(၁) ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဖို့ အဆင်သင့် : Source : BBC
24-Sep-12
အင်ဒီယားနားပြည်နယ်၊
ဖို့ဝိန်းမြို့မှာ မြန်မာနိုင်ငံ က လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ
လာရောက်နေထိုင်ကြတဲ့ မြို့ဖြစ်တဲ့ အတွက် မြန်မာ မြို့အသွင် ဆောင်နေတဲ့ အကြောင်း၊
မြန်မာတိုင်းရင်းသားတွေ ဖွင့်လှစ်ထားတဲ့ ကုန်စုံဆိုင်တွေ၊ စားသောက်ဆိုင်တွေ
အများအပြား ရှိတဲ့ အကြောင်း ဘီဘီစီ မြန်မာဌာန မှ ဝိုင်းတော်သား ကိုဘမော် က
ပြောပါတယ်။
(၂) သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန် ခရီးစဉ် မှာ ဘာတွေ မျှော်လင့်နိုင်
မလဲ : Source : BBC
24-Sep-12
မြန်မာ
သမ္မတ ဦးသိန်းစိန်ဟာ ကုလ သမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ဖို့ အမေရိကန်
ပြည်ထောင်စုကို တနင်္လာ နေ့က ထွက်ခွာ သွားခဲ့ ပါတယ်။
(၃) သူရဦးရွှေမန်းနဲ့အဖွဲ့
စင်ကာပူခရီးရောက် : Source : VOA
24-Sep-12
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
သူရဦးရွှေမန်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ စင်ကာပူနဲ့ သြစတြေးလျ နိုင်ငံတွေက
လွှတ်တော်ဥက္ကဋ္ဌတွေရဲ့ ဖိတ်ကြားချက်နဲ့ အဲဒီနိုင်ငံတွေက လွှတ်တော်ရေးရာတွေကို သွားရောက်
လေ့လာဖို့ရှိပါတယ်။ စက်တင်ဘာလ ၂၃ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ စင်ကာပူနိုင်ငံမှာ လေးရက်ကြာ
ရှိမှာဖြစ်ပြီး အဲဒီကနေ
(၄) အကျဉ်းသားကို ထောင်မှူး
ကိုယ်ထိလက်ရောက်ထိုးကြိတ် : Source : RFA
2012-09-24
ပဲခူးမြို့ အကျဉ်းထောင်မှာ ထောင်ကျနေသူ အကျဉ်းသား ဦးလှမိုးကို
ထောင်မှူး ဦးကျော်စွာသင်းက ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့တဲ့အတွက်
အကျဉ်းသားရဲ့ဇနီးဖြစ်သူ မခင်ကြည်ကြည်ချိုက ပဲခူးထောင် ညွှန်မှူး ဦးနိုင်ဝင်း၊
ဦးစီးအရာရှိ ဦးသိန်းစိုး၊ ထောင်ပိုင် ဦးဝင်းတင်တို့ကို မနေ့မနက်က တွေဆုံ
တိုင်ကြားခဲ့ပါတယ်။
(၅) ကျူးကျော်နေအိမ်
ဖျက်သိမ်းသည့်ကိစ္စ သတင်းစာရှင်းလင်းပွဲ ပြုလုပ် : Source : RFA
2012-09-24
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်က ကံကြီးကုန်းရွာနဲ့
ဇီးအုပ်ရွာက ရွာသားတွေဟာ ကျူးကျော်နေထိုင်သူတွေအဖြစ် သတ်မှတ်ခံရပြီး
မန္တလေးမြို့တော်ဝန်က ကျူးကျော်နေအိမ်တွေ ဖျက်သိမ်းဖို့ တစ်ပတ်အချိန် ပေးထားတဲ့အပေါ်
မစိုးရိမ် တိုက်သစ် ဓမ္မသဟာယကျောင်း နာယက၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်
ဦးဝီရသူက ကံကြီးကုန်း စိတ္တသုခ
(၆) တော်ဝင်
သစ်အချောထည်စက်ရုံ အလုပ်သမားဆန္ဒပြ : Source : RFA
2012-09-24
ရန်ကုန်တိုင်း၊ ၀ါးတစ်ရာစက်မှုဇုန်မှာရှိတဲ့ တော်ဝင်
သစ်အချောထည် စက်ရုံမှာ စက်ရုံဝင်းအတွင်းရော အပြင်မှာပါ အလုပ်သမား ၄၀၀ နီးပါးလောက်က
အလုပ်ရှင်၊ အလုပ်သမားကြား နှစ်ဖက်သဘောတူ ချုပ်ဆိုထားတဲ့ အချက် (၈) ချက်ပါဝင်တဲ့
စာချုပ်ကို အလုပ်ရှင်ဘက်က မလိုက်လျောလို့ ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
(၇) ကချင်ပြည်နယ်ငြိမ်းချမ်းရေး
အစိုးရဝန်ထမ်း ပါဝင်လက်မှတ်ရေးထိုး : Source : RFA
2012-09-24
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် တောင်းဆိုလွှာမှာ
ဖားကန့်ဒေသခံတွေရဲ့စုပေါင်းလက်မှတ်ရေးထိုးမှု သောင်းဂဏန်းအထိ ရလာပြီဖြစ်ပြီး
ဖားကန့်အပြင် မိုးကောင်း၊ ခန္တီး၊ နမ္မတီး စတဲ့ဒေသတွေကပါ ပူးပေါင်း
လက်မှတ်ရေးထိုးကြမယ်လို့ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က
ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ RFA ကို ပြောပါတယ်။
(၈) HRDP ခေါင်းဆောင်လွတ်မြောက်ရေး
လှုပ်ရှားမှု စတင်ဆောင်ရွက် : Source : RFA
2012-09-24
နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ
ပါဝင်လာခြင်းမရှိသူ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကွန်ယက် HRDP
ခေါင်းဆောင် ဦးမြင့်အေး လွတ်မြောက်ရေး လှုပ်ရှားမှုကို စတင်ဆောင်ရွက်နေပြီလို့ HRDP
အဖွဲ့က ထုတ်ပြန်ပါတယ်။
(၉) စီးပွားရေးဇုန်စီမံကိန်း နေရာပြောင်းရွှေ့ပေးရန်
ဒေသခံတောင်သူများ တောင်းဆို : Source : RFA
2012-09-24
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းမှာရှိတဲ့ မိုင်းနား၊
လဝမ်၊ ရွှေကျင်၊ နောင်တာလော အစရှိတဲ့ ကျေးရွာ ၁၇ ရွာက တောင်သူတွေ လက်ငုတ် လက်ရင်း
လုပ်ကိုင်လာတဲ့ လယ်ယာဥယျာဉ်ခြံမြေ ဧက ၄၅၀၀ ကျော်ပေါ်မှာ ကချင်ပြည်နယ် အစိုးရရဲ့
စက်မှုဇုန်၊ ကုန်သွယ်မှုဇုန်နဲ့ အိမ်တွင်းမှုလုပ်ငန်းများ အကောင်အထည်ဖော်မဲ့
စီမံကိန်းကို တခြားနေရာကို ပြောင်းရွှေ့ပေးဖို့
(၁၀) တရားဥပဒေစိုးမိုးရေးကော်မတီ တရားရုံးလေ့လာရေးခရီးစတင် : Source : DVB
Published on
September 25, 2012 by ေရွှေအာင်
· No Comments
ေဒါ်ေအာင်ဆန်းစုြကည်
ဥက္ကဋ္ဌအြဖစ် ေဆာင်ရွက်ေနတဲ့ ြပည်သူ့လွှတ်ေတာ် တရားဥပေဒ စိုးမိုးေရးနဲ့ တည်ြငိမ်ေအးချမ်းေရးေကာ်မတီဟာ
ရန်ကုန်ြမို့၊ တာေမွြမို့နယ်တရားရံုးကို ဒီနေ့ ပထမဆုံး သှားရောကျလေ့လာခွဲ့ကပါတယျ။
(၁၁) အရန်ဆန်ဝယ်ပြီး တရုတ် ပို့သည့် ကုန်သည် ဖော်ထုတ်ပေးရန် တောင်းဆို : Source : DVB
Published on
September 25, 2012 by ေရွှေအာင်
· No Comments
အများြပည်သူအတွက်
ေရာင်းချေပးေနတဲ့ အရန်ဆန်ေတွကို မန္တေလးကုန်သည်ေတွက ၀ယ်ယူြပီး တရုတ်ြပည် တင်ပို့ေနတယ်ဆိုတဲ့ သည်ဗိွုင့်စ်ဂျာနယ်ပါ သတင်းနဲ့ ပတ်သက်ြပီး မန္တေလး ဆန်စပါးလုပ်ငန်းရှင် အသင်းက ဒီေန့သတင်းစာရှင်းလင်းပွဲြပုလုပ်ြပီး
၀ယ်ယူတဲ့ ကုန်သည်ကို ေဖာ်ထုတ်ေပးဖို့ ေတာင်းဆိုလိုက်ပါတယ်။
(၁၂) စိုက်ပျိုးစရိတ်ချေးငွေ မရသည့် အတွက် လယ်သမားများနစ်နာ : Source : DVB
Published on
September 25, 2012 by ဒီဗှီဘီ
· No Comments
နွေပညျတျော
ဒက္ခိဏသီရိြမို့နယ်၊
ပျဉ်းမနားလမ်း၊ ရွာမအုပ်စုမှာ စိုက်ပျိုးစရိတ်ေချးေငွနဲ့
ပတ်သက်ြပီး နစ်နာဆုံးရှုံးမှုေတွ ရှိတယ်လုိ့ လယ်သမားေတွက ေြပာပါတယ်။
(၁၃) ချက်သမ္မတနိုင်ငံ အကူအညီဖြင့် မြန်မာကလေး ၂ ဦး နှလုံးခွဲစိတ်မှု အောင်မြင် : Source : Irrawaddy
25-Sep-12
မြန်မာနိုင်ငံမှ နှလုံးရောဂါဝေဒနာ
ခံစားနေရသော ကလေးငယ် ၃ ဦးကို ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန၏ စီစဉ်ပံ့ပိုးမှုဖြင့်
၎င်းနိုင်ငံ ပရက်ဂ် မြို့ Motol ဆေးရုံတွင် ခွဲစိတ်ကုသပေးခဲ့ရာ ကလေး ၂ ဦး၏ ဆေးကုသမှု အောင်မြင်ခဲ့ပြီး
ယနေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရှိရသည်။
(၁၄) ကြေးနီအလွဲသုံးစားမှု
အာရှလူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြား : Source : Irrawaddy
25-Sep-12
ကြေးနီ
၃၃၈ တန် အလွဲသုံးစားလုပ်သည်ဟူ၍ စွပ်စွဲကာ ဖမ်းဆီးခံခဲ့ရသည့် မြန်မာအိုင်ဗင်ဟို ကော့ပါးကုမ္ပဏီလီမိတက်
(MICL) မှ ဦးအောင်လောဟာနှင့် ပတ်သက်၍ တရားမျှတစွာ အမှုမှန်ပေါ်ပေါက်ရန် ဟောင်ကောင်အခြေစိုက်
အာရှ လူ့အခွင့်အရေး ကော်မရှင်သို့ ညီဖြစ်သူ ဦးအောင်လောကီးက တိုင်ကြားလိုက်သည်။
(၁၅) KIO ဌာနချုပ်တွင် မူးယစ် တိုက်ဖျက်ရေး
လူထုအစည်းအဝေး ကျင်းပ : Source : Mizzima
ဖနိဒါ | အင်္ဂါနေ့၊ စက်တင်ဘာလ ၂၅ ရက်
၂၀၁၂ ခုနှစ် ၁၇ နာရီ ၅၂ မိနစ်
ချင်းမိုင်(မဇ္စျိမ)
။ ။ ကချင် လွတ်လပ်ရေး အဖွဲ့ KIO
ဗဟိုဌာနချုပ် လိုင်ဇာမြို့ အထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လူထု
အစည်းအဝေးတရပ်ကို အင်္ဂါနေ့က ကျင်းပခဲ့သည်။
ဆက်ဖက်ရန်---
ဆက်ဖက်ရန်---
(၁၆) တိုက်ပွဲများကြောင့် ကချင်ဒေသခံများ
ထပ်မံ တိမ်းရှောင်ရ : Source : Irrawaddy
25-Sep-12
ကချင်ပြည်နယ် ဖားကန့် ဒေသတွင်
အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တပ်ဖွဲ့ဝင်များ မကြာသေးခင်က
ဖြစ်ပွားသော တိုက်ပွဲများကြောင့် ဒေသခံများ ထပ်မံ ထွက်ပြေး နေကြရသည်။
(၁၇) DKBA မတော်တဆ ပစ်ခတ်မှုကြောင့်
ရွာသားတဦး ဒဏ်ရာရ : Source : KIC
25-Sep-12
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင်
တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA ၏ မတော်တဆ ပစ်ခတ်မှု ကြောင့်
ထီးသဲလယ်ရွာသားတဦး ညာဘက်ခြေသလုံးတွင် ဒဏ်ရာရရှိသွားခဲ့သည်။
(၁၈) ကျားဖြူပါတီဥက္ကဌ နှလုံးရောဂါခံစား ဘန်ကောက်၌ဆေးကုသမှုခံယူ : Source : Panglong
Tuesday, 25
September 2012 17:36 သျှမ်းသံတော်ဆင့်
ထိုင်းနိုင်ငံ၌
နှလုံးရောဂါဆေးကုသမှုခံယူနေရသောကြောင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ
SNDP ပါတီဥက္ကဌ စိုင်းအိုက်ပေါင်း ပြည်နယ်လွှတ်တော်အစည်းအဝေး အမှီ မတက်နိုင်
တော့ကြောင်း ပါတီဝင်များအသိုင်း အဝိုင်းကပြော သည်။
(၁၉) KIO မှ ကချင်ပြည်နယ်အတွက်
သီးသန့် FM ရေဒီယို အစီစဉ်တစ်ခု စတင်ထုတ်လွင့် : Source : Kachin
24-Sep-12
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO)မှ ကချင်ပြည်နယ် နေရာအနှံ့တွင်
ဖမ်းယူနားဆင်နိုင်ရန်ရည်ရွယ်၍ FM ရေဒီယို အသံလွှင့် အစီအစဉ်ကို အစမ်းသဘောဖြင့် လိုင်ဇာဌာနချုပ်မှ
အစီစဉ်တစ်ခု စတင်ထုတ်လွှင့်လိုက်သည်။
(၂၀) KIA တပ်နှင့် တိုက်ပွဲများ
ဆက်တို က်ဖြစ်ပွားနေပြီး အစိုးရတပ်ဖက်မှ အနည်းဆုံး ၅ ဦးကျ : Source : Kachin
23-Sep-12
ကချင်ပြည်နယ် မြစ်ကြီးနား-ဒေါ့ဖုန်းယန်မှ ၄ မိုင်အကွာရှိ ဖာဂီ
(Hpagyi) နှင့် နမ့်ဝိုင်း (Namwai) ကြားတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA မှ အစိုးရတပ်များအား
ပြောက်ကျားစနစ်ဖြင့် ယနေ့နံနက်တွင် တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၃ ဦးသေဆုံးသွားခဲ့ကြောင်း
KIA ရှေ့တန်းမှသိရသည်။
(၂၁) ရှမ်းမြောက် ပန်ဆိုင်းတိုက်ပွဲတွင်
မြန်မာအစိုးရ တပ် ဗိုလ်ကြီး အပါအ၀င် ၄ ဦးကျ : Source : Kachin
25-Sep-12
ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်)မှ ၁ မိုင်အကွာရှိသည့်
ဖိုင်ကောင်း (Hpai Kawng) ရွာဦးပိုင်းတွင် မြန်မာအစိုးရ လားရှိုးတပ် ခလရ (၆၉) တပ်နှင့်
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အရပ်သားကာကွယ်ရေး တပ်ဖွဲ့ (MHH) တပ်ခွဲ(၅)တို့ ယမန်နေ့
စက်တင်ဘာ ၂၄ ရက်နေ့တွင် အပြင်းအထန် တိုက်ပွဲဖြစ်ပွားရာတွင် အစိုးရတပ်ဖက်မှ ဗိုလ်ကြီးတစ်ဦးအပါအ၀င်
၃
No comments:
Post a Comment