(၁) ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေကို ဒု သမ္မတအဖြစ် အဆိုပြု : Source : RFA
2012-07-10
လစ်လပ်သွားတဲ့ ဒုတိယသမ္မတ နေရာအတွက် ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ဦးမြင့်ဆွေကို တပ်မတော်သား ကိုယ်စားလှယ်တွေက အဆိုပြုလိုက်တယ်လို့ ဒီကနေ့ သတင်းရရှိပါတယ်။
ဆက်ဖက်ရန်---
(၂) ဘင်္ဂါလီ
ရိုဟင်ဂျာ အခြေအနေ AI အဖွဲ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် : Source : RFA
2012-07-10
ရခိုင်ပြည်နယ် အတွင်းမှာ
ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခအတွင်း ဘင်္ဂါလီ ရိုဟင်ဂျာတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာက
လစ်လျူမရှုသင့်ကြောင်း နိုင်ငံတကာ လွှတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ အမေရိကန် အခြေစိုက်
အာရှပစိဖိတ်ရေးရာ လှုံ့ဆော်ရေးမှူး မစ္စတာ တီ ကူးမားက ပြောဆိုပါတယ်။
ဆက်ဖက်ရန်---
(၃) ဗိုလ်ချုပ်ကြေးရုပ်
အလေးပြုခွင့်မပြု : Source : RFA
2012-07-10
အာဇာနည်နေ့မှာ ပဲခူးမြို့
ဗိုလ်ချုပ်ကြးရုပ်ရှေ့မှာ အလေးပြု ပန်းခွေချဖို့ ပဲခူးမြို့ အန်အယ်လ်ဒီ အဖွဲ့ဝင်တွေက
ခွင့်ပြုချက် တောင်းခဲ့တာကို အာဏာပိုင်တွေက ဒီကနေ့ ငြင်းဆိုလိုက်ပါတယ်။
ဆက်ဖက်ရန်---
(၄) ငြိမ်းချမ်းရေး အနုပညာပွဲတော် ဖွင့်ပွဲ ကျင်းပ : Source : RFA
2012-07-10
မြန်မာနိုင်ငံ
ကဗျာဆရာသမဂ္ဂ၊ စာရေးဆရာသမဂ္ဂနဲ့ လွတ်လပ်သော ပန်းချီ ပန်းပု အနုပညာရှင်များသမဂ္ဂတို့
ပူးပေါင်းကျင်းပတဲ့ ငြိမ်းချမ်းရေး အနုပညာပွဲတော် ဖွင့်ပွဲ အခမ်းအနားကို
ရန်ကုန်မြို့ ပန်းဆိုးတန်း ဂယ်လာရီမှာ မနေ့က ကျင်းပခဲ့ပါတယ်။
ဆက်ဖက်ရန်---
(၅) မြန်မာနိုင်ငံမှာ
ကတ်ပြားနဲ့ ငွေသွင်း ငွေထုတ်နိုင်တော့မယ် : Source : RFA
2012-07-10
မြန်မာနိုင်ငံမှာ
ငွေသွင်းငွေထုတ်နဲ့ ဈေးဝယ်လို့ရတဲ့ MPU ကတ်တွေကို လာမယ့် သြဂုတ်လအတွင်း
စတင်အသုံးပြုတော့မှာ ဖြစ်တယ်လို့ စီစဉ်သူ ဘဏ်အရာရှိတွေက ပြောပါတယ်။
ဆက်ဖက်ရန်---
(၆) ဒုသမ္မတသစ်အဖြစ်
ဦးမြင့်ဆွေကို အမည်တင်သွင်းမှုအပေါ် တုံ့ပြန်မှု : Source : VOA
10-Jul-12
မြန်မာ့တပ်မတော်မှာ အရေးပါတဲ့ စစ်ရာထူးကြီးတွေကို ထမ်းဆောင်ခဲ့တဲ့၊ လက်ရှိမှာလည်း ရန်ကုန် တိုင်း ဒေသကြီးရဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးမြင့်ဆွေကို လစ်လပ်နေတဲ့ ဒုတိယ သမ္မတ နေရာအတွက်၊ ပြည်ထောင်စုလွှတ်တော်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အစုအဖွဲ့က အမည်စာရင်းတင်သွင်းလိုက်ပြီလို့၊
ဆက်ဖက်ရန်---
(၇) ရခိုင်
ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌသစ် အဖြစ် ဦးအေးသာအောင်ကို ရွှေးချယ်တင်မြှောက် : Source
: Narinjara
10-Jul-12
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်
ALD ပါတီ၏ ဥက္ကဌ အသစ် အဖြစ်
ဦးအေးသာအောင်ကို ပါတီ ဗဟို ကော်မီတီ မျက်နာ စုံညီ အစည်းအဝေးက
ရွှေးချယ်တင်မြှောက်လိုက်ကြောင်း သတင်း ရရှိသည်။ ၎င်းပြင် ဗဟိုကော်မီတီဝင် ၁၅
ဦးကိုလည်း ပြန်လည် ရွေးချယ်တင်မြှောက်ခဲ့ကြသည်ဟု ဆိုသည်။
ဆက်ဖက်ရန်---
(၈) နစက ကွပ်ကဲရေးမှူး
ဗိုလ်မှူးကြီး အောင်ကြီးကို နေပြည်တော်သို့ ခေါ်သွားပြီ : Source : Narinjara
11-Jul-12
မောင်တောမြို့
အခြေစိုက် နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးကို နေပြည်တော်မှ စစ်ဆေးရန် ခေါ်ယူသွားပြီ ဖြစ်ကြောင်း နစက သတင်းရပ်ကွက်အရ
သိရသည်။
ဆက်ဖက်ရန်---
(၉) မစိုးရိမ်ဆရာတော်
ဦးဝီရသူနှင့် ၈၈ ကျောင်းသား ခေါင်းဆောင်များ စစ်တွေသို့ ရောက်ရှိ : Source : Narinjara
11-Jul-12
ရခိုင်ပြည်နယ်မှာ
ဖြစ်ပေါ်ခဲ့တဲ့ ဆူပူ အကြမ်းဖက်မူကြောင့် ဒုက္ခရောက်နေသူတွေကို အကူအညီတွေပေးဖို့
မစိုးရိမ် ဆရာတော် ဦးဝီရသူနဲ့ ၈၈ ကျောင်းသား ခေါင်းဆောင် တစ်ချို့ဟာ စစ်တွေကို
ရောက်ရှိနေတယ်လို့ သိရပါတယ်။
ဆက်ဖက်ရန်---
(၁၀) ဖမ်းဆီးခံ NGO
ဝန်ထမ်းများ မောင်တောတွင် ရုံးတင် : Source : Narinjara
11-Jul-12
ရခိုင်ပြည်နယ်
မောင်တောမြို့တွင်ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုနှင့် ဆက်စပ်မှုရှိသည့်ဟုဆိုကာ စွပ်စွဲ
ဖမ်းဆီးခံထားရသည့် NGO ၀န်ထမ်း သုံးဦးကို ယမန်နေ့က မောင်တောခရိုင် တရားရုံးတွင်
ရုံးတင် စစ်ဆေးခဲ့သည်ဟု သတင်း ရရှိသည်။
ဆက်ဖက်ရန်---
(၁၁) ပါတီဝင် (၁၀၀၀)
ပြည့် ရရှိရေး မွန်ဒီမို ကရေစီ ပါတီက ကြိုပမ်း နေသည်ဟုဆို : Source : Phophtaw
11-Jul-12
ပါတီ
တည်ထောင်ခွင့် ရရှိထားသော မွန်ဒီမို ကရေစီ ပါတီသည် ဇူလိုင်လ (၁၀) ရက်နေ့မှ စပြီး
ရက် (၉၀) အတွင်း၌ ပါတီဝင် အင်အား (၁၀၀၀) ပါဝင်သည့် စားရင် တင်ပြပေးပါရန် မော်လမြိုင်မြို့၊ ပြည်နယ် ရွေးကောက်ပွဲ
ကော်မရှင် ရုံးက ပြောသွား ခဲ့သည်ဟု မွန်ဒီမို ကရေစီ ပါတီ၏ ဗဟို ကော်မီတီဝင်
နိုင်စိုးမြင့်က ပြောပါသည်။
ဆက်ဖက်ရန်---
(၁၂) လွန်ဆွဲနေသော
အစိုးရနှင့် KIO တွေ့ဆုံ ဆွေးနွေးပွဲ : Source : Phophtaw
11-Jul-12
ကချင်ပြည်
လွတ်မြောက်ရေး အဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာအနီး၌ ယမန်နေ့ အချိန်ထိ အစိုးရတပ်နှင့်
KIAတို့ တိုက်ပွဲဖြစ် နေဆဲ ဖြစ်သဖြင့် အစိုးရ၏ တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်ရေး
ကမ်းလှမ်းချက်ကို KIO က ငြင်းဆို ခဲ့ခြင်းဖြစ်သည်ဟု ပြော ရေးဆိုခွင့်ရှိသူ
ဦးလာနန်းက ပြောပါသည်။
ဆက်ဖက်ရန်---
(၁၃) ဘိလပ်မြေ
လုပ်ငန်း၌ ပြည်ပ ကုမ္ပဏီကြီးများ ရင်းနှီး မြုပ်နှံရန် လေ့လာ : Source : Phophtaw
11-Jul-12
မြန်မာပြည်၏
ဘိလပ်မြေ လုပ်ငန်းကို ဂျာမနီ၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများမှ
ဘိလပ်မြေ လုပ်ငန်းရှင် ကြီးများက လာရောက် ရင်းနှီးမြှုပ်နှံရန် သက်ဆိုင်ရာ
များနှင့် ဆွေးနွေးမှုများ ရှိနေကြောင်း ဘိလပ်မြေ ထုတ်လုပ်နေသော ပြည်တွင်း
ကုမ္ပဏီများက ပြောပါသည်။
ဆက်ဖက်ရန်---
(၁၄) ကျောက်တော်
ရှမ်းရွာတွင် ရခိုင်အိမ် မီးရှို့ခံရ : Source : Narinjara
10-Jul-12
ရခိုင်ပြည်နယ်
ကျောက်တော်မြို့ ရှမ်းရွာ ရပ်ကွက်တွင် ရခိုင်အိမ်တစ်ဆောင် ယနေ့နံနက်က
မီးရှို့ခံရသည် ဟု သတင်းရရှိသည်။
ဆက်ဖက်ရန်---
(၁၅) ဆရာတော်ဦးဝီရသူ ကလေးလုပ်သားအား
ကူညီထောက်ပံ့ : Source : Moemaka
11-Jul-12
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊
မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက စာချ ဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ
အရှင်ဝီရသူ(မစိုးရိမ်) ဒီနေ့ ၈-၇-၂၀၁၂ ရက်နေ့တွင် အလုပ်ရှင်အိမ်မှ ထွက်ပြေးလာသော
ကလေးလုပ်သား ဒုက္ခသည်မလေး မတင်နီလာအေးအား ငွေကျပ်တစ်သိန်းနှင့် စားစရာများ ထောက်ပံ့
ကူညီခဲ့ပါတယ်။
ဆက်ဖက်ရန်---
(၁၆) လှေနစ်သေဆုံးရာတွင်
စစ်တွေ တက္ကသိုလ်မှ ကထိကတစ်ဦး ပါဝင် : Source : Narinjara
11-Jul-12
ပေါက်တောမြို့နယ် ဖရုံကာကျွန်းတွင်
ခိုလုံနေရာမှ စစ်တွေမြို့သို့ ပြန်လည် ၀င်ရောက်လာသည့် စက်လှေ တစ်စီး စစ်တွေမြို့
အ၀င်တွင် နစ်မြုပ်၍ လူအများအပြား သေဆုံးသွားရာ ထိုအထဲတွင် စစ်တွေ တက္ကသိုလ်မှ ကထိက
တစ်ဦး ပါဝင်သွားကြောင်း သတင်း ဖြစ်ပေါ်နေသည်ဟု သိရသည်။
ဆက်ဖက်ရန်---
(၁၇) နောက်ဆုတ်ခဲ့ရသော KIA
ဘွန်စွန်ဘွမ် စခန်းကို ပြန်ရ : Source : Kachin
11-Jul-12
ကချင်ပြည်နယ် မြစ်ကြီးနား- ဗန်းမော်လမ်း
ဒေါ့ဖုန်းယန်နှင့် လိုင်ဇာကြားတွင် မြန်မာအစိုးရတပ် စစ်ကွပ်ကဲရေး စခက (၂၁) မှ လက်နက်ကြီးများနှင့်
ပစ်ခတ်မှုကြောင့် နောက်ဆုတ်လိုက်ရသော ဘွမ်စွန်ဘွမ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်စခန်းတခုကို
ဇူလိုင် ၈ရက်နေ့တွင် ပြန်ရလိုက်သည်။
ဆက်ဖက်ရန်---
(၁၈) အာဏာပိုင်များ မြေအစားထိုးပေးခြင်းမရှိပဲ
သင်္ချိုင်းပြောင်းရွှေ့ခိုင်း : Source : Kachin
11-Jul-12
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကဝါးခကျေးရွာရှိ
ရိုမန်ကက်သလစ် အသင်းတော် Roman Catholic (RC ) သင်္ချိုင်းကို လျှပ်စစ် ဖြန့်ချီရေး လုပ်ငန်းအတွက်
လျှပ်စစ်ဝန်ကြီးမှ ပြောင်းရွှေ့ခိုင်းနေသည်။
ဆက်ဖက်ရန်---
(၁၉) ဒုက္ခသည် ဦးလထော်ဘရန်ရှောင်
အား ဖောက်ခွဲသူအဖြစ် ဖြောင့်ချက်ယူခိုင်း လိုက်ပြီ : Source : Kachin
11-Jul-12
ကချင်ပြည်နယ် မြစ်ကြီးနား
တရားရုံး၌ဖြောင့်ချက်ပေးခဲ့စဉ် ၀မ်းဗိုက်ပေါ်တွင် အသံဖမ်းစက်တွေ့ရှိခြင်းကြောင့် တရားသူကြီးမှ
ဖြောင့်ချက်ပယ်ချခံထားရသည့် ဂျန်မိုင်ကောင်ဒုက္ခသည်စခန်း မှ ပေါက်ကွဲမှုဖြင့် ဖမ်းဆီးခံခဲ့ရသူ
ဦးလထော်ဘရန်ရှောင်အား အာဏာပိုင်များက မြို့နယ်တရားသူကြီးထံမှ ဖြောင့်ချက်ပြန်ယူခိုင်းခဲ့ကြောင်း
သိရသည်။
ဆက်ဖက်ရန်---
(၂၀) အိုမီကာအောက်စက်ရုံမှ
အလုပ်သမားများ လစာထုတ်ပေးရက် နောက်ကျ၍ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆို :Source
:Arakantimes
11-Jul-12
ထိုင်းနိုင်ငံမဲဆောက်မြို့
ဘတ်စင်ကွင်းစောင်ခွပ်ဆောင် ရပ်ကွက်တွင်ရှိသော အိုမီကာအောက်စက်ရုံတွင်
ရွေ့ပြောင်းမြန်မာအလုပ်သမားများ ၁၀၀ ခန့်သည် လစာထုတ်ပေးသောရက် နောက်ကျသောကြောင့်
မနေ့က ညနေ ၄ နာရီကျော်အချိန်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြောင်းကို သတင်းရရှိသည်။
ဆက်ဖက်ရန်---
(၂၁) ရွှေလီရေအားလျှပ်စစ်ထွက်ရှိရာ နမ့်ခမ်းမြို့လျှပ်စစ်မီးပုံမှန်ရရန်ဒေသခံများလိုလား : Source : Panglong
Wednesday,
11 July 2012 09:05 သျှမ်းသံတော်ဆင့်
သျှမ်းပြည်မြောက်ပိုင်း၊နမ့်ခမ်းမြို့၊ပေါက်တိုက်ရပ်ကွက်
ပြည်ထောင်စုလမ်းမတလျှောက် လမ်းမီးတိုင်များနှင့်
လမ်းသွယ်ထဲရှိ လမ်းမီးများကို ၁ ရက်ခြား အလှည့်ကျထွန်းပေးနေသော်လည်း လမ်းမီးခ နှင့်
မီတာစောင့် ရှောက်ခ ကိုမူ ဒေသခံများ ပုံမှန်ပေးနေရကြောင်း သျှမ်းပြည်မြောက်ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။
ဆက်ဖက်ရန်---
(၂၂) ၂၀၁၅ ရွေးကောက်ပွဲ၌ အချိုးကျကိုယ်စားလှယ်စနစ် အသုံးပြုရန် အာဏာရပါတီစိတ်ဝင်စားနေ : Source : Panglong
Wednesday, 11 July 2012 18:44 သျှမ်းသံတော်ဆင့်
လက်ရှိအစိုးရအဖြစ် အာဏာရထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လာမည့် ၂၀၁၅ ပြည်လုံး ကျွတ်အထွေထွေရွေးကောက်ပွဲ၌ ရွေးကောက်ပွဲဝင်အမတ်လောင်းများအား ရရှိသည့်မဲအရေအတွက်အပေါ် ရာခိုင် နှုန်း အရ အချိုးကျ ကိုယ်စားလှယ်စနစ်ဖြင့် လွှတ်တော်အမတ်များအားရွေးချယ်သတ်မှတ်ရန် စိတ်ဝင်စားနေပုံရ သည်ဟု ဆိုသည်။
ဆက်ဖက်ရန်---
(၂၃) တရုတ်စားသုံးဆီများ မူစယ်မြို့၌ ဖမ်းဆီး : Source : Panglong
Wednesday, 11
July 2012 18:43 သျှမ်းသံတော်ဆင့်
တရုတ်နယ်စပ်ဘက်မှ
တရားမဝင်တင်သွင်းလာသော စားသုံးဆီများကို သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့၌
ယခုလ ၉ ရက်နေ့က စသုံးလုံးနှင့် ရဲများ ပူးပေါင်း၍ ရှာဖွေဖမ်းဆီးမှု
ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဆက်ဖက်ရန်---
(၂၄) ပိုက်လိုင်းကြောင့် လယ်သမားများ လယ်ထွန်ရန် အခက်တွေ့ : Source : Panglong
Wednesday, 11
July 2012 18:25 သျှမ်းသံတော်ဆင့်
လယ်မြေအတွင်း
ဖြတ်သန်းသွားသည့် ရေနံနှင့်သဘာ၀ဓာတ်ငွေ့ပိုက်လုံးတချို့ မြေအောက်မချရ သေးသည့်အတွက်
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှ လယ်သမားတချို့ လယ်ထွန်ယက်ရန်
အခက်အခဲကြုံတွေ့လျက်ရှိကြောင်း သိရှိရပါသည်။
ဆက်ဖက်ရန်---
(၂၅) ဒု-သမ္မတသစ်မှာ ဦးသန်းရွှေ၏လူဟု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဝင်တစ်ဦး ပြော : Source : Panglong
Wednesday, 11 July 2012 18:22 သျှမ်းသံတော်ဆင့်
ဒု-သမ္မတနေရာတွင် အစားထိုး ခန့်အပ်ရန်အတွက် အဆိုပြုလိုက်သည့် ဦးမြင့်ဆွေ သည်
စစ်အစိုးရ ခေါင်းဆောင် ဟောင်း
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လူဖြစ်ကြောင်း ၁၉/၅/၁၂
ကျိုင်းတုံ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲ
တက်ရောက်သူတစ်ဦးက ပြောပါသည်။
ဆက်ဖက်ရန်---
(၂၆) ကျောက်ဖြူ ကျောင်းသားများ ဆန္ဒပြမှု အောင်မြင် : Source : Irrawaddy
10-Jul-12
ရခိုင်ပြည်နယ် ကျောက်ဖြူဒေသ၌
ပျက်စီးနေသည့် လမ်းများကို ပြုပြင်ပေးရန် ယမန်နေ့က ကျောင်းသား ၁၀၀ ကျော် ဆန္ဒပြ
တောင်းဆိုခဲ့ရာ အာဏာပိုင်များ က လိုက်လျောပေးခဲ့ကြောင်း သိရသည်။
ဆက်ဖက်ရန်---
(၂၇) ထိုင်း BGH က မြန်မာပြည်တွင်
ဆေးရုံဖွင့်ရန် လေ့လာမည် : Source : Irrawaddy
11-Jul-12
ထိုင်းနိုင်ငံတွင် အကြီးဆုံး ဆေးရုံလုပ်ငန်း
အုပ်စုကြီးဖြစ်သည့် ဘန်ကောက် ဒူးစစ် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်း [Bangkok
Dusit Medical Services Plc (BGH)] က နောက်ထပ် ၂ လခန့် အချိန်ယူ၍ ကနဦး လေ့လာမှုများ
ပြုလုပ်ပြီးပါက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဆုံးဖြတ်မည်ဖြစ်ကြောင်း
သိရသည်။
ဆက်ဖက်ရန်---
(၂၈) NLD ရဲ့ လွှတ်တော်
လုပ်ငန်းစဉ်များ : Source : BBC
11-Jul-12
ပြည်သူ့ လွှတ်တော် စတက်နေပြီ ဖြစ်တဲ့ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်က ခေတ်နဲ့ မညီတဲ့ တည်ဆဲ ဥပဒေ တွေ ပယ်ဖျက်ရေး၊ အလုပ်သမား လယ်သမားနဲ့ ပညာရေး ကိစ္စ အဆို ဥပဒေ ကြမ်းတွေ တင်သွင်းရေး ပြင်ဆင် ထားတယ်လို့ သိရပါတယ်။
ဆက်ဖက်ရန်---
(၂၉) မြန်မာနိုင်ငံဆိုင်ရာ
အမေရိကန် သံအမတ်ကြီး ရန်ကုန်ရောက်ပြီ : Source : RFA
2012-07-11
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်
သံအမတ်ကြီး ဒဲရက် မစ်ချဲလ် Derek Mitchell ဟာ ဒီကနေ့ မြန်မာနိုင်ငံကို
ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
ဆက်ဖက်ရန်---
(၃၀) ကချင် ဒုက္ခသည် စခန်းမှာ ကူးစက်ရောဂါကျ : Source : BBC
11-Jul-12
တရုတ် မြန်မာ နယ်စပ် တရုတ် ဘက်ခြမ်းက ကချင် စစ်ပြေး ဒုက္ခသည် စခန်း ၂ ခုမှာ ကူးစက် ရောဂါ ဖြစ်နေလို့ တရုတ် အာဏာပိုင် တွေက နေရပ် ပြန်ခိုင်း နေတယ်လို့ သိရ ပါတယ်။
ဆက်ဖက်ရန်---
(၃၁) လူ့အခွင့်အရေး
ချိုးဖောက်မှု ဗြိတိန်ဝေဖန် : Source : RFA
2012-07-11
မြန်မာနိုင်ငံမှာ
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတော်များများ ရှိနေဆဲ ဖြစ်တယ်လို့
ဗြိတိန်အစိုးရရဲ့ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးက ၂၀၁၁ ခုနှစ်အတွက်
လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုင်ရာ အစီရင်ခံစာကို ဒီနေ့ ထုတ်ပြန်ရာမှာ
ဖော်ပြထားပါတယ်။
ဆက်ဖက်ရန်---
(၃၂) ဒေါ်အောင်ဆန်းစုကြည်ကို
ဝင်စတန်ချာချီဆု ချီးမြှင့် : Source : RFA
2012-07-11
ဗြိတိန်နိုင်ငံ
ကုန်သည်များနဲ့ ရင်းနှီးမြှုပ်နှံမှု အသင်းက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို မနေ့ညက နေပြည်တော်မှာ ဝင်စတန်ချာချီဆု
ချီးမြှင့်လိုက်ပါတယ်။
ဆက်ဖက်ရန်---
(၃၃) အစိုးရက လူတိုင်း
ဖုန်းအသုံးပြုနိုင်ရေး စတင်အကောက်အထည်ဖော် : Source : DVB
Published on July 11, 2012 by
အေးနိုငျ · No Comments
့မန်မာြပည်သူတရပ်လံုး
ကမ္ဘာ့စံချိန်စံညွှန်းအတိုင်း ေဈးသက်သာစွာ ဆက်သွယ်ေရး ဝန်ေဆာင်မှု
ေပးဖို့အတွက် ြပုြပင်ေြပာင်းလဲေရးစီမံချက်ကို စတင်ေဆာင်ရွက်ေနြပီလို့
ဆက်သွယ်ေရးစာတိုက်နဲ့ ေြကးနန်းဝန်ြကီးဌာန ြပည်ေထာင်စုဝန်ြကီး
ဦးသိန်းထွန်းက ေြပာပါတယ်။
(၃၄) သစ္စာစောင့်သိသည့် အတိုက်အခံအဖွဲ့မျိုး အမြင်ဖြင့် လုပ်ဆောင်မည် : Source : DVB
Published on
July 11, 2012 by မင်းလွင်
· No Comments
ဒီမိုကေရစီနည်းအရ အတိုက်အခံအဖွဲ့အစည်းဆိုတာ ရှိရမှာြဖစ်ြပီး နိုင်ငံေတာ်အေပါ်မှာ သစ္စာေစာင့်သိတဲ့ အတိုက်အခံအဖွဲ့မျိုး အြမင်နဲ့ လုပ်ေဆာင်သွားမယ်လို့ အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ေဒါ်ေအာင်ဆန်းစုြကည်က ေြပာပါတယ်။
ဆက်ဖက်ရန်---
(၃၅) လျှပ်စစ် လုံလောက်အောင် စီမံထားပြီဟု လွှတ်တော်တွင် ပြော : Source : DVB
Published
on July 11, 2012 by ရွှေအောင် · No
Comments
နိုင်ငံတွင်း လျှပ်စစ်ဓာတ်အား
လုံလုံလောက်လောက် ဖြန့်ဖြူးဖို့ ပြည်ပ ကုမ္ပဏီတွေကို ဖိတ်ခေါ်ထားပြီး
စနစ်တကျစီမံဆောင်ရွက်နေတဲ့အကြောင်း သက်ဆိုင်ရာက ပြောကြားခဲ့ပါတယ်။
ဆက်ဖက်ရန်---
(၃၆) မိတ္ထီလာတွင် လယ်သိမ်းခံရသည့် လယ်သမားများ ထွန်တုံးတိုက်ပွဲ စတင် : Source : DVB
Published on
July 11, 2012 by ကိုထှေး
· No Comments
မန္တေလးတိုင်း
မိတ္ထီလာ ခရိုင်ထဲက ြမို့နယ်ေတွမှာ လယ်သိမ်းခံရတဲ့ ေတာင်သူေတွဟာ သူတို့ပိုင်ဆိုင်ခဲ့တဲ့ လယ်ေြမေတွကို တရားနည်းလမ်းနဲ ့ြပန်ရေအာင် ြကိုးပမ်းခဲ့ေပမယ့် မရတဲ့အတွက် ထွန်တံုးတိုက်ပွဲ၀င်ခဲ့ြကပါတယ်။
ဆက်ဖက်ရန်---
(၃၇) မန္တလေးဟိုတယ် အများစု ကြယ်ပွင့်အဆင့် မသတ်မှတ်နိုင်သေး : Source
: Irrawaddy
11-Jul-12
မန္တလေးတွင် မြန်မာနိုင်ငံ
ဟိုတယ်လုပ်ငန်းရှင်များ အသင်းဝင်ထားသော ဟိုတယ် စုစုပေါင်း ၁၃၀ ကျော်ရှိသော်လည်း
ဟိုတယ် ၅၄ လုံးကိုသာ ကြယ်ပွင့်အဆင့် သတ်မှတ်နိုင်သေးကြောင်း သိရသည်။
ဆက်ဖက်ရန်---
(၃၈) ဦးလထော်ဘရန်ရှောင် ဆေးကုသခွင့်
ပယ်ချခံရ : Source : Mizzima
ဖနိဒါ
| ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၁ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၂၄ မိနစ် ချင်းမိုင်(မဇ္စျိမ) ။
။ ဖမ်းဆီးခံထားရသော ဦးလထော် ဘရန်ရှောင်သည် ဆေးကုသမှုခံယူရန် လိုအပ်နေကြောင်း သူ၏ ရှေ့နေ
ဦးမာခါးက ပြောသည်။ တဆက်ထဲမှာပင် ထိန်းသိမ်းထားစဉ်တွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်
(စရဖ)များက နှိပ်စက်မှုပြုခဲ့သည်ဟုလည်း သူက စွပ်စွဲလိုက်သည်။
ဆက်ဖက်ရန်---
ဆက်ဖက်ရန်---
No comments:
Post a Comment