Saturday, September 15, 2012

နေ့စဉ်မြန်မာ့အရေးဆက်စပ်သတင်းများ (စက်တင်ဘာလ ၁၄ရက်၊ ၂၀၁၂ခုနှစ်)

(၁) ၈၈ မျိုးဆက် ကိုဂျင်မီနှင့် စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် တွေ့ဆုံဆွေးနွေး : Source : RFA

2012-09-13

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ ဖြစ်ပွားနေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အရေးကိစ္စနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေးတို့ မနေ့ ညက တွေ့ဆုံဆွေးနွေး ခဲ့ပြီးနောက် ဒီကနေ့ မနက်ပိုင်းကစလို့ အဲဒီဒေသမှာ တပ်ဖြန့်ချထားတဲ့ လုံခြုံရေး တပ်တွေကို ဖယ်ရှားပေးလိုက်ပြီလို့

ဆက်ဖက်ရန်---

 

(၂) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ တွေ့ဆုံဆွေးနွေး : Source : RFA
2012-09-13
မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိခဲ့တဲ့ တရုတ် အမျိုးသား ပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ ၀ူဘန်းကို ဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ နေပြည်တော်မှာ မနေ့က တွေ့ဆုံခဲ့ပါတယ်။

ဆက်ဖက်ရန်---


(၃) အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဖျက်သိမ်း : Source : RFA
2012-09-13
မြန်မာ့ ဒီမိုကရေစီရေးအတွက် နှစ်ပေါင်း (၂၀) ကျော် ဆောင်ရွက်လာခဲ့တဲ့ အဝေးရောက် အမျိုးသားညွန့်ပေါင်း အစိုးရ (NCGUB) ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ၀န်ကြီးချုပ် ဒေါက်တာ စိန်ဝင်း လက်မှတ်ရေးထိုးပြီး ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ဆက်ဖက်ရန်---


 

(၄) လုပ်ငန်းခွင်က တုန်ခါသံ လျော့ချပေးဖို့ ESSAR ကုမ္ပဏီကို တောင်းဆို : Source : RFA
2012-09-13

အိန္ဒိယ-မြန်မာဆက်သွယ်မယ့် ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းမှာ ပါဝင်တဲ့ စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းခွင်က ထွက်ပေါ်လာတဲ့ တုန်ခါမှုအသံတွေဟာ ပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွား ထိခိုက်နေတဲ့အတွက် အဲဒီအသံတွေကို လျှော့ချပေးဖို့အတွက် စစ်တွေအခြေစိုက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးအဖွဲ့

ဆက်ဖက်ရန်---

 

(၅) ကေအိုင်အိုနှင့်အစိုးရတပ် ဖားကန့်မြို့တွင်း တိုက်ပွဲဖြစ် : Source : RFA
2012-09-13
ကေအိုင်အိုနဲ့ အစိုးရတပ်တွေ မနေ့က ညနေ ၄ နာရီကနေ ည ၈ နာရီကျော်လောက်အထိ ဖားကန့် မြို့တွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့လို့ ဒေသခံတွေ နီးစပ်ရာ ဒုက္ခသည် စခန်းတွေကို ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

ဆက်ဖက်ရန်---

 

(၆) ကျောက်တော်မြို့နယ်တွင် လုယက်သတ်ဖြတ်မှုဖြစ်ပွား : Source : RFA
2012-09-13
မကြာခင်ရက်ပိုင်းက ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ သတ်ဖြတ်ခံခဲ့ရတဲ့ သရက်အုပ်ကျေးရွာနေ ဦးကျော်မောင်ချေကို မနေ့နေ့လည်ပိုင်းက ကျောက်တော်မြို့မှာ သဂြိုဟ်ခဲ့ရာမှာ မြို့ပေါ်နဲ့ ကျေးရွာတွေက ဒေသခံ နှစ်သောင်းနီးပါး လိုက်ပါ ပို့ဆောင်ခဲ့ကြကြောင်း မြို့ခံတစ်ဦးဖြစ်သူ ကိုဗျာလာခိုင်က RFA ကို ပြောပါတယ်။

ဆက်ဖက်ရန်---

 

(၇) ကိုမိုးသီးဇွန်နှင့်အဖွဲ့ အမေရိကန် သံအမတ်ကြီးနှင့်တွေ့ဆုံဆွေးနွေး : Source : RFA
2012-09-13
၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်း ကိုမိုးသီးဇွန်နဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်နဲ့ ဒီနေ့မနက်က ရန်ကုန်မြို့မှာ တွေ့ဆုံပြီး ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆက်ဖက်ရန်---



 (၈) ဘာသာပေါင်းစုံ ဆုတောင်းပွဲကျင်းပ : Source : RFA
2012-09-13
ဗုဒ္ဒ၊ ဟိန္ဒူ၊ အစ္စလာမ်နဲ့ ခရစ်ယာန်ဘာသာတွေ အပါအ၀င် ကမ္ဘာ့ဘာသာပေါင်းစုံ ဆုတောင်းပွဲတစ်ခုကို ရန်ကုန်မြို့ ကန်တော်ကြီးစောင်းမှာရှိတဲ့ ချတ်ထရီယမ် ဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

ဆက်ဖက်ရန်---


(၉) ကလေးမြို့ပြည်သူ သမ္မတသဘောထား ထောက်ခံ ဆန္ဒပြ : Source : RFA
2012-09-13
ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ သဘောထားကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေ ဒီကနေ့ နေ့လည်ပိုင်းက ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

ဆက်ဖက်ရန်---

 

(၁၀) GRAND ROYAL အရက်ချက်စက်ရုံ ပညာရှင်ဝန်ထမ်းလေးဦး အလုပ်ထုတ်ခံရ : Source : RFA
2012-09-13
မြန်မာနိုင်ငံက အရက်အဖျော်ယမကာ ထုတ်လုပ်ရောင်းချရေး ဈေးကွက်မှာ အောင်မြင်မှုရနေတဲ့ နာမည်ကျော် GRAND ROYAL ကုမ္ပဏီရဲ့ မန္တလေး အရက်ချက်စက်ရုံက အလုပ်သမား အဖွဲ့အစည်းဖွဲ့ဖို့ ကြိုးပမ်းတဲ့ အင်ဂျင်နီယာ ပညာရှင် ၀န်ထမ်းလေးဦးကို မနေ့က အလုပ်ကနေ ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။

ဆက်ဖက်ရန်---

 

(၁၁) ထင်းရူးမြိုင်ဘုန်းတော်ကြီးကျောင်း အာဏာပိုင်အဖွဲ့စည်း ၀င်ရောက်ဖြိုဖျက် : Source : RFA
2012-09-13
တောင်ကြီးမြို့ သစ်တောရပ်ကွက်မှာရှိတဲ့ ထင်းရူးမြိုင် ဘုန်းတော်ကြီးကျောင်းကို ဒီကနေ့ နေ့လည်ပိုင်းက မြို့နယ် သံဃမဟာနာယကအဖွဲ့ အပါအ၀င် ရာနဲ့ချီတဲ့ အာဏာပိုင် အဖွဲ့စည်းတွေ အဓမ္မ ၀င်ရောက် ဖျက်ဆီးခဲ့တဲ့အတွက် မြို့ခံ ဒကာ ဒါယိကာမတွေ မကျေမနပ် ဖြစ်နေကြတယ်လို့ စုံစမ်းသိရပါတယ်။

ဆက်ဖက်ရန်---




(၁၂) အပြည်ပြည်ဆိုင်ရာ အာရှနိုင်ငံရေးပါတီများ ညီလာခံအဖွဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံ  : Source : RFA
2012-09-12
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့အတူ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ကို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ တရုတ်၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတွေက လွှတ်တော် ကိုယ်စားလှယ် ၂၀ ကျော်ပါဝင်တဲ့ (ICAPP) အပြည်ပြည်ဆိုင်ရာ အာရှနိုင်ငံရေး ပါတီများ ညီလာခံအဖွဲ့က ဒီကနေ့

ဆက်ဖက်ရန်---


(၁၃) နေပြည်တော်လယ်သမား ၁၂၆ ဦးကို သစ်တောဦးစီးက တရားစွဲ : Source : DVB

Published on September 14, 2012 by ေရွှေအာင်   ·   No Comments
ေနြပည်ေတာ် ဒက္ခိဏသီရိြမို့နယ်ထဲက လယ်သမား ၁၂၆ ဦးကို သစ်ေတာဦးစီးဌာနက သစ်ေတာေြမကျူးေကျာ်မှုနဲ့ စက်တင်ဘာ ၁၃ ရက်က တရားစွဲဆိုလိုက်ပါတယ်။

ဆက်ဖက်ရန်---

 

(၁၄) ဖားကန့်မြို့တွင်း ပစ်ခတ်မှုများကြောင့် ကျောင်းသူ၁ဦး သေ၊ ၆ဦးဒဏ်ရာရ : Source : DVB

Published on September 14, 2012 by ေနာ်နုိရင်း   ·   No Comments
ကချင်ြပည်နယ် ဖားကန့်ြမို့တွင်း ေမာ်၀မ်းရပ်ကွက်မှာ မေန့ ညေနပုိင်းက ပစ်ခတ်မှုေတွ ြဖစ်ပွားခဲ့ တာေြကာင့်  တန်းေကျာင်းသူ ဦး ေသဆုံးြပီး ဦး ဒဏ်ရာရှိသွားခဲ့ ပါတယ်။

ဆက်ဖက်ရန်---

 

(၁၅) ကြေးနီစီမံကိန်း အရေး လှုပ်ရှားသူ၎ ဦး ပြန်လည်လွတ်မြောက် : Source : DVB

Published on September 14, 2012 by မင်းလွင်   ·   No Comments
လက်ပန်းေတာင်းေတာင် ေြကးနီစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်တဲ့အတွက် အဖမ်းခံထားရတဲ့ ဆားလင်းြကီးြမို့နယ် ၀က်ေမှးေကျးရွာက မသွဲ့သွဲ့၀င်း၊ မေအးနက်၊ မြဖူြဖူ၀င်းနဲ့ သူတို့ကို အကူအညီပေးနေတဲ့ ကိုဝေဠုတို့ ၄ ဦးကို အာဏာပိုငျတှေက ြပန်လွှတ်ေပးလုိက်ပါတယ်။

 
(၁၆) အကယ်ဒမီ စိစစ်အကဲဖြတ်ရေး အဖွဲ့တွင် ရုပ်ရုင် သရုပ်ဆောင်များ ထည့်သွင်း : Source : DVB
Published on September 14, 2012 by ဒီဗှီဘီ   ·   No Comments
၂၀၁၁ ခုနှစ်အတွက် အေကာင်းဆုံး ြမန်မာရုပ်ရှင် ထူးချွန်ဆု အေြခခံစိစစ်အကဲြဖတ်ေရးအဖဲွ့မှာ ပထမဦးဆံုးအြကိမ်အြဖစ် ရုပ်ရှင်သရုပ်ေဆာင် ဦးြဖစ်တဲ့  ဦးသန်း၀င်းနဲ့ ေဒါ်ြမင့်ြမင့်ခိုင်တို့ကို ထည့်သွင်းထားတယ်လုိ့ ြပန်ြကားေရး၀န်ြကီးဌာန ေြကြငာချက်အရ သိရပါတယ်။

ဆက်ဖက်ရန်---


(၁၇) KIA ကို ဆွေးနွေးဖို့ သမ္မတ ကမ်းလှမ်း : Source : BBC

14-Sep-12
KIA နဲ့ အစိုးရ ကြား တိုက်ပွဲ ဖြစ်နေချိန်မှာ နေပြည်တော် မှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဝန်ကြီးတွေ က တဆင့် သမ္မတ က KIA ကို ကမ်းလှမ်း ကြောင်း ငြိမ်းချမ်း ရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ဘီဘီစီ ကို ပြောပါတယ်။

ဆက်ဖက်ရန်---


(၁၈) ရခိုင်ပြည် လုံခြုံရေး စိတ်မချရသေး : Source : Irrawaddy
14-Sep-12
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ၃ လ ကျော်ပြီ ဖြစ်သော်လည်း တည်ငြိမ်မှု၊ လုံခြုံမှု မရှိသည့် အခြေအနေများ
နှင့်ရင်ဆိုင် ကြုံတွေ့နေရဆဲ ဖြစ်ကာ လူသတ်မှု၊ လုယက်မှု၊ ခိုးမှု စသည်တို့လည်း ဖြစ်ပွားနေကြောင်း သိရသည်။

ဆက်ဖက်ရန်---

 

(၁၉) “တနိုင်ငံလုံး စစ်ပွဲရပ် လှုပ်ရှားမှု ပြုလုပ်မည် : Source : Irrawaddy
14-Sep-12
ပြည်တွင်းစစ် ရပ်တန့်ပြီး လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး၊ ငြိမ်းချမ်းရေးကို လက်တွေ့ အကောင်အထည် ဖော်ရေးတို့အတွက် “တနိုင်ငံလုံး စစ်ပွဲရပ် ဆိုသည့် အရပ်ဖက် အဖွဲ့အစည်းများ၏ လှုပ်ရှားမှုကို စက်တင်ဘာ ၂၁ ရက်နေ့တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်သွားမည်ဟု သိရသည်။

ဆက်ဖက်ရန်---

 


(၂၀) ထိုင်းက ဒုက္ခသည်များ ပြန်ပို့မည် : Source : Irrawaddy
14-Sep-12
ထိုင်း-မြန်မာ နယ်စပ်တလျှောက် ဒုက္ခသည် စခန်းများရှိ ဒုက္ခသည် တသိန်း နှစ်သောင်းခန့်သည် တနှစ်အတွင်း မြန်မာနိုင်ငံသို့ ပြန် ရနိုင်ဖွယ်ရှိကြောင်း ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီ(NSC)က ကြာသပတေး နေ့တွင် ထုတ်ဖော် ပြောကြားလိုက်သည်။

 

(၂၁) ပုသိမ်မြို့နယ် NLD ရုံး ဗဟိုက 'အသိအမှတ်မပြု' : Source : Mizzima
စည်သူ | သောကြာနေ့၊ စက်တင်ဘာလ ၁၄ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၀၂ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ ဧရာဝတီတိုင်းမြို့တော် ပုသိမ်မြို့တွင် ဖွင့်လှစ်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မြို့နယ်ရုံးကို 'အသိအမှတ်မပြု' ကြောင်း ပါတီဗဟိုဌာနချုပ်က ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာ လိုက်သည်။
ဆက်ဖက်ရန်---

 


(၂၂) မြန်မာ့ရာဘာ အရည်အသွေး မြှင့်ဖို့ အလုပ်ရုံဆွေးနွေးပွဲ လုပ်မည်  : Source : Mizzima
အေးကျော့ခိုင် | သောကြာနေ့၊ စက်တင်ဘာလ ၁၄ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၅၂ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ ဘရာဇီး၊ တရုတ်နှင့် အရှေ့တောင်အာရှ နိုင်ငံများ ပါဝင်သည့် နိုင်ငံတကာ ရာဘာဖွံ့ဖြိုးမှု သုတေသန အဖွဲ့ဝင်နိုင်ငံများက စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည် ဖြစ်သည်။
ဆက်ဖက်ရန်---

 

(၂၃) ရန်ကုန်တိုင်း တရားရုံးနှင့် တရားလွှတ်တော်ရုံး ဟိုတယ်ပြုလုပ်မှု ရှေ့နေများကန့်ကွက် : Source : Mizzima
ကိုကိုအောင် | သောကြာနေ့၊ စက်တင်ဘာလ ၁၄ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၀၁ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ကိုလိုနီခေတ် လက်ရာများဖြစ်သည့် ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးနှင့် ရန်ကုန်တိုင်းတရားရုံးတို့ကို တရားရုံးအဖြစ်သာ ဆက်လက် ထားရှိသင့်ပြီး ဟိုတယ်ပြုလုပ်ရန် အတွက် တရုတ် ကုမ္ပဏီတစ်ခုကို လွှဲပြောင်းပေးခြင်းသည် သင့်လျော်မှုမရှိဟု တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီက ပြောသည်။
ဆက်ဖက်ရန်---

 

(၂၄) ဆက်ဆံရေးနှင့်စည်းရုံးရေးအတွက် မွန်ဒီမိုကရေစီပါတီ ရန်ကုန်ရုံးခွဲ ဖွင့်မည် : Source : Mizzima
သိင်္ဂီထွန်း၊ မင်းမင်း | သောကြာနေ့၊ စက်တင်ဘာလ ၁၄ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၅၀ မိနစ်
ရန်ကုန် (မဇ္ဈိမ)။    ။ နိုင်ငံတကာနှင့် ဆက်ဆံရေး၊ အခြား နိုင်ငံရေး ပါတီများနှင့် ဆက်သွယ်ရေးတို့ လွယ်ကူရန်အပြင် ရန်ကုန်မြို့တွင် ပါတီဝင်သစ်များ စုဆောင်းရန် ရည်ရွယ်လျက် မွန်ဒီမိုကရေစီပါတီသည် ရန်ကုန်မြို့တွင်
အောက်တိုဘာလအတွင်း ရုံးခွဲဖွင့်လှစ်မည် ဖြစ်သည်။

ဆက်ဖက်ရန်---


 
(၂၅) SSA နှင့် အစိုးရတပ် ဓားစာခံချင်း ဖလှယ်သော်လည်း ရွာသားတချို့ မလွတ်သေး : Source : Mizzima
ကွန်းချမ်း | ကြာသပတေးနေ့၊ စက်တင်ဘာလ ၁၃ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၅၃ မိနစ်

စံခလပူရီ (မဇ္ဈိမ) ။       ။ ဒေသခံ ရွာသားများကို အစိုးရတပ်က ဖမ်းဆီးမှုကြောင့် အစိုးရတပ်သားများကို ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) ဟု လူသိများသည့် SSPP/SSA က အပြန်အလှန် ဖမ်းဆီးခဲ့ပြီး တနင်္လာနေ့တွင်
ပြန်လွှတ်ပေးလိုက်သော်လည်း ရွာသားများကို ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း SSA ဘက်က ပြောသည်။
ဆက်ဖက်ရန်---

 

(၂၆) အစိုးရ စစ်တပ်ကို ပြန်လည်ခုခံရန် SSA တောင်ပိုင်း အသင့်ပြင် : Source : KIC
14-Sep-12
မြန်မာအစိုးရတပ်များ၏ စစ်ရေးထိုးစစ်ဆင် တိုက်ခိုက်လာမည့်အရေးကို ပြန်လည်ခုခံသွားရန် သျှမ်းပြည်တပ်မတော် တောင်ပိုင်းဖြစ်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS-SSA တပ်စခန်းများဘက်မှ စစ်ရေးအသင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း ယနေ့ ပြောကြား လိုက်သည်။

ဆက်ဖက်ရန်---


(၂၇) ကရုဏာအဖွဲ့က တရုတ်မှပြောင်းလာသော ဒုက္ခသည်များကို ဆန်နှင့်အစားစာ ကူညီပေး : Source : Kachin
13-Sep-12
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ ၃ နယ်မြေတွင် အစိုးရတပ်ဖွဲ့နှင့် KIA တပ်ဖွဲ့ကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသည့်ကြားက ကရုဏာကူညီရေးအဖွဲ့မှ KIO ထိန်းချုပ်နယ်မြေရှိ လနာ့ဇွပ်ဂျာ (Lana Zup Ja) ဒုက္ခသည်စခန်းသို့သွားရောက်ကာ ဆန်အိတ် ၇၀၀ ခန့် နှင့် လိုအပ်သော အစားအစာများကို လာရောက်ကူညီပေးခဲ့သည်။

ဆက်ဖက်ရန်---

 

(၂၈) သျမ်းတပ်ဖွဲ့နင့်ဆက်သွယ်မုရိ မရိ ကျေးရွာအုပ်ချုပ်ရေးမူးများအား မြန်မာစစ်တပ်ခေါ်ယူစစ်ဆေး : Source : Panglong
Friday, 14 September 2012 20:41 သျမ်းသံတော်ဆင့်
သျမ်းပြည်မြောက်ပိုင်းနမ္မတူမြို့နယ် မိုင်းမုအုပ်စုဝင် ကျေးရွာအုပ်ချုပ်ရေးမူးများအား မန်စံရိ ပင်မလျပ်စစ်ဓါတ်အားခွဲရုံ၌ လုံခြုံရေးတပ်စခန်းချသည့် မြန်မာစစ်တပ် စခန်းမူး က ယမန်နေ့က ခေါ်ယူစစ်ဆေးကြောင်း ဒေသအတွင်း သတင်းရပ်ကွက်ကပြောသည်။

ဆက်ဖက်ရန်---

 

(၂၉) ဒု သမ္မတဒေါက်တာစိုင်းမောက်ခမ်း လားရှိုးရေဘေးဒုက္ခသည်နှင့်တွေ့ : Source : Panglong
Friday, 14 September 2012 20:46 သျှမ်းသံတော်ဆင့်
စက်တင်ဘာ ၁၄ ရက် ယနေ့  ဒု သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သျှမ်းပြည်မြောက်ပိုင်း လားရှိုးသို့ရောက်ရှိ ကာ ရေဘေးဒုက္ခသည် ဒေသခံများ နှင့်တွေ့ဆုံခဲ့ကြောင်း လားရှိုးမြို့သတင်းရပ်ကွက်ကဆိုပါသည်။

ဆက်ဖက်ရန်---

 

(၃၀) တိုင်းရင်းသားပေါင်းစုံညီလာခံထိုင်း၌စတင်ကျင်းပ ကိုယ်စားလှယ်ရာကျော်တက်ရောက် : Source : Panglong

Friday, 14 September 2012 20:49 သျှမ်းသံတော်ဆင့်

စက်တင်ဘာ ၁၄ - ၁၆ ရက်နေ့ အထိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင် နှင့် သျှမ်း ကိုယ်စားလှယ် များ ပါဝင်သည့် ညီလာခံတရပ်အား ထိုင်းနယ်စပ်၌ ကနေ့ စတင်ကျင်းပကြောင်း တက်ရောက်သူ တဦးက ပြော ပါသည်။
ဆက်ဖက်ရန်---

No comments:

Post a Comment