(၁) အကျဉ်းသား ၅၀၀ ကျော် ထပ်လွှတ် : Source : BBC
17-Sep-12
အစိုးရက အကျဉ်းသား စုစုပေါင်း ၅၁၄
ယောက်ကို အကျဉ်းထောင် အသီးသီးက လွှတ်ပေးမယ်လို့ စက်တင်ဘာလ ၁၇
ရက်နေ့က ကြေငြာလိုက်ပါတယ်။
ဆက်ဖက်ရန်---
(၂) ပင်လုံလို ညီလာခံခေါ်ယူဖို့ တိုင်းရင်းသားတွေ တိုက်တွန်း : Source
: VOA
16-Sep-12
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ပင်လုံလို ညီလာခံကြီးတရပ် ကျင်းပပြီး ဆွေးနွေးအဖြေရှာမယ် ဆိုရင် ညီလာခံ ဖြစ်မြောက်ရေး အတွက် ညှိနှိုင်းစဉ်ကာလတည်းက တိုင်းရင်းသား လူမျိုးစုတွေ ပါဝင်ခွင့်ရဖို့ လိုအပ်ကြောင်း တိုင်းရင်းသားလူမျိုးများ ညီလာခံအပြီးမှာ ထုတ်ပြန် လိုက်ပါတယ်။ တနင်္ဂနွေနေ့ ညနေပိုင်းက ပြီးဆုံးသွားတဲ့
ဆက်ဖက်ရန်---
(၃) ကုလညီလာခံ မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်အဖြစ် ခွန်ထွန်းဦးကိုလျာထား
: Source : VOA
16-Sep-12
အခုလာမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့အတွက် သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ထဲမှာ ရှမ်းတိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင် တဦးဖြစ်တဲ့ ဦးခွန်ထွန်းဦး ပါဝင်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန် အခြေစိုက် NED ဒီမိုကရေစီ ရန်ပုံငွေအဖွဲ့ရဲ့ ဒီမိုကရေစီ ဆုကို လက်ခံရယူဖို့၊ ၀ါရှင်တန် ဒီစီကို
ဆက်ဖက်ရန်---
(၄) ၈၈ကျောင်းသားတွေရဲ့ ဖားကန့်မြို့
ငြိမ်းချမ်းရေးခရီး : Source : BBC
16-Sep-12
ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရေး ကြိုးပမ်းဖို့
ကချင်ပြည်နယ်မှာ ရောက်ရှိနေတဲ့ ၈၈မျိုးဆက် ကျောင်းသား အဖွဲ့ဟာ ဖါးကန့်မြို့နယ်ကို တနင်္ဂနွေနေ့
က ရောက်ရှိလာခဲ့ရာမှာ ဒေသခံ ပြည်သူတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ ကြပါတယ်။
ဆက်ဖက်ရန်---
(၅) ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆက်လက်
ဆန္ဒပြ : Source : BBC
15-Sep-12
မုံရွာ
ခရိုင် ဆားလင်းကြီး မြို့နယ်က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ပေးရေး ဆန္ဒပြ
တောင်းဆိုမှုတွေဟာ ဖမ်းဆီး ခြောက်လှန့်တာတွေ ရှိတဲ့ ကြားကပဲ ဆက်လက် ဖြစ်ပွား
နေပါတယ်။
ဆက်ဖက်ရန်---
(၆) ဒေါ်အောင်ဆန်းစုကြည်
အမေရိကန်ခရီးစဉ် စတင် : Source : RFA
2012-09-16
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ
အမေရိကန်ပြည်ထောင်စုရဲ့ အမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့ ကွန်ဂရက်ရဲ့ ရွှေတံဆိပ်ဆုကို
လက်ခံရယူဖို့အတွက် ဒီကနေ့ ည (၇) နာရီ မိနစ် (၄၀) မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ
လေဆိပ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။
ဆက်ဖက်ရန်---
(၇) မြန်မာနိုင်ငံ
တောင်သူလယ်သမားများအသင်း (ယာယီ) ဖွဲ့စည်း : Source : RFA
2012-09-16
မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်းရဲ့ ဦးဆောင်မှုနဲ့
မြန်မာနိုင်ငံ တောင်သူလယ်သမားများအသင်း (ယာယီ)ကို ဖွဲ့စည်းတဲ့ အခမ်းအနား တစ်ရပ်ကို
ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ပန်ဒါဟိုတယ်မှာ မနေ့က ကျင်းပခဲ့ပါတယ်။
ဆက်ဖက်ရန်---
(၈) ၂၁ ရာစု
မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ :
Source : RFA
2012-09-16
Myanmar
Peace Center
က ကြီးမှူးကျင်းပတဲ့ ၂၁ ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့
နိုင်ငံသားရေးဆိုင်ရာ နှစ်ရက်ကြာ ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့
တာမွေမြို့နယ်မှာရှိတဲ့ ချက်ထရီယံဟိုတယ်မှာ မနေ့က စတင်ကျင်းပခဲ့ပါတယ်။
ဆက်ဖက်ရန်---
(၉) ခိုးဝင်လာသူ
ဘင်္ဂါလီလူမျိုး (၁၀) ဦးနှင့် လမ်းပြမြန်မာတစ်ဦး ဖမ်းမိ : Source : RFA
2012-09-16
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ခိုးဝင်လာတဲ့ ဘင်္ဂါလီလူမျိုး
(၁၀)ယောက်ကို လမ်းပြအဖြစ် လိုက်ပါလာသူ မြန်မာတစ်ဦးနဲ့အတူ စက်တင်ဘာလ (၁၄) ရက်နေ့
ညက ဖမ်းမိတယ်လို့ သိရပါတယ်၊ မြို့နယ်ရဲစခန်းကို ဒေသခံတွေ သတင်းပေးလာတာကြောင့်
ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်လို့ ကလေးမြို့နယ်မှူးက အခုလို ပြောပါတယ်။
ဆက်ဖက်ရန်---
(၁၀) RNDP ပါတီနှင့်
ပူးပေါင်းရေး ALD ပါတီကမ်းလှမ်း : Source : RFA
2012-09-16
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အနေနဲ့
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နဲ့ ပူးပေါင်းနိုင်ရေးအတွက်
စက်တင်ဘာလ ၁၅ ရက်နေ့ မနေ့က တရားဝင် စာရေးသား ကမ်းလှမ်းလိုက်ကြောင်း
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးကျော်အေးက RFA ကို ဒီကနေ့ အတည်ပြု
ပြောကြားလိုက်ပါတယ်။
ဆက်ဖက်ရန်---
(၁၁) သာပေါင်းမြို့နယ်
ရေဘေးထပ်မံကြုံတွေ့ : Source : RFA
2012-09-16
မကြာသေးခင်က ရေနစ်မြုပ်မှု
ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်မှာ အခုရက်အတွင်း
ဒုတိယမြောက် ရေဘေးနဲ့ ထပ်မံကြုံတွေ့နေရတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှု အခက်အခဲတွေနဲ့
ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
(၁၂) ကိုယ်ဝန်ဆောင်ကချင်တိုင်းရင်းသူ
KIA က စစ်သားအဖြစ် အဓမ္မစုဆောင်း : Source : RFA
2012-09-16
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးကျေးရွာ ဖော်ဒေါင်ရပ်ကွက်မှာ နေထိုင်တဲ့ အိမ်ထောင်ရှိ ကိုယ်ဝန်ဆောင် ကချင်တိုင်းရင်းသူ မဂျာဒွဲနူးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က အခုလ (၁) ရက်နေ့က စစ်သားအဖြစ် အဓမ္မစုဆောင်းသွားခဲ့ချိန်ကစလို့ ဘာသတင်းမှ မရရှိတော့တာကြောင့် မိသားစုဝင်တွေ အထူးစိုးရိမ်
ဆက်ဖက်ရန်---
(၁၃) လယ်ယာမြေသိမ်းဆည်းခံရမှု
စောင့်ကြည့် ပံ့ပိုးရေးကော်မတီဖွဲ့စည်း : Source : RFA
2012-09-16
ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင် ပန်းတောင်းမြို့ နယ်အတွင်း
လယ်ယာမြေအသိမ်းခံရတဲ့ ကာယကံရှင် လယ်သမားကြီးတွေနဲ့ လယ်သမားအရေး
လှုပ်ရှားဆောင်ရွက်သူတွေက လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု
စုံစမ်းစစ်ဆေးရေး ကော်မရှင်ဆိုင်ရာ စောင့်ကြည့် ပံ့ပိုးရေးကော်မတီတွေ
ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
ဆက်ဖက်ရန်---
(၁၄) ကရင်ဒုက္ခသည်
ပြန်လည်နေရာချထားရေး အစိုးရ ဆောင်ရွက်ပေးမည် : Source : RFA
2012-09-15
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေက ကရင်ဒုက္ခသည်
တစ်သိန်းကျော်ကို မြန်မာနိုင်ငံ ပြန်ပို့ ပြီဆိုရင် မူရင်းဒေသတွေမှာ အဆင်ပြေပြေ
အခြေချ နေထိုင်နိုင်ရေးအတွက် ကူညီဆောင်ရွက် ပေးသွားမယ်လို့ ကရင်
ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းက RFA ကို မနေ့က ပြောကြားခဲ့ပါတယ်။
ဆက်ဖက်ရန်---
(၁၅) မီးရထားရဲက ရိုက်နှက်သဖြင့် လူ၁ဦးသေဆုံး : Source : DVB
Published on
September 17, 2012 by မင်းလွင်
· No Comments
ကချင်ြပည်နယ် ဟိုပင်ြမို့နယ်မှာ
မီးရထားရဲက ရိုက်နှက်တဲ့အတွက် အရပ်သား ၁ ဦး ေသဆံုးခဲ့ ပါတယ်။ဟိုပင်ြမို့နယ်
ရွာသစ်ြကီးေကျးရွာက ကိုေမာင်ဦးဟာ နန်းခမ်းချုိေတာင်ကေန အလုပ်လုပ်ြပီး ြပန်လာစဉ်
ဟိုပင် ဘူတာမှာ ငှက်ဖျားေရာဂါ ြပန်ထလာလို့ ဖျားြပီး အိပ်ေနတုန်း အဲဒီဘူတာက
တာ၀န်ကျ မီးရထားရဲတပ်ဖွဲ့၀င် ရဲတပ်ြကပ်ြကီး ေကျာ်စိုးလွင်က စက်တင်ဘာ ၉ ရက်ေန့က ရိုက်နှက်ခဲ့တယ်လို့
(၁၆) မန္တလေးတိုင်းမှာ မြေကွက် ၃ထောင်စည်ပင်က စတင်ဖယ်ရှား : Source : DVB
Published on
September 17, 2012 by အေးနိုငျ · No
Comments
မန္တေလးစည်ပင်သာယာက
ကျူးေကျာ်ေြမကွက်နဲ့တဲေတွကို
ေြပာင်းေရွှ့ေပးဖို့
ရက်ချိန်းြပည့်ြပီးေနာက်
ဒီေန့မှာ လူအင်အားနဲ့ စက်အင်အားသုံးြပီး စတင်ဖျက်ဆီးပါတယ်။
ဆက်ဖက်ရန်---
(၁၇) ကချင် ငြိမ်းချမ်းရေးအတွက်
လက်မှတ်ရေးထိုး တောင်းဆိုမည် : Source : Irrawaddy
17-Sep-12
ဦးမင်းကိုနိုင်
ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့သည် ကချင်ပြည်နယ် ငြိမ်းချမ်းရေး
ခရီးစဉ်အတွင်း ဖားကန့်ဒေသသို့ ယနေ့
ရောက်ရှိခိုက်တွင် ကချင်ဒေသ ငြိမ်းချမ်းရေးအတွက် စုပေါင်း လက်မှတ်ရေးထိုး
တောင်းဆိုမှုတခု ပြုလုပ်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
ဆက်ဖက်ရန်---
(၁၈) လူကုန်ကူးခံ မြန်မာ ၂၂ ဦးကို ထိုင်းတောင်ပိုင်းတွင် ကယ်တင် : Source : Irrawaddy
17-Sep-12
ထိုင်းနိုင်ငံ
တောင်ပိုင်း ချွန်ဘူရီမြို့နယ်ရှိ အချောင် လှေဆိပ်တွင် ရေလုပ်သား အဖြစ် ရောင်းစား
ခံထားရသည့် မြန်မာ နိုင်ငံသား ၂၂ ဦးကို ထိုင်း အာဏာပိုင်များက မကြာသေးခင်
ရက်ပိုင်းက သွားရောက် ကယ်တင်ခဲ့သည်။
ဆက်ဖက်ရန်---
(၁၉) ပါတီတွင်း သဘောထားကွဲမှု ညှိနှိုင်းဆောင်ရွက်ကြရန် ဦးတင်ဦးပြော : Source : Irrawaddy
17-Sep-12
အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် (NLD) က ကျင်းပမည့် ပါတီညီလာခံ ခေါ်ယူရေးအတွက် လူရွေးချယ်ရာတွင်
ပြည်နယ်နှင့်တိုင်း အများစု၌ သဘောထား ကွဲလွဲမှုများဖြစ်နေပြီး ထိုဖြစ်စဉ်များကို
ပြေပြေလည်လည် ညှိနှိုင်းဆောင်ရွက်စေလိုကြောင်း ပါတီနာယက ဦးတင်ဦးက သတိပေး
ပြောဆိုလိုက်သည်။
ဆက်ဖက်ရန်---
(၂၀) မင်းကိုနိုင် အမေရိကန် ခရီးစဉ် ဘာကြောင့်ဖျက် : Source : Irrawaddy
16-Sep-12
၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် အမေရိကန် ပြည်ထောင်စုသို့ သွား၍
ဝါရှင်တန်အခြေစိုက် National Endownment forDemocracy –NED က ယခုနှစ် အတွက် အခြား
မြန်မာ ၄ ဦးနှင့် ဒီမိုကရေစီ ဆုလက်ခံရန် အစီအစဉ်ကို ပယ်ဖျက်လိုက်ကြောင်း လတ်တလော
ကချင်ပြည်နယ်တွင် ရောက်နေသော ကိုမင်းကိုနိုင်က ပြောသည်။
ဆက်ဖက်ရန်---
(၂၁) ကာချုပ်ရုံးရှေ့တွင်ပါ စစ်ရပ်စဲရေး
ဆန္ဒပြမည် : Source : Mizzima
သိင်္ဂီထွန်း | တနင်္လာနေ့၊ စက်တင်ဘာလ ၁၇
ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၂၄ မိနစ်
ရန်ကုန် (မဇ္ဈိမ)
။ ။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက်
စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင်
ပြည်တွင်းရှိ လူမှုအဖွဲ့စည်း ၁၉ ဖွဲ့က နေပြည်တော်ရှိ သမ္မတရုံး၊ လွှတ်တော်
များရှေ့နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးရှေ့တို့တွင် ဆန္ဒပြုပွဲများ
ပြုလုပ်သွားမည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ကိုဂျော်ဂွန်းက မဇ္ဈိမကို ပြောသည်။
ဆက်ဖက်ရန်---
(၂၂) တောင်ကြီးမြို့ ထင်းရှူးမြိုင်
ဘုန်းကြီးကျောင်း ပြောင်းရွှေ့ရန် ဖိအားပေးခံရ : Source : Mizzima
ကျော်ဖုန်းကျော် | တနင်္လာနေ့၊
စက်တင်ဘာလ ၁၇ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၅၉ မိနစ်
ရန်ကုန် (မဇ္ဈိမ)
။ ။ ရှမ်းပြည်နယ်၊
တောင်ကြီးမြို့အထွက်တွင် တည်ရှိသော ထင်းရှုးမြိုင် ဘုန်းကြီးကျောင်းအား
ပြည်နယ် သံဃာ့နာယကမှ ဖျက်သိမ်းရန် ဖိအားပေးခဲ့ပြီး သံဃာ့နာယကမှ သံဃာများနှင့်အတူ
လိုက်ပါလာသော မီးသတ်နှင့် အရပ်သား စုစုပေါင်း ဦးရေ ၁၀၀ ကျော်က
ဘုန်းကြီးကျောင်းဝင်းအတွင်း စက်တင်ဘာလ ၁၂ ရက်နေ့က ဝင်ဖျက်ခဲ့ကြသည်ဟု
ဆက်ဖက်ရန်---
(၂၃) လားရှိုးရေဘေးဒုက္ခသည်များကို ဒုသမ္မတက ငွေကျပ်သိန်း ၁၀၀၀ခန့် သွားရောက်ကူညီခဲ့ : Source : KIC
15-Sep-12
ရေဘေးကြုံတွေ့ခဲ့သည့်
သျှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ ရေဘေးဒုက္ခသည်များကို ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းဦးဆောင်အဖွဲ့တို့က
ကူညီထောက်ပံ့မှု စုစုပေါင်း ငွေကျပ်သိန်း ၁,၀၀၀ခန့် ယမန်နေ့ညနေပိုင်းက သွားရောက်အကူအညီပေးခဲ့သည်။
(၂၄) မြန်မာသွင်းကုန် ကန့်သတ်ထားမှုအချို့
အမေရိကန် ရုတ်သိမ်းတော့မည် : Source : Mizzima
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ စက်တင်ဘာလ
၁၇ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၂၄ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။ ။ သမ္မတ ဦးသိန်းစိန်နှင့်
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို ချီးမြှင့်သည့် အနေဖြင့် အမေရိကန်
အစိုးရက မြန်မာနိုင်ငံမှ သွင်းကုန် အချို့အပေါ် တားမြစ် ကန့်သတ်ထားချက်များ
ရုတ်သိမ်း
ကြောင်း ကြေညာရန် စီစဉ်နေသည်ဟု သတင်းများအရ သိရသည်။
ဆက်ဖက်ရန်---
(၂၅) ဒုသမ်မတ
ဒေါက်တာစိုင်းမောက်ခမ်း သျှမ်းပြည်ခရီးစဉ် ဒေသခံများ မကျေနပ် : Source : Panglong
Monday,
17 September 2012 18:33 သျှမ်းသံတော်ဆင့်
ဒုတိယ
သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သည် ယမန်နေ့ မွန်းလွဲပိုင်း သျှမ်းပြည်မြောက်ပိုင်း လားရှိုး ၊ မူစယ်၊
နမ့်ခမ်းမြို့များနှင့် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံသို့
ခရီးလှည့်ရာတွင် ယာဉ်သွားလမ်း
တားဆီး စစ်ဆေး ပိတ်ဆို့မှုများသောကြောင့် ဒေသခံများ
စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရကြောင်း
ကြားသိရပါသည်။
ဆက်ဖက်ရန်---
(၂၆) အစိုးရတပ်နှင့် KIA တို့ ဋ္ဌာနချုပ် လိုင်ဇာအနီးတွင် တိုက်ပွဲ
ပြင်းထန်စွာ ဖြစ်ပွားနေ : Source : Panglong
Monday,
17 September 2012 18:39 သျှမ်းသံတော်ဆင့်
တရုတ်နယ်စပ်အနီးရှိ
ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ၏ ဗဟိုဋ္ဌာနချုပ် လိုင်ဇာမြို့အနီး
ထိုးစစ်ဆင်တိုက်ခိုက်လာသော အစိုးရ တပ်ဖွဲ့များကို KIA နှင့် ABSDF (မြောက်ပိုင်း)
ကျောင်းသားတပ် ပူးပေါင်းအဖွဲ့များက အပြင်းအထန် ခုခံတိုက်ခိုက်နေရာ ယနေ့ နံနက် ၅ နာရီခွဲခန့်ကစ၍ ယခု
သတင်းရေးသားနေချိန် မွန်းလွဲပိုင်းအထိ နှစ်ဘက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း
သိရသည်။
ဆက်ဖက်ရန်---
(၂၇) Mr. Joseph Y.Yunနှင့်အဖွဲ့က
နယ်စပ်တံခါးများ ဖွင့်လှစ်ပေးထားရန် ဘင်္ဂလာကို ဖိအားပေးခဲ့ : Source : Arakantimes
17-Sep-12
နယ်စပ်ကျူးကျော်လာနေကြသည်မှာ
များပြားလာနေသောကြောင့် အလွယ်တကူကျော်ဖြတ်နိုင်ရေးအတွက် Mr. Joseph Y.Yunနှင့်အဖွဲ့က
နယ်စပ်တံခါးများ ဖွင့်လှစ်ပေးထားရန် စက်တင်ဘာလ (၁၃)ရက်နေ့က မပြန်မီ ဘင်္ဂလာကို အာဏာပိုင်များအား
ဒက္ကားမြို့တွင် ဖိအားပေးတောင်းဆိုခဲ့ကြောင်း ဘင်္ဂလီ BBC သတင်းတွင် ထုတ်လွှင့်ချက်အရ သိရသည်။
(၂၈) မြန်မာနိုင်ငံအတွင်း
နေထိုင်သူ ဘင်္ဂလီ (၆) ဦး ရာဘားနှင့် ဘိန်းဖြူ ဘင်္ဂလာက ဖမ်းဆီးရမိ : Source :
Arakantimes
16-Sep-12
ဘင်္ဂလာတွင် မူခင်းနှင့် မူးယစ်ဆေးဝါးရှာဖွေဖမ်းဆီးရေးအဖွဲ့
Rapid Action Battalion (RAB)က မြန်မာနိုင်ငံအတွင်း နေထိုင်သူ ဘင်္ဂလီ(၆)ဦးနှင့်အတူ
ယာဘားမြင်းဆေး (၈၆၃၀) လုံးအား စစ်တကောင်းမြို့မှ စနေနေ့ညဥ့်တွင် ဖမ်းဆီးရမိကြောင်း
သတင်းရရှိသည်။
ဆက်ဖက်ရန်---
(၂၉) စာသင်ရခက်နေသော ကျောင်းသူ/သားများကိုကူညီရန်
မောင်တောမြို့တွင် ပညာရေးကော်တီတစ်ရပ် ဖွဲ့စည်း : Source : Arakantimes
17-Sep-12
လွန်ခဲ့သော ဇွန်လက ဘင်္ဂလီ- ရခိုင် အဓိကရုဏ်းတွင် မီးဘေးသင့်၍ စာသင်ကြားရေး
အခက်အခဲဖြစ်နေကြသော ကျောင်းသူ/သားများအတွက် မောင်တောမြို့တွင် ဒေသခံ လူမှုရေးအဖွဲ့အစည်းများမှ
ပုဂ္ဂိုလ်တချို့က ဦးဆောင်ပြီး ပညာရေးကော်မတီတစ်ရပ်ကို စက်တင်ဘာလ (၁၃)ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment