်လည်း အဖက်ဖက်မှ တိုးတက်ပြောင်းလဲမှုအားနည်းနေသည့်အတွက်ကြောင့် မဒေးကျွန်းမှ လူကြီးလူငယ်များ စုပေါင်းကာ မဒေးကျွန်းဘက်စုံဖွံ့ ဖြိုးတိုးတက်ရေးအသင်းကို ၃၊ ၆၊ ၂၀၁၂ နေ့က စတင်ဖွဲ့စည်းလိုက်ကြောင်းသိရှိရသည်။

(၂၂) NGO ၃၁ဖွဲ့၏ မြန်မာနိုင်ငံ လ.၀.က ဥပဒေပြင်ဆင်ဖို့ တောင်းဆိုချက်အား ဘီဒီစီမှ တုန့်ပြန်ချက်ထုတ်ပြန် Source: Arakantimes
14 July 2012
မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကို ပြင်ဆင်ရန် NGO ၃၁ဖွဲ့မှ တောင်းဆိုလိုက်ခြင်းအပေါ် Burma Democratic Concern (BDC)မှ တုန့်ပြချက်တစ်စောင်ကို ဇူလိုင်လ ၁၂ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
ယင်းတုန့်ပြန်ချက် ထုတ်ပြန်ရခြင်းနှင့် ပက်သက်ပြီးမြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ ပဋိညာဉ်အတိုင်း နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကို ပြုပြင်ပြောင်းလဲရမည့်အချက်ကို ပြည်ပက NGO ၃၁ဖွဲ့ကတောင်းဆိုတာဟာဘောင်တစ်ခုကိုကျော်လွန်သွားပါတယ်၊

No comments:

Post a Comment