(၁) SSA မြောက်ပိုင်းနဲ့အစိုးရတပ်တိုက်ပွဲဖြစ် : Source : BBC
2-Jul-12
ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတ ဦးသိန်းစိန် က မြန်မာ့ တပ်မတော် ကို SSA မြောက်ပိုင်းလို့ လူသိများတဲ့ ရှမ်းပြည် ဖွံ့ဖြိုးတိုးတက်ရေးပါတီ SSPP နဲ့ တိုက်ပွဲ တွေ ဆက်မဖြစ် ဖို့ ညွှန်ကြားထားပေမယ့် ပြီးခဲ့တဲ့ ရက်ကပဲ နှစ်ဖက် တပ်ဖွဲ့တွေ ဟာ ရှမ်းပြည်မြောက်ပိုင်း မိုင်းရှူးမြို့နယ် မိန်းအွတ် ကျေးရွာအုပ်စု ဘက်မှာ လက်နက်ကြီးတွေ နဲ့ အပြင်းအထန် ပစ်ခတ်
ဆက်ဖက်ရန်---
(၂) ဒေါ်အောင်ဆန်းစုကြည်
လွှတ်တော်တက်ဖို့ မကျိန်းသေ : Source :
BBC
1-July-12
ကော့မှူးမြို့နယ်
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ
ပြန်လည် ကျင်းပမယ့် လွှတ်တော် အစည်းအဝေး ပထမ သုံးရက်မှာ
တက်ရောက်ဖို့ မကျိန်းသေ သေးကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်
အမတ်တဦးက ပြောပါတယ်။
ဆက်ဖက်ရန်---
(၃) တိုင်းရင်းသားဒေသ ဆင်းရဲမွဲတေမှုကြောင့် မတည်ငြိမ်တာတွေ ဖြစ်လာနိုင် : Source : RFA
2012-07-01
မြန်မာနိုင်ငံက
တိုင်းရင်းသား ပြည်နယ်တွေမှာ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်း ကြီးမားလာနေတာဟာ လက်ရှိ
မြန်မာအစိုးရက ကြိုးပမ်းနေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အဟန့်အတား
ဖြစ်စေနိုင်သလို လူထုအုံကြွမှုတွေ မငြိမ်မသက်မှုတွေ ဖြစ်လာနိုင်တယ်လို့
အာရှဖွံ့ဖြိုးရေးဘဏ် ADB က ဒီကနေ့ သတိပေးလိုက် ပါတယ်။
ဆက်ဖက်ရန်---
(၄) ရခိုင်တိုင်းရင်းသားများ ပြန်လည် ထူထောင်ရေး ရန်ပုံငွေပဒေသာကပွဲ ကျင်းပ : Source : RFA
2012-07-01
မြန်မာနိုင်ငံ
ရုပ်ရှင်အစည်းအရုံးက ကြီးမှူးပြီး နှင်းဆီအဖွဲ့သားများနှင့်
ရုပ်ရှင်အနုပညာရှင်များ ဖျော်ဖြေကပြတဲ့ ရခိုင် တိုင်းရင်းသားများ ပြန်
လည်ထူထောင်ရေး ရန်ပုံငွေပဒေသာကပွဲကို ဇွန်လ ၃၀ ရက်နေ့ ညပိုင်းက ဒဂုံမြို့နယ်
အမျိုးသားကဇာတ်ရုံမှာ ကျင်းပ ပြုလုပ်ခဲ့ပါ တယ်။
ဆက်ဖက်ရန်---
(၅) လွှတ်တော်နဲ့ ၈၈ တာဝန်ကိုယ်စီနဲ့ လုပ်ကိုင် : Source : BBC
1-Jun-12
ပြည်သူ့လွှတ်တော်
ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ ရန်ကုန်မြို့မှာ ဇူလိုင် ၁ က တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ၈၈ မျိုးဆက်
ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က သူတို့ ဆွေးနွေးမှုဟာ ရိုးသားမှုနဲ့ ပွင့်လင်းမှု
ရှိတယ်လို့ ဘီဘီစီကို ထုတ်ဖော် ပြောဆို လိုက်ပါတယ်။
ဆက်ဖက်ရန်---
(၆) ဝန်ကြီးသုံးပါးရဲ့ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲ : Source : BBC
1-July-12
မြန်မာနိုင်ငံ ပြည်ထောင်စု ဝန်ကြီး သုံးပါး စုပေါင်းပြီး သတင်းစာ ရှင်းလင်းပွဲ တရပ်ကို နေပြည်တော်မှာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ ပါတယ်။
ဆက်ဖက်ရန်---
(၇) ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့
ခေတ်ပြိုင်မြန်မာကဗျာ စာတမ်းဖတ်ပွဲ ကျင်းပ : Source : RFA
2012-07-01
မြန်မာကဗျာဆရာများ၊
ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့ဝင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နဲ့
ကဗျာဆရာသမဂ္ဂတို့ ဦးစီးကျင်းပ တဲ့ “ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့
ခေတ်ပြိုင်မြန်မာကဗျာ စာတမ်းဖတ်ပွဲ” ကို ရန်ကုန်မြို့ အမှတ် ၅၈/၆၀ ၊
ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ House of Media & Entertainment ရုံးခန်းမှာ
မနေ့က ကျင်းပခဲ့ ပါတယ်။
ဆက်ဖက်ရန်---
(၈) မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် အရေး ဆွေးနွေး :
Source : BBC
2-Jul-12
မြန်မာ နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ရှိနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တွေကို
ပြန်လည် ခေါ်ယူနိုင်ဖို့ အတွက်
ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ
အရာရှိ တွေနဲ့
ဆွေးနွေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ကပြောပါတယ်။
ဆက်ဖက်ရန်---
(၉) ဒု
နိုင်ငံခြားရေးဝန်ကြီး ဘင်္ဂလားဒေ့ရှ် ကို ရောက်ရှိ : Source : RFA
2012-06-30
အစိုးရ ဒုတိယ
နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့် ဟာ တနင်္ဂနွေနေ့ နေ့လည်ပိုင်းက
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ ကို ရောက်ရှိခဲ့ပါတယ်။
ဆက်ဖက်ရန်---
(၁၀) ကမ္ဘာ့ဘဏ်တွေ မြန်မာကို ကူညီဖို့ နီးစပ် : Source :
BBC
2-Jul-12
မြန်မာနိုင်ငံကို အကူအညီတွေ လာမယ့်
တနှစ်လောက် အတွင်းမှာ အပြည့်အဝ ပြန်ပေးနိုင်ဖို့ အတွက်
အာရှဖွံ့ဖြိုးရေးဘဏ် ADB နဲ့ ကမ္ဘာ့ဘဏ်တို့ သဘောတူညီချက် တခုရဖို့ နီးစပ်
နေပြီ ဖြစ်တယ်လို့ ADB ရဲ့
အကြီးတန်း အရာရှိ
တဉီးက စနေနေ့က ပြောပါတယ်။
ဆက်ဖက်ရန်---
(၁၁) မြန်မာအစိုးရ
စစ်တပ်အတွက် ကလေးစစ်သား စုဆောင်းနေဆဲ :
Source : BBC
30-Jun-12
မြန်မာအစိုးရ စစ်တပ်ထဲမှာ ကလေးစစ်သား တွေ
အသုံးပြု နေတာတွေကို လုံးဝ
ပပျောက်ဖို့ အမှန်တကယ် လုပ်ဆောင် တော့မယ်လို့ ကုလသမဂ္ဂကို ပြီးခဲ့တဲ့ ၃
ရက် လောက်က
စစ်တပ် တာဝန်
ရှိသူတွေက ကတိပေးပြီး ပေမယ့်လည်း ခုချိန်ထိ အရွယ်
မရောက်သေးတဲ့ ကလေးငယ်တွေကို စစ်သား
အဖြစ် စုဆောင်းဆဲ ရှိနေပါသေးတယ်။
ဆက်ဖက်ရန်---
(၁၂) အလုပ်သမားတွေ ဖမ်းပြီးပ်ြနမပို့ဖို့ မြန်မာက
ထိုင်းကို တရားဝင်ပြော : Source : DVB
Published on
July 1, 2012 by ေရွှေအာင်
· No Comments
တရားမ၀င်
ြမန်မာအလုပ်သမားေတွကို
ဖမ်းဆီးြပီး ြပန်ပို့တာမျိုး မလုပ်ဘဲ ြမန်မာ သံရံုးကို အေြကာင်းြကားေပးဖို့ ြမန်မာအစိုးရက ထိုင်းအစိုးရကို တရား၀င် ေြပာြကားလိုက်ပါတယ်။
ဆက်ဖက်ရန်---
(၁၃) လှိုင်သာယာမြို့နယ် ကျေးရွာအုပ်စုက လယ်သမားတွေ အိုးအိမ်ဌာနကို ဆန္ဒပြ : Source : DVB
Published on July
2, 2012 by နော်နိုရင်း · No
Comments
ရန်ကုန်တိုင်း
လှိုင်သာယာမြို့နယ်ထဲက လယ်သမားတွေဟာ အသိမ်းခံရတဲ့ လယ်မြေတွေမှာ
ပြန်လုပ်ကိုင်ခွင့်ရဖို့ တောင်းဆိုထားတဲ့ကိစ္စ အိုးအိမ်ဌာနက ဖြေရှင်းမပေးတဲ့အပြင်
လယ်မြေလုပ်ကိုင်ခွင့် မရတော့တဲ့အတွက် လယ်သမား ၂၀ လောက်က အိုးအိမ်ဌာနရှေ့မှာ ဒီနေ့
သွားရောက် ဆန္ဒပြ တောင်းဆိုကြပါတယ်။
ဆက်ဖက်ရန်---
(၁၄) ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း လူ၅၀ခန့် ဖမ်းဆီးအရေးယူနေ :Source : DVB
Published on
July 2, 2012 by ဒီဗှီဘီ
· No Comments
ရခို်င်ြပည်နယ်
ေတာင်ကုတ်ြဖစ်ပွားခဲ့တဲ့အြကမ်းဖက်မှုနဲ့
ပတ်သက်ြပီး လူ ၃၀ကို ဖမ်းဆီး ထိန်းသိမ်း အေရးယူေန တယ်လို့ ဒီကေန ့ထုတ် အစိုးရ ပိုင်သတင်းစာ ေတွမှာ သတင်း ထုတ်ြပန်လုိက်ပါတယ်။
ဆက်ဖက်ရန်---
(၁၅) ကြုံတွေ့နေရသော အခက်အခဲများကို စီးပွားရေး လုပ်ငန်းရှင်များမှ လွှတ်တော်ဥက္ကဌသို့ တင်ပြဆွေးနွေး : Source : DVB
Published on
July 2, 2012 by ဒီဗှီဘီ
· No Comments
ဇွန်လ
ဆက်ဖက်ရန်---
(၁၆) ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဥိး ပြည်ပထွက်ဆေးကုသမှုခံယူမည် : Source : DVB
Published on
July 2, 2012 by ဒီဗှီဘီ
· No Comments
ရှမ်းတိုင်းရင်းသားများ
ဒီမိုကေရစီအဖွဲ့ချုပ်
ေခါင်းေဆာင် ဦးခွန်ထွန်းဦးဟာ ေဆးကုသမှု ခံယူဖို့ ဒီေန့ ညေနမှာ ထိုင်းနိုင်ငံ ဘန်ေကာက်ြမုိ့ကို ထုိင်း နိုင်ငံတကာ ေလေြကာင်းလိုင်း(တီဂျီ)နဲ့ ထွက်ခွာဖို့ရှိတယ်လို့ သူ့ရဲ့ပါတီက ထုတ်ေဖာ်ေြပာြကား လိုက်ပါတယ်။
ဆက်ဖက်ရန်---
(၁၇) ဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ် ခရီးစဉ်ရွှေ့ဆိုင်း : Source : RFA
2012-07-01
လာမယ့် ဇူလိုင်လ ၁၅ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်
အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ထားတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်
ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရ နိုင်ငံခြားရေးဌာနက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ဆက်ဖက်ရန်---
(၁၈) ဆဲဗင်းဇူလိုင် အခမ်းအနားတွေ တားမြစ်ခံရ : Source : DVB
Published on
July 2, 2012 by အေးနိုငျ · No
Comments
ဦးသိန်းစိန်ဦးေဆာင်တဲ့
အစိုးရသစ်လက်ထက်မှာ နိုင်ငံေရးနဲ့သက်ဆိုင်တဲ့ အခမ်းအနားေတွ ကျင်းပခွင့်ြပုလာေပမယ့် လာမယ့် ဇူလိုင် ၇ ရက်ေန့မှာကျေရာက်မယ့် ဆဲဗင်းဇူလိုင် အထိမ်းအမှတ်
ပွဲကိုေတာ့ သက်ဆိုင်ရာက ကျင်းပခွင့်မေပးဘဲ လိုက်လံ တားြမစ်ေနပါတယ်။
ဆက်ဖက်ရန်---
(၁၉) မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဝင် ၃ ဦး ဂျပန်နိုင်ငံသွားရောက်လေ့လာမည် : Source : Mon
2-Jul-12
လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဝင် ၃
ဦးတို့သည် အခြားနိုင်ငံရေးပါတီခြောက်ဖွဲ့မှ ပါတီဝင်များနှင့်အတူ ယနေ့ဇူလိုင်လ ၂
ရက်နေ့တွင် ဂျပန်နိုင်ငံသို့သွားရောက်လေ့လာမည် ဖြစ်သည်။
ဆက်ဖက်ရန်---
(၂၀) မဲဆောက်မြို့တွင်
ပါ့စ်ပို့အသစ်ရ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ထိုင်းတစ်နိုင်ငံလုံး
သွားလာခွင့်မရ : Source : Arakantimes
1-Jul-12
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ပါ့စ်ပို့အဟောင်းကို ကိုင်ဆောင်ထားသော ရွှေ့ပြောင်းမြန်မာအလုပ်သမားများ ထိုင်းတစ်နိုင်ငံလုံးသွားလာနိုင်ပြီး ယခု ပါ့စ်ပို့အသစ်ရ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ ထိုင်းတစ်နိုင်ငံလုံး သွားလာ
ဆက်ဖက်ရန်---
(၂၁) ရခိုင်ပြည်သူများ
ဘ၀လုံခြုံမှုကို ကာကွယ်ပေးရန် နယူးယောက် ကုလရုံး ရှေ့တွင် ဆန္ဒပြ တောင်းဆို :
Source : Natinjara
1-Jul-12
အကြမ်းဖက်တိုက်ခိုက်မှုများကြောင့်
အတိ ဒုက္ခ ရောက်ခဲ့ကြရသော ဒေသခံ ရခိုင် ပြည်သူများ၏ ဘ၀ လုံခြုံ ရေးကို လက်ရှိ
အုပ်ချုပ်နေသည့် မြန်မာ အစိုးရအနေဖြင့် ထိထိ ရောက်ရောက် ကာကွယ် ပေးရန်
နယူးယောက်မြို့ ကုလ သမဂ္ဂ
ဆက်ဖက်ရန်---
(၂၂) ရခိုင်ပြည်နယ်၌
နိုင်ငံသားကပ် စစ်ဆေးတော့မည် : Source : Phophtaw
1-Jul-12
ရခိုင်ပြည်နယ်၌ နိုင်ငံသား စီစစ်ရေး ကပ်ပြား များကို မှန်ကန်မှု ရှိမရှိ စစ်ဆေးနေပြီး ကပ်ပြား မရှိသူများအား လူဝင်မှု ကြီးကြပ်ရေး အက် ဥပဒေဖြင့် အရေးယူ သွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ယနေ့ ၁၂ နာရီတွင် နေပြည်တော် စက်မှု ၀န်ကြီး ဌာန၌ ကျင်းပသော မီဒီယာ တွေ့ဆုံပွဲတွင်
ဆက်ဖက်ရန်---
(၂၃) မြန်မာ-ဘင်္ဂလာ
အစည်းအဝေး ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် မြန်မာဘင်္ဂလီများကို လက်ခံရန် အတည်ပြု
: Source : Arakantimes
2-Jul-12
မြန်မာ-ဘင်္ဂလာ
နှစ်နိုင်ငံအကြား ဇူလိုင် ၁ ရက်မှ ၂ ရက်နေ့အထိ ဒက္ကားမြို့မှာ ကျင်းပနေသည့်
အစည်းအဝေးတွင် မြန်မာ့ ဒု-နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့က မြန်မာ့ဘင်္ဂလီများအား
လက်ခံရန် အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
ဆက်ဖက်ရန်---
(၂၄) စစ်တွေမြို့မှ
စစ်မူထမ်းဟောင်း အစောင့် တစ်ဦးရဲ့အိမ် မီးရှို့ခံရ : Source : Narinjara
2-Jul-12
ရခိုငိပြည်နယ်
မြို့တော် စစ်တွေတွင် ယမန်နေ့က မီးရှို့မူ
တစ်ခု ဖြစ်ပွားရာ ရခိုင်ဒေသခံ အိမ်တစ်ဆောင် မီးထဲ ပါသွားကြောင်း သတင်း ရရှိသည်။
ဆက်ဖက်ရန်---
(၂၅) အမေရိကန်သံအမတ်သစ် ဒဲရက်မစ်ချယ်လ် : Source : BBC
1-Jul-12
အမေရိကန် ပြည်ထောင်စုက မြန်မာ
နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ်
ဒဲရက် မစ်ချယ်လ် ကို
ခန့်အပ်ဖို့ သမ္မတ
အိုဘားမား ကိုယ်တိုင် ရွေးချယ်ရာထား မှုကို
အခု ဆီးနိတ် လွှတ်တော် ကနေ
သောကြာနေ့က အတည်ပြု လက်ခံ
လိုက်ပြီ ဖြစ်ပါတယ်။
ဆက်ဖက်ရန်---
(၂၆) ရခိုင်ပြည်နယ်တွင်
ဘင်္ဂါလီ ၅ သိန်းသာ အဖြူရောင်ကပ် ထုတ်ခဲ့ : Source : Phophtaw
2-Jun-12
ရခိုင်ပြည်နယ်၌
ရှိသည့် ဘင်္ဂါလီ ၁၀ သိန်း ရှိသည့် အထဲတွင် white card ထုတ်ပေး ထားသည့် ဦးရေ မှာ ၅
သိန်း သာ ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန
ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ဇူလိုင်လ ၁ ရက်နေ့က နေပြည်တော် စက်မှု ၀န်ကြီး ဌာန
အစည်းအဝေး ခန်းမတွင် ကျင်းပသည့် တွေ့ဆုံပွဲတွင် ပြောကြား ခဲ့ပါသည်။
ဆက်ဖက်ရန်---
(၂၇) အနုပညာရှင်များ
ကိုယ်တိုင် စစ်တွေသို့ သွားရောက် လှူဒါန်းမူ ဒုက္ခသည်များ အားရ ရွှင်လန်းမူကို
ဖြစ်စေ : Source : Narinjara
2-Jul-12
မြန်မာ့
အနုပညာရှင်များကိုယ်တိုင် သွားရောက် ပြီး ကယ်ဆည်ရေး ပစ္စည်းများ သွားရောက် ကူညီ
လှူဒါန်းမူသည် ဆူပူ အကြမ်းဘက်မှုကြောင့် ဒုက္ခကျရောက်နေကြသူ
ရခိုင်တိုင်းရင်းသားများအား အထူး အားရ ကျေနပ်မူနှင့် အတူ စိတ်ပိုင်းဆိုင်ရာ အရ
အားတက်မူကို ဖြစ်စေသည်ဟု လူမူရေး ကယ်ဆည်ရေး လုပ်နေသူ တစ်ဦးက ပြောသည်။
ဆက်ဖက်ရန်---
(၂၈) မုံးကိုးမြို့နယ် စည်ပင်ဋ္ဌာနမှူး ကို လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ဖမ်းသွား : Source : Panglong
Monday, 02 July
2012 17:07 သျှမ်းသံတော်ဆင့်
သျှမ်းပြည်
(မြောက်ပိုင်း) မူစယ်ခရိုင် မုံးကိုးမြို့နယ်ခွဲ စည်ပင်သာယာ ဋ္ဌာနမှူးဖြစ်သူ အသက်
၃၃ နှစ်အရွယ် ကိုအောင်လွင်ဦးအား ဂျွန်လ ၂၆ ရက်နေ့ ညနေ ၄ နာရီခန့်က
အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ဆက်ဖက်ရန်---
(၂၉) နေပြည်တော်မှဘုရားသုံးဆူ
လောင်း ကစားဝိုင်းကို လာရောက်စစ်ဆေး : Source : KIC
2-Jul-12
ထိုင်း-မြန်မာနယ်စပ်၊
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့်
ဖွင့်လှစ်ထားသည့် လောင်း ကစားဝိုင်းများကို နေပြည်တော် အထူးစုံစမ်း စစ်ဆေးရေးမှ
တာဝန်ရှိသူ ၄ဦးတို့ ယမန်နေ့က လာရောက်စစ်ဆေးနေသည်ဟု ရဲနှင့် နီးစပ် သူတစ်ဦးက
ပြောသည်။
ဆက်ဖက်ရန်---
(၃၀) အပစ်အခတ်ရပ်စဲထားသော် လည်း တောင်ငူတွင် တိုက်ပွဲဖြစ်ပွား : Source : KIC
2-Jul-12
ကရင်ပြည်နယ်၊
သံတောင်မြို့နယ်ရှိ ၀ါးစိုးရွာအနီး ရှဲလိုဒေါခိုတွင် ကရင်အမျိုးသားအစည်းအရုံး-KNU
လက်အောက်ခံတပ်နှင့် မြန်မာအစိုး ရတပ်တို့အကြား ပြီးခဲ့သည့် ဇွန်လ ၂၇ရက်နေ့က
တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။
No comments:
Post a Comment