(၁) အာဏာပိုင်များရဲ့ အဂတိဖော်ထုတ်သူ အသတ်ခံရ : Source : RFA
2012-07-25
မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့နယ်မှာ အာဏာပိုင်တွေရဲ့ အဂတိ လိုက်စားမှုတွေကို ဖော်ထုတ်ပေးနေတဲ့ NLD ထောက်ခံသူ အသက် (၅၀) ကျော်အရွယ် ဦးရဲဝင်းဆိုသူ အမျိုးသားတစ်ဦး ဒီကနေ့ မနက်ပိုင်းက သတ်ဖြတ်ခံခဲ့တယ်လို့ သိရပါတယ်။
(၂) လပွတ္တာမြို့မှာ တောင်သူလယ်သမားတွေ ဆန္ဒပြ : Source : RFA
2012-07-25
ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့မှာ
လယ်သိမ်းခံရတဲ့ တောင်သူတွေ ဦးဆောင်ပြီး လူ ၈ဝဝ နီးပါး ဒီကနေ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
(၃) လယ်သမား
၁၅ ဦးကို စစ်တပ်က ဝိုင်းထား : Source : RFA
2012-07-25
ရန်ကုန်တိုင်း သံလျင်မြို့နယ်အတွင်း
စစ်တပ် အဓမ္မ သိမ်းယူခံထားရတဲ့ လယ်မြေတွေပေါ်မှာ ဒီကနေ့ သွားရောက် ထွန်ယက်ခဲ့ကြတဲ့ လယ်သမား
(၁၅) ဦးခန့်ကို စစ်တပ်က အခု တပ်စိတ်တစ်စိတ်နဲ့ ၀ိုင်းထားတယ်လို့ RFA က စုံစမ်းသိရပါတယ်။
(၄) လယ်မြေတွေ
ပြန်မပေးနိုင်ကြောင်း ဦးခင်ရွှေပြောကြား : Source : RFA
2012-07-25
စက်မှုမြေအဖြစ် ရောင်းပြီးတဲ့
လယ်မြေတွေကို ပြန်မပေးနိုင်ဘူးလို့ ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် (၉) ရဲ့ အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ဇူလိုင်လ ၂၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်
အစည်းအဝေးမှာ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
(၅)
ပွဲစားအလိမ်ခံ မြန်မာအလုပ်သမား ၃၅ ဦးတို့ ရှေ့ဆက်ရန် မရေရာသေး : Source : Mizzima
ဟင်္သာနီ (မွန်မြေ) | ဗုဒ္ဓဟူးနေ့၊
ဇူလိုင်လ ၂၅ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၁၂ မိနစ်
စံခလပူရီ (မဇ္ဈိမ) ။
။ ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရတို့ကြား အလုပ်သမား တင်သွင်းခွင့်
နားလည်မှု စာချွန်လွှာ MOU ဖြင့် ဝင်ရောက် လာကြသည့် အလုပ်သမားများ ပွဲစား အလိမ်ခံရ၍
ရှေ့ဆက်ရေး အလားအလာမှ မရေမရာ
ဖြစ်နေသေးကြောင်း အလုပ်သမားများက မဇ္ဈိမကို ပြောသည်။
ဆက်ဖက်ရန်---
ဖြစ်နေသေးကြောင်း အလုပ်သမားများက မဇ္ဈိမကို ပြောသည်။
ဆက်ဖက်ရန်---
(၆) ကုလ လူ့ အခွင့်အရေး အထူးကိုယ်စားလှယ် မြန်မာအစိုးရ ဖိတ်ကြား : Source : RFA
2012-07-25
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့
အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားဟာ အစိုးရရဲ့ ဖိတ်ကြားချက်အရ
ဇူလိုင်လ ၃၀ ရက်နေ့ ကနေ သြဂုတ်လ ၄ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားမယ်လို့ ဒီနေ့
ကြေညာလိုက်ပါတယ်။
(၇) ရွှေည၀ါဆရာတော်
ပြည်ပခရီးစတင် : Source : RFA
2012-07-25
ပြည်တွင်းမှာ တရားဟောခွင့်
ပိတ်ပင်ခံထားရတဲ့ ရွှေည၀ါ ဆရာတော် ဦးပညာသီဟဟာ (၃) လကြာ ဓမ္မဒူတ ပြည်ပခရီးစဉ်ကို
ဒီကနေ့ စတင်လိုက်ပါတယ်။ ဆရာတော်ဟာ ဒီကနေ့မနက် ၁၀ နာရီလောက်မှာ အမေရိကန်
ပြည်ထောင်စုကို ရန်ကုန် မင်္ဂလာဒုံ လေဆိပ်ကနေ ထိုင်းလေကြောင်းနဲ့ ထွက်ခွာသွားတာပါ။
(၈) အလုပ်သမား
ဆန္ဒပြမှုများနှင့် အလုပ်ထုတ်ခံရမှုများ ဆက်လက်ဖြစ်ပေါ် : Source : Mizzima
နေလင်းအောင် | ကြာသပတေးနေ့၊ ဇူလိုင်လ
၂၆ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၀၁ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။ ။ အလုပ်သမားသမဂ္ဂများ တည်ထောင်၍
အလုပ်သမားများ၏ အခွင့်အရေးများကို တောင်းဆို လာခြင်းနှင့်အတူ ဦးဆောင်
တောင်းဆိုသည့် အလုပ်သမားများ အလုပ်ထုတ်ခံကြရကြောင်း ရန်ကုန်မြို့ရှိ အလုပ်သမား
များနှင့် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတို့က ဆိုသည်။
(၉) ကချင် ငြိမ်းချမ်းရေး ဆန္ဒပြမည့်
အစီအစဉ် ရပ်ဆိုင်းလိုက်ရ : Source : Mizzima
ဖနိဒါ | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၆ ရက်
၂၀၁၂ ခုနှစ် ၁၈ နာရီ ၁၄ မိနစ်
ချင်းမိုင်(မဇ္စျိမ)။
။ ကချင်ပြည်နယ်၊ ကြံ့ခိုင်ရေးပါတီဝင် အမျိုးသမီးများ ဦးဆောင်၍
မြစ်ကြီးနားမြို့တွင်
ငြိမ်းချမ်းရေးလိုလားကြောင်း ဆန္ဒပြမည့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်သည်ဟု ဆန္ဒပြမှု ဦးဆောင်သူ ဒေါ်ဂျာခေါန် က ပြောသည်။
ဆက်ဖက်ရန်---
ငြိမ်းချမ်းရေးလိုလားကြောင်း ဆန္ဒပြမည့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်သည်ဟု ဆန္ဒပြမှု ဦးဆောင်သူ ဒေါ်ဂျာခေါန် က ပြောသည်။
ဆက်ဖက်ရန်---
(၁၀)
“ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေး” သူရဦးရွှေမန်း သတိပေး : Source : Mizzima
မျိုးသန့် | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၆
ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၀၄ မိနစ်
ရန်ကုန် (မဇ္ဈိမ)
။ ။ တနှစ်ကျော်ကြာ သက်တမ်းရှိပြီဖြစ်သည်
ပြည်ထောင်စု လွှတ်တော်အတွင်း ဆွေးနွေးသည့် အကြောင်းအရာများအနက် ဆွေးနွေးသူ အမတ်ဦးရေ
၄၅ ဦးဖြင့် စံချိန်တင် အဆိုတခုဖြစ်သော “လယ်ယာမြေ သိမ်းဆည်းခံရခြင်းများအား
စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှု မရှိစေရေး တရားမျှတစွာ
ဆက်ဖက်ရန်---
ဆက်ဖက်ရန်---
(၁၁)
ရေနက်ဆိပ်ကမ်း သဘောတူညီချက် အသေးစိတ် ထားဝယ်ဒေသခံများ သိရှိလို : Source : Mizzima
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊
ဇူလိုင်လ ၂၅ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၁၀ မိနစ်
မဇ္ဈိမသတင်းဌာန
။ ။ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့်
အထူးစီးပွါးရေးဇုန် အနီးရှိ ဒေသခံများက ယခုအပတ် အတွင်း မြန်မာနိုင်ငံနှင့်
ထိုင်းနိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့ကြသည့် သဘောတူညီချက်များ၏ အသေးစိတ်ကို
သိရှိလိုကြောင်းနှင့် ၎င်းတို့၏ လိုအပ်ချက်များကိုလည်း
ထည့်သွင်းစဉ်းစားကြစေလိုကြောင်း ပြောသည်။
ဆက်ဖက်ရန်---
ဆက်ဖက်ရန်---
(၁၂) မလေးရှားတွင် ရခိုင် အမျိုးသား နှစ်ဦး အသတ်ခံရ : Source : Narinjara
25-Jul-12
မလေးရှားနိုင်ငံတွင်
ရခိုင်အမျိုးသား (၂) ဦး ဇူလိုင်လ ၂၁ ရက်နေ့က အသတ်ခံခဲ့ရသည်ဟု သိရသည်။အသတ်ခံရသူ
(၂) ဦးမှာ ပေါက်တောမြို့နယ် ကျိုင်းတောင်ရွာမှ အဖ ဦးမောင်မောင်ချေ၊ အမိ
ဒေါ်သောင်းစိန်ဦးတို့၏ သား ကိုစိုးနိုင် (အသက် ၃၈နှစ်) နှင့် မောင်တောမြို့နယ်
ဗောဓိကုန်းကျေးရွာမှ ဦးကျော်သိန်း (ခ) မောင်စောအောင် (အသက် ၃၆)နှစ်တို့ ဖြစ်သည်။
(၁၃)
ဦးသိန်းစိန်အား ဖိတ်ကြားထားမှု ဗြိတိန် ပြန်ရုတ်သိမ်းသင့်ဟု BC (UK) ပြော :
Source : Mizzima
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊
ဇူလိုင်လ ၂၅ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၀၆ မိနစ်
မဇ္ဈိမသတင်းဌာန
။ ။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သော
လူမျိုးရေး အကြမ်းဖက် တိုက်ခိုက်မှုများသည် ယခုအခါ လူအခွင့်အရေးနှင့် လူသားဆိုင်ရာ
အကြပ်အတည်းတခု ဖြစ်လာခဲ့သော်လည်း ထိုက်သင့်သော နိုင်ငံတကာ၏ အာရုံစိုက်မှုကို
မရရှိခဲ့ကြောင်း Burma
Campaign (UK)
၏ အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။
ဆက်ဖက်ရန်---
ဆက်ဖက်ရန်---
(၁၄) အစိုးရ အဖွဲ့ဝင်များ၏ အကျိုးစီးပွားများ မှတ်တမ်းတင်ရန်အဆို ဆွေးနွေးမည် : Source : Mizzima
ဝေစန္ဒာ | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၅ ရက်
၂၀၁၂ ခုနှစ် ၂၂ နာရီ ၀၂ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။
။ ပြည်ထောင်စု၊ ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု
အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာကာ မှတ်တမ်းတင်ထားရန် အဆိုကို လွှတ်တော်မှ
လက်ခံဆွေးနွေးရန် သဘောတူလိုက်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
ဆက်ဖက်ရန်---
ဆက်ဖက်ရန်---
(၁၅) မြန်မာ အနောက်ဘက်
နယ်စပ်ရှိ ရခိုင်ကျေးရွာများ အရေးပေါ် အကူအညီလိုအပ်နေ : Source : Narinjara
26-Jul-12
ဘင်္ဂလား မြန်မာနယ်စပ် မောင်တောမြို့နယ်
နတ်မြစ်ကမ်းခြေတလျှောက်ရှိ ရခိုင်ကျေးရွာတချို့တွင် စားဝတ် နေရေး အခက်အခဲနှင့်
ရင်ဆိုင်နေကြရပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရှိရသည်။
(၁၆) မြောက်ဦးမြို့တွင်
စစ်တပ်မှ ညှဉ်းပမ်း နှိပ်စက်မူကြောင့် ရခိုင်အမျိုးသား တစ်ဦး သေဆုံး : Source : Narinjara
25-Jul-12
ရခိုင်ပြည်နယ်
မြောက်ဦးမြို့ ၀သဲရွာမှ ရခိုင်
အမျိုးသားတဦးမှာ လုံခြုံရေးယူထားသည့်
စစ်တပ်ဖွဲ့ တစ်ခုမှ စစ်သားများ၏ ဖမ်းဆီး ရိုက်နှက်မှုကြောင့် ယမန်နေ့ ညနေက
သေဆုံးသွားခဲ့သည်ဟု သိရသည်။
(၁၇) NLD အမတ် ၂ ဦး လွှတ်တော်တွင် သတိပေးခံရ : Source : Irrawaddy
26-Jul-12
ယမန်နေ့က
ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် (NLD) အမတ် ၂ ဦး၏ ဆွေးနွေးချက်များကို ထောက်ပြ၍ လွှတ်တော်တွင်း သက်ဆိုင်ရာကိုသာ
ဆွေးနွေးကြရန် ၂ ကြိမ် တိုင်တိုင် သတိပေးခဲ့သည်။
(၁၈) မြေသိမ်းခံလယ်သမားများ ထွန်စက်ရှေ့ လှဲပြီး တားဆီးဆန္ဒပြ : Source : Irrawaddy
26-JUl-12
မန္တလေးတိုင်း မိတ္ထီလာခရိုင်၊
ဝမ်းတွင်းမြို့နယ် အိုးပြွန်ရွာမှ ထွန်တုံးတိုက်ပွဲဝင်နေသော လယ်သိမ်းခံ လယ်သမားများ၏
မြေများတွင် ကောင်းကင် ကုမ္ပဏီက ယမန်နေ့တွင် ခြံစည်းရိုးခတ်ခြင်း၊ ထွန်စက်များဖြင့်
လယ်ထွန်ခြင်းများကို ဆန့်ကျင်သည့်အနေဖြင့် ထွန်စက်များရှေ့တွင် တားဆီးဆန္ဒပြမှု လယ်ပိုင်ရှင်များက
(၁၉) ဦးအောင်သိန်းလင်းကို
ပခုက္ကူလူထု ဆန္ဒပြရန်ပြင် : Source : Irrawaddy
26-Jul-12
တရုတ်နိုင်ငံထုတ်
Southern Weekend China
သတင်းစာနှင့် မေးမြန်းခန်းတွင် ပါရှိသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုးပါတီ) ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း၏
ပြောဆိုချက်များကို ရှုတ်ချသည့် အနေဖြင့် ဆန္ဒဖော်ထုတ်ရန် မကွေးတိုင်း
ပခုက္ကူမြို့မှ ပြည်သူများက ပြင်ဆင်နေသည်။
(၂၀) နိုင်ငံတကာသုံး ခရက်ဒစ်ကတ်များ သုံးစွဲနိုင်တော့မည် : Source : Irrawaddy
26-Jul-12
အမေရိကန်နှင့် အနောက်နိုင်ငံများက
ဒဏ်ခတ်ပိတ်ဆို့မှုများ စတင် လျှော့ချပြီး စီးပွားရေး
ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာနိုင်ချေ ရှိသည့် သတင်းများ ထွက်ပေါ်လာနေချိန်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များကို နိုင်ငံတကာသုံး ခရက်ဒစ်ကတ်များ လက်ခံသုံးစွဲခွင့်
ပြုတော့မည် ဖြစ်ကြောင်း သိရသည်။
(၂၁) AIDS ရောဂါအပေါ်
အမြင်မှန်ဖို့ ဒေါ်စုတိုက်တွန်း : Source : VOA
26-Jul-12
AIDS ရောဂါကို ပြဿနာတရပ်လိုမျိုး
လူ့အသိုင်းအ၀ိုင်းတခုလုံးက မှန်မှန်ကန်ကန် တုန့်ပြန် ကိုင်တွယ်သွားဖို့လိုမယ်လို့
ဒေါ်အောင်ဆန်းစုကြည်က သတိပေး တိုက်တွန်းသွားပါ တယ်။ နိုင်ငံတကာ AIDS ညီလာခံမှာ
သတင်းသွားယူခဲ့တဲ့ ကိုသားညွန့်ဦးက ဖဲကြိုးနီ ဆုပေးပွဲ အကြောင်း
သတင်းပေးပို့ထားပါတယ်။
(၂၂) ဒေါ်စု လွှတ်တော်မှာ စကားပြော : Source : BBC
25-Jul-12
တိုင်းရင်းသား
လူနည်းစု အခွင့်အရေး ကာကွယ်ဖို့ ဥပဒေတွေ ပြဋ္ဌာန်းရေး နဲ့ ပတ်သက်ပြီး ဒေါ် အောင်ဆန်းစုကြည်
က လွှတ်တော်မှာ ပထမဆုံး အကြိမ် စကားပြော ခဲ့တယ်လို့ သိရပါတယ်။
No comments:
Post a Comment