Thursday, July 5, 2012

နေ့စဉ်မြန်မာ့အရေးဆက်စပ်သတင်းများ ( ဇူလိုင်လ ၄ရက်၊ ၂၀၁၂ခုနှစ်)

(၁) စစ်သုံ့ပန်းတွေ ကေအိုင်အေ ထိန်းသိမ်း ထား : Source : DVB

Published on July 4, 2012 by နန်းြမနဒီ   ·   No Comments
ြမန်မာအစိုးရ တပ်မေတာ်နဲ့ တနှစ်ေကျာ်ြကာ ြဖစ်ပွားေနတဲ့ စစ်ပွဲကာလအတွင်း  အစိုးရတပ်ဖွဲ့၀င်  စစ်သံု့ပန်းနဲ့တပ်ေြပး စုစုေပါင်း ဦးေရ ၃၀ ေကျာ်ေလာက်ကို  ထိန်းသိမ်းထားတယ်လို့ ေကအိုင်ေအ ကချင် လွတ်ေြမာက်ေရး တပ်မေတာ်က  ထုတ်ေဖာ် ေြပာြကားလုိက်ပါတယ်။

ဆက်ဖက်ရန်---

 

(၂) ငြိမ်းချမ်းရေးရဖို့ လူထုအပေါ် မူတည်နေဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား : Source : DVB

Published on July 4, 2012 by ဒီဗှီဘီ   ·   No Comments

ြမန်မာနိုင်ငံရဲ့ ြငိမ်းချမ်းေရး လုပ်ငန်းစဉ်ဆက်လုပ်ဖို့နဲ့ ထာ၀ရြငိမ်းချမ်းေရးရဖို့ ကိစ္စ ဟာ ြမန်မာြပည်သူလူထု အေပါ်မှာ မူတည်ေနတယ်လို့ အမျုိးသားဒီမိုကေရစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ေဒါ်ေအာင်ဆန်းစုြကည်က ေြပာြကားလိုက်ပါတယ်။ ြပီးခဲ့တဲ့သတင်းပတ်ေတွအတွင်းက သွားေရာက်ခဲ့တဲ့ ေဒါ်ေအာင်ဆန်းစုြကည်ရဲ့ ဥေရာပခရီးစဉ်နဲ့ ပတ်သက်ြပီး ဒီကေန့ ရန်ကုန်ြမို့ အမျုိးသားဒီမိုကေရစီ အဖွဲ့ချုပ်ရံုးမှာ ြပုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ

ဆက်ဖက်ရန်---

 

(၃) NLD က လွှတ်တော်ဆိုင်ရာ ကော်မတီတွေဖွဲ့ : Source : BBC
4-Jul-12
နေပြည်တော်မှာ လွှတ်တော် အစည်းအဝေးတွေ ပြန်လည် ကျင်းပဖို့ တရက်အလို ဇူလိုင် ၃ ရက်မှာပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော်နဲ့ဆိုင်တဲ့ ပါတီတွင်း ကော်မတီတွေ ဖွဲ့စည်းလိုက်ပါတယ်။

ဆက်ဖက်ရန်---

 
(၄) SSA နဲ့ အစိုးရတပ် တိုက်ပွဲ တန့်ယန်းဆက် : Source : BBC
4-Jul-12
ရှမ်းပြည် မြောက်ပိုင်း မိုင်းရှူးမြို့နယ်မှာ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း နဲ့ အစိုးရ စစ်တပ် တိုက်ပွဲတွေ မရပ်သေးဘဲ တခြားမြို့နယ်တွေ ကူးစက် နေပါတယ် ။

ဆက်ဖက်ရန်---

 

(၅) မြန်မာ့အရေး ကူညီလိုသူ များပြား : Source : VOA

3-Jul-12

မြန်မာနိုင်ငံတိုးတက်ရေးအတွက် စေတနာရှိကြတဲ့ နိုင်ငံတွေ လူမျိုးတွေကမ္ဘာပေါ်မှာ အများကြီး ရှိတယ် ဆိုတာ သူ့ရဲ့ နိုင်ငံခြားခရီးစဉ်တွေမှာ သိခဲ့ရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဆက်ဖက်ရန်---

 

(၆) လမ်းတံတားကြေး မမှန်မကန်ကောက်ခံမှု ချင်းပြည်နယ် ၀န်ကြီးချုပ်ထံ တိုင်ကြား : Source : RFA

2012-07-03

စစ်ကိုင်းတိုင်း ကလေးမြို့ဘက်ကနေ ချင်းတောင်ကို တက်လာတဲ့ ကားတွေကို တီးတိန်မြို့နယ် ခိုင်ကမ်းကျေးရွာ Toll Gate လို့ခေါ်တဲ့ လမ်းတံတား အသုံးပြုခ ပေးဆောင်ရတဲ့ဂိတ်မှာ တာဝန်ကျသူတွေက မမှန်မကန် အခွန်ငွေ ကောက်ခံနေကြတာကြောင့် ချင်းပြည်နယ် ၀န်ကြီးချုပ် အနေနဲ့ ဒီကိစ္စကို ဖြေရှင်းပေးဖို့ တီးတိန် မြို့မိ မြို့ဖတွေက မနေ့က

ဆက်ဖက်ရန်---

 

(၇) မြန်မာကျပ် ၁၄၈၀၀၀၀ ဘင်္ဂလာတွင် ဖမ်းဆီးခံ : Source : Arakantimes

4-Jul-12

မန်မာကျပ်ငွေ ၁၄၈၀၀၀၀ ကို ဘင်္ဂလာတွင် ဘင်္ဂလီအမျိုးသမီး တာရာဆာ ဘေရင်မ် (၃၂)နှစ်နှင့်အတူ တာခ်နာမြို့မှ ကော့စ်ဘဇားမြို့သို့ သွားသောကားပေါ်အား သက်ဆိုင်ရာမှ စစ်ဆေးကြည့်ရာ ဒေါင်ဒိုမီယာစစ်ဆေးရေးဂိတ်မှ တနင်္ဂနွေနေ့က ဖမ်းဆီးရမိကြောင်း ဘင်္ဂလီ သတင်းထောက် မော်ဟာဆီန်က သတင်းပေးပို့သည်။

ဆက်ဖက်ရန်---

 

(၈) မြန်မာ့ပို့ကုန်ကြောင့် ဘင်္ဂလီနိုင်ငံတော်ဝင်ငွေ တာကာ ၃၂ ကုဋေသာရရှိဟုပြော : Source : Arakantimes

3-Jul-12

မြန်မာမှ ဘင်္ဂလာသို့ တင်ပို့ကုန်ကြောင့် ၂၀၁၁-၂၀၁၂ နှစ်ဝက်ကာလတွင် တာကာ ၃၂ ကုဋေ (မြန်မာကျပ် ၃၂၀ ကုဋေ) ခန့်သာ ဘင်္ဂလီအမျိုးသားနိုင်ငံတော်ဝင်ငွေ ရရှိကြောင်း တာခ်နာဆိပ်ကမ်း အကောက်ခွန်မှ ဇွန်လ ၁ရက်နေ့က ပြောဆိုလိုက်သည်။

ဆက်ဖက်ရန်---

 

(၉) တရား ဥပဒေ စိုးမိုးမှု မရှိသော ဘုရားသုံးဆူမြို့ပြသနာ : Source : Phophtaw

3-Jul-12

ထိုင်းမြန်မာ နယ်စပ် ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် လောင်းကစားပွဲများမှ လစဉ်ဘတ် ငွေသိန်းနှင့် ချီပြီး အမြတ်ရနေကြောင်း မြို့ခံများက ပြောပါသည်။ ဤကဲ့သို့ ပိတ်ပင် တားဆီးမှု မရှိခြင်းကြောင့် မှုခင်းနှင့် လူမှုရေး ပြသနာများ၊ ဆင့်ပွား ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဘုရားသုံးဆူ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါသည်

ဆက်ဖက်ရန်---

 

(၁၀) ယနေ့လွတ်ငြိမ်းချမ်းသာခွင့်ထဲတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရခိုင်ကျောင်းသားလူငယ် ၂ဦးလည်း လွတ်မြောက် : Source : Arakantimes

3-Jul-12

၂၀၁၂ခုနှစ်၊ ဇူလိုင်လ ၃ရက်နေ့က ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ အကျဉ်းသား (၈၀)အား အကျဉ်းထောင်အသီးသီးမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ရာတွင် ရခိုင်ကျောင်းသားလူငယ် နှစ်ဦးဖြစ်သူ ကိုအောင်မိုးဇော် (ခ)ကိုမိုးသီးနှင့် ကိုအောင်နိုင်တို့လည်း လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

ဆက်ဖက်ရန်---

 

(၁၁) SSA-N မြောက်ပိုင်း တိုက်ပွဲကြောင့် ကာ/လုံ အရေးပေါ် အစည်းအဝေး ကျင်းပ : Source : Phophtaw

3-Jul-12

ယနေ့ မနက် (၈) နာရီတွင် အစိုးရက တပ်ရင်း (၁၀) ရင်းနှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) ကို အင်အား အလုံးအရင်းနှင့် စစ်ဆင်လာသဖြင့် ယင်းကိစ္စကြောင့် နေပြည်တော်တွင် သမ္မတက ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ (ကာ/လုံ) အရေး ပေါ် အစည်းအဝေး ခေါ်ယူ ကျင်းပ ခဲ့သည်ဟု SSPP နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အကျိုးတော်ဆောင် ကိုယ်စားလှယ်

ဆက်ဖက်ရန်---

 

(၁၂) ဘင်္ဂလာရှိ ရခိုင်များ စိုးရိမ်နေရဆဲ : Source : Arakantimes

4-Jul-12
ရခိုင်ပြည်နယ်အတွင်းတွင် ဇွန် ၈ ရက်နေ့ကတည်းက အကြမ်းဘက်သောင်းကျန်းမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလာတွင် ဘင်္ဂလီများ၏ ဆက်ဆံမှုများကြောင့် ရခိုင်နှင့် ဗုဒ္ဓဘာသာဝင်များ အထူးစိုးရိမ်မှုများ တရွေ့ရွေ့ဖြစ်ပေါ်လာနေကြောင်း စုံစမ်း သိရှိရသည်။

ဆက်ဖက်ရန်---


 

(၁၃) ABSDF အဖွဲ့ဝင် ၉ဦး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက် :

Published on July 4, 2012 by ခင်မင်းေဇာ်   ·   No Comments
သမ္မတရဲ့ လွတ်ြငိမ်းချမ်းသာခွင့်နဲ့ ဇူလိုင်လ ရက်ေန့က ြပန်လွတ်လာသူေတွထဲမှာ အဖွဲ့၀င် ဦး ပါ၀င်လာတယ်လို့ ြမန်မာနုိင်ငံလံုးဆုိင်ရာ ေကျာင်းသားများ ဒီမုိကရက်တစ် တပ်ဦး (ABSDF) က ေြပာပါတယ်။

ဆက်ဖက်ရန်---

 

(၁၄) လယ်မြေသိမ်းမှု ဖြေရှင်းမပေးလျှင် အိုးအိမ်ကို ဆန္ဒ ထပ်ပြမည် : Source : Irrawaddy

4-Jul-12
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင် လယ်ဧက ၆၀၀ ကျော် အသိမ်းခံထားရသော ဒေသခံလယ်သမားများက ၎င်းတို့၏ ဘိုးဘွားပိုင် လယ်မြေများအား ပြန်လည်လုပ်ကိုင်ခွင့် သို့မဟုတ် နစ်နာကြေး မပေးပါက မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနကို ထပ်မံဆန္ဒ ပြ တောင်းဆိုသွားမည်ဟု လယ်သမားများက ပြောသည်။

ဆက်ဖက်ရန်---

 

(၁၅) လွှတ်တော် သီးသန့် ရုပ်သံလိုင်း လွှင့်ရန် ကြိုးပမ်း : Source : Irrawaddy

4-Jun-12
ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်မှ ကင်းလွတ်သည့် သီးသန့် ရုပ်သံလိုင်းတခု ထုတ်လွှင့်ရန် လွှတ်တော်က ကြိုးပမ်းနေကြောင်း ပြည်သူ့လွှတ်တော်၏ ရေးရာကော်မတီအဖွဲ့ဝင် ဦးခိုင်မောင်ရည် (ခ) ဦးခင်မောင်ရည်ထံမှ သိရသည်။

ဆက်ဖက်ရန်---

 

(၁၆)  KIA နှင့် အစိုးရ ဒု စစ်ဦးစီးချုပ်များ တွေ့မည် : Source : Irrawaddy

4-Jul-12
ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်နှင့် အစိုးရ ဒု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ဦးဆောင်သော နှစ်ဘက် ကိုယ်စားလှယ် များသည် တင်းမာနေသော စစ်ရေးကိစ္စများ ပြေလည်ရေး အတွက် ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။

ဆက်ဖက်ရန်---

 

 
(၁၇) ဒုသမ္မတ ဇူလိုင် ၁၀ ရက်နေ့ နောက်ဆုံးထားရွေးမည် : Source : Mizzima
မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၀၄ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၁၁ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှ အနားယူသွားသူ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး၏ ရာထူးနေရာကို တပ်မတော်သား လွှတ်တော်အမတ်များက ရွေးချယ်ကာ ဇူလိုင်လ ၁ဝ ရက်နေ့နောက်ဆုံးထား၍ လွှတ်တော်သို့ တင်ပြပေးရန် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ ဗုဒ္ဓဟူးနေ့တွင် သဝဏ်လွှာပေးပို့ အကြောင်း ကြားသည်ဟု

ဆက်ဖက်ရန်---


(၁၈) အစိုးရ၏ တောင်းဆိုမှုကြောင့် SSPP/SSA ရှေ့တန်းစခန်း နှစ်ခု ဆုတ်ခွာပေးမည် : Source : Mizzima
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၀၄ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၃၃ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။        ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၏ တောင်းဆိုချက်အရ ရှမ်းပြည်ဖွံ့ဖြိုးရေးကောင်စီ ခေါ် ရှမ်းပြည်တပ်မတော် (မြောက်) SSPP/SSA က ယင်းတို့၏ တပ်စခန်းနှစ်ခုမှ ဆုတ်ခွာပေးမည်ဟု SSA မှ ဗိုလ်မှူး စိုင်းလှက ပြောသည်။
ဆက်ဖက်ရန်---

 

(၁၉) မွန်အမျိုးသား ကျောင်းဆရာတို့ ထောက်ပံ့ကြေး နည်းပါးခြင်းကြောင့် အခက်ကြုံဟုဆို : Source : Mizzima
ကွန်းချမ်း | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၀၄ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၀၄ မိနစ်

စံခလပူရီ (မဇ္ဈိမ) ။         ။ ထောက်ပံ့ကြေး နည်းပါးမှုကြောင့် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဗဟိုသို့ လွှဲပြောင်းခဲ့ သည့် မွန်အမျိုးသားကျောင်းမှ ဆရာ၊ဆရာမအချို့ နှုတ်ထွက်သွားကြကာ အိမ်နီးချင်း နိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်နေကြရသည်ဟု မွန်စာပေအရေး ဆောင်ရွက်နေသူများက ပြောသည်။
ဆက်ဖက်ရန်---

 

(၂၀) မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဝင် ၅ သန်းကျော်ပြီ : Source : Mizzima
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၀၄ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၅၉ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။        ။ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်၏ ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ ဦးဆောင်ဖွဲ့စည်းခဲ့သည့်
မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် အဖွဲ့ဝင် အင်အား ၅ ဒသမ ၄ သန်းရှိနေပြီ ဖြစ်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။
ဆက်ဖက်ရန်---

 

(၂၁) လူထုအခြေပြုအဖွဲ့အစည်းတွင် လူထုများ ပါဝင်ရန်လိုအပ်ဟု KCSN ပြော : Source : KIC
4-Jul-12
ကရင်နီ(ကယား)ပြည်နယ်ရှိ ပြည်တွင်း၊ ပြည်ပ ကရင်နီလူထုအခြေပြုအဖွဲ့အစည်း CBOs အဖွဲ့များတွင် ပြည်သူလူထုများပါ ပါဝင်ဆောင် ရွက်ရန် လိုအပ်ကြောင်း ထိုင်း-မြန်မာနယ်စပ်အခြေစိုက် CBOs အဖွဲ့တခုဖြစ်သည့် ကရင်နီ လူမှုအသင်းအဖွဲ့ ဆက်စပ်ဆောင်ရွက်ရေးကွန် ယက် (KCSN) က ယနေ့ ပြောသည်။

ဆက်ဖက်ရန်---

 

(၂၂) နမ့်ခမ်းမြို့အနီး အေးရှားဝေါလ်ဂိတ်၌ ဗုံးကွဲ ရဲတစ်ဦးဒဏ်ရာရ : Source : Panglong

Wednesday, 04 July 2012 17:46 သျှမ်းသံတော်ဆင့်
သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ကောင်းဝိန်းရွာအနီးရှိ အေးရှားဝေါလ်ကုမ္ပဏီ တိုးလ်ဂိတ်တွင် ယမန်နေ့ နံနက် ၉ နာရီကျော်ခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ ရဲတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည် ။

ဆက်ဖက်ရန်---


(၂၃) ဒေသခံ တက္ကသိုလ်ဝင်တန်းအောင်များ အခွင့်အရေးရှုံး : Source : Panglong

Wednesday, 04 July 2012 17:45 သျှမ်းသံတော်ဆင့်
သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်ခွဲ လျှပ်စစ်ဌာနက ဝန်ထမ်းများ ထပ်မံခေါ်ယူသော်လည်း မြန်မာပြည်မှ လူငယ် များကိုသာ ခေါ်ယူအလုပ်သွင်းနေသဖြင့် ဒေသခံလူငယ်တို့ အခွင့်အရေးရှုံးနေကြောင်း ဒေသတွင်းသတင်းရပ်ကွက်က ဆိုပါသည်။

ဆက်ဖက်ရန်---

No comments:

Post a Comment