Wednesday, September 19, 2012

နေ့စဉ်မြန်မာ့အရေး ဆက်စပ်သတင်းများ (စက်တင်ဘာလ ၁၈ရက်၊ ၂၀၁၂ခုနှစ်)

(၁) အမေရိကန် မြန်မာဆက်ဆံရေး နဲ့ ဒေါ်အောင်ဆန်းစုကြည် : Source :  BBC
18-Sep-12
ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမေရိကန် ခရီးစဉ် အတွင်းမှာ အမေရိကန် မြန်မာ ဆက်ဆံရေး နဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခန်းကဏ္ဍ အပေါ် သုံးသပ်တဲ့ စကားဝိုင်း ကို မေရီလင်း ပြည်နယ်မှာ ကျင်းပတဲ့ အခါမှာ NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ အဖွဲ့ဝင်ဟောင်း၊ ဝန်ကြီးဟောင်း ဦးဘိုလှတင့်၊ မေရီလင်း ပြည်နယ်မှ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူ တဦး ဖြစ်တဲ့ ဦးရွှေကျော် တို့ ပါဝင်ဆွေးနွေး ကြပါတယ်။

(၂) မြန်မာနိုင်ငံကို ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်ရေးပေးမည့် အစီအစဉ် EU တင်သွင်း : Source : RFA
2012-09-17
အီးယူ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကို ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်ရေးတွေ ပေးသွားဖို့ အစီအစဉ်တစ်ရပ်ကို တင်သွင်းလိုက်ပြီလို့ သိရပါတယ်။ အဲဒီအစီအစဉ်မှာ စစ်လက်နက်ခဲယမ်းတွေကလွဲရင် မြန်မာနိုင်ငံတင်သွင်းလာတဲ့ ကုန်ပစ္စည်းအားလုံးကို ဥရောပသမဂ္ဂ ဈေးကွက်ထဲကို အကောက်အခွန်မဲ့ တင်သွင်းခွင့် ပြုမယ့်အစီအစဉ်လည်း ပါဝင်ပါတယ်။

(၃) ရခိုင်နှင့် မူဆလင်ခေါင်းဆောင်များ လူမျိုးစုနှင့် ပဋိပက္ခအရေး အလေးထားဆွေးနွေး : Source : RFA
2012-09-17
ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ပြုလုပ်တဲ့ (၂၁) ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲ နောက်ဆုံးနေ့မှာ (၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးအပါအဝင် ရခိုင်နဲ့ မူဆလင် ခေါင်းဆောင်တွေက ရခိုင်ပြည်နယ်က တိုင်းရင်းသား လူမျိုးစုအရေးနဲ့ ပဋိပက္ခအရေးအတွက် အလေးထား


(၄) အမိမြေငြိမ်းချမ်းရေးအဖွဲ့ မြောက်ပိုင်းကျဆုံး ကျောင်းသားများ အမှတ်တရဂူဗိမာန်တွင် ဂါရ၀ပြု : Source : RFA
2012-09-17
ABSDF ကျောင်းသားတပ်မတော် ဥက္ကဋ္ဌဟောင်းတွေဖြစ်တဲ့ ကိုထွန်းအောင်ကျော်၊ ကိုမိုးသီးဇွန် ခေါင်းဆောင်တဲ့ အဖွဲ့ဟာ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၆၂ လမ်းနဲ့ မြ၀တီမင်းကြီးလမ်းက မြ၀တီမင်းကြီးကျောင်းတိုက်မှာ တည်ဆောက်ထားတဲ့ မြောက်ပိုင်း ကျဆုံးကျောင်းသားရဲဘော်များ အမှတ်တရ ဂူဗိမာန်မှာ ဦးညွှတ်ဂါရ၀ပြုတဲ့ပွဲ တစ်ခုကို ဒီနေ့ နေ့လည် ၁၂ နာရီက ကျင်းပခဲ့ကြတယ်။


(၅) ချင်းပြည်နယ်တောင်ပိုင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေ : Source : RFA
2012-09-17
ချင်းပြည်နယ် တောင်ပိုင်းကနေ ပြည်မကိုသွားရင် အဓိကဖြတ်သန်းရတဲ့ တံတားတွေ တောင်ကျရေနဲ့ မျောပါသွားပြီး အခုချိန်ထိ ပြန်လည်ဆောက်လုပ်ပေးတာ မရှိတဲ့အတွက် ဒေသခံတွေမှာ အခက်အခဲတွေ့ရုံမက တံတားမရှိလို့ လှေနဲ့ကူးတဲ့အခါ လှေမှောက်ပြီး သေဆုံးရသူတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


(၆) သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်မှာ နိုင်ငံရေးအကျဉ်းသားတချို့ပါ : Source : RFA
2012-09-17
နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၅၁၄ ဦးကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတရုံးက ဒီကနေ့ ကြေညာလိုက်ပါတယ်။


(၇) သမ္မတ ဦးသိန်းစိန် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး တက်ရောက်မည် : Source : RFA
2012-09-17
တရုတ်နိုင်ငံမှာ စက်တင်ဘာလ ၁၈ ရက်ကနေ ၂၂ ရက်နေ့အထိ ကျင်းပမယ့် (၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးကို သမ္မတ ဦးသိန်းစိန်တက်ရောက်မှာ ဖြစ်ပါတယ်။


(၈) ရွှေဝါရောင်တော်လှန်ရေး ၅ နှစ်ပြည့် အခမ်းအနားကျင်းပမည်  : Source : RFA
2012-09-17
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ၅ နှစ်ပြည့် အခမ်းအနားကို မနက်ဖြန် စက်တင်ဘာလ ၁၈ ရက်နေ့မှာ ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ဖျာပုံလမ်း၊ တက္ကသီလာ ဇေယျသိဒ္ဒိကျောင်းမှာ ကျင်းပမယ်လို့ သိရပါတယ်။

 

(၉) စစ်တိုင်းမှူးကို လုပ်ကြံမှုဖြင့် သေဒဏ်ကျနေသူ ကေအိုင်အေရဲဘော်ပြန်လွတ် : Source : DVB

Published on September 18, 2012 by မင်းလွင်   ·   No Comments
စစ်တိုင်းမှူးတဦးကုိ လုပ်ြကံသတ်ြဖတ်မှုနဲ့ ေသဒဏ်ချမှတ်ခံခဲ့ရသူ ေကအုိင်ေအတပ်ဖွဲ့၀င်တဦး သမ္မတ လွတ်ြငိမ်းချမ်းသာခွင့်နဲ့ မေန့က ြပန်လွတ်လာပါတယ်။

 

(၁၀) ပခုက္ကူ ရွှေချောင်း ကိုယ်ထူကိုယ်ထ ရေလမ်းကြောင်းပြောင်း : Source : DVB

Published on September 18, 2012 by ရွှေအောင်   ·   No Comments
မကွေးတိုင်း ပခုက္ကူမြို့ခံတွေဟာ ရေကြီးမှုကို ကိုယ်ထူကိုယ်ထ ကာကွယ်တဲ့အနေ နဲ့  ရွှေချောင်း ရေလမ်းကြောင်း ပြောင်းသွားအောင် စုပေါင်း လုပ်ဆောင်နေကြပါတယ်။

 

(၁၁) ကချင်ပြည်နယ် ဖားကန့်တွင် တိုက်ပွဲရပ်စဲ : Source : DVB

Published on September 18, 2012 by အေးနိုငျ   ·   No Comments
၈၈ မျုိးဆက်ေကျာင်းသားေတွ ေရာက်ရှိေနချိန်ရက်ပိုင်းအတွင်း ဖားကန့်ြမို့မှာ ေသနတ်သံ တိတ်ဆိတ်ေနတဲ့အတွက် ြမို့ခံေတွ ေကျနပ်ေနြကပါတယ်။
ကိုမင်းကိုနိုင်၊ ကုိြပုံးချုိအပါအ၀င် ၈၈ မျုိးဆက်ေကျာင်းသား  ဦးဟာ အစိုးရတပ်နဲ့ ကချင်လွတ်လပ်ေရးတပ်မေတာ်အြကား တိုက်ပွဲြဖစ်ေေနတဲ့ ဖားကန့်ြမိ်ု့ကို ေရာက်တဲ့ စက်တင်ဘာ ၁၆ ရက်ေန့ညကတည်းက ေသနတ်သံ၊ ဗုံးသံနဲ့ အေြမာက်သံေတွ တိတ်ဆိတ်ခဲ့တာြဖစ်ပါတယ်။

 

 

(၁၂) ကော့သောင်း အနီး ဖမ်းထားသော ထိုင်းများကို ပြန်လွှတ် : Source : Irrawaddy

18-Sep-12
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် အတွင်း နယ်မြေ ကျူးကျော်မှုဖြင့် ဖမ်းဆီး၍ ထောင်ဒဏ် ချမှတ်ခံထားရသည့် ထိုင်းနိုင်ငံ သား ၈၃ ဦးကို မြန်မာအစိုးရက ပြန်လွှတ်ပေး လိုက်ကြောင်း ယနေ့ ထိုင်း သတင်းများတွင် ဖော်ပြထားသည်။

 

(၁၃) မဏ္ဍိုင်ကြီး သုံးရပ် ပွင့်လင်းမြင်သာမှုရှိရန် လွှတ်တော်နာယက သတိပေး : Source : Irrawaddy

18-Sep-12
ဒီမိုကရေစီ၏ အနှစ်သာရအရ အားလုံးပါဝင် ဆွေးနွေးနိုင်ရန် ပြည်သူ့ကိုယ်စား တာဝန်ထမ်းဆောင်နေကြသော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ မဏ္ဍိုင်အသီးသီးက ပုဂ္ဂိုလ်များသည် ပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့် က ပြောဆိုလိုက်သည်။


(၁၄) နယ်စပ်ကုန်သွယ်ရေး ‘နှစ်ဆတိုးရန်’ ထိုင်း မျှော်မှန်းထား : Source : Mizzima
ပက်ချာနတ်ပရာထရန်ကရိုင်း၊ နေရှင်း၊ အာရှသတင်းကွန်ရက် | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၀၀ မိနစ်
ဘန်ကောက် ။      ။ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရေးကို ၂ဝ၁၅ ခုနှစ်တွင် နှစ်ဆတိုးကာ အမေရိကန်ဒေါ်လာ ၆၄ ဘီလီယံ အထိ ရှိလာစေရန် ထိုင်းနိုင်ငံက မျှော်မှန်းထားသည်။ ထိုအချိန်တွင် ပေါ်ထွက်လာမည့် အာဆီယံ စီးပွါးရေး အသိုင်းအဝိုင်း (AEC) ကြောင့် ပေါ်ထွက်လာမည့်ကျယ်ပြန့်သော ဈေးကွက်ကြီးများကို မျှော်ကာ ထိုသို့ ရည်ရွယ် မှန်းဆထားခြင်း ဖြစ်သည်။
ဆက်ဖက်ရန်---
 
(၁၅) နိုင်ငံရေးအကျဉ်းသား ၈၈ ဦး လွတ်မြောက်လာဟု AAPP အတည်ပြု : Source : Mizzima
ဟင်္သာနီ (မွန်မြေ) | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၁၄ မိနစ်
စံခလပူရီ (မဇ္ဈိမ) ။       ။ နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် တနင်္လာနေ့က လွတ်မြောက်လာကြသည့် အကျဉ်းသား ၅၁၄ ဦး အနက် နိုင်ငံရေးအကျဉ်းသား ၈၈ ဦး ပါဝင်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း AAPP စုဆောင်း အတည်ပြုထားသည့် စာရင်းအရ သိရှိရသည်။
ဆက်ဖက်ရန်---


(၁၆) အသိမ်းဆည်းခံ မြေများ ပြန်လည်ရရှိရန် ဝန်ကြီးချုပ်ထံ စာပို့ : Source : KIC
17-Sep-12
ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့ အခြေစိုက် မြန်မာအစိုးရတပ်ရင်းတို့ သိမ်းဆည်းထားသည့် ၎င်းတို့၏ အိမ်ခြံ မြေနေရာတွင် ပြန်လည်အခြေချနေထိုင်ခွင့်ပေးရန် ဒေသခံ ကရင်နီပြည်သူတို့က ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ယနေ့ အသနားခံစာ ပေးပို့တောင်းဆိုလိုက်သည်။


(၁၇) အစိုးရတပ်ဗိုလ်ကြီးအား နတလထံ SSPP/SSA ပေးအပ်သောကြောင့် ဒေသခံလူထုလွတ်မြောက် : Source : Panglong
Tuesday, 18 September 2012 15:34 သျမ်းသံတော်ဆင့်
သျမ်းပြည်တပ်မတော် SSPP/SSA မ ပြန်ပေးဆွဲထားသည့် တပ်ရင်းဗိုလ်ကြီးအား နတလ ထံ လွဲအပ်ပေးလိုက်သောကြောင့် သျမ်းတပ်အမာခံဟုစွပ်စွဲကာ မြန်မာအစိုးရစစ်တပ်က ဖမ်းဆီးထားသည့် ဒေသခံများအနက် တချို့အား လားရိုးရဲစခန်းမ ပြန်လည်လွတ် ပေး လိုက်ပြီဖြစ်ကြောင်း ဒေသခံများပြောပြချက်အရ သိရပါသည်။
 
(၁၈) ဒေါ်အောင်ဆန်းစုကြည်အား ဆုချီးမြှင့်မည့်အခမ်းအနားတွင် ကချင်အမျိုးသားများ တက်ရောက်မည် မဟုတ် : Source : Kachin
18-Sep-12
အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်မှ အမြင့်ဆုံးရွှေတံဆိပ်ဆုချီးမြှင့်ခြင်းကို လက်ခံရယူရန် အမေရိကန်နိုင်ငံသို့  ရောက်ရှိနေသော မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို ကချင်မဟာမိတ် (Kachin Alliance) မှ လှိုက်လှဲစွာကြိုဆိုသော်လည်း ဂုဏ်ပြုအခမ်းအနားတွင်မူ စစ်မက်ပြဿနာရင်ဆိုင်နေရသော

 

(၁၉) တပ်သားသစ်ကောက်ယူစုဆောင်းမှုကြောင့် ဒေသခံများအခက်တွေ့ : Source : Panglong

Tuesday, 18 September 2012 15:48 သျှမ်းသံတော်ဆင့်
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့အခြေစိုက် ဌာနေပြည်သူ့စစ် အမှတ် တပ်ဖွဲ့က တပ်သားသစ်စု ဆောင်းနေပြီး မပေး နိုင်သူများ ပိုက်ဆံသိန်းပေါင်းဆယ်ချီကောက်ယူနေကြောင်း ဒေသတွင်း သတင်း ရပ်ကွက်ကဆိုပါသည်။

 
(၂၀) KIA နှင့် ဒိန်ဂါယန်တိုက်ပွဲတွင် အစိုးရတပ် ၃ ဦးကျ ၆ ဦးဒဏ်ရာရ : Source : Kachin
17-Sep-12
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန်မှ ၃ မိုင်အကွာရှိ ဒိန်ဂါယန် (Dingga Yang) တွင်တပ်ချထားသော မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကြားတိုက်ပွဲအနည်းငယ်ပြင်းထန်စွာဖြစ်ပွားခဲ့ရာ အစိုးရတပ်မှ ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိသွားကြောင်း ရှေ့တန်းမှ အရာရှိများမှသိရသည်။

No comments:

Post a Comment