Tuesday, July 24, 2012

နေ့စဉ်မြန်မာ့အရေးဆက်စပ်သတင်းများ (ဇူလိုင်လ ၂၃ရက်၊ ၂၀၁၂ခုနှစ်)

(၁) အလုပ်သမား ဆန္ဒပြမု ပိုများလာ : Source : BBC

22-Jul-12
မန္တလေးတိုင်း ပြည်ကြီးတံခွန် မြို့နယ် စက်မှုဇုံ မှာ ရှိတဲ့ ဗီဗီ အချိုရည်စက်ရုံ က အလုပ်သမား တွေဟာ လုပ်ခ လစာ တိုးမြင့်ရေး နဲ့ အလုပ်ခွင် စည်းကမ်း တချို့ ပြင်ဆင်ပေးဖို့ တောင်းဆိုချက် ၁၄ ချက် နဲ့ အတူ တောင်းဆို ဆန္ဒ ပြကြ ပါတယ်။


(၂) ဥရောပရောက် ကရင်ကွန်ယက် ဆွေးနွေးပွဲ : Source : BBC
22-Jul-12
KNU ကရင်အမျိုးသား အစည်းအရုံး နဲ့ မြန်မာ အစိုးရ အကြားမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေ ကနေ နိုင်ငံရေး အဖြေ ရအောင် လုပ်ဖို့၊ ကရင်ပြည်နယ် ဒေသ မှာ ရင်းနှီးမြှုပ်နှံရင် ဒေသခံ တွေ ရဲ့ အကျိုးစီးပွားနဲ့ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး တွေဆောင်ရွက်ဖို့၊ လက်ရှိ နယ်စပ်က ဒုက္ခသည်တွေ အတွက် နိုင်ငံဖြတ်ကျော်ပြီး အကူအညီပေးရေး ကို ဥရောပ ရောက် ကရင်တိုင်းရင်းသားများ ကွန်ယက် EKN က တောင်းဆို လိုက်ပါတယ်။


(၃) ဗိုလ်ချုပ် ရုပ်ရှင်အတွက် သရုပ်ဆောင်တွေ နောက်ဆုံးအဆင့် ရွေး : Source : BBC
21-Jul-12
မကြာခင် ရိုက်ကူးဖို့ စီစဉ်နေတဲ့ ဗိုလ်ချုပ် အောင်ဆန်း အထ္ထုပတ္တိ ရုပ်ရှင်ဇာတ်ကား အတွက် ဗိုလ်ချုပ်နဲ့ ဇနီး ဒေါ်ခင်ကြည်တို့ နေရာမှာ ပါဝင် သရုပ်ဆောင်ဖို့ လျှောက်ထား သူတွေထဲက နောက်ဆုံး အဆင့် သရုပ်ဆောင် တွေကို မနေ့က ရွေးချယ်လိုက်ပါပြီ။


(၄) ချင်းဝိသေသတိုင်း အက်ဥပဒေ ပြင်ဆင်ရေး ဆွေးနွေး  : Source : BBC
21-Jul-12
မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီးစ အချိန်က ပြဌာန်းခဲ့တဲ့ ချင်းဝိသေသတိုင်း အက်ဥပဒေ ပြင်ဆင် ဖြည့်စွက်ရေးနဲ့ ပတ်သက်ပြီး ချင်းပြည်နယ် အစိုးရ အဖွဲ့ဝင်တွေနဲ့ ဥပဒေ ပညာရှင်တွေ ပြီးခဲ့တဲ့ ရက်ပိုင်းက ဟာခါးမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ ပါတယ်။

(၅) ဒုသမ္မတသစ်အရေး လွှတ်တော်မှာ ဆွေးနွေးနိုင်ဖွယ်ရှိ : Source : VOA
ဒုသမ္မတ (၁) ရာထူးကို ၁၀ ရက်အတွင်း လွှတ်တော်က တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့က ပြန်လည် ရွေးချယ်ပေးဖို့ ပြောခဲ့ပေမဲ့ အခုဆိုရင် ရက်ပေါင်း ၂၀ ကျော် လာတဲ့အထိ ရွေးချယ် တင်မြောက်နိုင်ခြင်း မရှိသေးပါဘူး။ အစောပိုင်း ကာလက ဒုသမ္မတ လောင်းအဖြစ် တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့က အမည် စာရင်း တင်သွင်းခံ ထားရတဲ့ ဦးမြင့်ဆွေ ဟာ

(၆) နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျှင် စီးပွားဖွံ့ဖြိုးမှု ပိုမိုရရှိမှာ ဖြစ်ကြောင်း ထိုင်းစက်မှုဝန်ကြီး ပြောဆို : Source : RFA
2012-07-22
ထိုင်းအစိုးရရဲ့ ဖိတ်ကြားချက်အရ ဘန်ကောက်မြို့ကို ချစ်ကြည်ရေးခရီး ရောက်ရှိလာတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဝန်ကြီးများ အဖွဲ့ဟာ မနေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ အရှေ့ပိုင်း၊ ချွန်ဘူရီခရိုင်မှာရှိတဲ့ လမ်ချဘန် စက်မှုဇုန်ကို သွားရောက် လေ့လာခဲ့ရာမှာ ထိုင်းစက်မှုဝန်ကြီး အပါအဝင် တာဝန်ရှိသူတွေက ကြိုဆိုနှုတ်ဆက်ပြီး စက်မှုဇုန် တည်ဆောက်ရေး ဆိုင်ရာ အခြေခံ

(၇) RCSS/SSA နင့် အစိုးရတပ် ယနေ့တိုက်ပွဲအပြင်းအထန်ဖြစ် : Source : Panglong
22-Jul-12
သျမ်းအရေ့ပိုင်း မိုင်းပြင်းမြို့နယ် မိုင်းပူးအွန်ကျေးရွာအုပ်စု၌ သျမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့နင့် အစိုးရတပ်တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည် ဟု ဒေသခံသတင်းရပ်ကွက်ကဆိုသည်။

 

(၈) ဗန်းမော်ရှပ်ပြေးရေယာဉ် နစ်မြုပ်မှုသေဆုံးသူများ၏ ဆွေမျိုးများ မကျေနပ် : Source : Panglong

Monday, 23 July 2012 18:42 သျှမ်းသံတော်ဆင့်
ဧရာဝတီမြစ်ကြောင်းအတွင်း ဗန်းမော်နှင့် ကသာမြို့အကြား လိုင်းပြေးဆွဲနေသည့် ရှပ်ပြေးရေယာဉ် ယခုလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ကျော်ခန့်က ဗန်းမော်ဆိပ်ကမ်း၌ နစ်မြုပ်ခဲ့သည့် ဖြစ်ရပ်တွင် ယနေ့အထိ ကယ်ဆယ်ရေးလုပ်ငန်း ထိရောက် စွာ ဆောင်ရွက်နိုင်ခြင်း မရှိသည့် အပေါ် ကျန်ရစ်သူ မိသားစုများက မကျေမနပ် ဖြစ်နေကြောင်း သိရသည်။

(၉) စစ်ဗိုလ်တဦးလူ့အခွင့်အရေးချိုးဖေါက်မှု သူရဦးရွှေမန်းထံသို့တိုင်တန်း : Source : Panglong
Monday, 23 July 2012 18:06 သျှမ်းသံတော်ဆင့်
တရုတ် - မြန်မာနယ်စပ်မြို့ တည်းခိုခန်းပိုင်ရှင်းအား ရိုက်နှက်ခဲ့သည့် စစ်ဗိုလ်အားမကျေနပ်သောကြောင့် နမ့်ခမ်း မြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှတဆင့် သူရ ဦးရွှေမန်းထံတိုင်တန်းကြောင်း နိုင်ငံရေးပါတီ အသိုင်း အဝိုင်း ကပြောပါသည်။

(၁၀) ၅ ရက်အတွင်း SSPP/SSA တပ်စခန်းများရုပ်ရန် ရမခ တိုင်းမှူးညွှန်ကြား : Source : Panglong

Monday, 23 July 2012 17:57 သျှမ်းသံတော်ဆင့်
ရမခတိုင်းမှူး ဗိုလ်ချုပ် အောင်ကျော်ဇောက သျှမ်းပြည်တပ်မတော် SSPP/SSA အား လှုပ်ရှားနေသည့် နယ်မြေအတွင်းမှ မဆုတ်ခွါပါက ၅ ရက်အတွင်း နယ်မြေရှင်းလင်းရေး လုပ်မည်ဖြစ်ကြောင်း ရှေ့တန်းရောက် သျှမ်းပြည်တပ်မတော် တပ်မှူးများကပြောသည်။

(၁၁) ရခိုင်ပြည်နယ်ကို ကုလ-ငြိမ်းချမ်းရေးတပ် စေလွှတ်ဖို့ အီရန် လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း : Source : RFA
2012-07-22
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ပေးဖို့ အီရန်နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို မနေ့က တိုက်တွန်းလိုက်ပါတယ်။

(၁၂) ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ နိုင်ငံရေးပါတီ ၁၄ ခု တွေ့ဆုံဆွေးနွေး : Source : RFA
2012-07-22
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းနဲ့ စက်မှုဝန်ကြီး ဦးစိုးသိန်းတို့ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ တိုင်းရင်းသား ပါတီတွေ အပါအ၀င် နိုင်ငံရေးပါတီ ၁၄ ခုက ခေါင်းဆောင်တွေနဲ့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့မှာ (၄) နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။


(၁၃) ရှစ်လေးလုံး ငွေရတုအကြို အခမ်းအနားတွေ ကျင်းပဖို့ဆွေးနွေး : Source : RFA
2012-07-21
 (၂၄) နှစ်မြောက် ရှစ်လေးလုံး နှစ်ပါတ်လည် ငွေရတုအကြို အခမ်းအနားကို မန္တလေးမြို့မှာ သြဂုတ်လ (၈) ရက်နေ့ ကျင်းပသွားဖို့ရှိပြီး တစ်နိုင်ငံလုံးက နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အများအပြား လာရောက်ဖို့ စီစဉ်နေကြတယ်လို့ သတင်းရပါတယ်။

(၁၄) ကျူးကျော်ရပ်ကွက် ရုတ်တရက်ဝင် ဖျက်သိမ်း : Source : RFA
2012-07-21
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ (၅) ရပ်ကွက်၊ ရန်ကြီးအောင်ပတ်လမ်းနားမှာ ရှိတဲ့ ကျူးကျော်တဲ (၁၀၀) ကျော်ကို အာဏာပိုင်တွေက မနေ့က ရုတ်တရက် စတင် ဖျက်ဆီးခဲ့ပြီး၊ အားလုံးကို ဒီကနေ့ အပြီးတိုင်ဖျက်ဖို့ ဆောင်ရွက်နေကြောင်း နေအိမ် ဖျက်ခံရတဲ့ ကာယကံရှင်တစ်ဦးက ပြောပါတယ်။


(၁၅) မီးဘေးသင့်ပြည်သူများအတွက် နေအိမ်များပြန်လည်တည်ဆောက်ရာတွင် နေအိမ်ပုံစံအညွန်းနှင့် လက်တွေ့ဆောက်လုပ်ပုံအနေထားကွာခြားချက်ရှိနေ : Source : Arakantimes
22-Jul-12
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် လွန်ခဲ့သည့် ဇွန်လက ဘင်္ဂလီမူဆလင်များအကြမ်းဖက်မှုကြောင့် ရခိုင်တိုင်းရင်းသားများ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရာ မီးဘေးသင့်ပြည်သူများအတွက် နေအိမ်များပြန်လည် တည်ဆောက်ရာတွင် နေအိမ်ပုံစံအညွန်းနှင့် လက်တွေ့ဆောက်လုပ်ပုံအနေထား ကွာခြားချက်ရှိနေကြောင်း သတင်းရရှိသည်။

 
(၁၆) ရဲမှူးစိုးသိန်းနှင့် ဒုရဲအုပ် တင်ဆန်းဦးတို့က ဘင်္ဂလီမူဆလင်များအား ဆန်များကို ၀ယ်ယူရောင်းချနေခြင်းကြောင့် စစ်တွေ ဒေသခံများ မခံမရပ်ဖြစ်နေ : Source : Arakantimes
22-Jul-12
ရခိုင်ပြည်နယ် စစ်တွေမြို့ ရဲတပ်ရင်း ဗဟိုကွပ်ကဲရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ရဲမှူးစိုးသိန်းနှင့် ဒုရဲအုပ် တင်ဆန်းဦးတို့က စစ်တွေမြို့မှ ဆန်များကို ၀ယ်ယူကာ ဘင်္ဂလီမူဆလင်များအား ရောင်းချနေခြင်းကြောင့် စစ်တွေမြို့ဒေသခံများ မခံမရပ်ဖြစ်နေကြကြောင်း သတင်းရရှိသည်။


(၁၇) သမ္မတ ဦးသိန်းစိန်ပြောသောစကားကို ရခိုင်ပြည်သူလူထုကြိုဆို  : Source : Arakantimes
23-Jul-12
လွန်ခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ အကြီးအကဲဖြစ်သူ Antonio Guterres နှင့် သမ္မတ ဦးသိန်းစိန်တို့တွေ့ဆုံခဲ့ရာ သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာတဲ့ ဘင်္ဂလီမူဆလင်များကို လက်ခံရန်ဘယ်တော့မှ မဖြစ်နိုင်ကြောင်း ပြောလိုက်သောစကားကို

(၁၈) ထပ်မံတိုက်ခိုက်ရန် လာကြသော သောင်းကျန်းသူ ၆၀၀ ကျော်မှ ၁၀ ကျော်ဖမ်းဆီးမိ : Source : Arakantimes
21-Jul-12
စစ်တွေမြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူ ဘင်္ဂလီမူဆလင် ၆၀၀ ကျော်က ရခိုင်ပြည်သူလူထုအား ထပ်မံပြီး တိုက်ခိုက်ရန် ချီတက်လာမှုကို လုံခြုံရေးက သေနပ်မိုးပေါ်ထောင်ပြီး ခြိမ်းခြောက်ပစ်ခတ်မှုကြောင့် ပြန်လည်ထွက်ပြေး လွတ်မြောက်သွားကြောင်း သတင်းရရှိသည်။

(၁၉) ရခိုင်ပြည်နယ် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများမှ သဘောထားကြေငြာချက် တစ်စောင်ထုတ်ပြန် : Source : Arakantimes
23-Jul-12
စစ်တွေမြို့တွင်ရှိသော တက္ကသိုလ်အသီးသီး၌ ပညာသင်ကြားနေသော တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများမှ ဘင်္ဂလီမူဆလင်-ရခိုင်အဓိကရုဏ်းဖြစ်ပေါ်ရခြင်းနှင့် ၄င်းတို့၏အခက်အခဲများအား
(၂၀) မဲဆောက်ကိုယ်ထူကိုယ်ထ မြန်မာ စာသင်ကျောင်းများ၏ အနာဂတ် မရေရာ : Source : Phophtaw
22-Jul-12
NGO အဖွဲ့များ၏ ဘတ်ချက် လျှော့ချခဲ့မှုကြောင့် မယ်တော် ဆေးခန်းမှ ကြီးမှူးနေသော (Childern Development  Center) CDC အခြေအနေမဲ့ ရွှေပြောင်း မြန် မာကလေး များအတွက် စာသင်ကျောင်းမှ ကျောင်းဆရာနှင့် ကျောင်းဝန်ထမ်းများ အပါဝင် ကျောင်းသားများကိုပါ လျှော့ချနေရသည့် အပြင် ကျန်ရှိနေသည့် ၀န်းထမ်းများ၏

(၂၁) ရှမ်းပြည်နယ် အစိုးရ အဆင့်နှင့် PNLO အဖွဲ့တို့ တရားဝင် ဆွေးနွေး : Source : Phophtaw
23-Jul-12
မနက်ဖြန် (ဇူလိုင် ၂၄) ရက်နေ့တွင် ရှမ်းပြည်နယ် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ကိစ္စ တရားဝင် ဆွေးနွေးရန် ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) အဖွဲ့ အထွေထွေ အတွင်းရေးမှူး ခွန်မြင့်ထွန်းခေါင်းဆောင်သော (၇) ဦး အဖွဲ့သည် ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမြို့သို့ ယမာန်နေ့၌ ရောက်ရှိ

 

(၂၂) လှေပေါ်ရောင်းစားခံရသည့် မြန်မာအလုပ်သမား ၁၈ဦးလွတ်မြောက် : Source : DVB

Published on July 23, 2012 by ေနာ်နုိရင်း   ·   No Comments
ထိုင်းပင်လယ် ငါးဖမ်းေလှေပါ် ေရာင်းစားခံထားရတဲ့ ြမန်မာအလုပ်သမား ၁၈ ဦးကုိ ထုိင်းလူကုန်ကူးမှု တုိက်ဖျက်ေရးအဖွဲ့နဲ့ ထုိင်းနုိင်ငံေရာက် ြမန်မာ အလုပ်သမားအေရး ကူညီဆောငျရှကျပေးနေသူတှေ ပူးပေါငျွးပီး သှားရောကျ ကယ်တင်နိုင်ခဲ့ပါတယ်။

 

(၂၃) လယ်သိမ်းခံတောင်သူများ နစ်နာကြေးပေးဖို့ လွှတ်တော်တွင်ဆွေးနွေး : Source : DVB

Published on July 23, 2012 by မင်းလွင်   ·   No Comments
ဒီကေန့ ကျင်းပတဲ့ ြပည်ေထာင်စုလွှတ်ေတာ်မှာ လယ်သိမ်းခံ တောငျသူတှေအတှကျ နဈနွာေကးပေးဖို့ ဆှေးနှေးခွဲ့ကပါတယျ။
ြပည်ေထာင်စုလွှတ်ေတာ် အစည်းအေ၀းမှာ ြကံခိုင်ေရးပါတီ ဇလွန်းြမို့နယ် လွှတ်ေတာ်ကိုယ်စားလှယ် ဦးတင်ထွဋ် တင်သွင်းထားတဲ့ လယ်ယာေြမများ သိမ်းဆီးခံထားရတာေတွကို စံုစမ်းေဖာ်ထုတ်ြပီး ေတာင်သူလယ်သမားများ နစ်နာဆံုးရှုံးမှု မရှိေစေရး တရားမှျတစွာ ေြဖရှင်းေပးရန် အဆိုကို လွှတ်ေတာ်ကိုယ်စလှယ် ၁၀ ဦးက ဆှေးနှေွးကပါတယျ။

(၂၄) ရှမ်းစာပေ သင်ရိုးညွှန်းတန်းရွေးချယ်ရေး နှီးနှောဖလှယ်ပွဲ ရန်ကုန်တွင်ပြုလုပ် : Source : DVB

23-Jul-12
အနယ်နယ်အရပ်ရပ်က ရှမ်းစာေပယဉ်ေကျးမှုအသင်းေတွ စုေ၀းြပီး ရန်ကုန်ြမို့ မုိင် ေအာင်ေြမဘုံတုိင် ရှမ်းေကျာင်းမှာ ရှမ်းစာေပ သင်ရုိးညွှန်းတန်း ေရွးချယ်ေရး နှီးေနှာဖလှယ်ပွဲကုိ ဇူလုိင် ၂၂ ရက်ကေန ၂၃ ရက်ထိ ြပုလုပ်ခဲ့ပါတယ်။

 

(၂၅) စစ်တပ်မီဒီယာ အင်တာနက်သတင်းစာမျက်နှာ ထွက်ပေါ်လာ : Source : DVB

Published on July 23, 2012 by ရွှေအောင်   ·   No Comments
မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့   မီဒီယာတခုဖြစ်တဲ့ မြ၀တီရုပ်သံ သတင်းဌာနကနေ ၀က်ဘ်ဆိုက်နဲ့ လူမှုကွန်ရက် ဖေ့ဘွတ်စာမျက်နှာတွေ အင်တာနက်ပေါ် လွှင့်တင်လာပါတယ်။


(၂၆) မြန်မာပြည်တွင် ဒိုင်ဝါ ဒေါ်လာသန်း ၃၈၀ မြှုပ်နှံမည် : Source : Irrawaddy
23-Jul-12
ဂျပန်နိုင်ငံတွင် ဒုတိယအကြီးဆုံး ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှု ကော်ပိုရေးရှင်းဖြစ်သည့် Daiwa Securities Group (DSG) က တခြား ဂျပန်နည်းပညာကုမ္ပဏီများနှင့် တွဲဖက်၍ မြန်မာအစိုးရအတွက် သတင်း အချက်အလက်ဆိုင်ရာ နည်းပညာ ကျောရိုးစနစ်တခု တည်ဆောက်ရန် အမေရိကန်ဒေါ်လာ သန်း ၃၈၀ ရင်းနှီးမြှပ်နှံသွားမည်ဟု ရိုက်တာသတင်းတရပ်၌

(၂၇) မြန်မာ့ဆန် တင်ပို့မှု တရုတ် ရပ်ဆိုင်း : Source : Irrawaddy
23-Jul-12
ဆန်အရည်အသွေး မပြည့်မီသောကြောင့် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မြန်မာ့ဆန် တင်ပို့မှုကို ရပ်ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

 

(၂၈) ကလေး အလုပ်သမားများ ဆန္ဒပြမှု အောင်မြင် : Source : Irrawaddy

23-Jul-12
မန္တလေးစက်မှုဇုန်ရှိVe Ve အချိုရည် စက်ရုံတွင်အလုပ်လုပ်နေသောကလေးအလုပ်သမားများ အပါအဝင် အလုပ်သမား ၁၀၀ ကျော်သည် လုပ်ခ လစာနှင့် အခွင့်အရေးများ အပြည့်အ၀ မရရှိသည့်အတွက်ယမန်နေ့က ထိုင် သပိတ်မှောက်ပြီး ဆန္ဒပြ တောင်းဆိုမှုများပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့ကြောင်းသိရသည်။

(၂၉) ဦးနေမျိုးဝေကို ဇေကမ္ဘာက အသရေဖျက်မှုဖြင့် ရုံးတော် ဦးတိုက်လျှောက်ထား : Source : Mizzima
ကွန်းချမ်း | တနင်္လာနေ့၊ ဇူလိုင်လ ၂၃ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၆ မိနစ်
စံခလပူရီ (မဇ္ဈိမ) ။       ။ ဇေကမ္ဘာ ကုမ္ပဏီအား အသရေ ဖျက်မှုဖြင့် ကုမ္ပဏီ မန်နေဂျာက မင်္ဂလာဒုံမြို့နယ် တရားရုံး တွင် ဦးတိုက်လျှောက်ထားမှုနှင့် ပတ်သက်ပြီး ၎င်းအား ထောက်ကြံ့ရဲစခန်းမှ တနင်္လာနေ့ နံနက်တွင် ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့ကြောင်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ က ပြောသည်။
ဆက်ဖက်ရန်---

(၃၀) ဦးဘရန်ရှောင် အမှု တရားလိုပြသက်သေ စစ်ဆေး  : Source : Mizzima
ဖနိဒါ | တနင်္လာနေ့၊ ဇူလိုင်လ ၂၃ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၂၇ မိနစ်
ချင်းမိုင်(မဇ္စျိမ) ။       ။ ဖောက်ခွဲရေးဆိုင်ရာပုဒ်မ ၃ ဖြင့် ကချင်ဒုက္ခသည် စခန်းအတွင်းမှ ဦးလထော် ဘရန်ရှောင်အား ဖမ်းဆီးခဲ့သူ ခရိုင် ဒုစရိုက် နှိမ်နင်းရေးအဖွဲ့ ဒု-ရဲအုပ် ကျော်မျိုးနိုင်အား တနင်္လာနေ့ တတိယ အကြိမ်မြောက် ရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် စစ်ဆေး မေးမြန်းခဲ့သည်ဟု သိရသည်။
ဆက်ဖက်ရန်---

(၃၁) ရနောင်းစက်ရုံ ဂက်စ်ပိုက်ပေါက် မြန်မာအလုပ်သမား ၂၇ ဦး ဒဏ်ရာရ : Source : Mizzima
ကွန်းချမ်း | တနင်္လာနေ့၊ ဇူလိုင်လ ၂၃ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၅၃ မိနစ်
စံခလပူရီ (မဇ္ဈိမ) ။         ။ မြန်မာနိုင်ငံ တောင်ဘက်အစွန်း ကော့သောင်းမြို့ တဖက်ကမ်း ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ ပင်လယ်စာ ထုတ်လုပ်သည့် Andaman Seafood စက်ရုံမှ အအေးခန်း ဂက်စ်ပိုက် တနင်္ဂနွေနေ့က ပေါက်ကွဲမှုကြောင့်
မြန်မာနိုင်ငံသူ ၂၇ ဦး ဒဏ်ရာ ရရှိခဲ့ပြီး အရေးပေါ် ဆေးဝါးကုသမှု ခံယူခဲ့ရကြောင်း စက်ရုံ အလုပ်သမားများက ပြော


(၃၂) MOU စာချုပ်ဖြင့် လာခဲ့သည့် မြန်မာအလုပ်သမားများ ပွဲစားအလိမ်ခံရ : Source : Mizzima
ဟင်္သာနီ (မွန်မြေ) | တနင်္လာနေ့၊ ဇူလိုင်လ ၂၃ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၄၂ မိနစ်
စံခလပူရီ (မဇ္ဈိမ) ။       ။ မြန်မာ အလုပ်သမား ၅၀ ဦးတို့အား ထိုင်းနိုင်ငံ၌ တကယ် မရှိသည့် ဆောက်လုပ်ရေး ကုမ္ပဏီတခုတွင် အလုပ်သွင်းပေးမည်ဟု ပွဲစားမှ ပြောဆိုပြီး ခေါ်ဆောင်ခဲ့ကြောင်း ထိုင်းတောင်ပိုင်း အခြေစိုက် Grass Roots Human Rights Education & Development (GRHRED) အဖွဲ့မှ ဒါရိုက်တာ ဦးထူးချစ် က မဇ္ဈိမကို ပြောသည်။
ဆက်ဖက်ရန်---

(၃၃) ဂွဈေး ဆိုင်ခန်းများ ပိုင်ရှင်လက်သို့ သြဂုတ်လ ရောက်မည်: Source : Mizzima
ရတနာဦး | တနင်္လာနေ့၊ ဇူလိုင်လ ၂၃ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၀၄ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။      ။ မေလ ၁၈ ရက်က မီးသင့်ခဲ့၍ အသစ် ပြန်လည် ဆောက်လုပ်နေသည့် စမ်းချောင်းမြို့နယ် ဗဟိုလမ်းနှင့် မကြီးကြီးလမ်းထောင့်ရှိ ရှမ်းလမ်းဈေး (ဂွဈေး)မှ ဈေးဆိုင်ခန်းများအား သြဂုတ်လအတွင်း ဆိုင်ခန်းပိုင်ရှင် များသို့ ပြန်လည်အပ်နှံရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ

 

(၃၄) No NGO လှုပ်ရှားမှုကြောင့် လူထုအခြေပြုအဖွဲ့များကို ရခိုင်လူထုများ လက်မခံသေး : Source : KIC

ဇူလိုင်လ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
ရခိုင်ပြည်နယ်အတွင်း အစိုးရမဟုတ်သောအဖွဲ့အစည်းများအပေါ် ကန့်ကွက်သည့် “NO NGO” လှုပ်ရှားမှုကြောင့် လူထုအခြေပြုအဖွဲ့များကိုပါ ဒေသခံများက လက်မခံဘဲ ဖြစ်နေသေးကြောင်း ဒေသတွင်း လူထုအခြေပြုအဖွဲ့တစ်ခုမှ ကိုသန့်ဇင်က ကေအိုင်စီကို ပြောသည်။

(၃၅) နေအိမ်အသိမ်းခံရသူများအား စည်ပင်ဝန်ထမ်းလုပ်ခိုင်း : Source : KIC
23-Jul-12
ကျူးကျော်နေရာဟုဆိုကာ ပြီးခဲ့သည့်လက နေအိမ်များ ဖျက်သိမ်းခံရသူ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ (၅၀)ရပ်ကွက်မှ အိမ် ထောင်စုဝင်များအား စည်ပင်ဝန်ထမ်းလုပ်မည်ဆိုပါက မြေနေရာဟောင်း၌ တဲတန်းလျား ပြန်လည်ဆောက်ခွင့်ပေးမည်ဟု ၎င်းမြို့နယ် စည်ပင်အမှိုက်ပုံ အရာရှိ ဦးမောင်မောင်သန့်ဇင်က လာရောက်ပြောဆိုကြောင်း သိရသည်။


(၃၆) ဘုရားသုံးဆူမြို့ အာဏာပိုင်အချို့ ခြိမ်းခြောက်ခံနေရ : Source : KIC
23-Jul-12
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ ရပ်ကွက်(၃)၌ အာဏာပိုင်အချို့အား အမည်မသိ လူတစ်စုက ခြိမ်းခြောက်ခဲ့ ကြောင်း မြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

(၃၇) နောင်တောင်း ကချင်စစ်ပြေးစခန်းအား တရုတ်အစိုးရမှ ထပ်မံပြောင်းရွှေ့ခိုင်းမည်ကို စိုးရိမ် : Source : Kachin
23-Jul-12
တရုတ်-မြန်မာနယ်စပ် ဗန်းမော်ခရိုင် မန်ဝိန်းမြို့ တရုတ်ဖက်ခြမ်းတွင်ခိုလှုံနေသော နောင်တောင်း (Nongdao) ခရိုင်ရှိ ကချင်စစ်ပြေးဒုက္ခသည်စခန်းများကို ပြောင်းရွှေခိုင်းမည်ဟု သတင်းများ ပြန်လည်ထွက်ပေါ်လာသော ကြောင့် စစ်ပြေးဒုက္ခသည်များ စိုးရိမ်နေကြသည်။

No comments:

Post a Comment