Saturday, September 1, 2012

နေ့စဉ်မြန်မာ့အရေး ဆက်စပ်သတင်းများ (သြဂုတ်လ ၃၁ရက်၊ ၂၀၁၂ခုနှစ်)


(၁) ဖားကန့် အင်န်အယ်လ်ဒီ ဒုက္ခသည်တွေကို ကူညီ : Source : RFA
2012-08-30
ဖားကန့်မြို့နယ်အတွင်းရှိ ဒုက္ခသည် စခန်း ၃၁ ခုက စစ်ပြေးဒုက္ခသည်တွေကို ဖားကန့်မြို့ အင်န်အယ်လ်ဒီက ကူညီထောက်ပံ့နေတယ်လို့ သိရပါတယ်။

(၂) အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာန အကြီးအကဲနှင့်အဖွဲ့ စစ်တွေမြို့ကို ရောက်ရှိ : Source : RFA
2012-08-30
အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာန အကြီးအကဲ မစ္စတာ အာရီမူဟာဒီ ဦးဆောင်တဲ့ ၆ ဦးပါ ကူညီရေးအဖွဲ့ဟာ ဒုက္ခသည်စခန်းတွေအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းကူညီဖို့အတွက် ဒီကနေ့ မနက်ပိုင်းက စစ်တွေမြို့ကို ရောက်ရှိသွားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနဲ့ မှတ်တမ်းပြုစုရေး ကော်မတီဝင်



(၃) မြန်မာ - တရုတ် ရေနံနှင့် ဂစ်ပိုက်လိုင်းသွယ်တမ်းခြင်းကြောင့် စပါးစိုက်ပျိုးမြေဧက ၂၀၀၀ ခန့် ပျက်စီးဆုံးရှုံး : Source : Arakantimes
31-Aug-12
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကပိုင်ချောင်းကာရီရှိ မြေအောက်မှ ရေနံနှင့် ဂစ်ပိုက်လိုင်းအား နှစ်မြှုပ်သွယ်တန်းရာ တာတမံတစ်ခုလုံး အတွင်းတွင် ဆားငန်ရေများ လွှမ်းမိုးနေခြင်းကြောင့် စပါးစိုက်ပျိုးမြေဧက (၂၀၀၀)ခန့် ပျက်စီးဆုံးရှုံးသွားကြောင်း သတင်းရရှိသည်။


(၄) ပြည်ပနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သူတချို့ အမည်မဲစာရင်းမှ ပယ်ဖျက်ပေးဖို့ မရှိသေး : Source : RFA
2012-08-30
ဦးသိန်းစိန် အစိုးရအဖွဲ့အနေနဲ့ ယခင်အစိုးရ လက်ထက်က နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အမည်မဲစာရင်း Blacklist ထည့်သွင်းထားမှုကနေ ပယ်ဖျက်ပေးဖို့ လောလောဆယ် အစီအစဉ် မရှိသေးဘူးလို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA ကို ဒီကနေ့ ပြောပါတယ်။


(၅) အတိုက်အခံတွေ မြန်မာပြည်သွားမည် : Source : RFA
2012-08-30
ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်း ခေါင်းဆောင်တချို့ဟာ သမ္မတဦးသိန်းစိန်ရဲ့ ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံကို နှစ်ပတ်ကြာ ခရီးစဉ်အဖြစ် မနက်ဖြန် သွားရောက်မှာ ဖြစ်ပါတယ်။



(၆) မြန်မာ-ဘင်္ဂလာ နယ်စပ်ကုန်သွယ်ရေး ပုံမှန်ဖြစ်ဖို့ BGB အရာရှိမျှော်လင့် : Source : Arakantimes
30-Aug-12
မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နတ်မြစ်နယ်စပ်ချင်းထိစပ်ပြီး မျက်နှာချင်းဆိုင် တည်ရှိနေသော မောင်တော-တာခ်နာမြို့နယ်အကြား ပါ့စ်ပို့သမားများ အင်္ဂါနေ့က စတင်ပြီး ကုန်များသယ်ယူကာ တရားဝင် နယ်စပ်ဖြတ်သန်းခဲ့ကြကြောင်း သိရှိရသည်။

 

(၇) နာမည်ပျက်စာရင်းထဲပါသူတွေ ပြည်တော်ပြန်နိုင်ပြီ : Source : BBC

30-Aug-12
နဝတ၊ နယက ခေတ်က နာမည်ပျက်စာရင်း ထည့်သွင်းခြင်း ခံရတဲ့သူတွေကို သမ္မတ ဦးသိန်းစိန်ရဲ့ လမ်းညွှန်မှုနဲ့ နာမည်ပျက်စာရင်းထဲကနေ ပယ်ဖျက်ပေးလိုက်ပြီးနောက် ဒီကနေ့မှာတော့ သမ္မတရုံး ဝက်ဘ်ဆိုက်ကနေ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။


(၈) ချင်း အစိုးရ ဂျပန်အကူတောင်း : Source : BBC
31-Aug-12
ချင်းပြည်နယ် ဖွံ့ဖြိုးရေး စိုက်ပျိုး မွေးမြူရေးနဲ့ ဘိန်းအစားထိုး သီးနှံ ကိစ္စတွေ အတွက် ပြည်နယ် အစိုးရက JICA ဂျပန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီနဲ့ ပြည်ထောင်စု အစိုးရကို အကူအညီ တောင်းမယ်လို့ ဆိုပါတယ်။


(၉) မြန်မာ ပြည်မှာ ရင်းနှီး မြှုပ်နှံမယ့်သူ တွေကို သတိပေး  : Source : BBC
31-Aug-12
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ ချင်တဲ့ နိုင်ငံခြား ကုမ္ပဏီတွေ အနေနဲ့ သတိထား ကြဖို့ နိုင်ငံတကာ စီးပွားရေး ကုမ္ပဏီ တွေကို အကြံပေးတဲ့ Control Risk Group အဖွဲ့အစည်း ရဲ့အာရှ ဒေသ ဆိုင်ရာဒါရိုက်တာ ဒိမ်း ချာမိုရိုက Dame Chammoro က ပြော ပါတယ်။

 

 

(၁၀) အခုနှစ် အတွက် အထည်ချုပ် လုပ်ငန်း ကျဆင်း : Source : BBC

30-Aug-12
မြန်မာနိုင်ငံရဲ့ အထည်ချုပ် လုပ်ငန်းဟာ အခုနှစ်မှာ ထုတ်လုပ်အား လျော့နည်း သွားတယ်လို့ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းက ပြောပါတယ်။

 

(၁၁) ရန်ကုန်တက္ကသိုလ် မဟာဌာနတွေ ပြန်ဖွဲ့နိုင် : Source : BBC

30-Aug-12
ရန်ကုန် တက္ကသိုလ်ကို ၁၉၆၄ ခုနှစ် မတိုင်ခင် ပုံစံ မဟာ ဌာနကြီး ခုနဲ့ ပြန်ပြီး ဖွဲ့စည်း တော့မယ်လို့ အငြိမ်းစား ပါမောက္ခ တဦးက ဘီဘီစီကို ပြောကြား ပါတယ်။


(၁၂) ဟိုတယ်နှင့် ခရီးသွား ၀န်ကြီးဌာန ရခိုင်သို့ နိုင်ငံခြားသားများ ခရီးသွားရေး သွယ်ဝိုက် ပိတ်ပင် : Source : Narinjara
30-Aug-12
ရခိုင်ဒေသသို့ ခရီး သွားလာရေးနှင့် ပတ်သက်ပြီး ဟိုတည်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနမှ  သြဂတ်စ်လ ၃၀ ရက်နေ့က စာတစ်စောင် ထုတ်ပြန်ရာတွင် မည်သူ့ကို တားမြစ်သည်ဟု  ပြတ်ပြတ် သားသား ရည်ညွှန်း မဖေါ်ပြထားသော်လည်း အဆိုပါ စာမှာ နိုင်ငံခြားသားများကို ရည်ညွှန်း ဖေါ်ပြထားခြင်း ဖြစ်သည်ဟု


(၁၃) မြေပုံမြို့တွင် ညဥ့်အချိန် စစ်တပ်မှ သေနတ်ပစ်ခတ်၍ ပြည်သူများ အထိတ်တလန့် ဖြစ်ပွား : Source : Narinjara
30-Aug-12
ရခိုင်ပြည်နယ် မြေပုံမြို့ပေါ်တွင် သြဂတ်စ်လ ၂၉ ရက်နေ့ ညဉ့်အချိန်တွင် စစ်တပ်မှ သေနတ် ပစ်ခတ်သဖြင့် မြို့သူမြို့သားများ အကြား  အထိတ်တလန့် ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။


(၁၄) ရခိုင် ဒုက္ခသည်များ အတွက် အိန္ဒိယ အကူအညီ အမေရိကန် ဒေါ်လာ ၂သိန်း နယ်စပ်ရေးရာ ၀န်ကြီးသို့ လွဲပေ: : Source : Narinjara
31-Aug-12
ဆူပူ အကြမ်းဖက်မူကြောင့် ခိုကိုးရာမဲ့နေကြသော ရခိုင်ပြည်သူ ဒုက္ခသည်များ အတွက် ကူညီသော အမေရိကန် ဒေါ်လာ (၂) သိန်းကို အိန္ဒိယ တာဝန်ရှိသူများမှ မြန်မာ နယ်စပ် ရေးရာဝန်ကြီး ဌာနနှင့် မြန်မာ့ စက်မှုဖွံ့ဖြိုးရေးဌာန ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးလက်သို့ လွှဲပြောင်း ပေးအပ် လိုက်ကြောင်း သတင်း ရရှိသည်။

 

(၁၅) စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အတွက် န်ေအိမ်များ ထပ်ဖယ်ခိုင်း : Source : DVB

Published on August 31, 2012 by အေးနိုငျ   ·   No Comments
စစ်ကိုင်းတိုင်း မုံရွာြမို့မှာ တိုင်းေဒသြကီး လွှတ်ေတာ်အသစ်ရဲ့ အနီး၀န်းကျင်က အိမ်ေတွကို သက်ဆိုင်ရာက ေြပာင်းခိိုင်းေနရာမှာ ေြကာက်လန့်လို့ ဖယ်ေပးလိုက်သူ ရှိသလို မဖယ်ေပးဘဲ တင်းခံေနသူေတွလည်း ရှိေနပါတယ်။

 

(၁၆) ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများ စတင် : Source : DVB

Published on August 31, 2012 by မင်းလွင်   ·   No Comments
ေဒသန္တရ အုပ်ချုပ်ေရးမှာ အေရးပါတဲ့ ရပ်ကွက်နဲ့ ေကျးရွာ အုပ်ချုပ်ေရးမှူး အသစ်ေတွ ေရွးချယ်တင်ေြမှာက်ေနရာမှာ နုိင်ငံေရးပါတီေတွရဲ့ ၀င်ေရာက်စွက်ဖက်မှုေတွ ရှိေနပါတယ်။

 

(၁၇) တိုင်းရင်းသား ၀န်ကြီးများ တွေ့ဆုံဆွေးနွေးမည် : Source : DVB

Published on August 31, 2012 by ေရွှေအာင်   ·   No Comments
အစိုးရအဖွဲ့ရဲ့ လုပ်ငန်းစဉ်ကို မျက်ြခည်မြပတ်ေရးအတွက် တိုင်းရင်းသား၀န်ြကီး ၂၉ ဦး လာမယ့် စက်တင်ဘာ ရက်ေန့ ရန်ကုန်မှာ တှေ့ဆုံဆှေးနှေးပှဲ ြပုလုပ်မယ်လို့ အင်းတိုင်းရင်းသား၀န်ြကီး ဦး၀င်းြမင့်က ေြပာပါတယ်။



(၁၈) မြန်မာအလုပ်သမားတဦးကို စီပီကုမ္ပဏီက ဘတ်၁သိန်းနစ်နာကြေးပေး   : Source : DVB

Published on August 31, 2012 by နန်းြမနဒီ   ·   No Comments
ထိုင်းနိုင်ငံ အလယ်ပိုင်း ပထုန်ဌာနီခရိုင်က  ေဆာက်လုပ်ေရးလုပ်ငန်းခွင်တခုမှာ အလုပ်လုပ်ရင်း ြပင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ြမန်မာအလုပ်သမားတဦးကို သက်ဆိုင်ရာ လုပ်ငန်းရှင်က နစ်နာေြကးေငွ ဘတ် သိန်း အေလျာ်ေပးခဲ့ပါတယ်။


(၁၉) အစိုးရတပ်များ ဆုတ်ပေးပါက နေရာမရွေး ဆွေးနွေးမည်ဟု KIO ပြော : Source : Mizzima
ဖနိဒါ | သောကြာနေ့၊ သြဂုတ်လ ၃၁ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၅၂ မိနစ်
ချင်းမိုင်(မဇ္စျိမ)။   ။ အစိုးရဘက်မှ တပ်များ ဆုတ်ခွာပေးပါက မည်သည့်နေရာတွင်မဆို ငြိမ်းချမ်းရေးအတွက်
တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဗိုလ်မှူး ဂျီးနောင် က ပြောသည်။
ဆက်ဖက်ရန်---

(၂၀) ဖားကန့်တွင် ဆက်ကြေး ကောက်ခံခြင်း မရှိဟု KIO ငြင်းဆို : Source : Mizzima
ဖနိဒါ | သောကြာနေ့၊ သြဂုတ်လ ၃၁ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၀၀ မိနစ်
ချင်းမိုင်(မဇ္စျိမ) ။       ။ ဖားကန့်မြို့နယ်တွင် အတင်းအဓမ္မ ဆက်ကြေး ဆက်ကောက်ခံခြင်း မရှိကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ မှ အရာရှိ တဦးက ငြင်းဆိုလိုက်သည်။
ဆက်ဖက်ရန်---

(၂၁) မြန်မာပြည် ပို့မည့် လက်နက်များ ဖမ်းမိ : Source : Irrawaddy
31-Aug-12
မြန်မာပြည်ဘက်သို့ လက်နက်တင်ပို့ ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရသော ထိုင်းနိုင်ငံသား ၂ ဦးကို လက်နက်များနှင့် အတူ ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းအာဏာပိုင်များက ယနေ့ ဖမ်းဆီးလိုက်သည်။

(၂၂) ထောင်ချောက်တွင်း မဆင်းမိစေရန် ရွှေဝါရောင် ခေါင်းဆောင် သတိပေး  : Source : Mizzima
နေမျိုး | ကြာသပတေးနေ့၊ သြဂုတ်လ ၃၀ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၀၆ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။         ။ မြန်မာပြည်သူများ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း ထောင်ချောက်တွင်း မသက်ဆင်းမိစေရန် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ‘အရှင်ဂမ္ဘီရ’ အဖြစ် ဦးဆောင်ခဲ့သည့် ကိုညီညီလွင် က သတိပေးလိုက်သည်။
ဆက်ဖက်ရန်---
(၂၃) ပန်းပျိုးပင်ဆိုင် ဧရိယာကို အထူးစီးပွားရေးဇုန် တည်ဆောက်မည် : Source : Mizzima
ကြည်ပြာ | သောကြာနေ့၊ သြဂုတ်လ ၃၁ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၂၄ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။      ။ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း နှင့် တော်ဝင်လမ်း ထောင့်ရှိ ခုနှစ်ဧက ကျယ်သည့် ပန်းပျိုးပင် အရောင်းဆိုင်များ နေရာအား အထူး စီးပွားရေးဇုန်အဖြစ် အကာင်ထည်ဖော်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ တာဝန်ရှိသူ တဦးက ပြောသည်။
ဆက်ဖက်ရန်---

(၂၄) နိုင်ငံရေးပါတီကိုယ်စားလှယ်များ ပိုလန်နိုင်ငံသို့ ခရီးထွက်ခွာမည် : Source : KIC
31-Aug-12
ပိုလန်နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ကြံ့ခိုင်ရေးပါတီ၊ တစညပါတီနှင့် ညီနောင်တိုင်း ရင်းသားပါတီများ(NBF)မှ ကိုယ်စားလှယ်များ ပိုလန်နိုင်ငံသို့ သွားရောက်ရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်လေဆိပ်မှ စတင် ထွက်ခွာကြ မည်ဖြစ်သည်။

(၂၅) မြန်မာအစိုးတပ်၏ စောင့်ကြိုပစ်ခတ်မှုတွင် KIA ပြည်သူ့စစ် ၂ ဦးသေဆုံး : Source : Kachin
31-Aug-12
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ဆမ်ပိုင် (Sambai) သွားလမ်းမှ မိုင် ၄၀ ကျော်ရှိသည့် ဒါဂါယန် (Daga Yang) နှင့် လိုင်ဖောန် (Lai Hpawng) ကြားတွင် ၂၉ ရက် ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီအချိန်က ကချင်လွတ် မြောက်ရေးတပ်ဖွဲ့ KIA ပြည်သူ့စစ် ၂ ဦး မြန်မာအစိုးရတပ်၏ စောင့်ကြိုပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

(၂၆) သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့တွင် ဌာနဆိုင်ရာ ဖွဲ့စည်းပုံ ပြောင်းမည်ဟု ဆို : Source : Panglong

Friday, 31 August 2012 15:10 သျှမ်းသံတော်ဆင့်
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ရှိ ရဲတပ်ဖွဲ့ ၊ ပညာရေးနှင့် အုပ်ချုပ်ရေးဌာနများတွင် လက်ရှိ တာဝန်ထမ်းဆောင်နေ သော အမြင့်ဆုံးရာထူးနေရာများ၌ လက်ထောက်ညွန်ကြားရေးမှူး အဆင့်ရှိ သူများဖြင့် အစားထိုးရန်ရှိကြောင်း အဆိုပါ ၀န်ထမ်းအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည် ။

(၂၇) ကချင် စစ်ပြေးဒုက္ခသည် တစ်သိန်းနီးပါး တိုးလာနေ : Source : Kachin
31-Aug-12
ကချင်ပြည်နယ်တွင် မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကြား တိုက်ပွဲပိုမိုပြင်းထန်လာသောကြောင့် မိမိနေရပ်ဒေသများကို စွန့်ကာ ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များမှာ တစ်သိန်းနီးပါးရောက်ရှိလာပြီဖြစ်သည်။

(၂၈) ခွန်ထွန်းဦးအပါဝင် မြန်မာ့အရေး၊ လူမှုရေးလှုပ်ရှားသူ ၅ ဦးအား NED မှ ဒီမိုကရေစီဆုချီးမြင့် : Source : Panglong

Friday, 31 August 2012 15:51 သျှမ်းသံတော်ဆင့်
ခွန်ထွန်းဦး အပါအဝင်   မြန်မာ့အရေးလှုပ်ရှားနှင့် လူမှုရေးလုပ်ငန်းများ၌ တစိုက်မတ်မတ်လှုပ်ရှား ဆောင်ရွက်သည့် ပုဂ္ဂိုလ် ၅ ဦးအား အမေရိကန်အခြေစိုက် NED က 2012 Democracy Award Honorees ဆု ချီးမြင့်မည် ဟု NED ဝဲပ်ဆိုဒ်က ထုတ်ပြန်ကြေငြာထားပါသည်။

No comments:

Post a Comment