Wednesday, July 18, 2012

နေ့စဉ်မြန်မာ့အရေးဆက်စပ်သတင်းများ (ဇူလိုင်လ ၁၇ရက် ၊ ၂၀၁၂)

(၁) လွှတ်တော်မှာတင် အချိန်ကုန်မခံဖို့ ဒေါ်စု တိုက်တွန်း Source: VOA

16 July 2012

လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်တွင်း မှာပဲ အချိန်ကုန်နေတာမျိုး မဖြစ်စေလိုတဲ့အကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။

(၂) အမေရိကန်၏ ထုတ်ဖော်ချက်များ လုံလောက်မှု မရှိသေးဟု ERI ဆို Source: Mizzima

ဇူလိုင်လ ၁၆ ရက် ၂၀၁၂ ခုနှစ်
မဇ္ဈိမ သတင်းဌာန ။         ။ အမေရိကန် ကုမ္ပဏီများ အနေဖြင့် မြန်မာ အစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) တွင် ယခုအခါ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ပြီဟု အမေရိကန် အစိုးရက ကြေညာခဲ့စဉ်တွင် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဖြစ်သည့် EarthRights International (ERI) က မြန်မာ့

(၃) ဆားလင်းကြီးမြို့နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန် Source: RFA

2012-07-16
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းလုပ်ငန်း စီမံကိန်း နေရာမှာ ပုဒ်မ ၁၄၄ မနေ့ က ထုတ်ပြန် လိုက်တယ်လို့  သိရပါတယ်။

 

(၄) လယ်သမားများ ခွင့်ပြုချက်ယူ၍ ဆန္ဒထုတ်ဖော် Source: Irrawaddy

16 July 2012
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လယ်သမား ၂၀၀ ကျော်တို့သည် အစိုးရ၏ ခွင့်ပြုချက်ယူ၍ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဟောပြောခြင်းများကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။


(၅) စပါးခင်းတွေ ကုမ္ပဏီက ဝင်ရောက်ဖျက်ဆီး Source: RFA

2012-07-16
ရန်ကုန်တိုင်း ဒဂုံမြို့သစ် တောင်ပိုင်း ရွာသာကြီးမှာ ဒေသခံ တောင်သူတွေ စိုက်ပျိုးထားတဲ့ မိုးစပါး(၁၅) ဧကကို ၀န်းရံခ ကုမ္ပဏီနဲ့ ရဲတွေ ပူးပေါင်းပြီး ဖျက်ဆီးလိုက်တယ်လို့ တောင်သူတွေက ပြောပါတယ်။

(၆) ကချင်ဒုက္ခသည်တွေ အကူအညီပိုမိုလိုအပ် Source: RFA

2012-07-16
ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည် စခန်း (၆) ကို သွားရောက် ကူညီခဲ့တဲ့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ရဲ့ သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် လှည်းတန်း လမ်းဆုံအနီးမှာရှိတဲ့ အဲဒီကွန်ရက်အဖွဲ့ရဲ့ ရုံးခန်းမှာ ဒီကနေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

(၇) ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူ (၈) ဦးကို ပစ်ခတ်ဖမ်းဆီး Source: RFA

2012-07-16
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပင်လယ်ပြင်ကို ဖြတ်သန်းပြီး တရားမဝင် ခိုးဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈ ဦးကို မနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်း စစ်တပ် အာဏာပိုင်တွေက ပစ်ခတ် ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

(၈) အာဇာနည်နေ့ ထူးခြားချက်တချို့ မြင်တွေ့ Source: RFA

2012-07-16
လာမဲ့ ဇူလိုင် ၁၉ ရက်နေ့မှာ ကျင်းပမဲ့ အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော်အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ကြောင်း NLD ပါတီက ဒီကနေ့ ပြောကြားပါတယ်။

(၉) ဧရာဝတီ ထိန်းသိမ်းရေး ဟောပြောပွဲ Source: RFA

2012-07-16
မြစ်ဆုံ ရေအား လျှပ်စစ်စီမံကိန်း ရပ်တန့်ရေး အပါအ၀င် ဧရာဝတီမြစ် ထိန်းသိမ်း ကာကွယ်ရေးအတွက် အသိပညာပေး ဟောပြောပွဲ တစ်ခုကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာရှိတဲ့ Excel တာဝါမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

(၁၀) မူးယစ်မှောင်ခိုသူအဖြစ် သံသယရှိသူတွေနဲ့ ထိုင်းစစ်တပ် တိုက်ပွဲဖြစ် Source: VOA

16 July 2012

မြန်မာပြည်နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့အနီးမှာ ဒီနေ့မနက်အစောပိုင်းက မူးယစ်မှောင်ခို အဖွဲ့တဖွဲ့နဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားပြီးနောက် မူးယစ်မှောင်ခိုသမား ၈ ယောက်ကို အသေဖမ်း ဆီးရမိခဲ့သလို စိတ်ကြွဆေးနဲ့ စိတ်ကြွဆေးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်း အများအပြားကို ဖမ်းဆီး ရမိခဲ့ပါတယ်။

(၁၁) KIO ထံ အစိုးရက အရေးတကြီး အကျိုးတော်ဆောင်များကို စေလွှတ် Source: Phophtaw News Association

16 July 2012
ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) နှင့် တွေ့ဆုံ ဆွေးနွေး နိုင်ရေးအတွက်  အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီသည်၊  ငြိမ်းချမ်းရေး အကျိုးတော်ဆောင် များကို စေလွှတ်ပြီး KIO နှင့် ယနေ့ တွေ့ဆုံညှိနှိုင်း စေခဲ့ကြောင်း KIA ဗဟို စစ်ရုံးချုပ်မှ အရာရှိ တစ်ဦးက ပြောပါသည်။

(၁၂) ဦးဘရန်ရှောင်အမှု တရားခွင် ကြားနာမှု အများပြည်သူ နားထောင်ခွင့် မပြု Source: Mizzima

ဇူလိုင်လ ၁၆ ရက် ၂၀၁၂ ခုနှစ်
ချင်းမိုင်(မဇ္စျိမ)        ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဝန်ထမ်းဟု စွပ်စွဲကာ တရားရင်ဆိုင်နေရသော ဦးလထော်ဘရန်ရှောင်၏ အမှုအား ကြားနာစစ်ဆေးသည့် တနင်္လာနေ့ တရားခွင်သို့ တရားသူကြီး ဦးမြင့်ထူးက အများပြည်သူများအား နားထောင်ခွင့် မပြုခဲ့ကြောင်း ရုံးချိန်းတွင် သွားရောက်လေ့လာခဲ့သူ တဦးက ပြောသည်။
ဆက်ဖတ်ရန်-----

(၁၃) အဖမ်းအဆီးကြောင့် ကချင်ဒုက္ခသည်များ ထိတ်လန့် Source: Irrawaddy

16 July 2012
ဦးဘရန်ရှောင်ကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီးနောက် ကချင်စစ်ပြေး ဒုက္ခသည်များ စိုးရိမ်ထိတ်လန့် နေကြကြောင်း သတင်းရရှိသည်။


(၁၄) တရုတ်ပြည်တွင်းမှ ကချင် ဒုက္ခသည် စခန်းများ ဖယ်ရန်မလိုတော့ Source: Irrawaddy

16 July 2012
တရုတ်ပြည်အတွင်းမှ ဖယ်ရှားခိုင်းထားသော ရမ်လူးနှင့် လောင်ဖိုင်း ကချင်စစ်ပြေး ဒုက္ခသည်စခန်း ၂ ခုတွင် ယခုအခါ ပြန်လည်နေထိုင်ရန် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

(၁၅) လယ်မြေနှင့် သင်္ချိုင်းမြေ သိမ်းဆည်းခံရသဖြင့် ကရင်ဒေသခံများ အခက်အခဲတွေ့ကြုံ Source: KIC

ဇူလိုင်လ ၁၆ရက်၊ ၂၀၁၂ခုနှစ်။

ကရင်ပြည်နယ် ဘားအံမြို့မြောက်ဘက် စက်မှုဇုံနယ်မြေတ၀ိုက်ရှိ ထီးဖိုးခလုံးကျေးရွာတွင် လယ်ယာမြေများ သိမ်းဆည်းခံထားရသည့်အ ပြင် သင်္ချိုင်းမြေများပါမကျန် အစိုးရဘက်မှ သိမ်းဆည်းထားမှုကြောင့် ဒေသခံများ အခက်အခဲ ကြုံတွေ့နေကြရသည်ဟု ထိုဒေသမှလာ သည့် သတင်းများအရ သိရသည်။

(၁၆) ကုလ ဝန်ထမ်းများ ဖမ်းဆီးထားမှု မြန်မာ ဖြေရှင်းရမည်ဟုဆို Source: Mizzima

ဇူလိုင်လ ၁၆ ရက် ၂၀၁၂ ခုနှစ်
မဇ္ဈိမသတင်းဌာန ။         ။ ကုလသမဂ္ဂ ဝန်ထမ်းနှင့် အကူအညီပေးရေး လုပ်သား ၁ဝ ဦးအား ဇွန်လအတွင်းက ရခိုင်ပြည်နယ်တွင် အဘယ်ကြောင့် ဖမ်းဆီးခဲ့သည် ဆိုသည်ကို ရှင်းလင်းချက်ပေးရန် မြန်မာနိုင်ငံအား တောင်းဆို ထားသည်။ ထိုဝန်ထမ်းအချို့မှာ ပြစ်မှု ဆိုင်ရာ စွဲချက်များဖြင့်လည်း ရင်ဆိုင်နေရခြင်းဖြစ်သည်။

(၁၇) စစ်တွေမြို့နယ်အတွင်း အကြမ်းဖက်သမားများနှင့်အတူ လူသတ်လက်နက်မျိုးစုံတို့အား ဖမ်းဆီးမိပြန် Source: Arakantimes
16 July 2012
စစ်တွေမြို့နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူ ၂၉ ဦးနှင့်အတူ လူသတ်လက်နက်မျိုးစုံတို့အား သက်ဆိုင်ရာမှ သောကြာနေ့က ဖမ်းဆီးရမိကြောင်း သိရှိရသည်။

(၁၈) မြန်မာရေတပ်နှင့် ဘင်္ဂလီမူဆလင်စက်လှေတစ်စီး ပစ်ခတ်မှုဖြစ်ပွား Source: Arakantimes
16 July 2012
ဇူလိုင်လ ၁၅ရက်နေ့က ဘင်္ဂလီမူဆလင်စက်လှေတစ်စီးဖြင့် မြန်မာရေတပ်စခန်းမှ ရေယဉ် ၅၅၄ နှင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ယင်းဘဂလီမူဆလင်စက်လှေအား မြန်မာရေတပ်မှ ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

(၁၉) အာဇာနည်နေ့ကျင်းပခွင့် မြို့နယ်အချို့တွင် အပိတ်ခံနေရဆဲ Source: Mizzima

ဇူလိုင်လ ၁၆ ရက် ၂၀၁၂ ခုနှစ်
စံခလပူရီ (မဇ္ဈိမ) ။        ။ နှစ်ပေါင်း ၂၀ ကျော် ကျင်းပခွင့် ပိတ်ပင်ထားသည့် အာဇာနည်နေ့ အခမ်းအနားကို လက်ရှိ အစိုးရသစ် လက်ထက်တွင် ပြန်လည် ကျင်းပခွင့် ပြုလိုက်သော်လည်း မြို့နယ်အချို့တွင် ပိတ်ထားဆဲ ဖြစ်ကြောင်း သိရသည်။

(၂၀) ပိတ်ဆို့မှု ရုပ်သိမ်းရေး ကိုယ်စားလှယ်ကိစ္စ NLD ဝေဖန် Source: Irrawaddy

16 July 2012
ပြည်သူ့လွှတ်တော်တွင် ဇူလိုင် ၁၃ ရက်နေ့က အတည်ပြုလိုက်သော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု
အား အမြန်ဆုံး ရုပ်သိမ်းပေးရေးအတွက် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို မည်သည့်နည်းလမ်းကို အသုံးပြု၍ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုတွင် လက်မခံနိုင်စရာ အချက်တချို့ ပါရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က အလွတ်သဘော ဝေဖန် ထောက်ပြခဲ့သည်ဟု သိရသည်။

(၂၁) NLD ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး တိုင်းရင်းသားများ တိုက်တွန်း Source: Irrawaddy

16 July 2012
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေး ကို အလေးထား ဆွေးနွေးရန် တိုင်းရင်းသား ပါတီများ က တိုက်တွန်းလိုက်ကြောင်း သိရသည်။

(၂၂) ဒု-သမ္မတ နေရာအတွက် ဦးမြင့်ဆွေအား ရာထားချက်ကို ရွေးချယ်ရေး အဖွဲ့က လက်မခံ Source: Phophtaw News Association

16 July 2012
လစ်လပ် သွားသည့် ဒုတိယ သမ္မတ နေရာအတွက် ရန်ကုန်တိုင်း ၀န်ကြီးချုပ်အား အစားထိုး ခန့်အပ်မည့် ကိစ္စကို ဒုတိယ သမ္မတ ရွေးချယ်ရေး အဖွဲ့က လက်မခံကြောင်း ရွေးချယ်ရေး အဖွဲ့နှင့် နီးစပ်သူ လွှတ်တော် အမတ်တဦးက ရွှေဟင်္သာ သတင်းဌာနကို ပြောပါသည်။

(၂၃) စီအဲန်အက်ဖ်က မီဇိုရမ်ရောက်ချင်းပြည်သူများထံ လူထုတွေ့ဆုံမှူပြုလုပ် Source: Khonumthung

16 July 2012

ဇူလိုင် ၁၅ ရက်နေ့ စီအဲန်အက်ဖ်က ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုနဲ့ ပါတ်သက်ပြီး မီဇိုရမ် ပြည်ရောက် ချင်းပြည်သူ များနှင့် တွေ့ဆုံရှင်းလင်းမှုပြုလုပ်ခဲ့သည်ဟု သိရသည်။

(၂၄) ရင်းနှီးမြှုပ်နှံရေး စိန်ခေါ်မှုများစွာရှိဟု အမေရိကန် ပြော Source: Irrawaddy

16 July 2012
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် အခြေခံအဆောက်အဦ လိုအပ်ချက်နှင့် ပြင်ဆင်ရမည့် စိန်ခေါ်မှုများစွာရှိနေကြောင်း အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ၊ Public Relations ASEAN ၏ တွဲဖက် ညွှန်ကြားရေးမှူး Mr. Anthony Nelson က
ပြောဆိုလိုက်သည်။

(၂၅) ဆက်သွယ်ရေးကဏ္ဍတွင်လည်း နိုင်ငံခြားကုမ္ပဏီများကို ခွင့်ပြုတော့မည် Source: Mizzama

ဇူလိုင်လ ၁၆ ရက် ၂၀၁၂ ခုနှစ်
နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာအစိုးရအနေနှင့် ဆက်သွယ်ရေး (telecommunication) ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများကို ခွင့်ပြုတော့မည်ဖြစ်ကြောင်း အစိုးရ အကြီးတန်းအရာရှိတဦးက ဖော်ထုတ် ပြောဆိုလိုက် သည်။
(၂၆) ကျောင်းသားများ ကျောင်းမလာ၍ စစ်တွေတက္ကသိုလ် မဖွင့်လှစ်ဖြစ် Source: Narinjara
16 July 2012
စစ်တွေ တက္ကသိုလ်ကို ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ဖွင့်လှစ်ရန် အစိုးရမှ တရားဝင် ကျေညာ ထားသော်လည်း ကျောင်းသားများ ကျောင်းမတက်ကြသဖြင့် ကျောင်း အဖွင့်မဖြစ်ဟု  သိရသည်။ ကျွန်တော်တို့က လုံခြုံမူ မရှိလို့ ယူဆတဲ့ အတွက် ကျောင်းမသွားကြပါဘူး။ စစ်တွေ တက္ကသိုလ်ရဲ့ ပတ်ပတ်လည်မှာ ဘင်္ဂလီရွာတွေ ရှိနေတော့ လုံခြုံရေးကို စိုးရိမ်ပြီး ကျောင်းမသွားကြတာ ဖြစ်ပါတယ်။ ကျောင်းသားတွေ မရောက်တဲ့ အတွက် ကျောင်းလည်း မဖွင့်ဖြစ်တဲ့ သဘောပါဟု စစ်တွေမှ ကျောင်းသား တစ်ဦးက ပြောသည်။

(၂၇) မယ်တော်ဆေးခန်း ဘဏ္ဍာငွေအခက်အခဲကြောင့် မဲဆောက်ဆေးရုံကြီးသို့ ပို့ဆောင်ရမည့် လူနာဦးရေ လျှော့ချမည် Source: KIC

16 July 2012
ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်း၏ ၂၀၁၂ခုနှစ်အတွင်း ဘဏ္ဍာငွေ လျော့နည်းသွားသောကြောင့် မဲဆောက်ဆေးရုံကြီးသို့ ပို့ဆောင်ကုသရမည့် လူနာဦးရေ လျှော့ချလိုက်ရသည်ဟု ဆေးခန်းအထွေထွေ တာဝန်ရှိသူ ဦးအောင်ဖေက ကေအိုင်စီသို့ ပြောသည်။

(၂၈) လယ်သမားများ ဥပဒေနဲ့အညီ ဆန္ဒထုတ်ဖော် Source: VOA

15 July 2012

တရားဝင် ဆန္ဒပြခွင့် ဥပဒေ ထွက်လာပြီးတဲ့ နောက်မှာတော့ နှစ်ပေါင်း ၄၀ ကျော် အတွင်း ပထမဆုံးအကြိမ်အဖြစ် တရားဝင် ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခွင့် ရခဲ့ကြပါတယ်။ ဒါကြောင့် မင်္ဂလာဒုံနဲ့ ရွှေပြည်သာမြို့နယ်တွေက သိမ်းဆည်းခံရတဲ့ လယ်ဧက ၄,၀၀၀ လောက် အတွက် ကိုယ်စားပြုတဲ့ လယ်သမား ၂၀၀ ခန့်က ဆန္ဒထုတ်ဖော်ထုတ် ခဲ့ကြပါတယ်။ ဒီအကြောင်းကို မအေးအေးမာက တင်ပြထားပါတယ်။

(၂၉) တောင်သူလယ်သမားများ ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြပွဲ စတင် Source: RFA

2012-07-15
မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီက ဦးဆောင်တဲ့ တောင်သူလယ်သမားတွေရဲ့ ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက် ဆန္ဒပြပွဲကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မှာ စတင်ပြုလုပ်ခဲ့ပါတယ်။


(၃၀) ပညာရေး ကျန်းမာရေး ပြုပြင်ဖို့ လွှတ်တော်မှာ ဒေါ်စု အဆိုတင်ပြနိုင်ဖွယ်ရှိ Source: VOA

15 July 2012

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ကျင်းပ နေတဲ့ စတုတ္ထအကြိမ် လွှတ်တော် ပုံမှန် အစည်အဝေးမှာ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ အဆိုတွေကို တင်ပြသွားနိုင်ဖွယ် ရှိနေပါတယ်။

 

(၃၁) နိုင်ငံတကာ AIDS ညီလာခံ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည် Source: RFA

2012-07-15
ဇူလိုင်လ (၂၂) ရက်နေ့ အမေရိကန် ပြည်ထောင်စုမှာ ကျင်းပမယ့် နိုင်ငံတကာ AIDS ညီလာခံမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုကတဆင့် မိန့်ခွန်းစကား ပြောကြားမယ်လို့ အေအက်ဖ်ပီ သတင်းက ဖော်ပြပါတယ်။

(၃၂) တာဝန်သိ စီးပွားရေးဆောင်ရွက်မှု GE စလုပ်မည် Source: VOA

15 July 2012

အမေရိကန်နိုင်ငံက General Electric (GE) ကုမ္ပဏီက မြန်မာနိုင်ငံမှာ တာဝန်သိ လုပ်ငန်းဆောင်ရွက်မှုတွေ မကြာခင် စပြီး လုပ်ဆောင်တော့မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ GE ကိုယ်စားလှယ်က ဗွီအိုအေကို ပြောပါတယ်။ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတချို့ ဖြေလျှော့ပေးလိုက်ပြီးတဲ့ ရက်ပိုင်းအတွင်းမှာပဲ GE ကုမ္ပဏီက ခေတ်မီရောဂါ ရှာဖွေကုသရေး စက်တွေကို ဗဟိုစည် ဆေးရုံ နဲ့ ပန်းလှိုင် ဆေးရုံတွေဆီကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။

(၃၃) ကြိုတင်အကြောင်းမကြားဘဲ စက်ရုံ ပြောင်းရွှေ့လို့ အလုပ်သမားများ အခက်ကြုံ Source: RFA

2012-07-15
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ဘန့်ထုအရပ်မှာရှိတဲ့ Le Form ကုမ္မဏီ ဇာဘော်လီနဲ့ အတွင်းခံ စက်ရုံကို လုပ်ငန်းရှင်ဘက်က အလုပ်သမားတွေကို ကြိုတင်အသိမပေးဘဲ ရုတ်တရက် ပိတ်လိုက်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမား (၃၀၀) ကျော် အခက်တွေ့နေကြရတယ်လို့ စုံစမ်းသိရပါတယ်။

No comments:

Post a Comment