Thursday, July 19, 2012

နေ့စဉ်မြန်မာ့အရေး ဆက်စပ်သတင်းများ (ဇူလိုင်လ ၁၈ရက်၊ ၂၀၁၂ခုနှစ်)

(၁) အာဇာနည်နေ့ စုဝေးမှုတွေ ပိတ်ပင် : Source : BBC

18-Jul-12
အာဇာနည် နေ့ အခမ်းအနား ကျင်းပ လိုသူတွေကို ဟန့်တား ကန့်သတ်မှုတွေ ရှိနေပါတယ်။မန္တလေး ရတနာပုံ တက္ကသိုလ် ကျောင်းသား တွေက အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ ချင်တာကို ကျောင်းဝင်းတွင်း ကျင်းပခွင့် မပေးဘူး၊ နိုင်ငံတော် သီချင်း မဆိုရဘူး လို့ ပါမောက္ခချုပ်က တားမြစ် ခဲ့တယ်လို့ သိရပါတယ်။

ဆက်ဖက်ရန်---

 

(၂) ဒေါ်စု အာဇာနည်ကုန်း နှစ်ကြိမ်သွား ဂါရဝပြု : Source : BBC

19-Jul-12
ရန်ကုန်က အာဇာနည် ဗိမာန်မှာ ကျင်းပတဲ့ ၆၄ ကြိမ်မြောက် အာဇာနည်နေ့ အခမ်း အနားမှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင် ဆန်းစုကြည်ဟာ ၉ နှစ်အတွင်း ပထမဆုံး အကြိမ် အဖြစ် တက်ရောက် ဂါရဝပြုခဲ့ ပါတယ်။

ဆက်ဖက်ရန်---

 

(၃) ပြည်သူ့စစ် မူးယစ် ကုန်သွယ်လို့ စွပ်စွဲ  : Source : BBC

18-Jul-12
မယ်ဆိုင်မှာ ထိုင်း လုံခြုံရေးက ရမိတဲ့ ဘတ် သန်း ၁၀၀ ကျော်တန် မူးယစ်ဆေး တွေဟာ မြန်မာ အစိုးရ လက်အောက်ခံ ပြည်သူ့စစ် တွေ ပိုင်တာလို့ ရှမ်းသံတော်ဆင့် သတင်းက ရေး ပါတယ်။

(၄) ထွန်တုံးတိုက်ပွဲဝင် လယ်သမားတချို့ တရားစွဲခံရ : Source : BBC
17-Jul-12
မန္တလေးတိုင်း မိတ္ထိလာနဲ့ ပဲခူးတိုင်း ပန်းတောင်း မြို့နယ်မှာ ဇွန်လ ၁၁ရက်က စပြီး သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ရရှိရေး ထွန်တုံး တိုက်ပွဲ လုပ်ခဲ့တဲ့ လယ်သမားတချို့ကို သက်ဆိုင်ရာ က တရာစွဲဆို လိုက်ပါတယ်။

ဆက်ဖက်ရန်---


(၅) တိုင်းရင်းသား ဝန်ကြီး နေရာ ဆွေးနွေး : Source : BBC
17-Jul-12
အမျိုးသား လွှတ်တော်မှာ ရခိုင်ပါတီက ဒေါက်တာ အေးမောင် တင်သွင်းတဲ့ တိုင်းရင်းသား ဝန်ကြီးတွေ တိုင်းနဲ့ ပြည်နယ် အစိုးရမှာ တာဝန်ပေးရေး အဆိုကို လွှတ်တော်မှာ မဲခွဲ ရာမှာ ၃၃ မဲ ၁၅ဝ နဲ့ ရှုံး နိမ့် ခဲ့ပါတယ်။

ဆက်ဖက်ရန်---

 

(၆) အမေရိကန် ကုမ္ပဏီ ၃၈ ခု ရင်းနှီးမြှုပ်နှံဖို့ လေ့လာ : Source : BBC
16-Jul-12
သက်တမ်း ၂၇ နှစ်ရှိပြီဖြစ်တဲ့ အမေရိကန် အာဆီယံ စီးပွားရေးကောင်စီ US-ASEAN Business Council ဟာ နယ်ပယ်စုံက အမေရိကန် ကုမ္ပဏီ ပေါင်း ၃၈ ခု ပါဝင်ပြီး ရင်းနှီးမြှုပ်နှံဖို့အတွက် အခွင့်အလမ်းနဲ့ အနေအထား လေ့လာရေးအတွက် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ဒီကနေ့မှာတော့ ရန်ကုန်မြို့၊ ဆီဒိုနားဟိုတယ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံလို့ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဆက်ဖက်ရန်---

 

(၇) လူမှုရေးသဟဇာတဖြစ်ဖို့ ခေါင်းအေးအေးနဲ့ရှင်းရမယ် : Source : BBC
15-Jul-12
ရခိုင်သပ်သပ် မွတ်ဆလင်သပ်သပ် ခွဲခြားနေထိုင်ဖို့ ရေရှည်မှာ မဖြစ်နိုင်တာမို့ လူမှုရေး သဟဇာတဖြစ်ဖို့ ခေါင်းအေးအေးထား ဆုံးဖြတ်ကြဖို့ နှစ်ဘက်စလုံးကို တိုက်တွန်းခဲ့တယ်လို့ ရခိုင်ဒေသကို ဒီရက်ပိုင်း အတွင်းက သွားရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက ဘီဘီစီကို ပြောပါတယ်။

ဆက်ဖက်ရန်---


(၈) ရန်ကုန်မှာ လယ်သမားတွေ ဆန္ဒပြ : Source : BBC
15-Jul-12
မြန်မာ အစိုးရသစ်ရဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဥပဒေထွက် အပြီး တပတ်အတွင်း မှာပဲ ပထမဆုံး အကြိမ် ခွင့်ပြုချက်ရတဲ့ ဆန္ဒပြပွဲ တခု တနင်္ဂနွေနေ့ မနက်က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ ပါတယ်။

ဆက်ဖက်ရန်---


 
(၉) မြန်မာနိုင်ငံမှာ မျှော်လင့်တာထက် ပိုပွင့်လင်း : Source : BBC
15-Jul-12
မြန်မာနိုင်ငံဟာ မျှော်လင့် ထားတာထက် ပိုပြီး ပွင့်လင်း လာတာကို တွေ့ရတဲ့ အတွက် ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတာ ဖြစ်တယ်လို့ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေက ပြောကြား လိုက်ပါတယ်။

ဆက်ဖက်ရန်---

 

(၁၀) General Electric မြန်မာပြည် ရောက်ပြီ  : Source : BBC
15-Jul-12
အမေရိကန် က မြန်မာ နိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ မှုတွေကို လျှော့ပေါ့ ပေးလိုက်ပြီး ရက်ပိုင်း အကြာမှာပဲ အမေရိကန် ကုမ္ပဏီ ကြီးတွေထဲက ပထမဆုံး မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံဖို့အတွက် General Electric ကုမ္ပဏီကြီး ရောက်ရှိ လာခဲ့ပြီ ဖြစ်ပါတယ်။

ဆက်ဖက်ရန်---

 

(၁၁) ကမ္ဘာ့အကျိုးဆောင်နိုင်ငံသားဆု လက်ခံဖို့ ဒေါ်စု နယူးယောက် လာမည် : Source : VOA
17-Jul-12

ဒေါ်အောင်ဆန်းစုကြည်ဟာ နယူးယောက်အခြေစိုက် Altlantic Council ကချီးမြှင့်တဲ့ Global Citizenship Award ကမ္ဘာ့အကျိုးဆောင် နိုင်ငံသားဆုကို လက်ခံယူဖို့ အမေရိကန်ပြည်ထောင်စုကို လာမယ့် စက်တင်ဘာ လမှာ လာရောက်ဖို့ရှိနေပါတယ်။ ကမ္ဘာ့အကျိုးဆောင်နိုင်ငံသားဆုဟာ မိမိရဲ့ဒေသ လူ့အသိုင်းအ၀ိုင်းကိုသာ မက နိုင်ငံတကာက

ဆက်ဖက်ရန်---


(၁၂) သမ္မတနဲ့ နိုင်ငံရေးဆယ်ပါတီ တွေ့ဆုံမည် : Source : VOA
17-Jul-12
ဒီမိုကရေစီ မိတ်ဆွေပါတီများ ဆယ်ပါတီအဖွဲ့နဲ့ သမ္မတဦးသိန်းစိန်တို့ဟာ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံကြဖို့ ရှိနေပါတယ်။
သမ္မတနဲ့ အတိုက်အခံနိုင်ငံရေးပါတီတွေ ပထမဆုံးအကြိမ်တွေ့ဆုံကြမယ့် ဒီတွေ့ဆုံမှုမှာ စီးပွားရေး၊ နိုင်ငံရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်တွေကို တင်ပြသွားမယ်လို့ တွေ့ဆုံမယ့်အထဲမှာ ပါဝင်တဲ့ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ပြောပြပါတယ်။

ဆက်ဖက်ရန်---

 

 
(၁၃) ပြည်ပရောက် လူ့အခွင့်အရေးအဖွဲ့ မြန်မာပြည်မှာ အလုပ်လုပ်ဖို့ ဖိတ်ခေါ် : Source : VOA
17-Jul-12

ပြည်ပမှာ အခြေစိုက် လှုပ်ရှားနေတဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ကို မြန်မာနိုင်ငံမှာ တရားဝင် လုပ်ငန်းတွေ လုပ်ကိုင်ဖို့ လူ့အခွင့်အရေး ကော်မရှင်က ဖိတ်ခေါ်လိုက်ပါတယ်။ လူ့အခွင့်အရေး ပညာပေးဌာန မြန်မာနိုင်ငံ (HREIB) အနေနဲ့ မြန်မာ နိုင်ငံထဲမှာ လူ့အခွင့်အရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ မှတ်ပုံ တင်နိုင်တဲ့အကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး

ဆက်ဖက်ရန်---


(၁၄) မြန်မာရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း IMF ကျင့်ဝတ်များ လိုက်နာဖို့လိုအပ် : Source : VOA
16-Jul-12

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအချို့ကို သမတလုပ်ပိုင်ခွင့်နဲ့ လျှော့ပေါ့ပေးခဲ့ရာမှာ၊ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက်လို့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေကို မြန်မာဖက်က လိုက်နာဖို့ ပိုပြီး အဓိကထား ဖိအားပေးရေး အမေရိကန်အစိုးရဖက်က ပျက်ကွက်ခဲ့တယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။ အထူးသဖြင့်တော့

ဆက်ဖက်ရန်---

 

(၁၅) ဖမ်းဆီးခံ ၀န်ထမ်းများအရေး ကုလနဲ့ မြန်မာအစိုးရ ညိနှိုင်း : Source : VOA
16-Jul-12

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့လအတွင်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်ပြီး၊ ကုလသမဂ္ဂနဲ့ အန်ဂျီအိုဝန်ထမ်းအချို့ ဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့အပေါ် ကုလသမဂ္ဂအနေနဲ့ အာဏာပိုင်တွေနဲ့ ညိနှိုင်းဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံးက ပြောပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ဒေသအတွက် အကူအညီတွေကို လူမျိုး ဘာသာ ခွဲခြားမှုမထားပဲ

ဆက်ဖက်ရန်---

 


(၁၆) အာဇာနည်နေ့ အခမ်းအနားတွေ ပိတ်ပင်ခံနေရ : Source : RFA
2012-07-17
မြန်မာနိုင်ငံတ၀ှမ်းမှာ ဇူလိုင်လ ၁၉ ရက်နေ့ ကျင်းပမယ့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ချီတက်အလေးပြု လွမ်းသူ့ပန်းခွေချမယ့် အစီအစဉ်တွေကို အာဏာပိုင်တွေက တားဆီး ပိတ်ပင်နေတယ်လို့ သတင်းရရှိပါတယ်။

ဆက်ဖက်ရန်---

 


(၁၇) ဒေါ်အောင်ဆန်းစုကြည်ကို ချက်သမ္မတဟောင်းရဲ့ ဂုဏ်ပြုပန်းပေးအပ် : Source : RFA
2012-07-17
ကွယ်လွန်သူ ချက်သမ္မတဟောင်း Vaclav Havel ကိုယ်စား ချက်နိုင်ငံခြားရေး ၀န်ကြီး Karel Schwazenberg ဟာ မနေ့ညက ကျင်းပတဲ့ ညစာစားပွဲမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အ၀ါရောင် နှင်းဆီပန်းခြောက် တစ်ပွင့် ပေးအပ်လိုက်ပါတယ်။

ဆက်ဖက်ရန်---

 

(၁၈) ဘင်္ဂါလီ ရိုဟင်ဂျာအရေး သမ္မတပြောကြားချက် ပြန်လည်ရုပ်သိမ်းပေးဖို့ ARU တောင်းဆို : Source : RFA
2012-07-17
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိခဲ့တဲ့ ကုလသမဂ္ဂ အရာရှိကြီးတစ်ယောက်ကို ဘင်္ဂါလီ ရိုဟင်ဂျာ အရေးကိစ္စနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တဲ့ မှတ်ချက်ကို ပြန်လည် ရုပ်သိမ်းပေးဖို့ သမ္မတ ဦးသိန်းစိန်ကို ARU ခေါ် နိုင်ငံတကာ ရိုဟင်ဂျာအဖွဲ့က တိုက်တွန်းတောင်းဆို လိုက်ပါတယ်။

ဆက်ဖက်ရန်---

 

(၁၉) ပြည်ပသတင်းစာများ မြန်မာ့သတင်း ဖော်ပြမှု များပြားလာ : Source : RFA
2012-07-16
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီိရေး အပြောင်းအလဲတွေကြောင့် ပြည်ပ သတင်းစာတွေမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတွေ တနေ့ထက်တနေ့ ပိုပိုပြီး ဖော်ပြလာတာ တွေ့ရပါတယ်။

ဆက်ဖက်ရန်---

 

(၂၀) ဧရာဝတီ ထိန်းသိမ်းရေး ဟောပြောပွဲ  : Source : RFA
2012-07-16
မြစ်ဆုံ ရေအား လျှပ်စစ်စီမံကိန်း ရပ်တန့်ရေး အပါအ၀င် ဧရာဝတီမြစ် ထိန်းသိမ်း ကာကွယ်ရေးအတွက် အသိပညာပေး ဟောပြောပွဲ တစ်ခုကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာရှိတဲ့ Excel တာဝါမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

ဆက်ဖက်ရန်---

 

(၂၁) ကချင်ဒုက္ခသည်တွေ အကူအညီပိုမိုလိုအပ် : Source : RFA
2012-07-16
ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည် စခန်း (၆) ကို သွားရောက် ကူညီခဲ့တဲ့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ရဲ့ သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် လှည်းတန်း လမ်းဆုံအနီးမှာရှိတဲ့ အဲဒီကွန်ရက်အဖွဲ့ရဲ့ ရုံးခန်းမှာ ဒီကနေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ဆက်ဖက်ရန်---

 

(၂၂) ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူ (၈) ဦးကို ပစ်ခတ်ဖမ်းဆီး : Source : RFA
2012-07-16
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပင်လယ်ပြင်ကို ဖြတ်သန်းပြီး တရားမဝင် ခိုးဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈ ဦးကို မနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်း စစ်တပ် အာဏာပိုင်တွေက ပစ်ခတ် ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

ဆက်ဖက်ရန်---

 

(၂၃) စပါးခင်းတွေ ကုမ္ပဏီက ဝင်ရောက်ဖျက်ဆီး : Source : RFA
2012-07-16
ရန်ကုန်တိုင်း ဒဂုံမြို့သစ် တောင်ပိုင်း ရွာသာကြီးမှာ ဒေသခံ တောင်သူတွေ စိုက်ပျိုးထားတဲ့ မိုးစပါး(၁၅) ဧကကို ၀န်းရံခ ကုမ္ပဏီနဲ့ ရဲတွေ ပူးပေါင်းပြီး ဖျက်ဆီးလိုက်တယ်လို့ တောင်သူတွေက ပြောပါတယ်။

ဆက်ဖက်ရန်---

 

(၂၄) ဆားလင်းကြီးမြို့နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်  : Source : RFA
2012-07-16
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းလုပ်ငန်း စီမံကိန်း နေရာမှာ ပုဒ်မ ၁၄၄ မနေ့ က ထုတ်ပြန် လိုက်တယ်လို့  သိရပါတယ်။

ဆက်ဖက်ရန်---

(၂၅) နိုင်ငံတကာ AIDS ညီလာခံ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည် : Source : RFA
2012-07-15
ဇူလိုင်လ (၂၂) ရက်နေ့ အမေရိကန် ပြည်ထောင်စုမှာ ကျင်းပမယ့် နိုင်ငံတကာ AIDS ညီလာခံမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုကတဆင့် မိန့်ခွန်းစကား ပြောကြားမယ်လို့ အေအက်ဖ်ပီ သတင်းက ဖော်ပြပါတယ်။

ဆက်ဖက်ရန်---

 

(၂၆) ဖားကန့်တွင်မြေစာများ စည်းကမ်းမဲ့ စွန့်ပစ်မှုကြောင့် မိုးရွာတိုင်း ရေလွှမ်း : Source : DVB

Published on July 18, 2012 by ကိုထှေး   ·   No Comments
ကချင်ြပည်နယ် ဖားကန့် ြမို ဥရုေချာင်းမှာ ေကျာက်တူးရာကေန ထွက်လာတဲ့ ေြမစာေတွကို စည်းကမ်းမဲ့ပုံချခဲ့တဲ့အတွက် မိုးရွာတုိင်း ေရြကီးမှုဒဏ် ခံေနရတယ်လုိ့ ဒေသခံတှေကွေပာပါတယျ။

ဆက်ဖက်ရန်---

 

(၂၇) မြန်မာဘက်က အသားတင်ပို့မှု တရုတ်ပိတ်ပင် : Source : DVB

Published on July 18, 2012 by အေးနိုင်   ·   No Comments
မြန်မာနိုင်ငံက တရုတ်နိုင်ငံတင်ပို့နေတဲ့ အသားထွက်ကုန်ပစ္စည်းတွေကို တရုတ်နိုင်ငံက ပိတ်ပင်လိုက်တယ်လို့ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်က ပြောပါတယ်။

ဆက်ဖက်ရန်---

 

(၂၈) မိုးညှင်း မြို့ ညောင်ပင်ဈေးကို ပြောင်းရွှေ့ခိုင်း : Source : DVB

Published on July 18, 2012 by ေနာ်နုိရင်း   ·   No Comments
ကချင်ြပည်နယ် မုိးညှင်းြမို့က ေညာင်ပင်ေဈးကုိ ြမို့နယ်တာ၀န်ရှိသူေတွက လာမယ့် ေအာက်တုိဘာလကုန် ေနာက်ဆုံးထားြပီး ေြပာင်းေရွှ့ခိုင်းထားတာေြကာင့် မေြပာင်းေရွှ့ချင်တဲ့ ေဈးသည်ေတွ မေကျမနပ် ြဖစ်ေနြကပါတယ်။

ဆက်ဖက်ရန်---

 

(၂၉) ပေါက်မြို့နယ်တွင် လယ်မြေဧက ၃သောင်းကျော် အသိမ်းခံရ : Source : DVB

Published on July 18, 2012 by နန်းြမနဒီ   ·   No Comments
မေကွးတိုင်း ေပါက်ြမို့နယ်ထဲမှာ စစ်တပ်က လယ်သိမ်းြပီး သီးစားြပန်ချထားခံရတဲ့ လယ်သမားေတွဟာ သူတို့အခက်အခဲကို ေြဖရှင်းေပးဖို့ သမ္မတထံ စာေရးေတာင်းဆိုလိုက်ပါတယ်။

 

(၃၀) မန္တလေးမြို့တွင် ဓာတ်ဆီဈေးတက် : Source : DVB

Published on July 18, 2012 by အေးနိုင်   ·   No Comments
မန္တလေးမြို့မှာ ဓာတ်ဆီတဂါလန်ကို အပြင်ပေါက်ဈေး ၄၈၀၀ ကျပ်ထိ တက်နေပါတယ်။ ဆိုင်ထုတ်ဈေးက ဓာတ်ဆီ တဂါလန်ကို ၃၇၅၀ ကျပ်၊ ဒီဇယ်က ၄၀၀၀ ကျပ် ခန့်ဖြစ်နေပါတယ်။

ဆက်ဖက်ရန်---

 

(၃၁) အခွန်တိုးမြှင့်ပေးရန် တပ်မြို့စည်ပင်သာယာဈေး ဖိအားပေးခံရ : Source : DVB

Published on July 18, 2012 by ခင်မင်းေဇာ်   ·   No Comments
ဆုိင်ခန်းခအခွန် ေလှျာ့ေပးဖုိ့ ေတာင်းဆုိထားတဲ့ မန္တေလး တပ်ြမို့စည်ပင်သာယာေဈးကုိ နန်းတွင်းတပ်နဲ့ လုံထိန်းရဲတချို့လာေရာက်ြပီး အခွန်မေပးရင် ဆုိင်ေတွကို ပိတ်ပစ်မယ်ဆုိြပီး အင်အားြပဖိအားေပးခဲ့ပါတယ်။

ဆက်ဖက်ရန်---

 

(၃၂) ဒု- သမ္မတ စိုင်းမောက်ခမ်း အာဇာနည်နေ့ အခမ်းအနား တက်မည် : Source : DVB

Published on July 18, 2012 by ဒီဗှီဘီ   ·   No Comments
ဇူလိုင် ၁၉ ရက် ၆၅ နှစ်ေြမာက် အာဇာနည်ေန့ အခမ်းအနားကို ဒုတိယသမ္မတ ေဒါက်တာစိုင်းေမာက်ခမ်း တက်ေရာက်မယ်လို့ ြပန်ြကားေရး၀န်ြကီးဌာန ၀က်ဘ်ဆိုဒ်မှာ ရေးသားဖျေွာပထားပါတယျ။

ဆက်ဖက်ရန်---

 

(၃၃) ပုဒ်မ ၅ (ည) ဖျက်သိမ်းရေး အခြေအတင် ဆွေးနွေး : Source : Irrawaddy
18-Jul-12
အရေးပေါ် စီမံမူ အက်ဥပဒေ ပုဒ်မ ၅ (ည) ကို ဖျက်သိမ်းရေး အဆိုအား ပြည်သူ့လွှတ်တော်တွင် တင်သွင်းခွင့် ပြုလိုက်ပြီး ယမန်နေ့က အခြေအတင် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ဆက်ဖက်ရန်---

 

(၃၄) ဆည်နံရံ တည်ဆောက်ရေး ရွာသားများကို အဓမ္မ ခိုင်းစေ : Source : Irrawaddy
17-Jul-12
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ဆည်မြောင်းရေနံရံ တည်ဆောက်ရာတွင် ကျေးရွာနေပြည်သူများကို ခြိမ်းခြောက်ပြီး အတင်းအဓမ္မ ခိုင်းစေခဲ့ကြောင်း သိရသည်။

 

(၃၅) ဦးမြင့်ဆွေကို ဒု သမ္မတခန့်ရေး အတည်မပြုနိုင်သေး : Source : Irrawaddy
18-Jul-12
ယခုတပတ် ဆွေးနွေးအတည်ပြုမည်ဟု မျှော်လင့်ထားသော လစ်လပ် ဒု သမ္မတ နေရာအတွက် တပ်မတော် ကိုယ်စားလှယ်များက  အမည်စာရင်း တင်သွင်းထားသည့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို သမ္မတ အရည်အချင်းစစ် ကော်မတီက အတည်ပြုပေးရန် အခက်အခဲ ဖြစ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ဆက်ဖက်ရန်---

 

(၃၆) ဒဏ်ခတ်မှု ရုပ်သိမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေးသည် ခေါင်းနှင့်ပန်း : Source : Irrawaddy
18-Jul-12

မြန်မာပြည်အပေါ် အမေရိကန်ပြည်ထောင်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများ စတင်လျှော့ချပြီး သံတမန် ဆက်ဆံရေး ပုံမှန်ပြန်စ လိုက်သည့် တချိန်တည်း၌ ပြည်သူ့လွှတ်တော်တွင် “မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့

ဆက်ဖက်ရန်---

 
(၃၇) နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ လွှတ်တော်တွင် စတင်ဆွေးနွေး : Source : Mizzima
မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၁၄ မိနစ်

ရန်ကုန် (မဇ္ဈိမ)။        ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ(မူကြမ်း)ကို ဗုဒ္ဓဟူးနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် စတင်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
ဆက်ဖက်ရန်---

 

(၃၈) ဇေကမ္ဘာ တာလမ်းကြောင့် ရေဘေးအန္တရာယ် စိုးရိမ်နေကြ : Source : Mizzima
ကွန်းချမ်း | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၃၀ မိနစ်

စံခလပူရီ (မဇ္ဈိမ) ။        ။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် နိတုံရွာ အနီးတွင် ဇေကမ္ဘာကုမ္ပဏီက တည်ဆောက် လျက် ရှိသည့် ဘိလပ်မြေစက်ရုံ စီမံကိန်း၏ အစိတ်အပိုင်းတခု ဖြစ်သည့် ၁၅ ပေမြင့် နိတုံ-အတ္တရံ မော်တော်ကားလမ်း
ဖောက်မှုကြောင့် ရွာ ၉ ရွာ ရေမြုပ်နိုင်သည့်အတွက် ကန့်ကွက်သွားမည် ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဆက်ဖက်ရန်---


(၃၉) လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူနှင့် တကယ်ထိတွေ့နိုင်ရဲ့လား : Source : Mizzima
ညီသစ် | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၅၉ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ တနှစ်ကျော် ကာလထဲကို ရောက်လာပြီဖြစ်သည့် အစိုးရသစ်လက်ထက် လွှတ်တော်များတွင် ၀င်ရောက်ဆွေးနွေးနေကြသည့် လွှတ်တော်အမတ်များသည် ပြည်သူများနှင့် အမှန်တကယ်အချိန်ပေး ထိတွေ့နိုင်ရဲ့ လားဆိုသည်ကို လေ့လာသုံးသပ်သူများက မေးခွန်းများ ထုတ်လာကြသည်။
ဆက်ဖက်ရန်---

 

(၄၀) အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များ မြေမြှုပ်မိုင်း အသုံးပြုနေဟု ဆို : Source : Mizzima
မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇူလိုင်လ ၁၇ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၅၈ မိနစ်

မဇ္ဈိမသတင်းဌာန ။         ။ လက်နက်ကိုင် ပဋိပက္ခများအတွင်း မြန်မာစစ်တပ်နှင့် တိုင်းရင်းသား အုပ်စုများသည်
မြေမြှုပ်မိုင်းများအား အသုံးပြုနေကြသည်ဟု ယုံကြည်ကြောင်း မြေမြှုပ်မိုင်း စောင့်ကြည့်ရေးအဖွဲ့ (the Landmine Monitor) က
ဆက်ဖက်ရန်---


(၄၁) ဘုရားသုံးဆူ KNU ဆက်ဆံရေးရုံး အပြန်အလှန် သတင်းပေးပို့မှု လုပ်ဆောင်နေ : Source : KIC
18-Jul-12
အပစ်အခတ် ရပ်စဲရေးကာလအတွင်း မြန်မာအစိုးရ စစ်တပ်နှင့် ကေအဲန်ယူတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားမှု မရှိစေရန်အတွက် ဘုရားသုံးဆူမြို့ရှိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဆက်ဆံရေးရုံးက လက်ရှိအချိန်တွင် နှစ်ဖက် သတင်းပေးပို့မှုများကို ပြုလုပ်နေကြောင်း သိရသည်။

ဆက်ဖက်ရန်---

 

(၄၂) လယ်မြေနှင့် သင်္ချိုင်းမြေ သိမ်းဆည်းခံရသဖြင့် ကရင်ဒေသခံများ အခက်အခဲတွေ့ကြုံ : Source : KIC
18-Jul-12
ကရင်ပြည်နယ် ဘားအံမြို့မြောက်ဘက် စက်မှုဇုံနယ်မြေတ၀ိုက်ရှိ ထီးဖိုးခလုံးကျေးရွာတွင် လယ်ယာမြေများ သိမ်းဆည်းခံထားရသည့်အ ပြင် သင်္ချိုင်းမြေများပါမကျန် အစိုးရဘက်မှ သိမ်းဆည်းထားမှုကြောင့် ဒေသခံများ အခက်အခဲ ကြုံတွေ့နေကြရသည်ဟု ထိုဒေသမှလာ သည့် သတင်းများအရ သိရသည်။

ဆက်ဖက်ရန်---

 

 

(၄၃) နမ့်ခမ်းမြို့ အာဇာနည်ကျောက်တိုင် နာမည်ဖျက်ဆီးထားခံရ : Source : Panglong

Wednesday, 18 July 2012 16:46 သျှမ်းသံတော်ဆင့်
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ လွတ်လပ်ရေးမော်ကွန်းဝင် အာဇာနည်ခေါင်းဆောင်များအား ဂုဏ်ပြု စိုက်ထားသည့် မြို့လယ် အာဇာနည်ကျောက်တိုင်၏အာဇာနည်ကျောက်တိုင်ဟူသည့် စာသားဖျက် ဆီးခံထားရကြောင်း မြို့ခံများက ပြောပြပါသည်။

ဆက်ဖက်ရန်---

 

(၄၄) ဦးဘရန်ရှောင်အား နှိပ်စက်စစ်ဆေးခြင်း တစ်စက်မှ မလုပ်ဟု တရားလို ဗိုလ်ကြီးကျော်စွာလင်း ထွက်ဆို : Source : Kachin
17-Jul-12
ဖောက်ခွဲရေးဆိုင်ရာအမှုနှင့် တရားစွဲဆိုခံထားရသော ဦးလထော်ဘရန်ရှောင်အား အမှုကြားနာစစ်ဆေးရာတွင် တရားလိုဖြစ်သော စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) ဗိုလ်ကြီးကျော်စွာလင်းမှ ယမန်နေ့ ဇူလိုင်လ ၁၆ ရက် တရားရုံးတွင် ဦးဘရန်ရှောင်အား ရိုက်နှက်နှိပ်စက်မှု လုံးဝမပြုလုပ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

ဆက်ဖက်ရန်---

 

(၄၅) ဒုတိယ သမ္မတရာထူး ဒုဗိုလ်ချုပ်ကြီးလှဌေးဝင်း ဆက်ခံဖွယ်ရှိ : Source : Panglong

Wednesday, 18 July 2012 16:38 သျှမ်းသံတော်ဆင့်
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ သားဖြစ်သူက အခြားတိုင်းပြည်၌ နိုင်ငံသားအဖြစ်ခံယူထားသော ကြောင့် လျာထားခံရသည့် ဒုတိယ သမ္မတရာထူးမှကင်းဝေးသွားဖွယ်ရှိပြီး အဆိုပါလစ်လပ်ရာထူးနေရာ အား တပ်မတော် ကြည်း ရေ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဒုဗိုလ်ချုပ်ကြီးလှဌေးဝင်း အစားထိုး နေရာရယူသွားဖွယ် ရှိကြောင်း နေပြည်တော်အသိုင်းအဝိုင်းကပြောပါသည်။

ဆက်ဖက်ရန်---

 

(၄၆) မူစယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် အလုပ်သမားများ စုကြေးငွေ ပြန်မရမည်ကို စိုးရိမ်နေ : Source  : Panglong
17-Jul-12
တရုတ် - မြန်မာနယ်စပ် သျှမ်းပြည် (မြောက်ပိုင်း) မူစယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ရှိ ကုန်တင်ကုန်ချ အလုပ်သမား များက ၄င်းတို့နေ့စဉ်ရသည့် ၀င်ငွေထဲမှ ရာခိုင်နှုန်းအလိုက် အချိုးကျ စုဆောင်းထားသည့် ရံပုံငွေများ ပြန်မရမည်ကို စိုးရိမ်နေကြောင်း သိရသည်။

ဆက်ဖက်ရန်---

 

(၄၇) ကချင်ပြည်နယ် ကျောက်မြတ်ရတနာလုပ်ငန်း ဥပဒေမူကြမ်း ရေးဆွဲပြီး : Source : Kachin
16-Jul-12
ကချင်ပြည်နယ် ကျောက်မြတ်ရတနာလုပ်ငန်း၏ ဥပဒေမူကြမ်း ပထမအဆင့် ရေးဆွဲပြီးဖြစ်ကြောင်း ကျောက်မြတ်ရတနာကုန်သည်များ မြစ်ကြီးနားအသင်းမှ သိရသည်။

ဆက်ဖက်ရန်---

 

(၄၈) စားသောက်ဆိုင်မိန်းခလေးကြောင့် စစ်ဗိုလ် နှင့် ရဲတပ်ကြပ်ကြီးပစ်ခတ် : Source  : Panglong
Tuesday, 17 July 2012 17:42 သျှမ်းသံတော်ဆင့်
စားသောက်ဆိုင်မှ မိန်းခလေးတဦးအား လုယက်ကြရာမှ စစ်ဗိုလ်တဦးနှင့် ဆိုင်ကယ်မှောင်ခို ခိုးသွင်း သည့် ရဲတပ်ကြပ်ကြီးတဦးပစ်ခတ်ရာ ရဲတပ်ကြပ်ကြီးဒူးခေါင်းအား သေနတ်ထိမှန် ဒဏ်ရာပြင်း ထန်ကြောင်း သျှမ်းပြည်မြောက်ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။

ဆက်ဖက်ရန်---

No comments:

Post a Comment