Sunday, September 23, 2012

နေ့စဉ်မြန်မာ့အရေး ဆက်စပ်သတင်းများ (စက်တင်ဘာလ ၂၂ရက် )

(၁) KIO နှင့်သင်္ကာမကင်း ဖမ်းဆီးသူများ ကို မြန်မာအစိုးရ စရဖများ မဖွယ်မရာ ပြုမူနှိပ်စက် : Source : Kachin

21-Sep-12
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် ဆက်သွယ်မှုဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော ကချင်စစ်ပြေး ဒုက္ခသည် နှစ်ဦးအား စစ်ကြောရေးစခန်းတွင် အမျိုးမျိုးနှိပ်စက်ညှဉ်းပန်းစစ်ဆေးမှုများပြုလုပ်ရာတွင် အမျိုးသားအချင်းချင်း လိင်တူဆက်ဆံခိုင်းသည်ထိ ပြုလုပ်နေသောကြောင့် မိသားစုဝင်များက နိုင်ငံတော် သမတ္တ ဦးသိန်းစိန်ထံသို့ စာပေးပို့ခဲ့သည်။

ဆက်ဖက်ရန်---


(၂) ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ နှင့် အစိုးရတပ် တိုက်ပွဲများတွင် အစိုးရတပ် အကျများနေ : Source : Kachin
22-Sep-12

ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်လမ်း ဒေါ့ဖုန်းယန်မှ မုန်လိုင်ခ (Munglai Hka) အောက် လွန်ဂျယ်ဘွမ် (Loi Je Bum) တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ တပ်မဟာ (၅) လက်အောက်ခံတပ်ရင်း (၂၄) ကချင်ကာကွယ်ရေးတပ်ဖွဲ့သည် မြန်မာအစိုးရတပ် ခမရ (၃၂၀)နှင့် (၃၈၄) ကို ယမန့်နေ့ စက်တင်ဘာ ၂၁ ရက် ညနေတွင် ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ရာ အစိုးရတပ်မှ ၁၀ ဦး

ဆက်ဖက်ရန်---


 
(၃) ပြည်ပအကူအညီ အဟောသိကံ မဖြစ်စေသင့် : Source : VOA
21-Sep-12

ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂမှာ လက်ရှိ တာဝန်ထမ်းနေကြတဲ့ မြန်မာဝန်ထမ်းတွေ၊ မြန်မာပြည်က တာဝန်ထမ်းဆောင်နေသူတွေ၊ ကုလသမဂ္ဂအငြိမ်းစား မြန်မာဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့လိုတွေ့ဆုံရာမှာ အမိနိုင်ငံအတွက် ကောင်းကျိုးပြုပေးကြဖို့

ဆက်ဖက်ရန်---

 

 

(၄) ငြိမ်းချမ်းရေး ဆန္ဒပြသူတွေကို အရေးယူမည် : Source : VOA
21-Sep-12

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲတရပ်ကို ရန်ကုန်မြို့မှာ တတ်ကြွလှုပ်ရှားသူတွေ စုဝေးပြုလုပ်ခဲ့ကြပါတယ်။ ရန်ကုန်တိုင်းရဲမှုးကတော့ ခွင့်ပြုချက်မရပဲ ဆန္ဒပြတာကြောင့် ဦးဆောင်စီစဉ်သူတွေကို တရားစွဲဆိုသွားမယ်လို့ ပြောပါတယ်။ ဆန္ဒပြပွဲ စတင်ချိန် မြို့တွင်းမှာ လူ သုံးရာ ၀န်းကျင်ပဲ ရှိပေမယ့်၊ နောက်ပိုင်း

ဆက်ဖက်ရန်---

 

(၅) ဒေါ်စုနဲ့ ကုလ အတွင်းရေးမှုးချုပ် တွေ့ဆုံ : Source : VOA
21-Sep-12
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်စံချိန် ဒီကနေ့မနက်ပိုင်းမှာ နယူးယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်ကို ရောက်ရှိနေပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းနဲ့ တွေ့ဆုံပြီး၊ ပူးတွဲ သတင်းစာရှင်းပွဲတခုလုပ်ခဲ့တဲ့အကြောင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဆက်ဖက်ရန်---

 

(၆) ခေါင်းဆောင် ဦးကို Global Citizen ဆု ပေးအပ် : Source : BBC

21-Sep-12
ကမ္ဘာတဝန်းက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်တွေမှာ စွမ်းဆောင်နိုင်သူ ဦးကို အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ Atlantic Council လို့ ခေါ်တဲ့ ကမ္ဘာ့ရေးရာ အဖွဲ့ကြီးကနေ Global Citizen Awards လို့ခေါ်တဲ့ ကမ္ဘာသူ ကမ္ဘာသားဆု ချီးမြှင့်လိုက်ပါတယ်။

ဆက်ဖက်ရန်---

 


(၇) မြန်မာ သမ္မတက တရုတ် ဒုတိယ သမ္မတနဲ့ သွားတွေ့တာ ဘာထူးခြားလဲ  : Source : BBC

21-Sep-12
တရုတ် နိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ရောက်ရှိ နေတဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ သောကြာနေ့က စတင် ဖွင့်လှစ်တဲ့ ၉ ကြိမ်မြောက် တရုတ် အာဆီယံ ကုန်စည် ပြပွဲကို တက်ရောက်ပြီး တရုတ် ဒုတိယ သမ္မတ ရှီကျင်ပင်း ကို သွားရောက် တွေ့ဆုံခဲ့ ပါတယ်။

ဆက်ဖက်ရန်---

 

(၈) ငြိမ်းချမ်းရေးအတွက် လမ်းလျှောက် ဆန္ဒဖော်ထုတ် : Source : RFA
2012-09-21
မနေ့က ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ မြန်မာနိုင်ငံ ဒေသအနှံ့အပြားက အရပ်ဖက် လူ့အဖွဲ့အစည်းတွေဟာ အာဏာပိုင်တွေ တားဆီးနေတဲ့ကြားက မြန်မာတစ်နိုင်ငံလုံး ဖြစ်နေတဲ့ စစ်ပွဲတွေရပ်ပေးဖို့ ဆုတောင်းလမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဆက်ဖက်ရန်---

 

(၉) USIP ကိုယ်စားလှယ် NLD နှင့် ဥပဒေရေးရာ ဆွေးနွေး : Source : RFA
2012-09-21

ကမ္ဘာ့နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးအတွက် ကူညီဆောင်ရွက်နေတဲ့ အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် USIP ငြိမ်းချမ်းရေးအဖွဲ့က Mr Jason Gluck ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ နေ့လည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးနဲ့ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းတို့ကို ရွှေဂုံတိုင်လမ်း NLD ဌာနချုပ်မှာ

ဆက်ဖက်ရန်---

 

(၁၀) ပဲခူးတိုင်းဝန်ကြီးချုပ်ထံ လယ်သမားအခက်အခဲ တင်ပြမည် : Source : RFA
2012-09-21

ပဲခူးတိုင်း၊ ပဲခူးမြို့ ကွေ့တန်းရှည်ရွာ၊ ကျိုက်ကေရွာနဲ့ ရွာတန်းရှည်ရွာတွေအပိုင် စားကျက်မြေကို စစ်အစိုးရလက်ထက်က စစ်ထောက်လှမ်းရေးနဲ့ ရဲသတင်းတပ်ဖွဲ့က သိမ်းခဲ့ပြီး ငါးကန်တွေ တူးဖော်ခဲ့တာကြောင့် ဒေသခံလယ်သမားတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကို ဖြေရှင်းပေးဖို့ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းထံ တင်ပြနိုင်ရေးအတွက်

ဆက်ဖက်ရန်---

 

(၁၁) မွန်တွေကလည်း ကချင်စစ်ရပ်စဲရေး လိုလား : Source : Mizzima
ကွန်းချမ်း | စနေနေ့၊ စက်တင်ဘာလ ၂၂ ရက် ၂၀၁ ၂ ခုနှစ် ၁၂ နာရီ ၅၁ မိနစ်
စံခလပူရီ (မဇ္ဈိမ)။       ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ပြည်တွင်းစစ်ပွဲများ ရပ်တန့်ရေး ဟောပြောပွဲနှင့် စုပေါင်း လက်မှတ်ရေးထိုးပွဲတခုကို သောကြာနေ့က

 

(၁၂) အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် KNU အတွင်းရေးမှူး နော်စီဖိုးရာစိန်ကို KWO ဂုဏ်ပြု : Source : KIC
21-Sep-12
ယနေ့ ကျရောက်သည့် ၁၁ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ကရင်အမျိုးသမီးအစည်းအရုံး-KWO က အမျိုးသားရေး နှင့် ငြိမ်းချမ်းရေးလုပ်ငန်းကို ဦးဆောင်နေသည့် လက်ရှိ ကရင်အမျိုးသားအစည်းအရုံး-KNU ၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် အား ဂုဏ်ပြုလိုက်သည်။

 

(၁၃) ဘာသာ မကူးပြောင်းလိုသည့် ဟိန္ဒူမိသားစုများ စစ်တွေသို့ ပြောင်းရွှေ့ : Source : Narinjara

21-Sep-12
ဘာသာ မကူးပြောင်းလိုသည့် ဟိန္ဒူ ဘာသာဝင် မိသားစု ၄ စုအား ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ စစ်တွေမြို့သို့ သက်ဆိုင်ရာ အာဏာပိုင်များ၏ အကူအညီဖြင့် လွန်ခဲ့သော ကြာသပတေးနေ့က ပြောင်းရွှေု့လိုက်သည်။


(၁၄) ဖလုံ-စဝေါ်ပါတီ၏ ငြိမ်းချမ်းရေး တည်ဆောက်ရေး ရက်တိုသင်တန်း ပြီးစီး : Source : Narinjara
21-Sep-12
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ-PSDP မှ ငြိမ်းချမ်းရေးတည်ဆောက်ရေး (Peace Building) ရက်တိုသင်တန်းဆင်းပွဲကို ဘားအံမြို့ အမှတ်(၉)ရပ်ကွက်၊ ငုရွှေဝါလမ်းတောင့်နှင့် အင်ကြင်း(၂)လမ်းတောင့်ရှိ ဖလုံ-စဝေါ်ပါတီရုံး၌ ယနေ့ညနေ(၆)နာရီက ကျင်းပပြီးစီးသွားခဲ့ သည်။


(၁၅) ပုဏ္ဍားကျွန်းတွင် ရထားတွဲ တိမ်းမှောက်၊ ခရီးသည် တချို့ ဒဏ်ရာရ : Source : Narinjara
22-Sep-12
ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းနှင့် ယိုးတရုတ်အကြား ပြေးဆွဲနေသော ရထားနောက်တွဲ လမ်းချော် တိမ်းမှောက် သွားသဖြင့် ခရီးသည် တချို့ ဒဏ်ရာ ရရှိသွားခဲ့သည်။

No comments:

Post a Comment