(၁) ပွင့်ဖြူလူသတ်မှုအတွက် လူ ၂ ဦးကို ဖမ်းဆီးထား : Source : RFA
2012-07-26
မကွေးတိုင်း ပွင့်ဖြူမြို့နယ် သမန်းရင်းရွာမှာ အာဏာပိုင်တွေရဲ့ အဂတိ လိုက်စားမှုတွေကို ဖော်ထုတ်နေတဲ့ NLD ပါတီ ထောက်ခံသူတစ်ဦး ဗုဒ္ဓဟူးနေ့ မနေ့က လုပ်ကြံ သတ်ဖြတ်ခံခဲ့ရမှုအတွက် သံသယရှိသူ ၂ ဦးကို ရဲက ဖမ်းဆီးထားပြီ ဖြစ်ပေမယ့် ဒီအမှုမှာ ပါဝင်သူတွေအဖြစ် ဒေသခံတွေ၊ မျက်မြင်သက်သေတွေက ပြောဆိုနေကြတဲ့ ကျန်ရှိသူ ၆ ဦးကိုတော့ အရေးယူ
ဆက်ဖက်ရန်---
(၂) မိတ္ထီလာ
ထွန်တုံးတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ : Source : RFA
2012-07-26
မိတ္ထီလာခရိုင်အတွင်း
အတင်းအဓမ္မ လယ်ယာမြေ အသိမ်းခံထားရတဲ့ တောင်သူတွေက လယ်ယာမြေတွေမှာ ပြန်လည် စိုက်ပျိုးခွင့်
ရရေးအတွက် ထွန်တုံးတိုက်ပွဲ ဆက်လက် ဆင်နွှဲနေကြပါတယ်။
ဆက်ဖက်ရန်---
(၃) လယ်သမားအရေး
၈၈ တွေဝင်ရောက်ကူညီ : Source : RFA
2012-07-26
ရန်ကုန်တိုင်း သံလျင်မြို့နယ်
အလွမ်းဆွတ်ရွာမှာ စစ်တပ်က အဓမ္မသိမ်းထားတဲ့ လယ်တွေကို မူလလယ်သမားတွေ ပြန်ပြီးထွန်ယက်တဲ့အတွက်
ဒီနေ့မနက်မှာ စစ်တပ်က လက်နက်နဲ့ဝိုင်းပြီး ခြိမ်းခြောက် တားမြစ်လို့ ၈၈ မျိုးဆက် ကျောင်းသားများ
အဖွဲ့က ကြားဝင် ညှိနှိုင်းဖို့ ကြိုးစားခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဆက်ဖက်ရန်---
(၄) မြန်မာ့သွင်းကုန်
တားမြစ်ချက် စက်တင်ဘာလကုန်ပိုင်းမှာ ကုန်ဆုံးမည် : Source : RFA
2012-07-26
မြန်မာနိုင်ငံက သွင်းကုန်တွေ
တားမြစ်တဲ့ အမေရိကန် ဥပဒေ သက်တမ်းကို စက်တင်ဘာလကုန်ပိုင်းလောက်မှာ ကုန်ဆုံးမယ်လို့
ယာယီ သတ်မှတ်လိုက်ပါတယ်။
ဆက်ဖက်ရန်---
(၅) နိုင်ငံတကာ
မာရသွန်အပြေးပြိုင်ပွဲ ရန်ကုန်မှာ ကျင်းပဖို့ စီစဉ်နေ : Source : RFA
2012-07-26
မြန်မာနိုင်ငံရဲ့ ပထမဆုံး
နိုင်ငံတကာ မာရသွန် အပြေးပြိုင်ပွဲကြီးကို လာမယ့်နှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့ ရန်ကုန်မြို့မှာ
ကျင်းပပြုလုပ်ဖို့ စီစဉ်နေကြောင်း ဆင်ဝှာ သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
ဆက်ဖက်ရန်---
(၆) အမျိုးသမီးတွေ
အခွင့်အရေး လွှတ်တော်မှာ ဆွေးနွေး : Source : RFA
2012-07-26
ပျဉ်းမနား နေပြည်တော်မှာ
ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မြို့နယ်၊ ကျေးရွာ အုပ်ချုပ်ရေး အဆင့်တွေအတွက်
ပြည်သူလူထုက ရွေးချယ်လိုက်တဲ့ အမျိုးသမီးတွေကို တင်မြှောက်ပိုင်ခွင့် ရှိ မရှိဆိုတဲ့
မေးခွန်းကို ဖလုံဆဝေါ ပါတီရဲ့ ဘားအံမြို့နယ် မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်နန်းဆေအွာက တင်သွင်းခဲ့ပါတယ်။
ဆက်ဖက်ရန်---
(၇) လယ်သမားနစ်နာမှု
စုံစမ်းရေးကော်မရှင်ဖွဲ့မည် : Source : RFA
2012-07-26
လယ်ယာမြေ သိမ်းဆည်းခံရမှုကြောင့်
နစ်နာရတဲ့ လယ်သမားတွေ အရေးကို တရားမျှတစွာ ဖြေရှင်း ဆောင်ရွက် ပေးနိုင်ရန်အတွက် ကော်မရှင်တစ်ရပ်
ဖွဲ့စည်းဖို့ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။
ဆက်ဖက်ရန်---
(၈) အချိန်တန်ဖိုးထားဖို့
ဒေါ်အောင်ဆန်းစုကြည် ပြောဆို : Source : RFA
2012-07-26
လက်ရှိကျင်းပနေတဲ့ လွှတ်တော်
အစည်းအဝေးတွေက ဆွေးနွေးမှုတွေ အဆို တင်သွင်းချက်တွေဟာ အချိန်တိုတိုနဲ့ ထိရောက်မှုရှိဖို့
လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ဆက်ဖက်ရန်---
(၉) လယ်မြေ သိမ်းခံရမှုတွေအတွက် စုံစမ်းရေး ကော်မရှင် ဖွဲ့ဖို့ လွှတ်တော်မှာ မဲခွဲ : Source : BBC
26-Jul-12
လယ်ယာမြေ
သိမ်းဆည်း ခံရမှု ကိစ္စတွေနဲ့ ပတ်သက်တဲ့ နစ်နာမှု တွေကို စုံစမ်း ရေး အဖွဲ့
ဖွဲ့စည်းပြီး ဖြေရှင်း ဆောင်ရွက် သွားဖို့ အဆိုကို ကြာသပတေး နေ့က ပြည်ထောင်စု
လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ် ခဲ့ကြ ပါတယ်။
ဆက်ဖက်ရန်---
(၁၀) ထိုင်းမြန်မာ ဆန်စပါး အသင်းဖွဲ့ဖို့ ထိုင်းဘက်က ကြိုးစားနေ :
Source : BBC
26-Jul-12
ထိုင်း-မြန်မာ
ဆန်စပါး အသင်း
ဖွဲ့ဖို့ ထိုင်းအစိုးရ ဘက်က
ကြိုးပမ်းနေပါတယ်။
ထိုင်း-မြန်မာ
ဆန်စပါး အသင်း
ဖွဲ့ရေးနဲ့ ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်က သမ္မတ
ဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ် အတွင်း
သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဆက်ဖက်ရန်---
(၁၁) ဘူးသီးတောင် NGO ၀န်ထမ်းတွေ
ရုံးထုတ် : Source : BBC
26-Jul-12
ရခိုင် ပြည်နယ် ဘူးသီးတောင်မှာ ဆူပူ
အကြမ်းဖက် မှုနဲ့ အဖမ်း ခံရတဲ့ အန်ဂျီအို ၀န်ထမ်း တချို့ကို ဗုဒ္ဓဟူး နေ့က ရုံးထုတ်ခဲ့
သလို တချို့ အရပ်သား တွေ ကိုလဲ နှစ်ရှည် ထောင်ဒဏ်တွေ ချလိုက်တယ်လို့ သိရပါတယ်။
ဆက်ဖက်ရန်---
(၁၂) ကျပ်
သိန်း ၉၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ : Source : Irrawaddy
25-Jul-12
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင်
ကျပ် သိန်း ၉၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။ ဇူလိုင်
၂၁ ရက် ည ၇ နာရီ ခွဲ ခန့်က မန္တလေး-မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် သောင်းမြင့်
ခေါ် မေလီဟို မောင်းနှင်လာ သော ကားပေါ်မှ အလေးချိန် ၃၀ ကီလို ဂရမ်ခန့်ရှိ စိတ်ကြွဆေးပြား
၃ သိန်းကို မြစ်ကြီးနား မူးယစ် အထူးအဖွဲ့နှင့်
ဆက်ဖက်ရန်---
(၁၃) ရွှေ့ပြောင်းအလုပ်သမားများလုပ်အားခ
အပြည့်အ၀ရရှိရန်ဆာင်ရွက်ပေးမည်ဟု ထိုင်းအစိုးရ ထပ်မံကတိပြုခဲ့ : Source : KIC
ဇူလိုင်လ ၂၆ရက်၊
၂၀၁၂ခုနှစ်။ နန်းသူးလေ (ကရင်သတင်းဌာန)
ထိုင်းနိုင်ငံအစိုးရက
ထိုင်းနိုင်ငံသားများနည်းတူ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား လုပ်အားခ
အပြည့်အ၀ရရှိရန် တာဝန်ယူ ဆောင်ရွက်ပေးမည်ဟု သမ္မတဦးသိန်းစိန်၏ ထိုင်းခရီးစဉ်တွင်
ထပ်မံကတိပြုခဲ့သည်။
ဆက်ဖက်ရန်---
(၁၄) တိုင်းရင်းသားကာကွယ်ရေး
ဥပဒေ သတ်သတ်မှတ်မှတ်ရှိသင့် : Source : KIC
27-Jul-12
မြန်မာပြည်တွင်
လူနည်းစုဖြစ်သည့် တိုင်းရင်းသား လူမျိုးများကို ကာကွယ်စောင့်ရှောက်သည့်
ဥပဒေပြဋ္ဌာန်းချက် လွှတ်တော်အတွင်း သတ်သတ်မှတ်မှတ် ရှိသင့်ကြောင်း လက်နက်ကိုင်
တိုင်းရင်းသားခေါင်းဆောင် တချို့ကပြောဆိုသည်။
ဆက်ဖက်ရန်---
(၁၅) မြစ်ဆုံဆည်
ဆက်ဆောက်နိုင်ရန် ကချင်အစိုးရအဖွဲ့ကို CPI ချဉ်းကပ် : Source : Irrawaddy
27-Jul-12
ဧရာဝတီ
မြစ်ဆုံဆည် ဆက်လက် တည်ဆောက်ခွင့် ရနိုင်ရန်အတွက် တရုတ်ကုမ္မဏီ CPI (China Power
Investment) က ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များကို စည်းရုံး
ပြောဆိုမူများရှိကြောင်း အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်ဒွဲဘူက ပြောသည်။
ဆက်ဖက်ရန်---
(၁၆)
ကော့သောင်း ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ လည်ပတ်တော့မည် : Source : Mizzima
ကွန်းချမ်း | သောကြာနေ့၊ ဇူလိုင်လ ၂၇
ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၄၅ မိနစ်
စံခလပူရီ (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ပေါ်ရှိ
ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံမှ ဖြစ်ပေါ်လာမည့်
ဆိုးကျိုးများကို စိုးရိမ်ပြီး လူနေရပ်ကွက်နှင့် ၁၀ မိုင် အကွာသို့
ပြောင်းရွှေ့ပေးရန် ဒေသခံများ က တောင်းဆိုနေစဉ်အတွင်း စက်ရုံ စတင် လည်ပတ်တော့မည်ဟု
စက်ရုံ တာဝန်ရှိသူများက ပြောသည်။
ဆက်ဖက်ရန်---
(၁၇) ငါးဖမ်းခွင့် ပိတ်လိုက်သဖြင့် လက်လုပ်လက်စားငါးဖမ်းသမားများ အခက်အခဲဖြစ် : Source : DVB
နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့
ဧရာ၀တီတိုင်းက ေဒသတချို့မှာ ေလလံရထားတဲ့ ငါးလုပ်ငန်းရှင်ေတွက
ငါးဖမ်းခွင့်ပိတ်လုိက်တဲ့အတွက် လက်လုုပ်လက်စား ငါးဖမ်းသမားများ ဘ၀ရပ်တည်ေရး
အခက်အခဲ ြကံုေနြကရပါတယ်။
ဆက်ဖက်ရန်---
(၁၈) သန်းခေါင်စာရင်း
ကောက်ယူရာတွင် ကျောင်းဆရာ/မ ၁၂၀,၀၀၀ သုံးမည် : Source : Mizzima
ဖနိဒါ | သောကြာနေ့၊ ဇူလိုင်လ ၂၇ ရက်
၂၀၁၂ ခုနှစ် ၁၆ နာရီ ၅၆ မိနစ်
ချင်းမိုင်(မဇ္ဈိမ) ။ ။
မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းစဉ်များတွင် မူလတန်းနှင့်
အလယ်တန်း
ကျောင်းဆရာ/ဆရာမ တသိန်း နှစ်သောင်း
အသုံးပြုသွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန
ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ကြာသပတေးနေ့ ပြည်သူ့လွှတ်တော်တွင် ပြောကြားသွားသည်။
ဆက်ဖက်ရန်---
(၁၉) သျှမ်းပြည်မြောက်ပိုင်း၌ တိုက်ပွဲများဆက်ဖြစ် ဒေသခံများလူ့အခွင့်အရေးချိုးဖေါက်ခံရ : Source : Panglong
Thursday, 26 July 2012 15:30 သျှမ်းသံတော်ဆင့်
သျှမ်းပြည်မြောက်ပိုင်း မန့်တုန့်မြို့နယ်အတွင်း
ကချင်စစ်တပ်နှင့်တိုက်ပွဲဖြစ်ပွါးသော မြန်မာအစိုးရစစ်တပ်က ဒေသခံလူထု၏ ထော်လာဂျီ၊
ကားများချောဆွဲကာ တပ်ခြံစည်းရိုးကာခိုင်းကြောင်း ဒေသတွင်း သတင်းရပ်ကွက် ကဆိုပါသည်။
ဆက်ဖက်ရန်---
(၂၀) ကချင်
စစ်ပြေးခြံများမှ ဒညှင်းသီး များကို မြန်မာအစိုးရစစ်သားများ ခူးယူ ရောင်းစားနေ :
Source : Kachin
27-Jul-12
ကချင်ပြည်နယ် အရှေ့ဘက်
ဝိုင်းမော်မြို့နယ် လိုင်ဇာသွားလမ်းတစ်လျှောက်ရှိ ကျေးရွာဒေသခံများ၏ ဒညှင်းသီးခြံများတွင်
မြန်မာအစိုးရစစ်သားများသည် အပင်ကိုခုတ်လဲပြီး အသီးများစိတ်ကြိုက် ခူးယူရောင်းစားနေကြောင်း
ဒေသခံများ ပြောသည်။
ဆက်ဖက်ရန်---
(၂၁) မိုင်းလားမြို့ရေလျှံ သေကြေပျောက်ဆုံးပျက်စီးမှုများရှိ : Source : Panglong
Friday, 27 July
2012 16:29 သျှမ်းသံတော်ဆင့်
၃-၄ ရက်အတွင်း
မိုးဆက်တိုက်ရွာသွန်းမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့လယ်ဖြတ်သန်း
စီးဆင်းသည့်နမ့်မချောင်းရေလျှံရာ ပျက်စီးဆုံးရှုံးမှုအပြင် သေကြေပျောက်ဆုံးမှုလည်းရှိကြောင်း
သိရသည်။
No comments:
Post a Comment