Saturday, July 7, 2012

နေ့စဉ် မြန်မာ့အရေးဆက်စပ်သတင်းများ (ဇူလိုင်လ ၆ရက်၊ ၂၀၁၂ခုနှစ်)

(၁) နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွှတ်ပေးတဲ့အပေါ် ကင်တားနား ကြို : Source : VOA

5-Jul-12
မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့တဲ့အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတဦးက ကြိုဆိုလိုက်ပြီး ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အားလုံးကိုလည်း လွှတ်ပေးဖို့ ထပ်ပြီး တောင်းဆိုလိုက်ပါတယ်။

(၂) စစ်မက်ဖြစ်ပွားမု စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့မယ် : Source : BBC
5-Jul-12
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အရပ်ဒေသတွေမှာ စောင့်ကြည့်ရေးအဖွဲ့ကို ဖွဲ့စည်းသွားမယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ရဲ့ ဒုတိယ ဥက္ကဌ မီးရထားဝန်ကြီး ဦးအောင်မင်းက ဇူလိုင် ၁ က နေပြည်တော်မှာ ပြောကြားခဲ့တဲ့အပေါ် တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း ကြိုဆိုလိုက်ပါတယ်။

(၃) ဟောင်ကောင်မင်းသား Jackie Chan မြန်မာနိုင်ငံကို ရောက်ပြီ  : Source : VOA

5-Jul-12
ဒီကနေ့ မြန်မာနိုင်ငံကို ရောက်လာတဲ့ ကမ္ဘာကျော်ရုပ်ရှင်မင်းသား Jakie Chan ဟာ မန္တလေးမြို့က မိဘမဲ့ ကလေးတွေကို စောင့်ရှောက်ထားတဲ့ ၅ စုတိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို သွားခဲ့ပါတယ်။ သူ့ကို ဧည့်ခံကြိုဆိုဖို့ ၅ စုတိုက်ကျောင်းမှာ အစီအစဉ်လုပ်ထားခဲ့ပေမဲ့ ခဏလေးပဲလာသွားခဲ့တာမို့ သူ့ကို တွေ့ဖို့ နာရီနဲ့ချီစောင့်ခဲ့ကြသူတွေက


(၄) မြေတောင်းတဲ့ ဘုန်းကြီးကျောင်းတွေ မီးရှို့ခံရ : Source : BBC
5-Jul-12
နေပြည်တော် စည်ပင်သာယာက ကျူးကျော် ဘုန်းကြီးကျောင်းတွေကို လျော်ကြေးယူ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ပေမယ့် မလိုက်နာဘဲ မြေအစားတောင်းလို့ဆိုပြီး မီးရှို့ပစ်ခဲ့တယ်လို့ ဘီဘီစီက စုံစမ်း သိရပါတယ်။


(၅) စစ်တွေရဲစခန်း တိုက်ခိုက်သူများဟု စွပ်စွဲ ဖမ်းဆီးခံထားရသူ ၁၈ ဦး ရုံးထုတ်၊ လက်ခံ မရ : Source : Narinjara
6-Jul-12
စစ်တွေ ရဲစခန်းအား တိုက်ခိုက်ရာတွင် အဓိက နေရာက ပါဝင်သူများဟု စွပ်စွဲခံထားရသူ ရခိုင်အမျိုးသား ၁၈ ဦးကို စစ်တွေမြို့နယ် တရားရုံးတွင် ယမန်နေ့က ရုံးထုတ်ခဲ့သည်။


(၆) ဘင်္ဂလာဒေခ်ျ့ဘက်မှ မြန်မာသို့ တင်ပို့သော ဆန်အိတ် ၃၂၃ အိတ် ဖမ်းဆီးခံရ : Source : Narinjara
6-Jul-12
ဆူပူ အကြမ်းဖက်မူနှင့် မတည်ငြိမ်မူကြောင့် ဆန် ရှားပါးစ ပြုနေသော မောင်တောမြို့နယ်သို့  တင်ပို့သော ဆန်အိတ် ၃၂၃ အိတ်ကို ဘင်္ဂလာဒေခ်ျ့ နယ်ခြား စောင့် တပ်ဖွဲ့က တက်ကနက် နယ်စပ်တွင် ဖမ်းဆီးလိုက်သည်။
ကော့စ်ဘဇားခရိုင် တက်ကနက် မြို့နယ် ညလားတွင် အဆိုပါ ဆန်အိန်များကို ဖမ်းဆီးခြင်း ဖြစ်ကြောင်း ကော့စ်ဘဇားခရိုင်ထုတ် The Daily Saiket သတင်းစာတွင် ဖေါ်ပြသည်။


(၇) ဘင်္ဂလာဒေခ်ျ့ဘက်မှ မြန်မာသို့ တင်ပို့သော ဆန်အိတ် ၃၂၃ အိတ် ဖမ်းဆီးခံရ : Source : Narinjara
6-Jul-12
ဆူပူ အကြမ်းဖက်မူနှင့် မတည်ငြိမ်မူကြောင့် ဆန် ရှားပါးစ ပြုနေသော မောင်တောမြို့နယ်သို့  တင်ပို့သော ဆန်အိတ် ၃၂၃ အိတ်ကို ဘင်္ဂလာဒေခ်ျ့ နယ်ခြား စောင့် တပ်ဖွဲ့က တက်ကနက် နယ်စပ်တွင် ဖမ်းဆီးလိုက်သည်။

(၈) အစ္စလာမ်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်း : Source : RFA
2012-07-05
OIC ခေါ် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က အမျိုးသား ဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်က ရိုဟင်ဂျာတွေ အကြမ်းဖက်ခံရမှု အဆုံးသတ်ရေးအတွက် ကူညီပါရန် တိုက်တွန်းလိုက်ပါတယ်။

(၉) အလုပ်သမားအရေး ၈၈ ခေါင်းဆောင်တွေ ပါဝင်ဆွေးနွေး : Source : RFA
2012-07-05
စက်မှုဇုန် အလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေး တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး အလုပ်သမားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးနဲ့ တာဝန်ရှိသူတွေ ၊ အလုပ်သမားကိုယ်စားလှယ်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က အလုပ်သမားရေး ဆောင်ရွက်သူတွေ လှိုင်သာယာမြို့က ကနောင်မင်းသားကြီး ခန်းမမှာ

(၁၀) စစ်တွေတွင် ရခိုင်အမျိုးသမီး အလောင်းနှင့် လူမပါသော သရက်သီး အပြည့်ဖြင့် သမ္ဗာန်နှစ်စီး ဆယ်ယူရရှိ : Source : Narinjara
6-Jul-12
စစ်တွေမြို့ ကျေးတော ရွာမ ပိုက်ဆိပ်တွင် ရခိုင် အမျိုးသမီး အလောင်းတစ်လောင်းနှင့် လူမပါသော သရက်သီး သမ္ဗာန် နှစ်စီးကို ဆယ်ယူ ရရှိခဲ့သည်ဟု သတင်း ရရှိသည်။

(၁၁) သမဂ္ဂအဆောက်အဦး ပြန်လည်တည်ဆောက်ရေး ကျောင်းသားတွေဆွေးနွေး : Source : RFA
2012-07-05
ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသ အဆောက်အဦး ပြန်လည် တည်ဆောက်ရေးအတွက် မျိုးဆက် ၃ ဆက် ကျောင်းသားတွေ ဒီနေ့ ရန်ကုန်မြို့က M3 စားသောက်ဆိုင်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
 
(၁၂) အိန္ဒိယ နယ်ထဲ ၀င်ပြီး ငွေညစ်တဲ့ မြန်မာ စစ်သား ၂ ဦး ဖမ်းဆီးခံရ : Source : Narinjara
6-Jul-12
အိန္ဒိယနိုင်ငံထဲ ကျူးကျော် ၀င်ရောက်ပြီး ငွေညစ်တဲ့ မြန်မာစစ်သား ၂ ဦးကို ဇူလိုင်လ ၃ ရက်နေ့က အိန္ဒိယ နယ်ခြားစောင့် တပ်ဖွဲ့ တစ်ခုက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ခုလို ဖမ်းဆီးတာကို အန္ဒိယ PTI သတင်းဌာနက အိန္ဒိယ ရဲအဖွဲ့ကို ကိုးကားပြီး  သတင်း ရေးသား ဖေါ်ပြပါတယ်။

(၁၃) ပဋိပက္ခဖြစ်နေသည့် ကျေးရွာနှစ်ရွာပြေလည်မှု မရသေး : Source : DVB

Published on July 6, 2012 by ေနာ်နုိရင်း   ·   No Comments
မန္တေလးတုိင်း ၀မ်းတွင်းြမို့နယ်အတွင်းက ေနပူကုန်းနဲ့ စပ်ခင်းေကျးရွာမှာ ြပီးခဲ့တဲ့ ဇွန် ၃၀ က နယ်ေြမကိစ္စနဲ့ ပတ်သက်ြပီး အြငင်းပွားရာကေန ပဋိပက္ခြဖစ်ပွားခဲ့ြကတဲ့အတွက်  လူ အေယာက် ၂၀  ေကျာ် ထိခုိက်ဒဏ်ရာရရှိခဲ့ပါတယ်။

(၁၄) ထိုင်းရွာသား ၇၀ ကျော် မြန်မာဘက် ဖမ်းဆီးထား : Source : DVB

Published on July 6, 2012 by ဒီဗှီဘီ   ·   No Comments
ထိုင်းနိုင်ငံသား ၇၀ ေလာက်ကို ြမန်မာေြမထဲမှာ ကျူးေကျာ်မှုနဲ့ ြမန်မာဘက်က ဖမ်းဆီးထားတယ်လို့ ထိုင်း အစိုးရ တာ၀န်ရှိသူေတွက ထုတ်ေဖာ်ေြပာြကားလိုက် ပါတယ်။

(၁၅) သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံကို ၃ရက်ကြာ လာရောက်မည် : Source : DVB

Published on July 6, 2012 by ဒီဗှီဘီ   ·   No Comments
ြမန်မာသမ္မတ ဦးသိန်းစိန်ဟာ ထိုင်းနိုင်ငံကုိ လာမယ့်  ဇူလုိင် ၂၂ ကေန ၂၄ ရက်ထိ ရက်ြကာ  ချစ်ြကည်ေရး ခရီး လာေရာက်လည်ပတ်မှာ ြဖစ်တဲ့အေြကာင်း ထိုင်း ဒု-၀န်ြကီးချုပ်က ဒီေန ့အတည်ြပု ေြကညာလိုက်ပါတယ်။

 

(၁၆) မြစ်ကြီးနားတွင် စစ်ပြေးဒုက္ခသည်များ ဆန္ဒပြ : Source : DVB

Published on July 6, 2012 by ကိုထှေး   ·   No Comments
ကချင်လွတ်လပ်ေရးတပ်မေတာ် (ေကအိုင်ေအ) နဲ့ ပတ်သက်တယ်ဆိုြပီး စစ်ေြပးဒုက္ခသည်စခန်းကေန ဖမ်းဆီးသွားြပီး  တရားစဲွခံေနရတဲ့  ကချင်အမျုိးသား ဦးလေထာ် ဘရန်ေရှာင် လွတ်ေြမာက်ေရးအတွက် ေရွှ့ေြပာင်းဒုက္ခသည် ၅၀၀ နဲ့ ဒေသခံ ၃၀၀ လောကျဟာ ြမစ်ြကီးနားြမို့မှာ ဆန္ဒြပခဲ့ြကပါတယ်။

(၁၇) ရွေးကောက်ပွဲ မသမာမှု တိုင်သူများ ပြန်တရားစွဲခံရ : Source : DVB

Published on July 6, 2012 by အေးနိုငျ   ·   No Comments
ဧရာ၀တီတိုင်း ေြမာင်းြမြမို့မှာ ဧြပီ ရက် ြကားြဖတ်ေရွးေကာက်ပွဲ မသမာမှု တိုင်ြကားချက်ေတွ မထိေရာက်ေပမယ့် တိုင်ြကားသူေတွကို တရားြပန်စွဲမှုေတွကိုေတာ့ ရုံးတင်စစ်ေဆးေနပါတယ်။

(၁၈) KIO နှင့် အစိုးရ စစ်ဘက်ဆိုင်ရာများ ဆွေးနွေးမည့် နေရာပင် ညှိမရသေး : Source : Mizzima
ဖနိဒါ | သောကြာနေ့၊ ဇူလိုင်လ ၀၆ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၁၈ မိနစ်
ချင်းမိုင်(မဇ္စျိမ) ။         ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့နှင့် အစိုးရ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်များ စစ်တပ်ရေးကိစ္စ တွေ့ဆုံဆွေးနွေးမည့် နေရာနှင့်ရက် ယနေန့ထိ သဘောတူညီမှု မရသေးသဖြင့် ညှိနှိုင်းနေရဆဲ
ဖြစ်သည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆန့်အောင်က ပြောသည်။
ဆက်ဖက်ရန်---

(၁၉) 7 July အခမ်းအနားများ အကျဉ်းချုံးကျင်းပ : Source : Mizzima
နေမျိုး | သောကြာနေ့၊ ဇူလိုင်လ ၀၆ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၁၉ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။       ။ 7 July အခမ်းအနားများ ကျင်းပခြင်း မပြုရန် အာဏာပိုင်များက တားမြစ်ထားသော်လည်း ခရိုင်အချို့တွင် ကြိုတင်ကျင်းပခဲ့ကြောင်း ဗကသ များအဖွဲ့ချုပ် အထက်ဗမာပြည် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က ပြောသည်။
ဆက်ဖက်ရန်---

(၂၀) ကရင်လူထုအတွင်းမှမှတ်ပုံတင်ကိစ္စ အဆင့်အတန်းခွဲခြားမှုရှိနေဟု KNU ပြော : Source : KIC
6-Jul-12
မြန်မာအစိုးရအနေဖြင့် ကရင်ပြည်သူလူထုအပေါ် မှတ်ပုံတင် ပြုလုပ်ပေးရာတွင် ကွဲပြားမှုများ ရှိနေသေးသကဲ့သို့ တရားဝင်ဥပဒေများဖြင့် ထုတ်ပေးခြင်းမျိုး မရှိသောကြောင့် အဆင့်အတန်း ခွဲခြားမှုများရှိနေသည်ဟု ကရင်အမျိုးသား အစည်းအရုံး-KNU က ပြောသည်။

(၂၁) KIO မှ အနားယူထားသော ပြည်သူ့စစ် တပ်ဖွဲ့ဝင်များကို ပြန်လည်စုဆောင်း : Source : Kachin
5-Jul-12
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA မှ အနားယူ၍ ကျေးရွာများတွင် အရပ်သားအဖြစ် ပြန်လည်လုပ်ကိုင်စားသောက်နေသော ကချင်ပြည်သူ့စစ်(MHH)တပ်ဖွဲ့ဝင်များကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ စာဖြင့်ဆင့်ခေါ်နေပြီး ရောက်မလာသူများကို လိုက်လံစုဆောင်းနေကြောင်းသိရသည်။

(၂၂) သျှမ်းပြည် (မြောက်ပိုင်း) ရဲစခန်းတခု အား KIA ၀င်စီး : Source : Panglong

Friday, 06 July 2012 16:49 သျှမ်းသံတော်ဆင့်
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် ကြူကုတ် - ပန်ဆိုင်းမြို့နယ် ရေပူရွာ ရဲစခန်းအား ယနေ့နံနက် ၄ နာရီခန့် က KIA တပ်ဖွဲ့မှ စီးနင်းသိမ်းပိုက်ခဲ့ကြောင်း သိရသည်။

(၂၃) သျှမ်းကျေးလက်များ စစ်တပ်၏လူအခွင့်အရေးချိုးဖောက်ခြင်းခံနေရဆဲ : Source : Panglong

Friday, 06 July 2012 15:30 သျှမ်းသံတော်ဆင့်
သျှမ်းပြည်အလယ်ပိုင်း မိုင်းနောင်မြို့နယ်ခွဲ လယ်မြေအသိမ်းခံရ လယ်သမားများနှင့် ခရီးသည်တင်ကားများ စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်ခြင်းခံနေရဆဲဖြစ်ပြီး လွှတ်တော်ရောက် နိုင်ငံရေးပါတီ၏ အမတ်များထံမှ ကူညီဖြေရှင်း မှုမရသေးကြောင်းဒေသခံများကပြောသည်။

(၂၄) လားရှိုးကျေးလက် ဝမ်းလျှောရောဂါကူးစက် ရွာသား ၃၀ ခန့်သေဆုံး : Source : Panglong

Friday, 06 July 2012 15:34 သျှမ်းသံတော်ဆင့်
သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့နယ်အတွင်း ကျေးလက်ရွာသားများ ဝမ်းရောဂါကူးစက်ဖြစ်ပွားကာ လူဦးရေ ၃၀ ခန့်သေဆုံးနေပြီ ဟု ကျေးလက်ကျန်းမာရေးဝန်းထမ်းများပြောပြချက် အရသိရပါသည်။

No comments:

Post a Comment