Sunday, September 9, 2012

နေ့စဉ်မြန်မာ့အရေး ဆက်စပ်သတင်းများ (စက်တင်ဘာလ ၈ ရက်၊ ၂၀၁၂ခုနှစ်)


(၁) နိုင်ငံရေး အရင်ဆွေးနွေးဖို့ လိုတယ်လို့ ကေအိုင်အို ပြော : Source : BBC

7-Sep-12
ငြိမ်းချမ်းရေး ရဖို့အတွက် နိုင်ငံရေး ပြဿနာ တွေကို အရင် ဆွေးနွေးရမယ်လို့ ကေအိုင်အို ကချင်လွတ်လပ်ရေး အဖွဲ့က ထပ်မံပြောကြား လိုက်ပါတယ်။

ဆက်ဖက်ရန်---

 

(၂) စုံစမ်းရေး ကော်မရှင်အဖွဲ့ စစ်တွေမြို့ ပထမဆုံးအကြိမ် ရောက်ရှိ : Source : RFA
2012-09-07
ပြီးခဲ့တဲ့ ဇွန်လအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတကနေ ဖွဲ့စည်းတာဝန် ပေးထားတဲ့ စုံစမ်းရေး ကော်မရှင်အဖွဲ့ဟာ မနေ့ နေ့လည်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ပါတယ်။

ဆက်ဖက်ရန်---

 

(၃) စစ်ရေးပဋိပက္ခအခြေအနေ ၈၈ မျိုးဆက်တွေ ကူညီဖြေရှင်းပေးဖို့ ဖားကန့်ဒေသခံများ တောင်းဆို : Source : RFA

2012-09-07

ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အစိုးရတပ်တွေနဲ့ KIA တပ်တွေအကြား စစ်ရေးပဋိပက္ခ အခြေအနေတွေကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက ကူညီ ဖြေရှင်းပေးဖို့ ဒေသခံ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တွေ၊ လူမှုရေးအသင်း အဖွဲ့တွေက မနေ့က

ဆက်ဖက်ရန်---

 
(၄) မြန်မာဆိုးသွမ်းပရိတ်သတ်ကြောင့် ဒဏ်ငွေဆောင်ရ : Source : Mizzima
လင်းကိုကိုထက် | စနေနေ့၊ စက်တင်ဘာလ ၀၈ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၄၁ မိနစ်

ရန်ကုန် (မဇ္ဈိမ)။         ။ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် AFC U-22 ချန်ပီယံရှစ် ခြေစစ်ပွဲ
(Group-G)ပွဲစဉ်များတွင် ပရိသတ်အချို့၏ ဆိုးသွမ်းသည့်အားပေးမှုများကြောင့် အာရှဘောလုံးအဖွဲ့ချုပ်
(AFC) မှ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်အား ဒဏ်ငွေ ဒေါ်လာ နှစ်သောင်းရှစ်ထောင် ပေးဆောင်ရန်
ဆက်ဖက်ရန်---

 

(၅) ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေသန့်ရှင်းမှုစီမံကိန်း အကောင်အထည်ဖော်မည် : Source : Mizzima
အောင်မြတ်ထွန်း၊ သစ်ငြိမ်း | စနေနေ့၊ စက်တင်ဘာလ ၀၈ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၅၃ မိနစ်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေသန့်ရှင်းမှု စီမံကိန်းတစ်ခု အကောင်အထည်ဖော်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ယင်းကို အကောင်အထည်ဖော်မည့် FREDA မှ ဒုဥက္ကဋ္ဌ ဦးအုန်းက ပြောသည်။
ဆက်ဖက်ရန်---

 

(၆) ကားတောင်းခံမှုကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အစိုးရစစ်တပ် တင်းမာမှုဖြစ်ပွားခဲ့ : Source : KIC
7-Sep-12
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ ဆင်ဖြူတိုင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးကို ပြီးခဲ့သည့် စက်တင်ဘာလ ၃ရက်နေ့က မြန်မာအစိုးရ စစ်တပ်အရာရှိမှ သေနတ်ဖြင့်ခြိမ်းခြောက်ခဲ့မှုကြောင့် နှစ်ဖက် တင်းမာမှု ဖြစ်ပွားခဲ့ကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။

ဆက်ဖက်ရန်---

 

(၇) လက်ပန်းတောင်းတောင် စီမံကိန်း ဆက်လက်ကန့်ကွက် ဆန္ဒပြ  : Source : Mizzima
နေမျိုး | စနေနေ့၊ စက်တင်ဘာလ ၀၈ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၅၁ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။      ။ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပန်းတောင်းတောင်ကိုဖြို၍ ကြေးနီထုတ်လုပ်
မှုသည် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းနှင့် ကျန်းမာရေး ထိခိုက်နိုင်သည်ဟူသည့် စွပ်စွဲချက်များဖြင့် ထိုလုပ်ငန်း လုပ်ဆောင်နေမှု ရပ်တန့်ပေးရန် ဒေသခံ ၈၀၀ ခန့် သောကြာနေ့တွင် ထပ်မံဆန္ဒပြ တောင်းဆိုကြသည်။
ဆက်ဖက်ရန်---


(၈) ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး၏ ပြောကြားချက် မဟုတ်မှန်ကြောင်း KIO တုန့်ပြန် : Source : KIC
7-Sep-12
နိုင်ငံရေးဆွေးနွေးမှုပြုလုပ်ပြီးမှသာ အပစ်အခတ်ရပ်စဲမည် ဆိုသည့်အချက်ကို ကချင်လွတ်မြောက်ရေးအဖွဲ့-KIO က စွဲကိုင်ထားသဖြင့် ကချင်ဒေသတွင် ဆက်လက်တိုက်ပွဲဖြစ်ပွားနေရသည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ်အောင်သော်၏ ပြောကြားချက်မှာ မဟုတ်မမှန်ကြောင်း KIO က ယနေ့ တုန့်ပြန်ပြောဆိုလိုက်သည်။

ဆက်ဖက်ရန်---


(၉) ဖလုံ-စဝေါ်ပါတီမှ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းသင်တန်း ပြုလုပ်ရန်ရှိ : Source : KIC
စက်တင်ဘာလ ၇ရက်၊ ၂၀၁၂ခုနှစ်
ကရင်ပြည်နယ်အခြေစိုက် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ-PSDP မှ ငြိမ်းချမ်းရေးတည်ဆောက်ရေး (peace building) သင်တန်းကို ယခုလလယ်တွင် ပြုလုပ်သွားရန် ဆက်သွယ်ခေါ်ယူထားကြောင်း သြဂုတ်လ ၃၁ရက်နေ့က ပြုလုပ်သည့် ပုံမှန် ပါတီအစည်းအဝေးတွင် ပြောဆိုခဲ့ကြသည်။

ဆက်ဖက်ရန်---


(၁၀) တိုင်းရင်းသား ရေးရာ ၀န်ကြီး များနှင့် သမ္မတ တို့၏ အရေး မပါသော တွေ့ဆုံပွဲ : Source : Phophtaw
8-Sep-12
ယမန်နေ့ ညနေပိုင်းက တွေ့ဆုံသော သမ္မတ၏ တိုင်းရင်းသား ရေးရာ တွေ့ဆုံပွဲသည် အစိုးရက ချမှတ် ထားသော မူဝါဒ များကို တိုင်းရင်းသား ရေးရာ ၀န်ကြီးများအား အသိပေးသည့် တွေ့ဆုံပွဲ မျှသာ ဖြစ်သည်ဟု အစည်း အဝေးကို တက်ရောက် ခဲ့သည့် တိုင်းရင်းသား ရေးရာ ၀န်ကြီး တဦးက ပြောပါသည်။

ဆက်ဖက်ရန်---


(၁၁) အစိုးရတပ်ဖွဲ့မှ ဖားကန့် ဒေသခံတစ်ဦးအား ဆာလာအိတ်တွင် ထည့်၍ နှိပ်စက်သတ်ဖြတ် : Source : Kachin
8-Sep-12

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ မော်မှော်ဘွမ် (Maw Mau Bum) မှ မော်ဝမ်း (Maw Wan) နှစ်ခြင်း ဘုရားကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေသော ဒုက္ခသည် မောင်ဆဂ လအောင် (Saga La Awng) အသက် ၂၀ နှစ်အား စက်တင်ဘာ ၇ ရက် သောကြာနေ့က မြန်မာအစိုးရတပ် ခလရ (၅၁) တပ်မှ နှိပ်စက်ညှင်းဆဲ သတ်ဖြတ်လိုက်ကြောင်း ဒေသခံတဦး KNG

ဆက်ဖက်ရန်---



(၁၂) မင်္ဂလာဒုံမြို့နယ် လယ်သမား (၇၅) ဦး ဆန္ဒထုတ်ဖော် : Source : RFA
2012-09-07
ရန်ကုန်တိုင်း မင်္ဂလာဒုံ စက်မှုဇုန် တိုးချဲ့နယ်မြေအတွင်း ဝင်ရောက်တယ်ဆိုပြီး ဇေကမ္ဘာကုမ္ပဏီရဲ့ တားမြစ်ကန့်ကွက်မှု ခံထားကြရတဲ့ မင်္ဂလာဒုံမြို့နယ်၊ ဆင်ဖုံကျေးရွာနဲ့ သင်္ဃန်းကျွန်းကြီးကျေးရွာက လယ်သမား (၇၅) ဦးဟာ ထောက်ကြံ့မြို့မှာရှိတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေး ပါတီ ရုံးချုပ်ရှေ့မှာ ဒီကနေ့ နေ့လည်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆက်ဖက်ရန်---

 

(၁၃) စားကျက်မြေဧက၂၉၀ အား ဌာနဆိုင်ရာမှ ပုဇွန်ကန်ပြုလုပ်သဖြင့် ကျွဲ နွားများ အခက်ကြုံနေရ : Source : Arakantimes
7-Sep-12
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် င/ ပြီချောင်းကျေးရွာအုပ်စု သရက်ချောင်းကျေးရွာ၊ ကွင်းအမှတ်(၅၈၅-ဃ)ရှိ မြေဧရိယာ(၂၉၀) ဧက ကျွဲ၊ နွားစားကျက်မြေအား ဌာနဆိုင်ရာများမှ သိမ်းပိုက်လျက် ပုဇွန်မွေးမြူရေးကန်များ လုပ်ကိုင်နေသဖြင့် ကျေးရွာရှိ ကျွဲနွားများ အစာရှားပါးမှုကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

ဆက်ဖက်ရန်---

No comments:

Post a Comment