Monday, July 23, 2012

နေ့စဉ် မြန်မာ့အရေးဆက်စပ်သတင်းများ (ဇူလိုင်လ ၂၁ရက် ၂၀၁၂ခုနှစ်)

(၁) ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းရန် စောလွန်းသေးဟု အမေရိကန်သံအမတ်ပြော : Source : RFA

2012-07-20
ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းဖို့ဆိုတာ အချိန်စောလွန်းသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲလ်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

(၂) ထိုင်းမှာ မြန်မာဘာသာစကား သင်ကြားဖို့ စိတ်ဝင်စားသူ များပြား : Source : RFA
2012-07-20
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုတွေကြောင့် ရင်းနှီးမြုပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်းတွေ လုပ်ကိုင်ဖို့ အခွင့်အလမ်း များပြားလာတဲ့အတွက် ထိုင်းနိုင်ငံမှာ မြန်မာဘာသာစကား သင်ကြားဖို့ စိတ်ဝင်စားသူ များပြားလာတယ်လို့ သိရပါတယ်။


(၃) နယ်စည်းမထား အဖွဲ့ဝင်ငါးဦး ဖမ်းဆီးခံနေရဆဲ : Source : RFA
2012-07-20
ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခ ကာလအတွင်း ဖမ်းဆီးခံရသူတွေထဲမှာ AZG ဒါမှမဟုတ် MSF လို့ လူသိများတဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့က ၀န်ထမ်း (၅) ဦး ပါဝင်ပြီး၊ သူတို့အားလုံး ထိန်းသိမ်း ခံထားရဆဲ ဖြစ်တယ်လို့ အဲဒီအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာရုံး ဒုတိယ အကြီးအကဲ Ms. Vickie Hawkins က RFA ကို ဒီကနေ့ အတည်ပြု

(၄) သမ္မတ ဦးသိန်းစိန် ၂၂ ရက်နေ့ ထိုင်းကိုသွားမယ်  : Source : RFA
2012-07-20
ထိုင်းအစိုးရရဲ့ ဖိတ်ကြားချက်အရ သမ္မတ ဦးသိန်းစိန်ဟာ လာမဲ့ ၂၂ ရက်နေ့  တနင်္ဂနွေနေ့ မှာ ထိုင်းနိုင်ငံကို ၃ ရက်ကြာ အလည်အပတ် သွားရောက်မယ်လို့ သိရပါတယ်။


(၅) ပြည်ပ ရင်းနှီးမြှုပ်နှံမှုအတွက် လူ့အရင်းအမြစ်တိုးတက်ဖို့ လို : Source : VOA
20-Jul-12
မြန်မာနိုင်ငံအစိုးရက ရင်းနှီးမြုပ်နှံမှုတွေ လာရောက်လုပ်ကိုင်ကြဖို့ တံခါးဖွင့်ပေးလိုက်ပြီးတဲ့နောက် ပြည်ပက ရင်းနှီးမြုပ်နှံလိုသူတွေ အလုံးအရင်းနဲ့ ၀င်ရောက်လာနေတဲ့အတွက် မြန်မာနိုင်ငံမှာရှိနေတဲ့ လူ့အရင်းအမြစ်တွေနဲ့ ပေါင်းစပ်နိုင် အောင် ကြိုတင် ပြင်ဆင်မှုတွေ အမြန်ဆုံး လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက ပြောပါတယ်။

(၆) စစ်တွေမှာ ARV ဆေးဝါးပြတ်လပ် : Source : RFA
2012-07-20
ရခိုင်ပြည်နယ် အတွင်း မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် စစ်တွေမြို့ပေါ်နဲ့ မြို့နယ်တွေက HIV/AIDS ဝေဒနာရှင်တွေဟာ ARV ဆေးဝါး ပြတ်လပ်သွားတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ နေရတယ်လို့ သိရပါတယ်။


(၇) ရှပ်ပြေးယာဉ်နစ်မြုပ် လူ ၅၀ ပျောက်ဆုံးနေ : Source : RFA
2012-07-20
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ဒီကနေ့ မနက် ၉ နာရီခွဲ အချိန်က ရေပေါ်ရှပ်ပြေး ရေယာဉ်တစ်စီး တိမ်းမှောက်ခဲ့တာကြောင့် လူ ၅၀ ကျော် ပျောက်ဆုံးနေကြောင်း RFA က စုံစမ်းသိရပါတယ်။


(၈) ကာကွယ်ရေး ဦးစီးချုပ် အိန္ဒိယနိုင်ငံကို သွားမည် : Source : RFA
2012-07-19
အိန္ဒိယ မြန်မာနှစ်နိုင်ငံ စစ်ရေးဆိုင်ရာ ဆက်ဆံမှု ခိုင်မာမြဲမြံရေးအတွက် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့် သြဂုတ်လဆန်းပိုင်းမှာ အိန္ဒိယနိုင်ငံကို လာရောက်မှာ ဖြစ်ကြောင်း အိန္ဒိယ သတင်းမီဒီယာတွေက မနေ့က ဖော်ပြခဲ့ကြပါတယ်။


(၉) ဘင်္ဂါလီများ စုဖွဲ့ချီတက်သဖြင့် သေနတ် မိုးပေါ်ထောင်ဖောက် လူစုခွဲ : Source : Irrawaddy
21-Jul-12
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ယမန်နေ့ မွန်းလွဲပိုင်းတွင် ဘင်္ဂါလီ ၁၅၀ ကျော် စုရုံးချီတတ်လာသဖြင့် အစိုးရ လုံခြုံရေးအဖွဲ့များက သေနတ် မိုးပေါ်ပစ်ဖောက်၍ လူစုခွဲခဲ့ရကြောင်း စစ်တွေမြို့ အာဏာပိုင်များနှင့် ဒေသခံများက ပြောသည်။
 
(၁၀) ရန်ကုန် လေဆိပ်အနီး ကျူးကျော်အိမ် ၁၀၀ ကျော် ဖယ်ရှား : Sourc e : Mizzima
သိင်္ဂီထွန်း | စနေနေ့၊ ဇူလိုင်လ ၂၁ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၁၂ မိနစ်
ရန်ကုန် (မဇ္ဈိမ)။  ။ ရန်ကုန်မြို့ မင်္ဂလာဒုံလေယာဉ်ကွင်း အနောက်ဖက် မရမ်းကုန်းမြို့နယ် အတွင်းရှိ
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနပိုင် မြေပေါ်ရှိ ကျူးကျော်တဲအိမ် ၁၀၀ ကျော်အား အာဏာပိုင်
များက ဇူလိုင်လ ၂၀ ရက်နေ့တွင် ဖြိုဖျက်လိုက်သည်။


(၁၁) ခြောက်လအတွင်း ခရီးသည်ယာဉ် တိုက်မှုကြောင့် ရန်ကုန်မြို့တွင်း ၆၇ ဦး သေဆုံး : Sourc e : Mizzima
ရတနာဦး | စနေနေ့၊ ဇူလိုင်လ ၂၁ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၁၄ မိနစ်
ရန်ကုန် (မဇ္ဈိမ)။    ။ ခရီးသည်ယာဉ်တိုက်မှုကြောင့် ယခုနှစ် ပထမ ခြောက်လပတ် ပြည့်ခါနီးကာလအတွင်း  ရန်ကုန်မြို့အတွင်း သေဆုံးသူ ၆၇ ဦးရှိခဲ့ပြီး ၄၅၆ ဦး ဒဏ်ရာရခဲ့ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးလှအောင် က ပြောသည်။


(၁၂) မိဘမဲ့ကလေး (၃၀၀၀)ကျော် အစားစာ ပြတ်လတ်နေ : Source : Phophtaw
21-Jul-12
မယ်တော် ဆေးခန်းမှ အစားစာ ပံ့ပိုးပေးနေသော မိဘမဲ့ ကလေး (၃၀၀၀) ကျော်အတွက် လာမည့် သြဂုတ်လမှ စပြီး ရိက္ခာ ပြတ်လတ် သွားတော့မည်ဟု မယ်တော် ဆေးခန်း၏ ကလေးများ စောင့်ရှောက်ရေး တာဝန်ခံမှ ပြောပါသည်။

(၁၃) နာကောင်ကောင့် ဒုက္ခသည်စခန်းရှိ ကလေးများတွင် သွေးလွန်တုတ်ကွေး ရောဂါကူးစက်မှုများလာ : Source : Kachin
21-Jul-12
တရုတ်ပြည်နယ်တွင်ရှိသော နောင်တောင်းခရိုင်မှ နာကောင်ကောင့် (Na Kawng Kawng) ဒုက္ခသည်စခန်းအတွင်း ကလေးများ (၁၀) ဦးခန့်တွင် သွေးလွန်တုတ်ကွေး ကူးစက်မှုဖြစ်ပွားနေကြောင်း ဒုက္ခသည်စခန်းမှ တာဝန်ရှိသူများပြောသည်။

No comments:

Post a Comment