Friday, September 21, 2012

နေ့စဉ်မြန်မာ့အရေးဆက်စပ်သတင်းများ (စက်တင်ဘာလ ၂၀ရက်၊ ၂၀၁၂ခုနှစ်)

(၁) FTUB အဖွဲ့ NDF နှင့် တွေ့ဆုံဆွေးနွေး : Source : RFA

2012-09-19
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ပြည်ပအခြေစိုက် (FTUB) မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင် ဦးမောင်မောင်နဲ့ အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ ဦးဆောင်တဲ့ အဖွဲ့နဲ့တွေ့ဆုံပြီး လယ်သမား အလုပ်သမားကိစ္စတွေ၊ စီးပွားရေးပိတ်ဆို့မှု ဆိုင်ရာကိစ္စတွေ၊ ILO ဥပဒေရေးရာနဲ့ ပတ်သက်တဲ့ကိစ္စတွေ

(၂) ဒေါ်အောင်ဆန်းစုကြည် အမေရိကန် လွှတ်တော် ရွှေတံဆိပ်ဆုလက်ခံရယူ  : Source : RFA
2012-09-19
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်လွှတ်တော်က ၂၀၀၈ ခုနှစ်တုန်းက ချီးမြှင့်ခဲ့တဲ့ ရွှေတံဆိပ်ဆုကို ဗုဒ္ဒဟူးနေ့ ညနေပိုင်းက ကိုယ်တိုင် တက်ရောက် လက်ခံခဲ့ပါတယ်။ ဒီဆုဟာ အမေရိကန် ပြည်ထောင်စုမှာ အရပ်ဘက် ပြည်သူတွေကို ပေးအပ်တဲ့ အမြင့်ဆုံးဆု ဖြစ်ပါတယ်။

(၃) သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌ အမေရိကန်တားမြစ်စာရင်းက ပယ်ဖျက် : Source : RFA
2012-09-19
မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို အမေရိကန် ဘဏ္ဍာရေးဌာနက မနေ့က ပယ်ဖျက်လိုက်ပါတယ်။ တချိန်က စစ်အစိုးရ အဖွဲ့ဝင်တွေ ဖြစ်ခဲ့တဲ့ ဦးသိန်းစိန်နဲ့ သူရ ဦးရွှေမန်းတို့ကို အထူးတလည် အရေးယူဖို့ သတ်မှတ်ထားတဲ့ နိုင်ငံသားများ စာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ ဆိုပါတယ်။


(၄) GRAND ROYAL အရက်ချက်စက်ရုံ အလုပ်သမားတောင်းဆိုချက် ပြေလည်မှုရ : Source : RFA
2012-09-19
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန် (၂)၊ ကနောင်မင်းသားကြီးလမ်းမှာရှိတဲ့ GRAND ROYAL အရက်ချက်စက်ရုံက ထုတ်လုပ်ရေးဝန်ထမ်းတွေ မနေ့က ဆန္ဒပြခဲ့ကြတာကို သက်ဆိုင်ရာ အလုပ်သမားဦးစီးဌာန တာဝန်ရှိသူတွေက ညှိနှိုင်းပေးခဲ့တာကြောင့် မနေ့ ည (၈) နာရီမှာ ပြေလည်မှု ရခဲ့တယ်လို့ သိရပါတယ်။


(၅) အမိမြေ ငြိမ်းချမ်းရေးအဖွဲ့ လက်ပံတောင်းတောင် ဒေသခံများနှင့်တွေ့ဆုံ : Source : RFA
2012-09-19
အမိမြေ ငြိမ်းချမ်းရေးမစ်ရှင် ခရီးစဉ်အဖြစ် အင်အား ၄၀ ကျော်ပါဝင်တဲ့ ကိုမိုးသီးဇွန်တို့ အဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေ သိမ်းယူခံရပြီး ဖယ်ရှားခံထားရတဲ့ ကျေးရွာ (၅) ရွာကို ဒီကနေ့ သွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

 

(၆) ဖားကန့်စစ်ဗျူဟာမှူးနှင့် KIA တပ်ရင်းမှူးတို့ကို ၈၈ မျိုးဆက်တွေ့ဆုံ : Source : RFA

2012-09-19
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်း ဒေသကို ငြိမ်းချမ်းရေး ခရီးစဉ်အဖြစ် ဒီလ ၁၆ ရက်နေ့က ၁၈ ရက်နေ့အထိ ရောက်ရှိခဲ့တဲ့ ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ ဖားကန့်ဒေသ စစ်ဗျူဟာမှူးနဲ့ KIA တပ်ရင်းမှူးတို့ကို သီးခြားစီ နှုတ်ဆက်တွေ့ဆုံခဲ့ပြီး လတ်တလော ဖြစ်ပေါ်နေတဲ့ ဖားကန့်ဒေသ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

(၇) ၈၈ မျိုးဆက်ကျောင်းသား ၁၉ ဦး နိုင်ငံကူး လက်မှတ်ရရှိ : Source : RFA
2012-09-19
၂၀၁၂ မတ်လအတွင်းက လျှောက်ထားတဲ့ ၈၈ မျိုးဆက်ကျောင်းသား ၁၉ ဦးရဲ့ နိုင်ငံကူးလက်မှတ်တွေ ဒီကနေ့ ရရှိပြီလို့ သိရပါတယ်။ ဒီကနေ့ နေ့လည်မှာ နိုင်ငံကူး လက်မှတ်ရုံးက ကိုမြအေးဆီ ဖုန်းဆက်ပြီး နိုင်ငံကူး လက်မှတ်တွေ ရရှိပြီဖြစ်ကြောင်း အကြောင်းကြားလာတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသား တစ်ဦးဖြစ်တဲ့ ကိုစိုးထွန်းက RFA ကိုပြောပါတယ်။
 
(၈) အိန္ဒိယနိုင်ငံသားပိုင် စက္ကူကုန်ကြမ်းစက်ရုံ အလုပ်သမား ဆန္ဒပြ : Source : RFA
2012-09-19
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်း စက်မှုဇုန်မှာရှိတဲ့ အိန္ဒိယနိုင်ငံသားပိုင် နီလာစတား စက္ကူကုန်ကြမ်းစက်ရုံက အလုပ်သမား (၄၀) ကျော်ဟာ သူတို့ရဲ့ တောင်းဆိုချက်(၇) ချက်ကို အလုပ်ရှင်ဘက်က မလိုက်လျောတဲ့အတွက် ဒီကနေ့မနက်ပိုင်းက စက်ရုံရှေ့မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

(၉) သစ်ထုတ်လုပ်ရေးကုမ္ပဏီ လစာမပေးနိုင်လို့ အလုပ်သမားများ မကျေနပ်  : Source : RFA
2012-09-19
ကုမ္ပဏီ ရစရာရှိတဲ့ အကြွေးများ တောင်းပေးမှ အလုပ်သမား လစာများ ထုတ်ပေးမယ်လို့ ပြောဆိုတာကြောင့် Asia Green ကုမ္ပဏီ အလုပ်သမားများ မကျေမနပ် ဖြစ်နေကြကြောင်း RFA ကို ပြောဆိုပါတယ်။

(၁၀) The Voice Weekly ကို တရားစွဲမှု တရားရုံးက လက်ခံ : Source : DVB
Published on September 20, 2012 by မင်းလွင်   ·   No Comments
ြပည်တွင်းအပတ်စဉ်ထုတ် The Voice Weekly ဂျာနယ်အေပါ် သတ္ထုတွင်း၀န်ြကီးဌာနက အသေရဖျက်မှုနဲ့ စွဲဆိုထားတာကို  ဒဂံုြမို့နယ် တရားရံုးက ဒီေန့ လက်ခံလိုက်ပါတယ်။

(၁၁) ၀တပ်ဖွဲ့ ဖမ်းဆီးသွားသည့် ရှမ်းတပ်သားနှင့် ရွာသားများ ပြန်လွတ် : Source : DVB
Published on September 20, 2012 by နန်းြမနဒီ   ·   No Comments
လွန်ခဲ့တဲ့ ဇွန်လကုန်ပိုင်းက ယူဒဗလျူအက်စ်ေအ တပ်ဖွဲ့က ဖမ်းဆီး ေခါ်ေဆာင်သွားတဲ့ ရှမ်းြပည်တပ်မေတာ်တပ်ဖွဲ့၀င်နဲ့ ရွာသားေတွ ြပန်လွတ်လာြပီလို့ ရှမ်းြပည်တပ်မေတာ် က ေြပာပါတယ်။

(၁၂) လယ်မြေသိမ်းကိစ္စ စုံစမ်းမှုကော်မရှင်ကို ပေါက်မြို့ဒေသခံများ မကျေနပ် : Source : DVB

Published on September 20, 2012 by နန်းြမနဒီ   ·   No Comments
မေကွးတိုင်း ေပါက်ြမို့နယ်ထဲမှာ အစိုးရတပ်က ရွာသားပိုင်ေြမေတွ သိမ်းယူခဲ့တာနဲ့ ပတ်သက်ြပီး စံုစမ်းမှုေကာ်မရှင်အဖွဲ့က ကွင်းဆင်းစစ်ေဆးရာမှာ အချိန်အနည်းငယ်သာေပးြပီး  လူနည်းစုနဲ့ လုပ်သွားတဲ့အတွက်  ဒေသခံတှေ မကေမြနပျွဖဈနွေကပါတယျ။

 


(၁၃) မန္တလေးကျူးကျော်များ ဖယ်ရှားမှု ဥပဒေအရလုပ်ခြင်းဖြစ်ကြောင်း စည်ပင်ပြော : Source : DVB

Published on September 20, 2012 by ေရွှေအာင်   ·   No Comments
မန္တေလးြမို့က ကျုးေကျာ်ရပ်ကွက်ေတွ ဖယ်ရှားေနတာဟာ ဥပေဒအတိုင်း ေဆာင်ရွက် လုပ်ကိုင်ေနတာ ြဖစ်တယ်လို့  သက်ဆိုင်ရာစည်ပင် က ေြပာဆိုလိုက်ပါတယ်။

(၁၄) လမ်းလျှောက် Performance  ပြခဲ့သူ ဆရာဆူးမြင့်သိန်းကို ခေတ္တထိန်းသိမ်း : Source : DVB
Published on September 20, 2012 by ဒီဗှီဘီ   ·   No Comments
မနက်ြဖန် ကျေရာက်မယ့် အြပည်ြပည်ဆုိင်ရာ ြငိမ်းချမ်းေရးေန့ကုိ ဂုဏ်ြပုတဲ့အေနနဲ့ မန္တေလးြမို့မှာ လမ်းေလှျာက် performance (ေဖျာ်ေြဖေရးအနုပညာ) ြပသခဲ့သူ ဆရာ ဆူးြမင့်သိန်းကုိ တာ၀န်ရှိ သူေတွက ေခါ်ယူထိန်းသိမ်းြပီး ဒီေန့ ေနလယ် နာရီေကျာ်မှာ ြပန်လွှတ်ေပးလုိက်ပါတယ်။

(၁၅) ဒေါ်အောင်ဆန်းစုကြည် ကွန်ဂရက်ဆု လက်ခံ : Source : BBC

20-Sep-12
၂၀၀၈ ခုနှစ်မှာ အမေရိကန် ကွန်ဂရက် က ဂုဏ်ပြုခဲ့တဲ့ Congressional Gold Medal တံဆိပ် ကို ဒေါ်အောင်ဆန်းစုကြည် ဗုဒ္ဓဟူး နေ့က လက်ခံ ခဲ့ပါတယ်။

(၁၆) ခွင့်ပြုချက်မရပေမယ့် ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် စီတန်း ဆန္ဒထုတ်ဖော်မည် : Source : DVB

Published on September 20, 2012 by ေနာ်နုိရင်း   ·   No Comments
စက်တင်ဘာ ၂၁ ရက်ေန့မှာကျေရာက်မယ့် အြပည်ြပည်ဆုိင်ရာြငိမ်းချမ်းေရးေန့ မှာ ြမန်မာတနုိင်ငံလုံး စစ်ပွဲရပ်ဖုိ့ အဖွဲ့အစည်းေပါင်းစုံ ပူးေပါင်းြပီး ဆန္ဒေဖာ်ထုတ်ချီတက်ြကမယ်လုိ့ သိရပါတယ်။

(၁၇) သမ္မတ အဖွဲ့နဲ့ ခွန်ထွန်းဦး လိုက်ပါ : Source : BBC

20-Sep-12
ဒီမိုကရေစီ ဆု လက်ခံဖို့ အမေရိက ရောက်နေတဲ့ ရှမ်း နိုင်ငံရေး သမား ခွန်ထွန်းဦးကို သမ္မတ ရဲ့ ကုလ သမဂ္ဂ ကိုယ်စားလှယ် အဖွဲ့မှာ ထည့်ထားတယ်လို့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး စိုင်းညွန့်လွင်က ပြောပါတယ်။

(၁၈) အမေရိကန် ဒဏ်ခတ်မှု ရုပ်သိမ်းရေး ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက် အမြင်များကွဲပြား : Source : Irrawaddy
20-Sep-12
ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှု ဖြေလျှော့ ရုပ်သိမ်းရေး ထောက်ခံကြောင်း ပြောဆိုမှုကို မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်းက အမြင်အမျိုးမျိုးဖြင့် တုံ့ပြန်ကြသည်။

(၁၉) ဆက်ကြေးများကြောင့် နယ်စပ်ကုန်သွယ်ရေး ထိခိုက်နေဟု အိန္ဒိယကုန်သည် ပြော : Source : Mizzima
နေမျိုး | ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၀ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၀၆ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာ-အိန္ဒိယ နယ်စပ်တွင် အိန္ဒိယခွဲထွက်ရေး လက်နက်ကိုင်အဖွဲ့များ၏ ဆက်ကြေး
ကောက်ခံမှုများကြောင့် အိန္ဒိယ ကုန်စည်များ ဈေးနှုန်းမြှင့်တက်ကာ နယ်စပ် ကုန်သွယ်ရေး၌ တွင်တွင်ကျယ်ကျယ် ကုန်သွယ်နိုင်ခြင်း မရှိကြောင်း သိရသည်။
ဆက်ဖက်ရန်---

(၂၀) တိုင်းရင်းသားမီဒီယာ ဖွံ့ဖြိုးရေး BNI ဦးတည်ကြိုပမ်းသွားမည် : Source : KIC
19-Sep-12
နိုင်ငံတကာမြန်မာ့သတင်း(BNI)အဖွဲ့ဝင်များက ၎င်းတို့၏ ၁၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို စက်တင်ဘာ လ ၁၇ရက်မှ ၁၉ ရက်နေ့အထိ ထိုင်း မြန်မာနယ်စပ် တစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားသတင်းမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

(၂၁) တရုတ်သင်္ဘောသား ၁၃ ဦး သတ်ဖြတ်မှု တရားရုံးတွင် နော်ခမ်း ငြင်းဆို : Source : Mizzima
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၀ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၁၁ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။      ။ လွန်ခဲ့သောနှစ်က မဲခေါင်မြစ်အတွင်း တရုတ် ကုန်တင်သင်္ဘော နှစ်စင်းအား ပစ်ခတ် တိုက်ခိုက်မှုနှင့် တရုတ်နိုင်ငံသား ၁၃ ဦးအား သတ်ဖြတ်မှုတို့ဖြင့် စွပ်စွဲဖမ်းဆီး၍ ရုံးတင် စစ်ဆေးခံနေရသော မူးယစ်ရာဇာ နော်ခမ်း က ၎င်းအနေဖြင့် ထိုတိုက်ခိုက်မှုအား စီစဉ်ခဲ့ခြင်း မရှိကြောင်း ငြင်းချက် ထွက်ဆိုလိုက်သည်။
ဆက်ဖက်ရန်---



(၂၂) ၂၀၁၅ မတိုင်မီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အားလုံး ပြီးမြောက်ရန် မဖြစ်နိုင် ဟု တိုင်းရင်းသားခေါင်းဆောင်များပြော : Source : Panglong

Thursday, 20 September 2012 17:51 မွေခေါဝ်
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အားလုံး၂၀၁၅ မတိုင်မီ ပြီးစီးလုပ်ဆောင်ရမည်ဟူသော အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီက ပြောကြားချက်အပေါ်  “မဖြစ်နိုင်ဟု” ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့သည့် တိုင်းရင်းသားပေါင်းစုံ ညီလာခံတွင် တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားကြောင်း သိရှိရပါသည်။


(၂၃) ရန်ကုန်နှင့် အင်းလေးဒေသတွင် ဟိုတယ်ဇုန်များ ထပ်မံဖော်ထုတ်မည် : Source : Mizzima
တင်ဇာအောင် | ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၀ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၁၈ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။       ။ လာမည့် ဘဏ္ဍာနှစ်အတွင်း ပိုမိုဝင်ရောက်လာမည့် နိုင်ငံခြားသား ခရီးသည်များကို ကျေပွန်စွာ ဧည့်ခံနိုင်ရန် မျှော်မှန်း၍ ရန်ကုန်နှင့် ရှမ်းပြည်နယ် အင်းလေး ဒေသတို့ တွင် ဟိုတယ်ဇုန်များ ထပ်မံဖော်ထုတ်သွား မည် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက ဆိုသည်။
ဆက်ဖက်ရန်---


(၂၄) မြန်မာရွှေ့ပြောင်းအလုပ်သမား တရားမျှတမှုရရှိရေး မဲဆောက်တွင် ဆွေးနွေး : Source : KIC
20-Sep-12
ထိုင်းနိုင်ငံ-တာ့ခ်ခရိုင်၊ မဲဆောက်မြို့ Centara Mae Sot Hill Resort ဟိုတယ်တွင် ထိုင်းလူ့အခွင့်အရေးမှ ဦးဆောင်၍ သက်ဆိုင်ရာ ထိုင်းအစိုးရဌာနများနှင့် မြန်မာ့ရွှေ့ပြောင်းအလုပ်သမားကူညီစောင့်ရှောက်ပေးရေး အဖွဲ့များ ယနေ့တွေ့ဆုံကာ ရွှေ့ပြောင်းအလုပ်သမားများ တရားမျှတမှုရရှိရေးအတွက် ဆွေးနွေးပွဲခဲ့ကြသည်။


(၂၅) တရုတ်သင်္ဘောသား ၁၃ ဦး သတ်ဖြတ်မှု တရားရုံးတွင် နော်ခမ်း ငြင်းဆို : Source : Mizzima
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၀ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၁၁ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။      ။ လွန်ခဲ့သောနှစ်က မဲခေါင်မြစ်အတွင်း တရုတ် ကုန်တင်သင်္ဘော နှစ်စင်းအား ပစ်ခတ် တိုက်ခိုက်မှုနှင့် တရုတ်နိုင်ငံသား ၁၃ ဦးအား သတ်ဖြတ်မှုတို့ဖြင့် စွပ်စွဲဖမ်းဆီး၍ ရုံးတင် စစ်ဆေးခံနေရသော မူးယစ်ရာဇာ နော်ခမ်း က ၎င်းအနေဖြင့် ထိုတိုက်ခိုက်မှုအား စီစဉ်ခဲ့ခြင်း မရှိကြောင်း ငြင်းချက် ထွက်ဆိုလိုက်သည်။
ဆက်ဖက်ရန်---

(၂၆) စရဖ နှင့် စစ်ကြောင်း၏ ညှဉ်းပန်းမှု သမ္မတထံ မိသားစု တိုင်ကြား : Source : Mizzima
ဖနိဒါ | ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၀ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၅၀ မိနစ်
ချင်းမိုင်(မဇ္စျိမ) ။       ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ဆက်သွယ်မှုဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော ကချင် စစ်ပြေးဒုက္ခသည် နှစ်ဦးအား အစိုးရ စစ်တပ်နှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ)တို့က မတရား ညှဉ်းပန်း
နှိပ်စက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတို့ကို ဖော်ထုတ် အရေးယူပေးရန် ကြာသပတေးနေ့ နံနက်က သမ္မတ ဦးသိန်းစိန် ထံ လိပ်မူ၍ မိသားစုဝင်များက တိုင်ကြားလိုက်သည်။
ဆက်ဖက်ရန်---

(၂၇) ကြေးနီစီမံကိန်း ရပ်တန့်ရန် ဆန္ဒပြရုံနှင့် မလုံလောက်ဟု လေ့လာရေးအစု ဆို : Source : Mizzima
နေမျိုး | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၉ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၁၉ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။       ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ်၊ လက်ပန်တောင်းတောင်၊ ကြေးနီစီမံကိန်းမှာ ဧရာဝတီ မြစ်ဆုံစီမံကိန်းကဲ့သို့ အန္တရာယ်ကြီးပြီး ဦးပိုင် လက်ဝါးကြီးအုပ် လုပ်ကိုင်နေသည့်အတွက် ထိုစီမံကိန်း ရပ်တန့်ရန် ပြည်သူများနှင့်အတူ ကန့်ကွက်မည်ဟု ဦးမိုးသီးဇွန်တို့နှင့်အတူ လယ်မြေသိမ်းခံ ကျေးရွာများသို့ ကွင်းဆင်း လေ့လာနေသူ ကိုရဲလင်း က ပြောသည်။
ဆက်ဖက်ရန်---

(၂၈) ငြိမ်းချမ်းရေးနေ့ ဂုဏ်ပြု ‘Peace One Day’ မှတ်တမ်းရုပ်ရှင် ပြသမည် : Source : Mizzima
ပန်းမြတ်ဇော် | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၉ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၈ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။      ။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အား ဂုဏ်ပြုသည့်အနေဖြင့် ‘Peace One Day’ မှတ်တမ်း ရုပ်ရှင်ကို စက်တင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန် နိုင်ငံရေး သိပ္ပံ ကျောင်း၌ ပြသမည်ဟု သိရသည်။
ဆက်ဖက်ရန်---

(၂၉) မူစယ်- နမ့်ခမ်းနယ်စပ် ကုန်သည်များအသင်း ပြင်ဆင်ဖွဲ့စည်းရန် လက်မှတ်ထိုးတောင်းဆို : Source : Panglong

Wednesday, 19 September 2012 15:15 သျှမ်းသံတော်ဆင့်
နယ်စပ်နေကုန်သည်များ အကျိုးအတွက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသဖြင့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ရှိ မူစယ် - နမ့်ခမ်း နယ်စပ် ကုန်သည်များအသင်း အလုပ်အမှုဆောင်အဖွဲ့အား ပြန်လည် ပြင်ဆင်ဖွဲ့စည်းရန် ကုန်သည်များ ဦးဆောင်၍ လက်မှတ်ထိုး တောင်းဆို မှုကို ယခုလ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ၃ ရက်ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း သိရသည် ။

No comments:

Post a Comment