Sunday, July 1, 2012

နေ့စဉ်မြန်မာ့အရေးဆက်စပ်သတင်းများ (ဇွန်လ ၃၀ရက်၊ ၂၀၁၂ခုနှစ်)

(၁) မြောက်ကိုရီးယားက မြန်မာနဲ့ စစ်လက်နက်အပေးအယူ လုပ်ခဲ့ဖွယ်ရှိ : Source : VOA
29-Jun-12
မြောက်ကိုးရီးယားက ဆီးရီးယားနဲ့ မြန်မာနိုင်ငံတို့နဲ့ စစ်လက်နက်ဆိုင်ပစ္စည်းရာ အပေးအယူတွေ လုပ်ခဲ့ဖွယ်ရှိတယ်ဆိုတဲ့ လွတ်လပ်တဲ့ကျွမ်းကျင်သူတွေရဲ့ အဖွဲ့တစ်ဖွဲ့က စုံစမ်းစစ်ဆေးရေးသားထားတဲ့ အစီရင်ခံစာတစ်စောင်ကို ကုလသမဂ္ဂက ဇွန်လ (၂၉) ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာကို Reuters သတင်းဌာနက လွန်ခဲ့တဲ့ မေလကတည်းက

(၂) ဒဲရက်ခ်မစ်ချဲလ်ကို သံအမတ် စာရင်းတင်သွင်း : Source : BBC

30-Jun-12
သမ္မတအိုဘားမားရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တာဝန်ယူခဲ့သူ မစ္စတာ ဒဲရက်ခ် မစ်ချဲလ် ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် အမည်စာရင်း တင်သွင်းလိုက်ကြောင်း အမေရိကန် ဆီးနိတ်လွှတ်တော်က သောကြာနေ့မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။

(၃) Burma လို့ ခေါ်ဝေါ်မှု NLD ခုခံချေပ : Source : VOA
29-Jun-12
ပြည်ပခရီးစဉ်တွေအတွင်းမှာ မြန်မာကို Burma လို့ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ ခေါ်ဝေါ်သုံးစွဲ တာဟာ ဥပဒေနဲ့ဆန့်ကျင်တဲ့ကိစ္စ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိပုဂ္ဂိုလ်တွေ က ချေပလိုက်ကြပါတယ်။

(၄) မြန်မာ မိခင်နဲ့ကလေးအတွက် UNOPS က စီမံကိန်းချမည် : Source : BBC
30-Jun-12
မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆောင် မိခင်နဲ့ကလေးတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးဖို့အတွက် 3MDG ဆိုတဲ့ ထောင်စုနှစ် ရည်မှန်းချက် သုံးခုဆိုင်ရာ ရံပုံငွေအဖွဲ့ကို ရံပုံငွေဒေါ်လာ သန်းသုံးရာနဲ့ စတင်ထူထောင်တော့မှာ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂ အပါအဝင်၊ သြစတြေးလျ၊ ဒိန်းမတ်၊နယ်သာလန်၊ နော်ဝေ၊ဆွီဒင်နဲ့ ဗြိတိန်နိုင်ငံတွေက ထည့်ဝင်ဖို့ကတိပြုထား တဲ့ဒီရန်ပုံငွေတွေကို စီမံခန့်ခွဲ့တဲ့

(၅) UNHCR ဝန်ထမ်းတွေ ရခိုင်ပြည်နယ်မှာ ပြန်လည်တာဝန်ထမ်းဆောင် : Source : VOA
29-Jun-12
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဇွန်လ (၂၉) ရက်နေ့က စပြီး ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာ မင်းကြီးရုံး (UNHCR) ၀န်ထမ်းတွေရဲ့ တ၀က်လောက်ဟာ  တာဝန်တွေ ပြန်ပြီး ထမ်းဆောင်နေပြီလို့ ဂျနီဗာမြို့ UNHCR ရုံးချုပ်က ပြောရေးဆိုခွင့်ရှိသူ အေဒရီယင် အက်ဒ်ဝပ်စ် (Adrian Edwards) က မနေ့က ပြောကြားလိုက်ပါတယ်။

(၆) ဒေါ်စု ဆိုဘုန်းတက္ကသိုလ် ကျောင်းသားများနဲ့ တွေ့ဆုံ : Source : VOA
29-Jun-12
မြန်မာနိုင်ငံမှာ အစိုးရပညာရေးစနစ်ကို ကောင်းမွန်တိုးတက်အောင်လုပ်ဖို့ လိုအပ်နေ တယ်လို့ ပြင်သစ်တက္ကသိုလ် ကျောင်းသူကျောင်းသားတွေ ကို ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ပါတယ်။ ပြင်သစ်တက္ကသိုလ်ကျောင်းသားတွေကို ပြောခဲ့ပါတယ်။ ပြင်သစ်နိုင်ငံက အထင်ကရ Sorbonne တက္ကသိုလ်မှာ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေနဲ့

(၇) ရခိုင်ပြည်နယ်တွင်း မိုးသည်းထန်ပြီး ရေကြီးမှုကြောင့် အိမ်ခြေအများအပြား ပျက်စီး : Source : RFA

2012-06-29
ရခိုင်ပြည်နယ်တွင်းက လွန်ခဲ့တဲ့ (၂) ရက်က မိုးအသည်းအထန် ရွာသွန်းခဲ့တဲ့အတွက် ဘူးသီးတောင်၊ မောင်တော နဲ့ ကျောက်တော်မြို့ နယ်တွေမှာ ရေလွှမ်းမိုးပြီး အိမ်ခြေအများအပြား ပျက်စီးခဲ့ပါတယ်။

(၈) မွတ်ဆလင် ၂၄ ဦးကို ပြည်ခိုင်ဖြိုး လက်မှတ်ဖြင့် ကျောက်ဖြူ ထောင်မှ လွှတ်ပေး : Source : Narinjara
30-Jun-12
ရခိုင်ပြည်နယ် ကျောက်ဖြူထောင်မှ မွတ်ဆလင် လူမျိုး  အကျဉ်းသား ၂၄ ဦးကို ကြံခိုင်ပါတီ အသင်းဝင်ကဒ်ပြားများဖြင့် မနေ့က ထောင်ထဲမှ လွှတ်ပေးလိုက်ကြောင်း သတင်း ရရှိသည်။သူတို့ကို ယခုအခါ ကျောက်ဖြူမြို့ ကုလားပိုက်ဆိပ် ဗလီတွင် ထားရှိကြောင်း ဒေသခံများက ပြောသည်။

(၉) ဖမ်းဆီးခံ ရခိုင် တိုင်းရင်းသားများ ပြန်လွှတ်ရေး သမ္မတထံ စာတင် : Source : RFA
2012-06-29
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အတွင်း ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေး ဖို့ မြောက်ဦးမြို့ဒေသခံ (၈၀၀) ကျော်က သမ္မတ ဦးသိန်းစိန်ထံ စုပေါင်းလက်မှတ်ရေးထိုး တောင်းဆို လိုက်တယ်လို့ သိရပါတယ်။

(၁၀) တင်းကြပ်ပြီးမျှတတဲ့ နိုင်ငံသားစိစစ်ရေး ဥပဒေတရပ်လိုကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား : Source : RFA
2012-06-29
ရခိုင်ပြည်နယ်ကပဋိပက္ခတွေ ဖြေရှင်းဖို့ဆိုရင် တင်းကြပ်ပြီး မျှတမှုရှိတဲ့ နိုင်ငံသားစိစစ်ရေးဆိုင်ရာ ဥပဒေ လိုအပ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက် ပါတယ်။

(၁၁) မြေပုံ တစ်ရာတန်ကန် အဆိပ်ခတ်ခံရ၍ ငါးများ သေဆုံး : Source : Narinjara
29-Jun-12
ရခိုင်ပြည်နယ် မြေပုံမြို့ပေါ်ရှိ မြို့သူ မြို့သားများ အသုံးပြုနေသော တစ်ရာတန်ကန် အဆိပ်ခတ်ခံရပြီး ငါးများ သေဆုံးနေကြောင်း သတင်း ရရှိသည်။

(၁၂) ထိန်းသိမ်းခံဝန်ထမ်း လွတ်မြောက်ရေး ကုလနှင့် NGO ကြိုးပမ်းနေ : Source : RFA
2012-06-29
ရခိုင်ပြည်နယ်က အကြမ်းဖက်မှု တွေ အတွင်း သူတို့ရဲ့ဝန်ထမ်းတချို့ကို အစိုးရက ဖမ်းဆီးထိန်းသိမ်း ထားကြောင်းနဲ့ သူတို့ အားလုံး လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြောင်း ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ လူမှုရေး အကူ အညီ ပေးနေတဲ့ အဖွဲ့အစည်းတွေက ဒီကနေ့ ပြော လိုက်ပါတယ်။

(၁၃) ဖမ်းဆီးစစ်ဆေးနေသော ရခိုင်ပြည်နယ်အကြမ်းဖက်မှုနှင့် ဆက်နွယ်မှုရှိသူ ၆ ဦး ဘင်္ဂလာ အာမခံလွှတ်ပေး : Source : Arakantimes
30-Jun-12
ရခိုင်ပြည်နယ်အတွင်း ဇွန် ၈ ရက်နေ့က ဘင်္ဂလီများက ရခိုင်များအား အကြမ်းဖက်တိုက်ခိုက်သည့် ပဋိပက္ခများနှင့် ဆက်နွယ်မှုများ ရှိသည်ဟု ဇွန် ၁၈ ရက်နေ့က ဖမ်းဆီးစစ်ဆေးနေသော အီဆလာမ်မိတ်ခေါင်းဆောင် ၇ ဦးအနက် ၆ ဦးကို ကြာသပတေးနေ့က ကော့စ်ဘဇားမြို့ တရားရုံးတော်က လက်ခံပေးလိုက်ကြောင်း သိရှိရသည်။


(၁၄) ရခိုင်အရေးအခင်း သေဆုံးသူ ၈၀ ခန့်ရှိကြောင်း ကုလပြော : Source : RFA
2012-06-29
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်း ပတ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်း ဖက်မှုတွေမှာ သေဆုံးသူ ၈ဝ ခန့်ရှိခဲ့ တယ်လို့ အစိုးရထုတ်ပြန် တဲ့ စာရင်းကို ကိုးကားပြီး ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Martin Nesirky က ဒီကနေ့ ပြောလိုက်ပါတယ်။

(၁၅) ရမ်းဗြဲမြို့အမတ် ၀န်ကြီးဦးကျော်ခင် ရခိုင်တိုင်းရင်းသားတွေကို အဓမ္မလုပ်အားစေခိုင်း : Source : Arakantimes
30-Jun-12
ရခိုင်ပြည်အတွင်းဖြစ်ပျက်ခဲ့သော ပြဿနာကြောင့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီမူဆလင်များကို စစ်တွေမြို့တစ်နေရာတွင်ယာယီ နေရာချထားပေးပြီး  စစ်တွေမြို့မဈေးမှာရှိတဲ့ ၄င်းရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ရမ်းဗြဲမြို့အမတ် ဝန်ကြီးဦးကျော်ခင်က သယ်ယူပေးတဲ့နေရာမှာ

(၁၆) မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ကန့်သတ်မှုတွေ များနေဆဲ : Source : RFA
2012-06-29
ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ရေးသားဖော်ပြနေတဲ့ သတင်းမီဒီယာတွေအပေါ် အစိုးရရဲ့ အရေးယူ ဆောင် ရွက်မှုတွေကို ကြည့်ရင် မြန်မာနိုငံမှာ သတင်းလွတ် လပ်ခွင့်ကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ခံ ထားရဆဲ ဖြစ်တယ် လို့ ပြင်သစ်အခြေစိုက် RSF နယ်စည်း မခြား သတင်းထောက်များ

 (၁၇) မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ ပြည်တော်ပြန်မှာ ထိုင်း စိုးရိမ် : Source : Irrawaddy
30-Jun-12
မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေ နှစ်အနည်းငယ်အတွင်းမှာ ပြည်တော် ပြန်သွားနိုင်တာကြောင့် လိုအပ်လာမယ့် အလုပ်သမား အခက်အခဲတွေအတွက် အမြန်ဆုံး ကြိုတင်ပြင်ဆင်ကြဖို့ လိုတယ်လို့ ထိုင်းနိုင်ငံ တောင်ပိုင်းရှိ Trang ခရိုင်စက်မှုဇုန် ဥက္ကဋ္ဌ Withee Supitak က ဇွန်လ ၂၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။

 (၁၈) အတင်းအကြပ်စစ်သားစုဆောင်းခံရသည့်သားအတွက် မိဘများ (HRDP)အဖွဲ့ထံ အကူအညီတောင်း : Source : Yoma3
30-Jun-12

လုပ်ငန်းခွင်ဝင်ရာမှ ၂၀၁၀ ခုနှစ်က စစ်သားအဖြစ်စုဆောင်းခံခဲ့ရတဲ့ သားဖြစ်သူ မောင်နိုင်လင်းအောင်နဲ့ အဆက်အသွယ်ရဖို့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက် (HRDP) အဖွဲ့ကို ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ စံကင်းကျေးရွာနေ မိဘဖြစ်သူ ဦးကျော်စိုး၊ ဒေါ်တင်တင်နွဲ့တို့က အခုလ ၂၇ ရက်နေ့က စာရေးသား အကူအညီတောင်းခံခဲ့သည်။


No comments:

Post a Comment