(၁) လယ်ယာမြေပေါ် ပြန်လည်လုပ်ကိုင်ဖို့ ကြိုးစားခဲ့တဲ့ လယ်သမား ဓားပြမှုနဲ့
စွဲဆိုထား : Source : RFA
2012-09-03
ရခိုင်ပြည်နယ် ပေါက်တောမြို့ရဲ့တောင်ဘက်
၈ မိုင်အကွာ ဆင်ပိုက်ကျေးရွာက လယ်သမား ၁၄ ဦးဟာ သိမ်းယူခံထားရတဲ့ သူတို့ရဲ့ လယ်ယာမြေတွေပေါ်မှာ
ပြန်လည်လုပ်ကိုင်ဖို့ ကြိုးစားခဲ့တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင် ၅ ဦးက ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ-၃၉၅ ဓားပြမှုနဲ့ စွဲဆိုထားပြီး အာဏာပိုင်တွေက လိုက်လံဖမ်းဆီးနေကြောင်း
RFA က စုံစမ်းသိရပါတယ်။
(၂) ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဆက်ဆံရေးရုံး ကျောက်တော်မြို့မှာ ဖွင့်လှစ်
: Source : RFA
2012-09-03
မကြာသေးခင်က အစိုးရနဲ့
ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခု ဖြစ်တဲ့
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ပထမဆုံး ဆက်ဆံရေးရုံးကို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ
မနေ့မနက်ပိုင်းက ဖွင့်လှစ်လိုက်ပါတယ်။
(၃) မြစ်ကြီးနားတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဟောပြောပွဲ ကျင်းပမည်
: Source : RFA
2012-09-03
မြန်မာနိုင်ငံမြောက်ပိုင်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ပထမဦးဆုံးအကြိမ် သဘာဝ ပတ်ဝန်းကျင်
ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို အခုလ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ
ကျင်းပဖို့ရှိပြီး ရန်ကုန်မြို့က ထင်ရှားတဲ့ သဘာဝ ပတ်ဝန်းကျင်အရေး ကျွမ်းကျင်သူတွေ
လာရောက် ဟောပြောကြမယ်လို့ သတင်းရရှိပါတယ်။
(၄) စာရင်းစစ်ချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး
ရာထူးတွေအတွက် အမည်တင်သွင်း : Source : VOA
3-Sep-12
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းစဉ်တွေ အားကောင်းလာစေဖို့ဆိုတဲ့ ရည်ရွယ်နဲ့ မကြာသေးခင် ရက်ပိုင်းက စလို့ ၀န်ကြီးနေရာ
အပြောင်းအရွှေ့တွေ လုပ်ဆောင်လာတာမှာ ဒီကနေ့ လည်း ၀န်ကြီးနေရာတချို့ ပြောင်းရွှေ့ခန့်အပ်မှုနဲ့
ပတ်သက်ပြီး သမ္မတရုံးကနေ ပြည် ထောင်စု လွှတ်တော် နာယကဆီကို သ၀ဏ်လွှာ ၂ စောင် ပေးပို့ခဲ့ပါတယ်။
ဒီသ၀ဏ်လွှာအရ
(၅) အခြေခံဥပဒေခုံရုံး
စုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ပြောင်းလဲ : Source : RFA
2012-09-03
အခြေခံဥပဒေခုံရုံး
စုံစမ်းရေးအဖွဲ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနဲ့ အဖွဲ့ဝင်တွေကို အခြေခံ ဥပဒေခုံရုံးက
ကန့်ကွက်လိုက်တဲ့အတွက် အမ်း မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးသိန်းဆွေကို စုံစမ်း စစ်ဆေးရေး အဖွဲ့ရဲ့ ဥက္ကဋ္ဌ အသစ်အဖြစ် ပြောင်းလဲ တာဝန်
ပေးအပ်လိုက်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒီကနေ့
ပြောကြားလိုက်ပါတယ်။
(၆) တရားဥပဒေစိုးမိုးမှု
မရှိခြင်းကြောင့် ဘင်္ဂလီများ၏ အကြမ်းဖက်မှုကို ရခိုင်တိုင်းရင်းသားများ ခံနေရဆဲဖြစ်ကြောင်း
ဘူးသီးတောင် RNDP ပြော : Source :
Arakantimes
3-Sep-12
ရခိုင်ပြည်နယ်တွင်
ဇွန်လကဆူပူ အကြမ်းဖက် ဖြစ်ပေါ်ပြီးနောက် ဘင်္ဂလီများ၏ ခြိမ်းခြောက်မှု၊
အကြမ်းဖက်မှုများ ဆက်လက်ရှိနေခြင်းသည် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှု
မရှိခြင်းကြောင့် ဖြစ်ပေါ်နေရသည်ဟု ဘူးသီးတောင်မှ ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီ ဥက္ကဌ ဦးထွန်းအောင်သိန်းက ပြောသည်။
(၇) မြောက်ပိုင်းလူသတ်မှု ထောက်လှမ်းရေးပါ
အစစ်ခံဖို့လိုဟု ဒေါက်တာနိုင်အောင်ပြော : Source : Mizzima
မြတ်ကျော်သူ | အင်္ဂါနေ့၊ စက်တင်ဘာလ ၀၄
ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၁၈ မိနစ်
ရန်ကုန်
(မဇ္ဈိမ) ။ ။
ယခင်စစ်အစိုးရအဆက်ဆက် ချမှတ်ထားသော ပြည်ဝင်ခွင့် ပိတ်ပင်ထားသူများစာရင်း Black
List မှ ပယ်ဖျက်မှုအပြီး ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး
လှုပ်ရှားသူတဦးဖြစ်သော မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု၏
အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်လည်း ပြန်ရောက်လာခဲ့သည်။
ဆက်ဖက်ရန်---
ဆက်ဖက်ရန်---
(၈) ပါတီအချင်းချင်း တိုက်ခိုက်မှု
အဆုံးသတ်ဖို့ NDF ခေါင်းဆောင်ပြော : Source : Mizzima
အောင်မြတ်ထွန်း၊ နှင်းပွင့် |
အင်္ဂါနေ့၊ စက်တင်ဘာလ ၀၄ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၃၅ မိနစ်
ရန်ကုန်
(မဇ္ဈိမ) ။ ။ လူပုဂ္ဂိုလ်အချင်းချင်း၊
နိုင်ငံရေးပါတီအချင်းချင်း တိုက်ခိုက်ဝေဖန်မှုများကို အဆုံးသတ်ကာ အနာဂတ်တွင်
နိုင်ငံဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီ ထွန်းကားရေးတို့ကို ဦးစားပေး လုပ်ဆောင်ကြရန်
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဗဟန်းမြို့နယ်
ဗိုလ်စိန်မှန်ရပ်ကွက်တွင် အင်္ဂါနေ့က ပြုလုပ်သော NDF ရုံးချုပ်သစ်ဖွင့်ပွဲတွင်
ပြောကြားသွားသည်။
ဆက်ဖက်ရန်---
ဆက်ဖက်ရန်---
(၉) လယ်မြေများ ရေလွှမ်းခံရသော်လည်း
ဆန်ဈေးနှုန်းမတက် : Source : Mizzima
စည်သူ | အင်္ဂါနေ့၊ စက်တင်ဘာလ ၀၄ ရက်
၂၀၁၂ ခုနှစ် ၁၅ နာရီ ၄၆ မိနစ်
ရန်ကုန်
(မဇ္ဈိမ) ။ ။ သြဂုတ်လအတွင်းက
မြစ်ရေကြီးခြင်းကြောင့် လယ်ယာမြေများ ရေလွှမ်းခံရပြီး လယ်မြေများ ပျက်စီးသော်လည်း
ဆန်စပါးဈေးနှုန်း မတက်အောင် စီမံဆောင်ရွက်သွားမှာဖြစ်ကြောင်း
မြန်မာနိုင်ငံဆန်စပါးအသင်း တာဝန်ရှိသူက အာမခံ ပြောကြားလိုက်သည်။
ဆက်ဖက်ရန်---
ဆက်ဖက်ရန်---
(၁၀) မြစ်ကြီးနားတွင်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဟောပြောပွဲ ကျင်းပမည် : Source : RFA
2012-09-03
မြန်မာနိုင်ငံမြောက်ပိုင်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ပထမဦးဆုံးအကြိမ် သဘာဝ ပတ်ဝန်းကျင်
ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို အခုလ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ
ကျင်းပဖို့ရှိပြီး ရန်ကုန်မြို့က ထင်ရှားတဲ့ သဘာဝ ပတ်ဝန်းကျင်အရေး ကျွမ်းကျင်သူတွေ
လာရောက် ဟောပြောကြမယ်လို့ သတင်းရရှိပါတယ်။
(၁၁) ရခိုင် အများပိုင်ကုမ္ပဏီ မတည်ငွေ သန်း
၅၀၀ ဖြင့် စတင်မည် : Source : Mizzima
နှင်းပွင့် | အင်္ဂါနေ့၊ စက်တင်ဘာလ ၀၄
ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၁၂ မိနစ်
မဇ္ဈိမသတင်းဌာန
။ ။ ရခိုင် အများပိုင် ကုမ္ပဏီကို
အစုရှယ်ယာဝင် ၅ဝ ဦးတို့၏ မတည်ငွေ သန်း ၅ဝဝ ဖြင့် စတင် ဖွဲ့စည်းသွားမည်
ဖြစ်ကြောင်း အစုရှယ်ယာရှင် တဦးဖြစ်သူ ဦးသန်းမောင်က စက်တင်ဘာ ၂ ရက်နေ့ ရွှေတိဂုံ
အရှေ့ဘက်မုဒ် အာဇာနည်ဗိမာန်လမ်းရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ကျင်းပသော ကုမ္ပဏီ ဖွဲ့စည်းရန်အတွက်
ပမဏ အကြံပြု ဆွေးနွေးပွဲတွင်
(၁၂) ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် မြေယာများ အသိမ်းခံရ : Source : DVB
Published on
September 4, 2012 by နန်းြမနဒီ
· No Comments
ရှမ်းြပည်နယ်ေတာင်ပိုင်း
ဖယ်ခံုြမို့နယ် ရွာသားေတွပိုင်တဲ့ ေြမယာေတွမှာ အစိုးရခွင့်ြပုချက်နဲ့ ကုမ္ပဏီတခုက သိမ်းယူြပီး သစ်မာပင်ေတွ ၀င်ေရာက်စိုက်ပျိုးေနတဲ့အတွက်
ဒေသခံရှာသားတှေ အခကျတှေ့နေရပါတယျ။
(၁၃) ဒီဗွီဘီ သတင်းထောက်အမှု စက်တင်ဘာ ၁၁ရက်နေ့ ထပ်မံရုံးချိန်း : Source : DVB
Published on
September 4, 2012 by ခင်မင်းေဇာ်
· No Comments
ဒီဗွီဘီ
သတင်းေထာက် ဦးေဇာ်ေဖနဲ့ ေကျာင်းသားမိဘတဦးကုိ မေကွးတိုင်း ပညာေရးဌာနရံုးက တရားလိုြပုြပီး တရားစွဲဆိုထားတဲ့အမှု မေန့က မေကွးြမို့နယ် တရားရံုးမှာ ရုံးထုတ်ခဲ့ြပီး စက်တင်ဘာ ၁၁ ရက်ေန့ကုိ ြပန်ချိန်းလုိက်တယ်လုိ့ ဒီဗွီဘီသတင်းေထာက် ဦးေဇာ်ေဖက ေြပာပါတယ်။
(၁၄) စွန့်ပစ်ပလတ်သတစ်ကနေ အမှိုက်အိတ်ထုတ် : Source : DVB
Published on
September 4, 2012 by အေးနိုငျ · No
Comments
ရန်ကုန်ြမို့မှာ
ပလတ်စတစ်လုပ်ငန်းရှင်
၃ ဦး စုေပါင်းြပီး စွန့်ပစ်ပလတ်စတစ်ကေန အမိှုက်အိတ်ေတွ ထုတ်လုပ်ေရာင်းချေနတယ်လို့
ြမန်မာနိုင်ငံ ပလတ်စတစ်လုပ်ငန်းရှင်များ အသင်း အလုပ်အမှုေဆာင် ဦးလှ၀င်းက ေြပာပါတယ်။
(၁၅) သောက်ရေခပ် ရေကာတာ စီမံကိန်းကြောင့်စံပြရွာအဖြစ် ပြန် အခြေချရမည်ကို ဒေသခံများ မလိုလား : Source : KIC
3-Sep-12
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ သောက်ရေခပ်ချောင်း အား ဖြတ်၍ တည်ဆောက်နေသော သောက်ရေခပ် ရေကာတာ စီမံကိန်းကြောင့် စံပြရွာအဖြစ် ပြန်အခြေချရမည်ကို ထိုဒေသရှိ ထုံးဘိုရွာသူရွာများက မလိုလား ကြောင်း သိရသည်။
(၁၆) UWSA ၏ အင်အားကြီးတပ်မဟာတခု၏တပ်မှူး ရာထူးလျှော့ချခံရ : Source : Panglong
Tuesday, 04 September 2012 19:06 သျှမ်းသံတော်ဆင့်
၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ လူအား၊
ငွေအား၊ လက်နက်အား အတောင့်တင်းဆုံးဖြစ်သည့် တပ်မဟာတခု၏ တပ်မှူးအား သြဂတ်စ်လနှောင်းပိုင်းက ရာထူးလျှော့ချ၍ အပြောင်းအလဲ လုပ်လိုက်ကြောင်း နီးစပ်
သည့် အသိုင်းအဝိုင်းက ပြောပါသည်။
(၁၇) မဲခေါင်မြစ်အတွင်း ခရီးသည်တင်စက်လှေနစ်မြုပ် အခါကျောင်းသူ/သား ၁၄ ဦးသေ : Source : Panglong
Tuesday, 04 September 2012 18:50 သျှမ်းသံတော်ဆင့်
မဲခေါင်မြစ်အတွင်း ခရီးသည်တင်စက်လှေနစ်မြုပ်မှုကြောင့် အထူးဒေသ ၄
မိုင်းလား နယ်မြေမှ တရုတ်ပြည်သို့ ကျောင်းသွားတက်သည့် အခါကျောင်းသားလူငယ်ကလေးများ ၁၄
ဦးသေဆုံးကြောင်း နယ်စပ်သတင်းရပ်ကွက် က
ဆိုပါသည်။
(၁၈) အောင်မြေသစ် ကျေးရွာဒေသခံ ကချင် အမျိုးသမီးတစ်ဦး အဓ္ဓမပြုကျင့် အသတ်ခံရ
: Source : Kachin
4-Sep-12
ကချင်ပြည်နယ်
ဝိုင်းမော်မြို့နယ် လိုင်ဇာသွားလမ်းပေါ်ရှိ အောင်မြေသစ်ကျေးရွာမှ အမျိုးသမီးတစ်ဦးသည်
မည်သူပြုလုပ်ထားခြင်းမသိရပဲ အဓ္ဓမပြုကျင့်သတ်ဖြတ်ခံခဲ့ရကြောင်း
ဒေသခံများပြောသည်။
No comments:
Post a Comment