Friday, July 6, 2012

နေ့စဉ်မြန်မာ့အရေးဆက်စပ်သတင်းများ (ဇူလိုင်လ ၅ရက်၊ ၂၀၁၂ခုနှစ်)

(၁) ဇေယျာသော်ကို ဒေါ်စုရဲ့ လွှတ်တော်ဆိုင်ရာအရာရှိအဖြစ် ရွေးချယ် : Source : Moemaka

4-Jul-12
အဆိုတော် ဇေယျာသော် သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်သည် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိတဦးအဖြစ် ယမန်နေ့က တရားဝင် ခန့်အပ်ခြင်း ခံရသည်။

ဆက်ဖက်ရန်---

 

(၂) ဦးဘရန်ရှောင်အား အာဏာပိုင်များ မတရားဖမ်းဆီးမှု တရားသူကြီးရှေ့တွင် ပေါ်လွင်သွားခဲ့ : Source : Kachin
4-Jul-12
ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနား ဂျန်မိုင်ကောင် နှစ်ခြင်းခရစ်ယာန်ဒုက္ခသည်စခန်းမှ ပေါက်ကွဲမှုဖြင့် ဖမ်းဆီးသွားသည့် ဦးလထော်ဘရန်ရှောင်အား စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)မှ ဇွန်လ ၂၈ ရက်နေ့က တရားရုံးတွင် ဖြောင့်ချက်ပေး ခိုင်းခဲ့ရာ ၀မ်းဗိုက် ချက်ပေါ်တွင် အသံဖမ်းစက်တပ်ဆင်ထားခြင်းအား တွေ့ရှိခဲ့သောကြောင့် တရားရုံးမှ ပယ်ဖျက်ပေးလိုက်သည်။

ဆက်ဖက်ရန်---


(၃) အစိုးရ၏ စစ်ဆင်ရေးကြောင့် အပစ်အခတ် ရပ်စဲရေး ပျယ်ဖွယ် ရှိဟု SSPP ကဆို : Source : Phophtaw
4-Jul-12
အစိုးရ တပ်က ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) ဒေသတွင်းသို့ အင်းအား သုံးပြီး ထိုးစစ်ဆင် နေမှုများ မရပ်တန့်ပါက နှစ်ဦးနှစ်ဖက် သဘောတူ ထားသော အပစ်အခတ် ရပ်စဲရေးကို ပျက်ပျယ်သည်ဟု SSPP ဖက်မှ သဘော ထားရမည် ဖြစ်ကြောင်း SSA ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စိုင်းဆေးအွန်က ယနေ့တွင် ပြောကြားသွား ပါသည်။

ဆက်ဖက်ရန်---

 


(၄) စစ်တွေရဲစခန်း တိုက်ခိုက်မူ ဖမ်းဆီးခံရသူ ၁၈ ဦးကို ဇူလိုင် ၅ ရက်နေ့ ရုံးတင်မည် : Source : Narinjara
4-Jul-12
စစ်တွေမြို့ မြို့မ ရဲစခန်းအား တိုက်ခိုက်သူများဟု စွပ်စွဲ ဖမ်းဆီးခံထားရသူ ၁၈ ဦးကို ဇူလိုင်လ ၅ ရက်နေ့တွင် ရုံးတင် စစ်ဆေးမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ဆက်ဖက်ရန်---

 

(၅) မယ်တော် ဆေးခန်း အခက်အခဲ : Source : Phophtaw
4-Jul-12
တိုးများ လာနေတဲ့ လူနာ များကို ကုသရန် ဘတ်ချက် မလုံလောက်သည့် အခက်အခဲ  မယ်တော် ဆေးခန်း၌ ရင်ဆိုင် နေရ သည်ဟု ထိုင်းနိုင်ငံ မဲဆောက်မြို့၌ ဖွင့်လှစ် ထားသော မယ်တော် ဆေးခန်း တာဝန်ခံ ဒေါက်တာ စင်သီယာမောင်က ဆိုပါသည်။

ဆက်ဖက်ရန်---


(၆) ကျောက်ဖြူတွင် သောက်ရေကန် အဆိပ်ခတ်ခံရ  : Source : Narinjara
5-Jul-12
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဂြင်းကြီးအုပ်စု ကပိုင်ချောင်းကျေးရွာရှိ သောက်ရေကန် နှစ်ကန်ကို မသမာသူ များမှ အဆိပ်ခတ်သွားကြောင်း သိရှိရသည်။

ဆက်ဖက်ရန်---

 

(၇) ၁၅ လ ကြာ လစာမရ၍ ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ရခိုင် ဒေသ ၀န်ထမ်း တချို့ အခက်ကြုံ : Source : Narinjara
5-Jul-12
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ လမ်းအထူးအဖွဲ့ (၈)မှ ၀န်ထမ်းများမှာ လစာ မရရှိသည်မှာ ၁၅ လခန့် ရှိနေပြီ ဖြစ်သဖြင့် အထူး အခက်အခဲကြုံတွေ့နေကြရသည်ဟု ၀န်ထမ်းများက နိရဉ္စရာသို့ ပြောသည်။

ဆက်ဖက်ရန်---

 
(၈) ယူအန် အပါအ၀င် နိုင်ငံခြား အန်ဂျီအိုများ ရခိုင်မြောက်ပိုင်းတွင် ပြန်လည် အခြေစိုက်မည်ကို ဒေသခံ တိုင်းရင်းသားများ အလိုမရှိ : Source : Narinjara
4-Jul-12
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်များတွင် ယူအန် အဖွဲ့အစည်းများနှင့် တခြားနိုင်ငံခြား အန်ဂျီအို အဖွဲ့အစည်းများ ပြန်လည် အခြေစိုက်မည်ကို ဒေသခံ ရခိုင်တိုင်းရင်းသား အများစုက မလိုလားကြောင်း နိရဉ္စရာသို့ စာအားဖြင့် ဖြစ်စေ၊ နှုတ် အားဖြင့် ဖြစ်စေ ပေးပို့ရာ တွင် ဒေသခံများက ဖေါ်ပြကြသည်။

ဆက်ဖက်ရန်---


(၉) စစ်တွေမြို့ မြို့မဈေးနှင့် စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တော့မည် : Source : Arakantimes
4-Jul-12
ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့ကြသော အဓိကရုဏ်းများကြောင့် စစ်တွေမြို့ မြို့မဈေးနှင့် စာသင်ကျောင်းတွေကို ပိတ်ပင်ထားခဲ့ရသည်မှာ ၁လခန့်ကြာမြင့်ခဲ့ပြီး မနက်ဖြန် ဇူလိုင်လ ၅ရက်နေ့မှစတင်ကာ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်ကြောင်းကို သတင်းရရှိသည်။

ဆက်ဖက်ရန်---

 

(၁၀) မြန်မာ့ပို့ကုန်တန်ဖိုး ဘင်္ဂလာသွင်းကုန်ထက် ၁၇ နှစ်အတွင်း တာကာ ၂၃၅၄ ကုဋေကျော် ကွာဟမှုရှိ  : Source : Arakantimes
5-Jul-12
Burma and Bangliမြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား အပြန်အလှန် ပို့ကုန်-သွင်းကုန် တင်ပို့ကြရာတွင် ဘင်္ဂလာမှ သွင်းကုန်တန်ဖိုးထက် မြန်မာပို့ကုန် တန်ဖိုးမှာ ၁၇ နှစ်အတွင်း တာကာ ၂၃၅၄ ကုဋေ ၉၀၃၃၀၀ တန်ဖိုး ကွာဟမှုရှိခဲ့ကြောင်း ဆိပ်ကမ်းတာဝန်ရှိသူများမှ သိရှိရသည်။

ဆက်ဖက်ရန်---

 

(၁၁) ကွင်းဆင်းတိုင်းတာချက်အရ တပ်သိမ်းမြေယာဧက ကွာဟမှုရှိ : Source : Ktimes
4-Jul-12
ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အတွင်း စစ်တပ်လေ့ကျင့်ရေးကျောင်းအတွက် သိမ်းယူထားတဲ့ မြေနေရာဧကစာရင်း ဧကရာနဲ့ချီပြီး ကွာဟမှုရှိနေတယ်လို့ တပ်နယ်မြေကိစ္စနဲ့ ပတ်သက်ပြီး မြို့နယ်အဆင့် လေ့လာစောင့်ကြည့်တဲ့ ကော်မတီအဖွဲ့ဝင် တဦးက ပြောပါတယ်။

(၁၂) ဖမ်းဆီးခံရွာသားကိုသွားရောက်အာမခံတဲ့ ရွာသူကြီးရိုက်နှက်ခံရ : Source :  DVB

Published on July 4, 2012 by ေနာ်နုိရင်း   ·   No Comments
ရှမ်းြပည်နယ် မူဆယ်ခရုိင် ပန်ဆန်းြမို့နယ်ထဲက အိမ်ေြခ ၆၀ ေလာက်ရှိတဲ့ ယိခုရွာကုိ အစုိးရစစ်ေြကာင်း ခု ြဖစ်တဲ့ ခမရ ၁၀၉၊ ခမရ ၁၂၃၊ ခလရ ၄၅ စစ်ေြကာင်းေတွ ေရာက်ရှိလာြပီး ရွာသား ၂၆ ဦးကုိ ဇူလုိင် ရက်ေန့က ဖမ်းဆီးေခါ်သွားခဲ့ပါတယ်။

ဆက်ဖက်ရန်---

 

(၁၃) ဆန္ဒပြအလုပ်သမားများ သဘောတူညီချက်အတိုင်း မရရှိ : Source : DVB

Published on July 5, 2012 by ကိုထွေး   ·   No Comments
ရန်ကုန်တိုင်းထဲရှိ ဖိနပ်စက်ရုံတရုံက လုပ်သားတွေဟာ လွန်ခဲ့တဲ့လပိုင်း ဆန္ဒပြပွဲမှာ လစာတိုးပေးဖို့ ပိုင်ရှင်က သဘောတူပြီးကာမှ လက်တွေ့မှာ မထူးခြားတဲ့အပေါ် ထပ်မံဆန္ဒ ထုတ်ဖော်ရာမှာ စက်ရုံပိုင်ရှင် က စက်ရုံပိတ်သိမ်းဖို့ ခြိမ်းခြောက်တာတွေ ရှိနေပါတယ်။

ဆက်ဖက်ရန်---

 

(၁၄) နိုင်ငံတ၀န်း လယ်သိမ်းယူကိစ္စ လွှတ်တော်တွင် ဆွေးနွေးမည် : Soruev : DVB

Published on July 5, 2012 by အေးနိုငျ   ·   No Comments
နိုင်ငံတဝန်းက လယ်ယာေြမသိမ်းဆည်းမှုေတွေြကာင့်လယ်သမားေတွ နစ်နာတဲ့ကိစ္စကို ြပည်ေထာင်စုလွှတ်ေတာ်မှာ လာမယ့်သီတင်းပတ်ေဆွးေနွးြကမှာြဖစ်ပါတယ်။

ဆက်ဖက်ရန်---

 

(၁၅) နေပြည်တော်တွင် ဘုန်းကြီးကျောင်း ၃၀ ဖယ်ရှားခိုင်း : Source : DVB

Published on July 5, 2012 by အေးနိုငျ   ·   No Comments
ရန်ကုန်-မန္တေလးအြမန်လမ်း​ ​ေနြပည်ေတာ် ြမို့ပတ်လမ်းေတွနဲ့မလွတ်တဲ့နယ်ေြမေတွမှာရှိတဲ့ဘုန်းြကီးေကျာင်းေတွကို ဖယ်ရှားဖျက်သိမ်းေပးဖို့စည်ပင်သာယာက ေြကာင်းြကားထားပါတယ်။

ဆက်ဖက်ရန်---

 

(၁၆) ပြန်ပေးသမားလက်မှ ကိုရွှေအ ပြန်လွတ်ပြီ : Source : Mon

4-Jul-12
လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နေ ရာဘာခြံနေ့စားအလုပ်သမား ကိုရွှေအ တစ်လ ကျော်ပြန်ပေးဆွဲခံထားရာမှ ပြန်လည်လွတ်မြောက်လာခဲ့သည်။

ဆက်ဖက်ရန်---


 
(၁၇) ဘုရားသုံးဆူနယ်စပ်အလုပ်ရုံပိတ်သိမ်းခြင်းကို အလုပ်သမားများဆန္ဒပြ : Source : Mon
5-Jul-12
မင်းတော်လဝီ – ထိုင်းမြန်မာနယ်စပ်၊ ထိုင်းနိုင်ငံဘုရားသုံးဆူရွာရှိ PIA Trading အမျိုးသမီး ဘော်လီအလုပ်ရုံပိတ်သိမ်းခြင်းကို မကြေနပ်ကြသော မြန်မာအလုပ်သမားများ ယမန်နေ့မွန်းလွဲပိုင်းတွင် ပိုစတာ များကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြသည်။

ဆက်ဖက်ရန်---

 

 

(၁၈) ကျောင်းပြင်ပချိန်မွန်စာပေသင်ကြားရေး ပြင်ဆင်ထားမှုမရှိသေး : Source : Mon
5-Jul-12
ဂျူရီချိုင်း – အစိုးရစာသင်ကျောင်းချိန်ပြင်ပတွင် မွန်တိုင်းရင်းသားစာပေ သင်းကြားရေးအတွက် မွန်ပြည်နယ်တွင် ပြင်ဆင်ထားမှု မတွေ့ရှိသေးကြောင်း မွန်စာပေယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ပြောသည်။

ဆက်ဖက်ရန်---

 

 

(၁၉) မော်လမြိုင်အထက() ယခုနှစ်တက္ကသိုလ်ဝင်အောင်ချက် ၉၀ ရာနှုန်းကျော် : Source : Mon

5-Jul-12
လွတ်လပ်သောမွန်သတင်းအေဂျင်စီပြီးခဲ့သည့် ၂၀၁၁-၁၂ တက္ကသိုလ်ဝင်အောင်ချက်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အထက() သည် အောင်ချက် ၉၂ ဒဿမ ၅၅ ဖြစ်ကြောင်း သိရသည်။

ဆက်ဖက်ရန်---

 

 

(၂၀) ဇိုမီးတိုင်းရင်းသားပါတီ တည်ထောင်ရန် ခွင့်ပြုချက်ရ : Source : DVB

Published on July 5, 2012 by webteam   ·   No Comments
ချင်းြပည်နယ်က ဇိုမီးတိုင်းရင်းသားပါတီတခုြဖစ်တဲ့ဇိုမီးဒီမိုကေရစီအဖွဲ့ချုပ် (Zomi Congress for Democracy)ကို ြပည်ေထာင်စုေရွးေကာက်ပွဲေကာ်မရှင်က ဇူလိုင် ရက်ေန့​ ​ေန့စွဲနဲ့ပါတီတည်ေထာင်ခွင့်ြပုလိုက်ပါတယ်။

ဆက်ဖက်ရန်---

 


(၂၁) မွန်ကျောင်းဆရာများ လစာတိုးပေးရန်မျှော်လင့် : Source : Mon
5-Jul-12
မိလယီထော – မွန်ပြည်သစ်ပါတီနယ်မြေအတွင်း ဖွင့်လှစ်ထားရှိသော မွန်အမျိုးသားပညာရေးကျောင်းများမှ ကျောင်း ဆရာများခံစားခွင့်လစာ အလွန်နည်းပါးနေသောကြောင့် လစာတိုးပေးရန်မျှော်လင့်နေကြကြောင်း မွန်ကျောင်းဆရာများက ပြောသည်။

 

(၂၂) ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့ဆန္ဒနားထောင် : Source : DVB

Published on July 5, 2012 by ဒီဗှီဘီ   ·   No Comments
အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ် ဥက္ကဋ္ဌေဒါ်ေအာင်ဆန်းစုြကည်ဟာ ရန်ကုန်တိုင်း​ ​ေကာ့မှူးြမို့နယ်ကို သှားရောကျွပီး​ ​ဒေသခံတှေနဲ့​ ​တှေ့ဆုံဆှေးနှေးခဲ့ပါတယျ။

ဆက်ဖက်ရန်---


(၂၃) ဆန္ဒပြအလုပ်သမားခေါင်းဆောင်တချို့ အလုပ်ဖြုတ်ခံရ : Source : VOA
5-Jul-12

မကြာသေးခင်လတွေအတွင်းက မြန်မာနိုင်ငံ ရန်ကုန်၊ စက်မှုဇုန်သီးသီးမှာ အလုပ်သမား ဆန္ဒပြမှုတွေ ဖြစ်ပွားပြီး တဲ့နောက် အလုပ်အထုတ်ခံရသူတွေ များလာတဲ့အတွက် အလုပ်သမားရေးကို ဖြေရှင်းတဲ့အခါမှာ အလုပ်သမား ၀န်ကြီးဌာနရဲ့ ဖြေရှင်းမှု နည်းလမ်းဟာ အားနည်းချက်တွေရှိနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက် သူတွေက ထောက်ပြကြပါတယ်။

ဆက်ဖက်ရန်---

 

(၂၄) လုပ်ငန်း ပြန်လည်လုပ်ကိုင်ခွင့်ပြုဖို့ ရွှေလုပ်သားများ အသနားခံစာတင် : Source : RFA
2012-07-04
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်းကြီး ကျေးရွာအုပ်စု၊ ကျောက်ဖြူကျေးရွာ ဇရပ်အိုင် ဒေသခံတွေရဲ့ ရွှေလုပ်ကွက်ကို ကယားပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ရဲ့ ကုမ္ပဏီကို လုပ်ပိုင်ခွင့် ချထားပေးလိုက်လို့ ဒီကိစ္စ ပြန်လည်စဉ်းစား သုံးသပ်ပေးဖို့ ဒေသခံတွေက ပြည်နယ် ၀န်ကြီးချုပ်ဆီ တနင်္လာနေ့က အသနားခံစာ တင်လိုက်ပါတယ်။

ဆက်ဖက်ရန်---

 

(၂၅) ကချင်စစ်ပြေးဒုက္ခသည်ကိစ္စ HRW ထုတ်ပြန်ချက် တရုတ်အာဏာပိုင် ငြင်းဆို : Source : RFA
2012-07-04
မြန်မာနိုင်ငံ ကချင်ပြည်နယ်ကနေ နယ်မြေ မအေးချမ်းမှုကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲ ၀င်ရောက်ခိုလှုံလာတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ကချင်ပြည်နယ်ထဲ အတင်းအဓမ္မ ပြန်ခိုင်းတာမျိုး မလုပ်ခဲ့ဘူးလို့  တရုတ်နယ်စပ် အာဏာပိုင်တွေက ပြောပါတယ်။

ဆက်ဖက်ရန်---

 

 
(၂၆) ၈၈ ကျောင်းသားတွေနဲ့ အာဆီယံအမတ်တွေ ဆွေးနွေး : Source : RFA
2012-07-04
စင်ပြိုင် အာဆီယံလွှတ်တော် အမတ်များအဖွဲ့ AIPMC က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို ဒီနေ့ ရန်ကုန်မြို့မှာ သွားရောက်တွေ့ဆုံပြီး လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ ဒေသတွင်း အခြေအနေတွေ ဆွေးနွေးပြောဆိုကြတယ်လို့ သတင်းရရှိပါတယ်။

ဆက်ဖက်ရန်---

 

(၂၇) ဆဲဗင်းဇူလိုင် အခမ်းအနား မကျင်းပရန အာဏာပိုင်များတားမြစ် : Source : DVB

Published on July 5, 2012 by ေနာ်နုိရင်း   ·   No Comments
ဇူလိုင် ရက်ေန့မှာ ကျေရာက်မယ့်အနှစ် ၅၀ ြပည့်ဆဲဗင်းဇူလိုင် အခမ်းအနားကို မကျင်းပဖို့ဗကသေခါင်းေဆာင်ေတွကို အာဏာပိုင်ေတွကေခါ်ယူတားြမစ်ေနပါတယ်။

ဆက်ဖက်ရန်---

 

(၂၈) တိုင်းရင်းသားတန်းတူရေး လွှတ်တော်က ဥပဒေပြဋ္ဌာန်းပေးသင့်ဟု သမ္မတပြော : Source : Mizzima
မျိုးသန့် | ကြာသပတေးနေ့၊ ဇူလိုင်လ ၀၅ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၂၄ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။               ။ သမ္မတ နှစ်ဦး ဦးဆောင်ပါဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖေါ်ဆောင်ရေး ဗဟိုကော်မတီ၏ ပထမဆုံး အစည်းအဝေးတွင် တိုင်းရင်းသားတို့ တန်းတူအခွင့်အရေးရရှိရန် လွှတ်တော်မှ ဥပဒေပြဋ္ဌာန်းဆောင်ရွက်ပေးသင့်ကြောင်း သမ္မတ ဦးသိန်းစိန်မှ မှာကြားသည်ကို နိုင်ငံတော်
သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

ဆက်ဖက်ရန်---

 

(၂၉) လယ်သိမ်းခံ ရခိုင်လယ်သမားတွေကို စစ်တပ်က တရားစွဲ : Source : Irrawaddy
5-Jul-12
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် အသိမ်းခံထားရသော လယ်မြေများကို ဝင်ရောက်လုပ်ကိုင်မှုဖြင့် ဒေသခံ မူလလယ်ပိုင်ရှင်များကို ကျောက်တော်အခြေစိုက် စစ်ဆင်ရေးနှင့် ကွပ်ကဲရေး ဌာနချုပ် (စကခ) ၉ က မင်းပြားမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသည်။

ဆက်ဖက်ရန်---

 

(၃၀) စာပေစိစစ်ရေး မဖျက်သိမ်းသေး : Source : Irrawaddy
5-Jul-12
စာပေစိစစ်ရေးကို ဇွန်လကုန်တွင် ဖျက်သိမ်းမည်ဟု ဆိုသော်လည်း လက်တွေ့ ဖျက်သိမ်းမှု မရှိသေးကြောင်း ပြည်တွင်း စာနယ်ဇင်း အသိုင်းအ၀ိုင်းက ပြောသည်။

 

(၃၁) အုန်းဖျန်ဒုက္ခသည်စခန်းတွင် ငှက်ဖျားပိုးကူးစက်မှု အဆမတန် များပြားလာ : Source : KIC
5-Jul-12
ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရခရိုင်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် ယခုနှစ်အတွင်း ငှက်ဖျားရောဂါပိုးရှိသူ ၁၀၀ကျော်ရှိပြီး ယခင်နှစ် ထက် အဆမတန် ပိုမိုများပြားလာနေသည်ဟု အုန်းဖျန်စခန်းမှ ကျန်းမာရေးတာဝန်ခံ စောဒွဲ့က ပြောသည်။

ဆက်ဖက်ရန်---


(၃၂) ဝ လက်နက်ဂိုဒေါင်၌ မြောက်ကိုးရီးယားလက်နက်မရှိဟု UWSA ပြော : Source : Panglong

Thursday, 05 July 2012 17:26 သျှမ်းသံတော်ဆင့်
UWSA ခေါ် ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏ လက်နက်တိုက်များအတွင်း၌ မြောက်ကိုးရီးယား နိုင်ငံမှ ဝယ်ယူထားသည့် လက်နက်များ လုံး၀ မရှိကြောင်း ထိပ်ပိုင်း ခေါင်းဆောင်တဦးက ပြောပါသည်။

ဆက်ဖက်ရန်---

 

(၃၃) KIA တပ်ရှိရာသို့ အစိုးရတပ်များ စစ်အင်အားတိုးချဲ့ထိုးစစ်ဆင်နေဆဲ : Source : Kachin
5-Jun-12
မြန်မာအစိုးရစစ်တပ်များသည် ယမန်နေ့ ဇွန်လိုင်လ ၄ ရက်တွင် ကချင်ပြည်နယ် ၀ိုင်းမော်မြို့မှ စစ်အင်အားများနှင့် လက်နက်များဖြင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ရှိရာသို့ တိုးချဲ့ ထိုးစစ်ဆင်လာကြောင်း ဒေသခံမျက်မြင်များပြောသည်။

ဆက်ဖက်ရန်---

 

(၃၄) မြစ်ဆုံရေကာတာပြန်စနိုင်ရန် တရုတ် အစိုးရကုမ္ပဏီမှ ဒေသခံများကိုစည်းရုံးနေ : Source : Kachin
5-Jul-12
မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်အစိုးရလက်ထက် ဆိုင်းငံ့ထားသော ကချင်ပြည်နယ် မြစ်ကြီးနား ဧရာဝတီမြစ်ဆုံပေါ် တည်ဆောက်မည့်ရေကာတာစီမံကိန်းအား ပြန်လည် တည်ဆောက်နိုင်ရန် တရုတ်အစိုးရ တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI)ကုမ္မဏီမှ တာဝန်ရှိသူများသည် စီမံကိန်းကြောင့်ပြောင်းရွှေ့ခံထားရသော အောင်မြင်သာ စံပြကျေးရွာ ဒေသခံများအား စည်းရုံးမှုပြုလုပ်နေကြောင်းသိရသည်။

No comments:

Post a Comment