(၁) တောင်ဥက္ကလာ ပြည်သူများ ဦးအောင်သိန်းလင်းကို
ကန့်ကွက် : Souce : Irrawaddy
30-Jul-12
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးအောင်သိန်းလင်းကို တောင်ဥက္ကလာပ မဲဆန္ဒရှင် ပြည်သူများက ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ
လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲပေးရန် လက်မှတ်ရေးထိုးသော လှုပ်ရှားမှု တရပ် စတင်ပြီ
ဖြစ်ကြောင်း သတင်းရရှိသည်။
(၂) မြန်မာပြည်
ဒေသတချို့တွင် မိုးများ၍ ရေကြီး : Source : Irrawaddy
30-Jul-12
မိုးသည်းထန်စွာ ရွာသွန်းသဖြင့်
သံလွင်မြစ်ရေ လျှံသောကြောင့် ကရင်ပြည်နယ် ဘားအံမြို့တွင် ယမန်နေ့ ညက စတင်၍ လူနေအိမ်
အများအပြား ရေနစ်မြုပ်ခဲ့ပြီး ထားဝယ်မြို့တွင်လည်း မိုးများသောကြောင့် ရေကြီးရေလျှံ
မှုများ ဖြစ်ပေါ် ခဲ့သေး ကြောင်း ဒေသခံ များက ပြောသည်။
(၃) တာလီဘန်
ခြိမ်းခြောက်မှု မြန်မာ မွတ်ဆလင်များ ဆန့်ကျင် : Source : Irrawaddy
30-Jul-12
မြန်မာနိုင်ငံကို ပါကစ္စတန်
နိုင်ငံအခြေစိုက် တာလီဘန် အကြမ်းဖက်အဖွဲ့ Tehreek-e – Taliban (TTP) က ခြိမ်းခြောက်မှု
အပေါ် နိုင်ငံအတွင်း နေထိုင်သူ အစ္စလမ် ဘာသာရေး ခေါင်းဆောင်များနှင့် နိုင်ငံရေး ပါတီ
ခေါင်းဆောင်များက ဆန့်ကျင်ကြောင်း ပြောဆိုသည်။
(၄) ဧရာဝတီတိုင်းတွင်
ကျွန်းသစ်ထုတ်လုပ်မှု ရာနှုန်းပြည့် လျှော့ချမည် : Source : Irrawaddy
30-Jul-12
ဧရာဝတီတိုင်းတွင် ၂၀၁၂
– ၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း ကျွန်းပင် ခုတ်လှဲခြင်းမပြုဘဲ ရာနှုန်းပြည့် ထုတ်လုပ်မှု လျှော့ချရန်
သတ်မှတ်ထားကြောင်း တိုင်း သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးနှင့် သစ်တောရေးရာ ဌာနက ပြောသည်။
(၅) ဘင်္ဂါလီ
၁၂၀၀ ကျော် မြန်မာဘက် ပြန်ပို့ဟု ဘင်္ဂလားဒေ့ရှ် ပြော : Source : Irrawaddy
30-Jul-12
ရခိုင်ပြည်နယ်အတွင်း
မကြာသေးခင်က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ၀င်ရောက်လာ၍
မြန်မာနိုင်ငံဘက် ပြန်ပို့ခဲ့ရာ ဘင်္ဂါလီ ဒုက္ခသည် ယနေ့အထိ ၁၂၀၀ ကျော်ရှိပြီး ဆက်လက် ၀င်ရောက်
လာနေဆဲလည်း ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ၏ ပြောကြားချက်အရ သိရှိရသည်။
(၆) သာစည်မြို့လယ်က
ဓါတ်ဆီဆိုင် မြို့ပြင်ထုတ်ရန် လှည့်လည်ဆန္ဒပြ : Source : DVB
Published on July
30, 2012 by အေးနိုငျ · No Comments
မန္တေလးတိုင်း သာစည်ြမို့ရဲ့
ြမို့လယ်မှာ ဖွင့်လှစ်ထားတဲ့ စက်သုံးဆီဆိုင်တဆိုင်ကို ြမို့ြပင်ထုတ်ေပးဖို့ွမျို့ခံတှေ
ဒီနေ့ ဆန္ဒြပေတာင်းဆိုြကပါတယ်။သာစည်ြမိ်ု့လယ်ေခါင်က ေကာင်းေဇာ်ဟိန်း ပုဂ္ဂလိက စက်သုံးဆီဆိုင်ဟာ
ေလာင်စာဆီဂါလန် အများအြပား သိုေလှာင်ြပီး လူေနရပ်ကွက်အတွင်း ေရာင်းေနတာေြကာင့် ြမို့ြပင်ထုတ်ေပးဖို့
ဆန္ဒြပြကတာြဖစ်ပါတယ်။
(၇) စစ်တပ်က မြေယာသိမ်းထားသဖြင့် တောင်သူများအခက်တွေ့
: Source : DVB
Published on
July 29, 2012 by
မင်းလွင်
· No Comments
မန္တေလးတိုင်းေဒသြကီး
မိုးမိတ်ြမို့နယ် လက်ခုတ်ပင်ရွာမှာ ေဒသခံ ခမရ ၃၄၈ က လယ်ယာေြမ ဧက
၂၀၀ ေကျာ်ကို သိမ်းဆည်းြပီး လယ်ယာလုပ်ကိုင်ခွင့် မေပးတဲ့အတွက် ေတာင်သူေတွ အခက်ြကံုေနရတယ်လို့ လယ်သမားအေရး အကူအညီပေးနေတဲ့ ကိုသက်ခိုင်က ေြပာပါတယ်။
(၈) ပအိုင်းအဖွဲ့ချုပ်နှင့် ၀န်ကြီး ဦးအောင်မင်းတို့
အပစ်ရပ်ရေး အကြိုဆွေးနွေး : Source : DVB
Published on
July 30, 2012 by
ေနာ်နုိရင်း
· No Comments
ပအိုဝ်းအမျိုးသားလွတ်ေြမာက်ေရးအဖွဲ့ချုပ်
ေခါင်းေဆာင် ဦးခွန်ြမင့်ထွန်း၊ ဗိုလ်မှူးြကီး ခွန်သူရိန် အပါအ၀င် အဖွဲ့၀င် ၇ ဦးဟာ ြမန်မာနုိင်ငံတွင်းေရာက်ရှိေနြပီး
ဇူလိုင် ၂၈ ရက်ေန့ က ြပည်ေထာင်စု ြငိမ်းချမ်းေရး
ေဖာ်ေဆာင်မှု လုပ်ငန်း ေကာ်မတီ ဒု-ဥက္ကဋ္ဌ မီးရထား ဝန်ြကီး ဦးေအာင်မင်းနဲ့ တှေ့ဆုံဆှေးနှေးခဲ့ပါတယျ။
(၉) ရွေးကောက်ပွဲ စနစ်ပြင်ဆင်ရေးထက် ရွေးကောက်ပွဲ
စနစ်ကျရန် တိုက်တွန်း : Source : DVB
Published on
July 29, 2012 by
မင်းလွင်
· No Comments
ဒီမိုကေရစီမိတ်ေဆွပါတီများကေန
ရှေးကောကျပှဲစနဈွပွုပငျရေးနဲ့
နိုင်ငံေရး အုပ်စုများကို သူတို့ရရှိတဲ့ ဆန္ဒမဲ အနည်းအများလိုက် လွှတ်ေတာ်မှာ ကိုယ်စားြပုပါ၀င်ေစမယ့် အချုိးကျကိုယ်စားြပုစနစ် လုပ်ေဆာင်နိုင်ဖို့ကို မေန့က ေြကညာချက် သေဘာထားထုတ်ြပန်ပါတယ်။
(၁၀) ပေါင်းလောင်း ရေကာတာစီမံကိန်း
: Source : BBC
29-Jul-12
နေပြည်တော် ပျဉ်းမနားမြို့ရဲ့ အရှေ့ဘက် ၂၆
မိုင် အကွာမှာ အထက်ပေါင်းလောင်း ရေကာတာ
စီမံကိန်းကြောင့် ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ပေါင်းလောင်းမြစ်ဘေး တလျှောက် က
ကျေးရွာပေါင်း ၂၂
ရွာ၊ အိမ်ခြေ နှစ်ထောင် နဲ့
ဒေသခံ ရှစ်ထောင်ကျော်ဟာ တခြား
နေရာ ကို
ပြောင်းရွှေ့ပေး ရမယ့်
အနေအထား ဖြစ်နေပါတယ်။
(၁၁) နှစ်သီးစား
သုံးသီးစား စစ်တပ်အရာရှိများ : Source :
BBC
29-Jul-12
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ စစ်တပ်က ရာစုနှစ်ဝက်လောက် အုပ်ချုပ် စိုးမိုးခဲ့တာမို့ ဒီမိုကရေစီခေတ်ကို ပြောင်းနေပါတယ်ဆိုတဲ့ ဒီနေ့ခေတ် ဒီနေ့အချိန်ထိကို စစ်တပ်ကနေ အရပ်ဘက် အုပ်ချုပ်ရေး ဘက်ကို
ပြောင်းလဲလာသူတွေ ဆက်လက်
ရှိနေသေးသလို တိုးမြှင့်ထားတဲ့ ပင်စင်ခံစားခွင့်တွေကို နှစ်မျိုးနှစ်ထွေ ရယူခံစားနေကြတာဟာ တိုင်းပြည်
(၁၂) ကင်တားနား
မြန်မာ နိုင်ငံရောက်ရှိ : Source : BBC
29-Jul-12
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး
ကင်တားနားဟာ မြန်မာ
နိုင်ငံကို ရောက်ရှိလာပါတယ်။
ဒါဟာ ရခိုင်ပြည်နယ်ဘက်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့အပြီးမှာ သူ့ရဲ့ပထမဆုံး မြန်မာ
ခရီးစဉ်လည်း ဖြစ်ပါတယ်။
(၁၃) မန္တလေးလူမှုရေးလုပ်ငန်း
၈၈ ကျောင်းသားများ သွားရောက် လှူဒါန်း : Source : RFA
2012-07-29
မန္တလေးမြို့ကို ရောက်ရှိနေတဲ့
၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ခေါင်းဆောင်တွေဟာ ဒေသခံ လူမှုရေးလုပ်ငန်းတွေ အတွက် ဒီကနေ့
သွားရောက် လှူဒါန်းခဲ့ကြပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ အနေနဲ့ ဒေသခံပြည်သူတွေရဲ့
လိုအပ်ချက်တွေကို ၀ိုင်းဝန်း ဖြည့်ဆည်းပေးမယ်ဆိုတဲ့ မူလုပ်ငန်းစဉ်အရ ရောက်ရှိတဲ့ဒေသတွေမှာ
သွားရောက် လှူဒါန်းတာ
(၁၄) ဒေါ်အောင်ဆန်းစုကြည်
ရဟန်းအမအဖြစ် ကုသိုလ်ဒါနပြု : Source :
RFA
2012-07-29
အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်က ရဟန်းအမအဖြစ် ကုသိုလ်ဒါနပြုတဲ့ ရဟန်းခံပွဲကို မနေ့က
ပုဂံမြို့မှာ ကျင်းပခဲ့ပါတယ်။
(၁၅) ဒုက္ခသည်ထဲမှာ
အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ်ရှိသူ ပါဝင်နိုင် : Source : RFA
2012-07-28
မြန်မာနိုင်ငံဘက်ကနေ
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ၀င်ဖို့ ကြိုးစားနေတဲ့ ဒုက္ခသည်တွေထဲမှာ
အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ် ရှိသူတွေ ပါဝင်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်
ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောဆိုလိုက်ပါတယ်။
(၁၆) စစ်တပ်ဖမ်းတဲ့
ရွာသား အလောင်းပဲ ပြန်တွေ့ : Source : RFA
2012-07-28
ရှမ်းပြည်မြောက်ပိုင်း
ပန်ဆိုင်းမြို့နယ် အတွင်းက ရွာသား တစ်ယောက်ကို မြန်မာ အစိုးရတပ်က
ဖမ်းသွားပြီးနောက် သေဆုံးနေတဲ့ အလောင်းကိုပဲ မနေ့က ပြန်တွေ့ရတယ်လို့ သိရပါတယ်။
(၁၇) လူထုကို
ဗဟိုပြုပြီး နိုင်ငံအပြောင်းအလဲ ဆောင်ရွက်ရန် ဒေါ်သန်းမြင့်အောင် ဆွေးနွေး : Source
: RFA
2012-07-28
လူငယ်အဖွဲ့တွေ
ဦးစီးပြီး အပတ်စဉ် ကျင်းပနေတဲ့ အသင်းအဖွဲ့များ၏ ပြုပြင်ပြောင်းလဲမှုနှင့်
အနာဂတ်မြန်မာပြည် ဆိုတဲ့ တတိယအကြိမ် ဆွေးနွေးပွဲကို ရန်ကုန်မြို့မှာ
တော်ဝင်နှင်းဆီမှာ ဒီနေ့ကျင်းပခဲ့ပြီး၊ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဒုဥက္ကဋ္ဌ
စာရေးဆရာမ သန်းမြင့်အောင် က ငြိမ်းချမ်းရေးနဲ့ပရဟိတအကြောင်း
ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။
(၁၈) အလုပ်လက်မဲ့အခြေအနေ
ဆိုးရွားနေကြောင်း တောင်သူတွေ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြ : Source : RFA
2012-07-28
နေပြည်တော် ဥတ္တရသီရိမြို့နယ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို ဒီကနေ့ သွားရောက်ခဲ့တဲ့ NLD ဥက္ကဋ္ဌ ကော့မှူးမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံ တောင်သူလယ်သမားတွေက မိမိတို့လယ်ယာမြေတွေ
အသိမ်းခံခဲ့ရတာကြောင့် လယ်မဲ့ယာမဲ့အပြင် အလုပ်လက်မဲ့တွေအဖြစ် ဘ၀အခြေအနေတွေ ပိုမိုဆိုးရွားနေကြောင်း
(၁၉)
ရိုဟင်ဂျာကိစ္စ ဖြေရှင်းပြီးမှ ရွေးကောက်ပွဲစနစ်သစ် စဉ်းစားသင့်ဟု ရခိုင်ပါတီဆို :
Source : Mizzima
ကွန်းချမ်း | တနင်္လာနေ့၊ ဇူလိုင်လ ၃၀
ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၅၇ မိနစ်
စံခလပူရီ (မဇ္ဈိမ) ။ ။ လာမည့်
ရွေးကောက်ပွဲများတွင် အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation – PR
စနစ်) ပြောင်းလဲ ကျင့်သုံးပါက ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မူဆလင်အရေး
ပိုမိုရှုပ်ထွေးလာဖွယ် ရှိသည့်အတွက် ၎င်းစနစ်ကို အချိန်ယူ လေ့လာ ဆန်းစစ်ရန် လိုကြောင်း
ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP က ပြောသည်။
ဆက်ဖက်ရန်---
(၂၀)
အလွဲသုံးစားမှုဖြင့် မီးရထားဝန်ထမ်း ၄၄ ဦးကို တာဝန်မှ ရပ်စဲ : Source : Mizzima
မြတ်ကျော်သူ | တနင်္လာနေ့၊ ဇူလိုင်လ ၃၀
ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၀ မိနစ်
ရန်ကုန် (မဇ္ဈိမ)။ ။
လောင်စာဆီ အလွဲသုံးစားမှုဖြင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှ မီးရထားဝန်ထမ်း
၄၄ ဦးကို တာဝန်မှ ရပ်စဲလိုက်သည်ဟု မိုးညှင်းမြို့နယ်မှ အမည်မဖေါ်လိုသူ
မီးရထားဝန်ထမ်းများက မဇ္ဈိမကို ပြောသည်။
ဆက်ဖက်ရန်---
(၂၁)
လျှပ်တစ်ပြက် ဂျာနယ်အမှု သြဂုတ် ၃ ရက်နေ့တွင် ထပ်မံကြားနာမည် : Source : Mizzima
သစ်ငြိမ်း | တနင်္လာနေ့၊ ဇူလိုင်လ ၃၀
ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၂၉ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။ ။
လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင် အား ပုဇွန်တောင်မြို့နယ်
အုပ်ချုပ်ရေးမှူးက တရားစွဲဆိုထားသည့်အမှုကို သြဂုတ် ၃ ရက်နေ့တွင် ပဉ္စမကြိမ်မြောက်
ကြားနာရန် ပုစွန်တောင်မြို့နယ် တရားရုံး၌ရုံးချိန်း ထပ်မံခေါ်ယူထားသည်။
ဆက်ဖက်ရန်---
(၂၂)
ရွှေတိဂုံ၌ ဧည့်နိုင်ငံခြားသားများ အင်တာနက် Wi-Fi အခမဲ့ သုံးခွင့်ပြုမည် : Source
: Mizzima
ရတနာဦး | တနင်္ဂနွေနေ့၊ ဇူလိုင်လ ၂၉
ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၃၈ မိနစ်
ရန်ကုန် (မဇ္ဈိမ)။ ။ ရွှေတိဂုံ စေတီတော်သို့
လာရောက်ကြသည် နိုင်ငံခြားများအနေဖြင့် သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ကာ အင်တာနက်
ဝိုင်ဖိုင် Wi-Fi အခမဲ့ အသုံးပြုခွင့်ပေးသွားဟု စေတီတော် ဂေါ်ပကအဖွဲ့
တာဝန်ရှိသူတဦးက ဇူလိုင်လလ ၂၆ ရက်နေ့က မီဒီယာများနှင့် တွေ့ဆုံစဉ်
ပြောကြားလိုက်သည်။
ဆက်ဖက်ရန်---
(၂၃) ဒေါ်အောင်ဆန်းစုကြည် ဂျပန်ပြည်ကို
ချယ်ရီပွင့်ချိန် သွားမည် : Source :
Mizzima
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇူလိုင်လ
၃၀ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၂၇ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံသို့ အလည်အပတ်
ခရီးအဖြစ် ၂ဝ၁၃ ခုနှစ်တွင် လာရောက်ရန်ရှိသည်ဟု မြန်မာ့ တိုင်းရင်းသားများ
လူမှုရေးဆိုင်ရာ ဂျပန်နိုင်ငံ၏ ချစ်ကြည်ရေး သံကိုယ်စားလှယ် အဖွဲ့ဝင်တဦးက ထုတ်ဖော်
ပြောဆိုလိုက်ကြောင်း အေပီ သတင်းတရပ်တွင်
ဆက်ဖက်ရန်---
(၂၄) ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်း
လဲရေး တိုင်းရင်းပါတီတချို့ လက်မခံ : Source : KIC
ဇူလိုင်လ ၃၀ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ်
(ကရင်သတင်းဌာန)
ရွေးကောက်ပွဲစနစ်ပြုပြင်ပြောင်းလဲရေးကို
ဒီမိုကရေစီမိတ်ဆွေပါတီများက ကြေညာချက် ထုတ်ပြန်ခဲ့မှုနှင့် ပတ်သက်၍
တိုင်းရင်းသားပါတီ အချို့က လက်မခံနိုင်ကြောင်း ပါတီခေါင်းဆောင်များက ပြောသည်။
(၂၅) သျှမ်းပြည်တောင်ပိုင်း
မြန်မာအီးဂရက်စ်၏ နိုင်ငံရေးသင်တန်း လူငယ်များစိတ်ဝင်စား : Source : Panglong
Monday, 30 July
2012 18:14 သျှမ်းသံတော်ဆင့်
သျှမ်းတိုင်းရင်းသားများ
ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် စိုင်းအိုက်ပေါင်း၏ဖိတ်ခေါ်မှုကြောင့်
သျှမ်းပြည်တောင်ပိုင်းသို့ မြန်မာအီးဂရက်စ်မှ နိုင်ငံရေးသင်တန်းပေးနေကြောင်း
သျှမ်းလူငယ်များ အသိုင်းအဝိုင်းကပြောသည်။
(၂၆) အစိုးရတပ်နယ်မြေရှင်းလင်းရေးကြောင့်
သျှမ်းပြည်တပ်မတော် စစ်ရေးလေ့ကျင့် : Source : Panglong
Monday, 30 July
2012 18:17 သျှမ်းသံတော်ဆင့်
အစိုးရတပ်
နယ်မြေရှင်းလင်းရေး မကြာခဏလုပ်သောကြောင့် သျှမ်းပြည်တပ်မတော်နှစ်ခုလုံးနှင့်
တိုက်ပွဲ များ ဖြစ်ပွားပြီးနောက်ပိုင်း RCSS/SSA ကလည်း ယခုအပတ်အတွင်း
စစ်ရေးလေ့ကျင့်မှု ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း
နီးစပ်သည့်အသိုင်းအဝိုင်းကပြောပါသည်။
(၂၇) နိုင်ငံရေးရုပ်ပြောင် ကာတွန်းဆရာဟန်လေး DAWN အမည်ရ ကာတွန်းစာစောင်ထုတ်ဝေ : Source : Panglong
Monday,
30 July 2012 18:09 သျှမ်းသံတော်ဆင့်
နိုင်ငံရေးရုပ်ပြောင်ကာတွန်း အဓိကရေးဆွဲသည့် ကာတွန်းဆရာဟန်လေးက DAWN အမည်ရှိ ကလေးပညာ ရေးဆိုင်ရာ ကာတွန်းစာစောင် အမှတ်စဉ် ၁
အား စနေနေ့က စတင်ထုတ်ဝေဖြန့်ချီလိုက်ကြောင်း ကြားသိရပါ သည်။
(၂၈) သျှမ်းဧကရာဇ် စဝ်ဆေခန်ဖှ၏ အင်ပါယာနန်းတော် တရုတ်အစိုးရက ပြန်လည်တည်ဆောက် : Source :
Panglong
Monday,
30 July 2012 17:55 မွေခေါဝ်
တရုတ်နိုင်ငံ ရွှေလီဒေသရှိ သျှမ်းဧကရာဇ် စဝ်ဆေခန်ဖှ (၁၂၉၁-၁၃၆၄)၏
နန်းတော်ကို ဆရာတော် ဦးဝိသုဒ္ဓိဉာဏ ဦးဆောင်ဦးရွက်မှုဖြင့် ရွှေလီဒေသ အုပ်ချုပ်ရေးနှင့် ငွေရှင်တစ်ဦးတို့ ပူးပေါင်းပြီး ပြန်လည်တည်ဆောက်ပေးနေကြောင်း သိရှိရပါသည်။
(၂၉) သွေးစည်းခိုင်မာရေးအတွက်
အဆင့် ၄ဆင့်ပါ လမ်းပြမြေပုံ KKO ထုတ်ပြန် : Source : KIC
30-Jul-12
အမျိုးသားသွေးစည်းခိုင်မာရေးကို
ရှေးရှု၍ ရှေ့ဆက် လုပ်ဆောင်သွားမည့် လုပ်ငန်းအစီအစဉ်များကို အများပြည်သူလူထု
သိရှိရန် အမျိုး သားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး
စသည့်အဆင့် ၄ဆင့်ပါသည့် လမ်းပြမြေပုံကို ကလိုထူးဘော ကရင်အစည်းအရုံး(KKO)မှ
ယမန်နေ့က ထုတ်ပြန်လိုက်သည်။