Tuesday, September 11, 2012

နေ့စဉ်မြန်မာ့အရေးဆက်စပ်သတင်းများ (စက်တင်ဘာလ ၁၀ရက်၊ ၂၀၁၂ခုနှစ်)


(၁) ရှမ်းလူမျိုးများကို နိုင်ငံသား အဖြစ် ထိုင်းလက်ခံ : Source : BBC

9-Sep-12
ထိုင်းဖက်ကို စစ်ပြေး ဒုက္ခသည် တွေအဖြစ် ရောက်နေတဲ့၊ မြန်မာဖက် နယ်စပ်က၊ ရှမ်းလူမျိုး တွေကို ထိုင်းအစိုးရက နိုင်ငံသား ဥပဒေ အသစ် ပြဌာန်း ပြီးတော့၊ အခု နိုင်ငံသား ပေးဖို့ ဆောင်ရွက် နေပါပြီ။

(၂) စာနယ်ဇင်းကောင်စီ ပြုပြင် ဖွဲ့စည်းရေး ဆွေးနွေးနေ : Source : BBC

9-Sep-12
မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ ကို ပြုပြင် ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးသစ် ဦးအောင်ကြည်ဟာ စာနယ်ဇင်း ဆိုင်ရာ အဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

(၃) ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို မြန်မာပြည် ပြန်လာဖို့ ဖိတ်ခေါ် : Source : BBC
9-Sep-12
သမ္မတ ဦးသိန်းစိန် အစိုးရသစ် တက်လာ အပြီးမှာ ပြည်ပက ပညာရှင်တွေ၊ အတိုက်အခံ တွေကို မြန်မာပြည်ထဲ ပြန်လာကြဖို့ ကမ်းလှမ်း မှုတွေ ရှိခဲ့ရာမှာ တရုတ် မြန်မာနယ်စပ်မှာ အခြေစိုက် ခိုလှုံနေတဲ့ ရဲဘော်သုံးကျိပ် ဝင် ဗမာပြည် ကွန်မြူနစ် ပါတီ ခေါင်းဆောင် ဟောင်း ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို မြန်မာပြည် ပြန်လာဖို့ အစိုးရက တရားဝင် ဖိတ်ခေါ်လိုက်ပါတယ်။

(၄) ထိုင်းနိုင်ငံရောက် မြန်မာတွေ နိုင်ငံသား လျှောက်ခွင့်ရ  : Source : BBC
10-Sep-12
အခု ထိုင်းအစိုးရက၊ ထိုင်းနိုင်ငံသား ပေးမယ်ဆိုတဲ့ သူတွေဟာ၊ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က၊ မြန်မာ အစိုးရစစ်တပ်တွေ၊ ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ မြန်မာနယ်စပ်က၊ လူမျိုးစု သူပုန်စခန်းတွေကို သိမ်းယူဖို့ စစ်ဆင် တိုက်ခိုက်တဲ့ အချိန်တုံးက၊ ထိုင်းဖက်ကို ထွက်ပြေး တိမ်းရှောင်သွားတဲ့ မြန်မာနယ်စပ် တလျှောက်က ထိုင်းလူမျိုးတွေနဲ့ ဘာသာစကား၊ ဓလေ့ထုံးစံတူတဲ့ ရှမ်းလူမျိုးတွေ ဖြစ်ပါတယ်။

(၅) ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားရေးရာဝန်ကြီး : Source : BBC
10-Sep-12
သမ္မတ ဦးသိန်းစိန်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ပြည်နယ်၊ တိုင်းတွေက တိုင်းရင်းသားရေးရာ ဝန်ကြီးတွေကို တွေ့ဆုံခဲ့ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရကြား ဆောင်ရွက်နေကြတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အောင်မြင်ရေး ကူညီ ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ တိုင်းရင်းသား ဝန်ကြီးတွေရဲ့

(၆) ဒေါ်စု အမေရိကန်ခရီးစဉ် စက်တင်ဘာ ၁၆ စမည် : Source : VOA
9-Sep-12
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလာမယ့် တနင်္ဂနွေနေ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကို သွားရောက်မယ်လို့ အမျိုးသား ဒ်ီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက အေအက်ပီ သတင်းဌာနကို ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံးဆု ဖြစ်တဲ့

(၇) ရခိုင်ပြည်နယ်တစ်ဝှမ်း ၇၃ နှစ်မြောက် ဦးဥတ္တမနေ့ အခမ်းအနားကျင်းပ : Source : RFA
2012-09-09
၇၃ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားတွေကို ရခိုင်ပြည်နယ်အနှံ့မှာ ဒီကနေ့ ကျင်းပခဲ့ကြပါတယ်။ အဲဒီလိုကျင်းပရာမှာ မြို့နယ်အသီးသီးရှိ နိုင်ငံရေးပါတီတွေအပြင် ရပ်ကွက်အလိုက်၊ အဖွဲ့အစည်းအလိုက် ဆရာတော် ဦးဥတ္တမကို ရည်စူးပြီး လွမ်းသူ့ပန်းခွေချတာတွေ၊ ဆွမ်းဆီမီး ကပ်လှူတာတွေ၊ ဟောပြောပွဲ အခမ်းအနားတွေ၊

(၈) တိုက်ပွဲမစဲတဲ့ ဖားကန့်ဒေသ စီးပွားရေးနစ်နာ : Source : VOA
9-Sep-12
သီတင်း သုံးပတ်လောက်ရှိလာပြီဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ် ဖားကန့်ဒေသမှာ စီးပွားရေးလုပ်ငန်းတွေ မစနိုင်ဘဲ ဖြစ်နေရပါတယ်။ ကားခတွေလည်း နှစ်ဆနီးပါး ဈေးတက်သွားပြီး ဖားကန့်ဒေသဘက်ကို လာတဲ့ ကုန်သည်တွေ မရှိသလောက်ကို ဖြစ်နေတယ်လို့ ဒေသခံတွေ က ပြောပြပါတယ်။ ဒါ့အပြင် အခုရက်ပိုင်း


(၉) ၀တ်ပြုဆုတောင်းဖို့သွားကြတဲ့ ရွာသားများ အာဏာပိုင်က တားဆီး : Source : RFA
2012-09-09
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် လက်ပန်းတောင်းတောင် ပျောက်ကွယ် မသွားရအောင် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကို ဒီကနေ့ ၀တ်ပြု ဆုတောင်းဖို့ သွားရောက်ကြတဲ့ ၀က်မှေးရွာနဲ့ ရွှေလှေရွာက ရွာသား ၁၀၀ ကျော်ကို လမ်းတစ်ဝက် အရောက်မှာ အာဏာပိုင်တွေက မြစ်တဖက်ကို

(၁၀) သမိုင်းဝင်အဆောက်အအုံ ပုဂ္ဂလိကထံ လွှဲပြောင်းပေးသည့်ကိစ္စ ရုပ်သိမ်းဖို့ တောင်းဆို : Source : RFA
2012-09-09
မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုသမိုင်းဝင် ကိုလိုနီခေတ်လက်ရာ ရန်ကုန်မြို့က တရားလွှတ်တော် အဆောက်အအုံတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေဆီ လွှဲပေးလိုက်တဲ့ကိစ္စကို အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ ပြန်လည်ရုပ်သိမ်းပေးဖို့ မြန်မာနိုင်ငံ ရှေ့နေများ ကွန်ယက်က ရန်ကုန်မြို့မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကျင်းပပြီး

(၁၁) ၈၈ မျိုးဆက် ထန်းတပင်မြို့နယ်မှာ ဟောပြော : Source : RFA
2012-09-09
ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်မှာ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ဘောင် ဖော်ဆောင်ရေး ဆွေးနွေးပွဲကို ဒီကနေ့ ပြုလုပ်ခဲ့ပြီး ကိုမင်းကိုနိုင်၊ ကိုဂျင်မီနဲ့ ကိုကိုကြီး(စမ်းချောင်း)တို့ သွားရောက် ဟောပြောခဲ့ကြပါတယ်။

(၁၂) မကွေးဒေသခံတွေကို အာဏာပိုင်က စစ်ဆေးမေးမြန်း  : Source : RFA
2012-09-09
ဧရာဝတီတိုင်းက ရေဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ စက်တင်ဘာ ၇ ရက်နေ့က မကွေးမြို့မှာ သွားရောက်ဖျော်ဖြေခဲ့တဲ့ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း ဂီတအဖွဲ့ကို ကူညီခဲ့တဲ့ မကွေး ဒေသခံတွေကို အာဏာပိုင်တွေက စစ်ဆေး မေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ RFA က စုံစမ်း သိရပါတယ်။


(၁၃) (၆၄) နှစ်မြောက် ကရင်နီအမျိုးသား အာဇာနည်နေ့ KNPP ဦးဆောင်ကျင်းပ  : Source : RFA
2012-09-08
 (၆၄) နှစ်မြောက် ကရင်နီအမျိုးသား အာဇာနည်နေ့ အခမ်းအနားကို ဒီကနေ့ မနက်ပိုင်းက ကယားပြည်နယ် ဒီမောဆိုမြို့နယ် နမ့်ပုလဲကျေးရွာမှာ KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီက ဦးဆောင်ကျင်းပခဲ့ပါတယ်။


(၁၄) ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက် ကြေးနီစီမံကိန်း ဘေးထွက်ဆိုးကျိုး ဟောပြော : Source : RFA
2012-09-08
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝ ဘေးအန္တရာယ်တွေ အကြောင်း စီမံကိန်း အနီးအနား တစ်ဝိုက်က ကျေးရွာတွေ သိရှိ နားလည်လာအောင် ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ယက်က မနေ့က လှည့်လည် ဟောပြောခဲ့တယ်လို့ သိရပါတယ်။

(၁၅) ကိုးရီးယား အထည်ချုပ်စက်ရုံ ဆန္ဒပြပွဲ ကျေအေးပြီးဆုံး : Source : RFA
2012-09-08
ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန် အမှတ် (၄) မှာရှိတဲ့ ကိုးရီးယားနိုင်ငံသားပိုင် မူးအန်ဆူး (MYUE & SUE) အထည်ချုပ်စက်ရုံက အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ အလုပ်သမား ၁၀၀၀ ကျော်ရဲ့ တောင်းဆိုပွဲဟာ အဓိကတောင်းဆိုချက် ဖြစ်တဲ့ အခြေခံလစာကို အလုပ်ရှင်ဘက်က မတိုးပေးပေမယ့်

(၁၆) မိုးထိ မိုးမိ ရွှေလုပ်သားခေါင်းဆောင် ၂၂ ဦး တရားစွဲဆိုခံရ : Source : RFA
2012-09-08
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် မိုးထိ မိုးမိဒေသ ရွှေတူးဖော်ရေး လုပ်ငန်းခွင်က လုပ်သားခေါင်းဆောင် ၂၂ ဦးကို အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီကနေ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

(၁၇) တိုင်းရင်သားရေးရာ ညီလာခံ ထိုင်းနိုင်ငံတွင် ကျင်းပမည် : Source : DVB

Published on September 10, 2012 by အေးနိုငျ   ·   No Comments
ြပည်ပေရာက်တိုင်းရင်းသားေတွ ကျယ်ကျယ်ြပန့်ြပန့် တက်ေရာက်ဖို့ စီစဉ်ထားတဲ့ တိုင်းရင်းသားေရးရာ ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်ြမို့မှာ စက်တင်ဘာ ၁၄ ရက်ကေန ၁၆ ရက်ေန့ထိ ရက်ဆက်တိုက်ကျင်းပမယ်လို့ ညီလာခံြဖစ်ေြမာက်ေရး စီစဉ်သူတဦး ြဖစ်တဲ့ ဦးခွန်ဥက္ကာက ေြပာပါတယ်။

(၁၈) သမ္မတထံလူတိုင်း တိုက်ရိုက်စာပေးပို့နိုင် : Source : DVB

Published on September 10, 2012 by ေရွှေအာင်   ·   No Comments
ြမန်မာြပည်သူတိုင်း သမ္မတဆီကို တိုက်ရိုက် စာေပးပို့နိုင်ဖို့ နိုင်ငံေတာ်သမ္မတရုံးက ကဏ္ဍသစ် တခု ဖွင့်လှစ်လိုက်ပါတယ်။စက်တင်ဘာ ရက်ေန့ကစလို့ နိုင်ငံေတာ် သမ္မတ ရံုးရဲ့ အင်တာနက် စာမျက်နှာမှာ ြပည်သူ့အသံ ကဏ္ဍကို စတင် ဖွင့်လှစ်ြပီး စာပေးပို့လိုသူတှေက အဲဒီဝကျဘျဆိုကျ လိပ်စာကတဆင့် အြကံြပုစာ၊ တိုင်ြကားစာ၊ အသနားခံစာ၊ ပစ်စာ အားလံုးေပးပို့နိုင်ေအာင် စီစဥ်ထားတာ ြဖစ်ပါတယ်။

(၁၉) အဖမ်းခံထားရသူများ ပြန်လွတ်ပေးရေးအတွက် ရဲစခန်းရှေ့ ဆန္ဒပြ : Source : DVB
Published on September 10, 2012 by မင်းလွင်   ·   No Comments
လက်ပန်းေတာင်းေတာင်အေရး ေဆာင်ရွက်သူ ၁၂ ဦးကို မံုရွာခရိုင် အာဏာပိုင်ေတွက ဖမ်းဆီးထားတာ လွှတ်ေပးဖို့ ဒေသခံတှေနဲ့ ကြောငျးသားတှေက ဆန်ဒွပနွေကပါတယျ။


(၂၀) နိုင်ငံတည်ဆောက်ရေး ကွန်ဖရင့် ကျင်းပမည် : Source : DVB
Published on September 10, 2012 by အေးနိုငျ   ·   No Comments
ြမန်မာြပည် တည်ေဆာက်ေရးကွန်ဖရင့် အမည်နဲ့ ဆှေးနှေးပှဲတရပျကို ြမန်မာအီးဂရက် (Myanmar Egress) က ဦးစီးြပီး ကျင်းပမယ်လို့ အီးဂရက် ေခါင်းေဆာင်တဦးြဖစ်တဲ့ ေဒါက်တာေကျာ်ရင်လိှုင်က ေြပာပါတယ်။

(၂၁) ခူးထဲဘူးဖဲ စာပေသင်ကြားရေးကို ကရင်နီလူထုများ ပိုစိတ်ဝင်စားလာ : Source : KIC

10-Sep-12
အပစ်ရပ်ကာလအတွင်း ပြည်တွင်းတွင် ပထမဆုံး စတင်သင်ကြားပို့ချပေးနေသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူးထဲဘူးဖဲ(ကွယ်လွန်) ထီထွင်ခဲ့သည့် ကရင်နီစာပေကို မြန်မာပြည်တွင်းရှိ ကရင်နီလူထုများ ပိုမို စိတ်ဝင်စားလာသည်ဟု သိရသည်။

(၂၂) ပိုလန်၌လေ့လာရေး လူငယ်များ ရင်တွင်းစကားတင်ပြခွင့်မရ : Source : Panglong

Monday, 10 September 2012 18:01 သျှမ်းသံတော်ဆင့်
ပိုလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှဖိတ်ခေါ်ပို့ချသော နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းသင်တန်း မှရလာသော ပညာကို မိမိပြည်နယ်အတွက် လွတ်လပ်စွာအသုံးပြုခွင့်ရှိရန်လိုအပ်ကြောင်း၊ လေ့လာရေးခရီးမှ ဗဟုသုတများရ ခဲ့သည်မှာ မှန်သော်လည်း မိမိရင်တွင်းစကားများ တင်ပြဆွေးနွေးခွင့်မရခဲ့ကြောင်းပြောသည်။

(၂၃) SSA တပ်စခန်းအားများအား အစိုးရတပ် တက်တိုက် ၁၀ ယောက်ထက်မနည်းသေဆုံး : Source : Panglong

Monday, 10 September 2012 17:35 သျှမ်းသံတော်ဆင့်
သျှမ်းပြည်တောင်ပိုင်း အရှေ့ပိုင်း မြောက်ပိုင်းအတွင်း အခြေချ လှုပ်ရှားသည့် သျှမ်းပြည်တပ်မတော် SSA တပ်စခန်း များအား အစိုးရတပ်များကတိုက်ခိုက်သောကြောင့် နှစ်ဦးနှစ်ဘက်ဆုံးရှုံးမှုများကြောင်း ဒေသတွင်းသတင်း ရပ်ကွက် ကပြောပါသည်။
ဆက်ဖက်ရန်---

No comments:

Post a Comment