(၁) လယ်သမားနဲ့ စစ်တပ်ပြဿနာ ဝန်ကြီး သွားရောက်ဖျန်ဖြေ : Source : RFA
2012-07-27
၈၈ မျိုးဆက်
ကျောင်းသားတွေ ဝင်ရောက် ညှိနှိုင်းပေးနေတဲ့ သံလျင်မြို့နယ် အလွမ်းဆွတ်ရွာမှာ အမှတ်
(၁) ဗျူဟာ စစ်ရေယာဉ်စုတပ်က အဓမ္မ သိမ်းထားတဲ့ လယ်တွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း
အစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး သွားရောက် ဖြေရှင်းခဲ့တယ်လို့
သိရပါတယ်။
ဆက်ဖက်ရန်---
(၂) ငွေကံ့ကော်စက်ရုံမှာ ဆန္ဒပြ : Source : RFA
2012-07-27
ရန်ကုန်တိုင်း
လှိုင်သာယာစက်မှုဇုန် အမှတ် (၅) မှာရှိတဲ့ ထိုင်ဝမ် နိုင်ငံသားပိုင် ငွေကံ့ကော်
အထည်ချုပ် စက်ရုံမှာ အလုပ်သမား (၅၀၀) ကျော်လောက် ဒီကနေ့ နေ့လည်ပိုင်းက စက်ရုံတွင်း
အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့ကြပါတယ်။
ဆက်ဖက်ရန်---
(၃) ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ကြေညာချက် ထုတ်ပြန် : Source : RFA
2012-07-27
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့အပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဆောင်ရွက်ပုံတွေမှာ ဘာသာရေး၊ လူမျိုးရေး ခွဲခြားဆက်ဆံမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပါဝင် ပတ်သက်လာနေတဲ့ သတင်းတွေ ကြားသိနေရတဲ့ အတွက် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Navi Pillay က မနေ့က ကြေညာချက် ထုတ်ပြန်
ဆက်ဖက်ရန်---
(၄) အခမဲ့
ဆေးဝါးကုသရေး အစီအစဉ် မြို့နယ်ဆရာဝန်က ပိတ်ပင် : Source : RFA
2012-07-27
မန္တလေးတိုင်း
ကျောက်ပန်းတောင်း မြို့နယ်အတွင်းမှာ ဆွစ်ဇာလန်နိုင်ငံက ကလေးကု အထူးကု ဆရာဝန်ကြီး
တစ်ဦး ခေါင်းဆောင်တဲ့ အခမဲ့ ဆေးဝါးကုသရေး အစီအစဉ် တစ်ခုကို မြို့နယ်ဆရာဝန်ရဲ့
ညွှန်ကြားချက်နဲ့ မနေ့က ပိတ်ပင် လိုက်တဲ့အတွက် ဒေသခံတွေ မကျေမနပ် ဖြစ်နေကြတယ်လို့
သိရပါတယ်။
ဆက်ဖက်ရန်---
(၅) ပိတ်ဆို့မှု
သက်တမ်းတိုးရင် မြန်မာ့စီးပွားရေး ထိခိုက်နိုင်ကြောင်း အိုင်စီဂျီ သတိပေး : Source
: RFA
2012-07-27
မြန်မာသွင်းကုန်တွေ
ပိတ်ပင်တဲ့ အမေရိကန် ဥပဒေကို သက်တမ်းတိုးခဲ့မယ်ဆိုရင် သာမန် မြန်မာပြည်သူတွေကိုသာ
ထိခိုက်မှာ ဖြစ်ကြောင်း နိုင်ငံတကာ ပဋိပက္ခများ လေ့လာရေး သုတေသနအဖွဲ့ ICG က ဒီကနေ့
ပြောလိုက်ပါတယ်။
ဆက်ဖက်ရန်---
(၆) တိုင်းရင်းသား
အခွင့်အရေး ဥပဒေ ပြဋ္ဌာန်းရေး အဆို အတည်ပြု : Source : RFA
2012-07-27
တိုင်းရင်းသား
လူမျိုးတွေရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေ ပြဋ္ဌာန်းရေး အဆိုကို ဒီကနေ့
ပြည်သူ့လွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ကြောင်း သိရပါတယ်။
ဆက်ဖက်ရန်---
(၇) ရွေးကောက်ပွဲ
စံနစ်ပြောင်းဖို့ ၁ဝ ပါတီတင်ပြ : Source : RFA
2012-07-27
ရွေးကောက်ပွဲစနစ်
ပြောင်းလဲ ပြုပြင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့
ဒီမိုကရေစီ မိတ်ဆွေပါတီ ၁ဝ ပါတီတို့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးကြပါတယ်။
ဆက်ဖက်ရန်---
(၈) ၈၈
မျိုးဆက်နှင့် အမေရိကန် သံရုံး ပထမအတွင်းဝန်တွေ့ဆုံ ဆွေးနွေး : Source : RFA
2012-07-27
ရန်ကုန်မြို့
အမေရိကန် သံရုံးက နိုင်ငံရေးနဲ့ စီးပွားရေးဌာန ပထမအတွင်းဝန် Mr. Douglas
Sonnek နဲ့ Mr. Bob Bailey တို့က ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့
ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် တို့ကို ၈၈ မျိုးဆက်
ကျောင်းသားများအဖွဲ့ ရုံးခန်းမှာ ဒီနေ့ မနက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ဆက်ဖက်ရန်---
(၉)
အစိုးရဝန်ထမ်းများ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ခြင်း မရှိသေး : Source : Mizzima
ကျော်ဖုန်းကျော် | သောကြာနေ့၊
ဇူလိုင်လ ၂၇ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၃၆ မိနစ်
ရန်ကုန်
(မဇ္ဈိမ) ။ ။ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်
ရခြင်းမှာ ငါးလခန့် ကြာမြင့်ပြီ ဖြစ်သော်လည်း အစိုးရ ဝန်ထမ်းများက ယနေ့အထိ
သမဂ္ဂများဖွဲ့စည်းခြင်း မရှိသေးဟု အလုပ်သမား အစည်းအရုံး မှတ်ပုံတင်
အရာရှိချုပ်ရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။
ဆက်ဖက်ရန်---
(၁၀)
အစိုးရတပ်များ တိုးချဲ့ရန် အထက်ညွှန်ကြားချက် ထွက်လာကြောင်း KIO ပြော : Source :
Mizzima
ဟင်္သာနီ (မွန်မြေ) | စနေနေ့၊ ဇူလိုင်လ
၂၈ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၂၄ မိနစ်
စံခလပူရီ (မဇ္ဈိမ)။ ။ ကချင်ဒေသသို့ အစိုးရတပ်များ တိုးချဲ့နေရာယူထားကြရန် ဇူလိုင်လ ၂၆ ရက်နေ့က စစ်တိုင်းဒေသများ ကွပ်ကဲရေးဆိုင်ရာ အလွတ်သဘော ထိပ်သီး အစည်းအဝေး၌ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး က လမ်းညွှန်ချက် ပေးခဲ့ပြီး ဆိုင်ရာတပ် အသီးသီးသို့ ညွှန်ကြားချက် ပေးခဲ့ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO အတွင်းရေးမှူး ဦးလနန်မှ မဇ္ဈိမကို
ဆက်ဖက်ရန်---
(၁၁)
ကဏ္ဍ ငါးခုတွင် အပစ်ရပ်များအား နော်ဝေ တိုက်ရိုက်ကူညီမည်ဆို : Source : Mizzima
ဟင်္သာနီ (မွန်မြေ) | သောကြာနေ့၊
ဇူလိုင်လ ၂၇ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၉ မိနစ်
စံခလပူရီ
(မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ၏ ပြည်တွင်း
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ကဏ္ဍငါးခုတွင် အပစ်ရပ်အဖွဲ့များ အား တိုက်ရိုက်
အကူအညီများ ပေးသွားမည် ဖြစ်ကြောင်း နော်ဝေနှင့်မြန်မာအစိုးရတို့ သဘောတူညီ
ဖွဲ့စည်းထားသည့် Myanmar
Peace Support Initiative (MPSI) မှ အကြံပေး ကိုယ်စားလှယ် တဦးဖြစ်သူ Ashley South
က ပြော သည်။
ဆက်ဖက်ရန်---
(၁၂)
သဘာဝ တိုင်းရင်း ငါးမျိုးများ ပြည်ပဈေးကွက် ရရန် စမ်းသပ်မွေးမြူမည် : Source :
Mizzima
ရတနာဦး | စနေနေ့၊ ဇူလိုင်လ ၂၈ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၅၆
မိနစ်
ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်ပ ၀ယ်လိုအားထက်
ထုတ်လုပ်မှု ပိုလျှံနေသည့် ငါးမြစ်ချင်းအား ယခုနှစ်မှ စတင်
လျှော့မွေးကာ သဘာဝ တိုင်းရင်း ငါးမျိုးများ ပြည်ပဈေးကွက် ရရှိရန် စမ်းသပ်
မွေးမြူသွားမည် ဖြစ်ကြောင်း
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တဦးက ပြောသည်။
ဆက်ဖက်ရန်---
(၁၃) ကင်တားနား ခရီးစဉ်အတွင်း
ရခိုင် အခြေအနေ ရှင်းပြမည် : Source : VOA
28-Jul-12
ဒီလကုန်မှာ မြန်မာနိုင်ငံကို သွားဖို့ရှိတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာသောမတ် အိုဟေး ကင်တာနားက သူ့ရဲ့ ခရီးစဉ်အတွင်း ရခိုင်ဒေသမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး လေ့လာစုံစမ်းမူ ရှိမယ့်အပေါ် ရခိုင်အဖွဲ့အစည်းတွေနဲ့ ရခိုင်ဒေသခံ ပြည်သူတွေက ဒေသတွင်း အဖြစ်မှန်တွေကို ရှင်းလင်းဖို့ ပြင်ဆင် နေကြပါတယ်။
ဆက်ဖက်ရန်---
(၁၄) မြန်မာ့ငွေကြေးစနစ် ပြုပြင်ပြောင်းလဲဖို့
ပြင်ဆင် : Source : VOA
28-Jul-12
မန်မာနိုင်ငံရဲ့ ငွေကြေးစနစ် ပြုပြင် ပြောင်းလဲနိုင်ဖို့အတွက် အခုရက်ပိုင်းတွေ အတွင်း နေပြည်တော်မှာရှိတဲ့ အစိုးရ အရာရှိတွေ၊ မြန်မာနိုင်ငံ ဗဟိုဘဏ်က တာဝန်ရှိသူတွေနဲ့ နိုင်ငံတကာက ကျွမ်းကျင်သူ ပညာရှင်တွေတွေ့ဆုံပြီး အလုပ်ရုံဆွေးနွေးပွဲတွေ၊ အပြန်အလှန် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြပါတယ်။ ဒီကနေ့လည်း မြန်မာနိုင်ငံ ဗဟိုဘဏ်က လက်ရှိ တာဝန်ရှိသူတွေနဲ့
ဆက်ဖက်ရန်---
(၁၅) မြန်မာမှာ စီးပွားရေး လုပ်မယ့် ဂျပန်လုပ်ငန်းအဖွဲ့ : Source : BBC
27-Jul-12
မြန်မာနိုင်ငံက စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကို အထောက်အကူ ပြုဖို့ အတွက်
ဂျပန် အစိုးရနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေ ပူးပေါင်း ဆောင်ရွက်မယ့် Task Force လုပ်ငန်း အဖွဲ့
တရပ်ကို ဂျပန်အစိုးရက သောကြာနေ့မှာ အတည်ပြုလိုက်ပါတယ်။
ဆက်ဖက်ရန်---
(၁၆) အထည်ချုပ် စက်ရုံ ၂၀၀
နီးပါး အရှုံးပေါ် : Source : Irrawaddy
28-Jul-12
ကုန်ထုတ်လုပ်မှု စွမ်းအားကျဆင်းမှုနှင့်
ဒေါ်လာဈေး မတည်ငြိမ်မှုတို့ကြောင့် မြန်မာနိုင်ငံတွင် ချုပ်လုပ်၍ ပြည်ပ
တင်ပို့နေသော အထည်ချုပ် စက်ရုံ ၁၈၀ ကျော်တို့ ယခုနှစ်အတွင်း အရှုံးနှင့်
ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။
ဆက်ဖက်ရန်---
(၁၇) လယ်သိမ်း မြေသိမ်း စုံစမ်းရေး
ကော်မရှင် လွတ်လပ်မှု ရှိရန်လိုအပ် : Source : Irrawaddy
28-Jul-12
လယ်ယာမြေ အဓမ္မသိမ်းယူ ခံထားရခြင်းနှင့်ပတ်သက်၍
ဖွဲ့စည်းမည့် စုံစမ်းရေးကော် မရှင်ကို လွတ်လပ်စွာ စုံစမ်းဖော်ထုတ်နိုင် သော အဖွဲ့တခု
ဖြစ်စေလိုကြောင်း လယ်သမားအရေး ဆောင်ရွက်သူများ က ပြောသည်။
ဆက်ဖက်ရန်---
(၁၈) အီတာလျှံ-ထိုင်း ရေအားလျှပ်စစ် စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် ဒေ သခံများ ကျေနပ်မှုမရှိ : Source : KIC
28-Jul-12
တနင်္သာရီတိုင်း၊ ရေဆူမြို့နယ်ရှိ
ကလုံးထကျေးရွာတွင် အီတာလျှံထိုင်း ကုမ္ပဏီမှ ဆောက် လုပ်တော့မည့် ရေအားလျှပ်စစ်စီမံကိန်းကြောင့်
နေရပ် အိုးအိမ် ပြောင်းရွှေ့ပေးရမည့်အရေး ဒေသခံများက မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။
ဆက်ဖက်ရန်---
(၁၉) စိုင်းနော်ခမ်း၏လက်ထောက်အားတရုတ်ထံလွှဲအပ်ရန်
မြန်မာအစိုးရငြင်းဆန် : Source : Panglong
Saturday,
28 July 2012 19:24 သျှမ်းသံတော်ဆင့်
ရွှေတြိဂံဒေသ
မူးယစ်ရာဇာဟု နာမည်ကြီးသည့် စိုင်းနော်ခမ်း၏ ဒုတိယလက်ထောက် အား တရုတ်အစိုးရထံလွှဲအပ်ရန်
မြန်မာအစိုးရ ငြင်းဆန်လိုက်ကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။
No comments:
Post a Comment