Sunday, September 2, 2012

နေ့စဉ်မြန်မာ့အရေး ဆက်စပ်သတင်းများ (စက်တင်ဘာလ ၁ရက်၊ ၂၀၁၂ခုနှစ်)


(၁) ရခိုင်ဒေသ ပဋိပက္ခ စုံစမ်းရေး ကော်မရှင် ကွင်းဆင်း စစ်မည် : Source : Irrawaddy

1-Sep-12
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ ဖွဲ့စည်းထားသော စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့သည်ရခိုင်ဒေသသို့ မကြာမီ ရက်ပိုင်းအတွင်း သွားရောက်၍ ကွင်းဆင်း စစ်တော့မည် ဖြစ်ကြောင်း သိရသည်။

ဆက်ဖက်ရန်---

 


(၂) မီဒီယာလွတ်လပ်ခွင့်အတွက် ၃၄ ချက် ကွန်ယက် တောင်းဆို : Source : Mizzima
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ သြဂုတ်လ ၃၁ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၃၇ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာဂျာနယ်လစ်ကွန်ယက် MJN က စီစဉ်ပြုလုပ်သည့် မီဒီယာဥပဒေဆိုင်ရာ အလုပ်ရုံ
ဆွေးနွေးပွဲမှ သတင်းလွတ်လပ်ခွင့်အတွက် အချက် ၃၄ ချက် ရရှိခဲ့သည်ဟု သိရသည်။
ဆက်ဖက်ရန်---


(၃) ရင်းနှီးမြှုပ်နှံလိုသော်လည်း ဥပဒေသစ် ဒိန်းမတ် ဘဝင်မကျသေး : Source : Mizzima
နေလင်းအောင် | စနေနေ့၊ စက်တင်ဘာလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၂၃ မိနစ်

ရန်ကုန် (မဇ္ဈိမ)။            ။ ဒိန်းမတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်တစား ရှိလှသော်လည်း ရေးဆွဲနေသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အပေါ် အားမလိုအားမရ
ဖြစ်နေသေးကြောင်း ထိုင်းနိုင်ငံဆိုင်ရာ ဒိန်းမတ် သံအမတ်ကြီး Mr. Mikael Hemniti Winther က ပြောဆိုလိုက်သည်။
ဆက်ဖက်ရန်---

 


(၄) ထိုင်းသို့ အလုပ်သမား စေလွှတ်ခွင့်ရ ကုမ္ပဏီများ နယ်စပ်တွင် ရုံးဖွင့်ရမည် : Source : Mizzima
တင်ဇာအောင် | စနေနေ့၊ စက်တင်ဘာလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၄၉ မိနစ်

ရန်ကုန် (မဇ္ဈိမ)။      ။ အလုပ်သမား ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ထိုင်းနိုင်ငံသို့ တရားဝင် အလုပ်သမား စေလွှတ်ခွင့် ရသည့် ကုမ္ပဏီများ အနေဖြင့် နှစ်နိုင်ငံ နယ်စပ်ဒေသတွင် ရုံးခွဲများ ဖွင့်လှစ်ထားရမည်ဖြစ်သည်ဟု ပြည်ပ အလုပ်အကိုင် ကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ပြောသည်။
ဆက်ဖက်ရန်---

 


(၅) ဖားကန့် ပေါက်ကွဲမှု အစိုးရတပ်ဖွဲ့ဝင် ၇၀ ကျော် သေဆုံးဟုဆို : Source : Irrawaddy
31-Aug-12
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲတွင် အစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တိုက်ပွဲကြောင့် ယမ်းဂိုဒေါင်တခု ပေါက်ကွဲခဲ့ကာ အစိုးရတပ်မှ တပ်ဖွဲ့ဝင် ၇၀ ကျော် ကျဆုံးသွားကြောင်း KIA မှ အရာရှိတဦးက ပြောသည်။

ဆက်ဖက်ရန်---

 


(၆) ပုသိမ်ရေဘေးအတွက် ဒေါ်အောင်ဆန်းစုကြည် သိန်း ၂၀ လှူ  : Source : Irrawaddy
31-Aug-12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ ရေဘေးဒုက္ခသည်များ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေ ကျပ်သိန်း ၂၀ ကို ယနေ့ သွားရောက် လှူဒါန်းသည်။

ဆက်ဖက်ရန်---

 


(၇) လှည်းတန်း ခုံးကျော်တံတား ၂၀၁၃ သင်္ကြန် မတိုင်မီ ပြီးမည်မှန်း : Source : Mizzima
ရတနာဦး | စနေနေ့၊ စက်တင်ဘာလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၂၂ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန်မြို့ရှိ လမ်းမကြီး ငါးလမ်း ဆုံရာ ကမာရွတ်မြို့နယ်ရှိ လှည်းတန်းလမ်းဆုံတွင် ကားလမ်း ခုံးကျော်တံတားတစင်း တည်ဆောက်လျက်ရှိရာ ၂၀၁၃ ခုနှစ်၊ ဧပြီလ သင်္ကြန်မတိုင်ခင် ပြီးစီးမည်ဟု မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တဦးက ပြောသည်။
ဆက်ဖက်ရန်---

 


(၈) MPU ကတ်များ စသုံးတော့မည်၊ Network ကို ဖိုင်ဘာလိုင်းဖြင့် ချိတ်မည် : Source : Mizzima
တင်ဇာအောင် | စနေနေ့၊ စက်တင်ဘာလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၄၈ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ Myanmar Payment Union (MPU) ကတ်များကို စက်တင်္ဘာလ ၁၅ ရက်နေ့တွင် စတင် သုံးစွဲမည်ဖြစ်ပြီး ဘဏ်အချင်းချင်း ချိတ်ဆက်ထားသည့် Network (ကွန်ယက်)ကို ဖိုင်ဘာလိုင်းဖြင့် ချိတ်ဆက်မည်ဟု MPU စနစ်ကို အသုံးပြုမည့် ဘဏ်များက ဆိုသည်။
ဆက်ဖက်ရန်---

 


(၉) ကိုယ်ကျိုးစီးပွား ကာလွန်းလျှင် ရင်းနှီးမြှုပ်နှံမှု အလာနည်းမည် : Source : Irrawaddy
1-Sep-12
လွှတ်တော်တွင် ရေးဆွဲနေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွင် ကိုယ်ကျိုးစီးပွား ကာကွယ်သည့်အပိုဒ်များ ထည့်သွင်းလာနေသောကြောင့် အတည်ပြုပြဌာန်းမည့် ယင်းဥပဒေသည် မြန်မာ့စီးပွားရေးကို ချုပ်ကိုင်ထားသော ထိပ်သီးစီးပွားရေးသမားများကိုသာ အကျိုးဖြစ်စေပြီး နိုင်ငံခြားရင်းနှီးမြှုပ်သူများကို ဆွဲဆောင်မှု နည်းစေမည်ဟု ဝေဖန်နေကြသည်။

ဆက်ဖက်ရန်---

 


(၁၀) မီဒီယာလွတ်လပ်ခွင့်အတွက် ၃၄ ချက် ကွန်ယက် တောင်းဆို : Source : Mizzima
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ သြဂုတ်လ ၃၁ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၃၇ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာဂျာနယ်လစ်ကွန်ယက် MJN က စီစဉ်ပြုလုပ်သည့် မီဒီယာဥပဒေဆိုင်ရာ အလုပ်ရုံ
ဆွေးနွေးပွဲမှ သတင်းလွတ်လပ်ခွင့်အတွက် အချက် ၃၄ ချက် ရရှိခဲ့သည်ဟု သိရသည်။
ဆက်ဖက်ရန်---



(၁၁) ABSDF မြောက်ပိုင်း ဖြစ်ရပ် နစ်နာခဲ့ရသူတွေ ရှင်းလင်း : Source : VOA
31-Aug-12

ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင် မြန်မာပြည်ကို ပြန်လာချိန်မှာ ABSDF မြောက်ပိုင်းဒေသမှာ ၁၉၉၂ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး မြောက်ပိုင်း ရဲဘော်ဟောင်းတွေက ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ တိုက်တိုက်ဆိုင်ဆိုင် ကျင်းပခဲ့ပါတယ်။

ဆက်ဖက်ရန်---



(၁၂) ကချင်ဒုက္ခသည်တွေကို နှင်မထုတ်ဖို့ တရုတ်ကို အမေရိကန် တိုက်တွန်း : Source : VOA
31-Aug-12

ကချင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကနေ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံလာကြတဲ့ စစ်ပြေးဒုက္ခသည်တွေကို နိုင်ငံအတွင်းကနေ အတင်းပြန်မလွှတ်ဖို့ အမေရိကန်က တရုတ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံ အနေနဲ့ နိုင်ငံတကာ သဘောတူစာချုပ်တွေနဲ့ အညီ လိုက်နာဆောင်ရွက်ဖို့ကိုလည်း အမေရိကန်က ပြောလိုက်ပါတယ်။

ဆက်ဖက်ရန်---

 


(၁၃) ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံခရီးစဉ် မရေရာသေး : Source : RFA
2012-08-31
ထိုင်း ၀န်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ရဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်ဟာ မရေရာသေးဘူးလို့ The Nation သတင်းစာက ဖော်ပြပါတယ်။

ဆက်ဖက်ရန်---

 


(၁၄) ပြည်ပရောက် အတိုက်အခံခေါင်းဆောင်များ မြန်မာနိုင်ငံ ရောက်ရှိ : Source : RFA
2012-08-31
ပြည်ပရောက်ထင်ရှားတဲ့ နိုင်ငံရေးအတိုက်အခံ ခေါင်းဆောင်တွေ ဖြစ်တဲ့ ဒေါက်တာနိုင်အောင်၊ ဒေါက်တာသောင်းထွန်းနဲ့ ဦးညိုအုန်းမြင့်တို့ဟာ နှစ်ပေါင်း နှစ်ဆယ့်လေးနှစ်ကျော် ကာလအတွင်း ပထမဆုံးအကြိမ် ထိုင်းလေကြောင်းနဲ့ မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိလာပါတယ်။

ဆက်ဖက်ရန်---

 

(၁၅) အိုအိုင်စီ အတွင်းရေးမှူးနှင့် အဖွဲ့ နောက်အပတ် မြန်မာကို ရောက်မည် : Source : Narinjara
31-Aug-12
အစ္စလာမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (အိုအိုင်စီ) အထွေထွေ အတွင်းရေးမှူး Ekmeleddin Ihsanoglu နှင့် အဖွဲ့သည် နောက်အပတ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဟု သတင်း ရရှိသည်။

ဆက်ဖက်ရန်---

 


(၁၆) မြန်မာ့စက်မှုဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဖျက်သိမ်းဖို့ သမ္မတတောင်းဆို : Source : RFA
2012-08-31
မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ပြည်ထောင်စု လွှတ်တော်က အတည်ပြု ဖျက်သိမ်းပေးဖို့ သမ္မတ ဦးသိန်းစိန်က လွှတ်တော်ကို ဒီကနေ့ သ၀ဏ်လွှာပေးပို့ တောင်းဆိုလိုက်ပါတယ်။

ဆက်ဖက်ရန်---

 


(၁၇) မြန်မာ့လေ့လာရေးအဖွဲ့ ပိုလန်နိုင်ငံသို့ထွက်ခွာ : Source : RFA
2012-08-31
ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာ ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေ ဖြေရှင်းနည်း သင်တန်းကို တက်ရောက်ဖို့အတွက် NLD ပါတီဝင် ၂၀ ကျော် အပါအဝင် အဖွဲ့အစည်း အသီးသီးက လူပုဂ္ဂိုလ် ၅၀ ဟာ ဒီကနေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံကနေ ပိုလန်နိုင်ငံကို ထွက်ခွာသွားပါတယ်။

ဆက်ဖက်ရန်---

 


(၁၈) ဒုက္ခသည်များ ပြန်လည်နေရာချထားရေး လူတွေ့စစ်ဆေးမှု စတင်တော့မည် : Source : RFA
2012-08-31

အမေရိကန်ပြည်ထောင်စုရဲ့ ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အစီအစဉ်အရ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုက ဒုက္ခသည်တွေကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က ဟိုတယ်တစ်ခုမှာ လူတွေ့စစ်ဆေးမှုတွေ ဒီသီတင်းပတ်ထဲမှာ စတင်ပြုလုပ်မှာ ဖြစ်ပြီး အဲဒီမှာ လက်ဗွေနှိပ်တာတွေကိုပါ တခါတည်း ဆောင်ရွက်မယ်လို့ ဘန်ကောက်မြို့ အမေရိကန်သံရုံးရဲ့

ဆက်ဖက်ရန်---

 

(၁၉) စာချွန်တော် ဥပဒေ နည်းဥပဒေတွေ ရေးဆွဲမယ် : Source : BBC

31-Aug-12
တရား လွှတ်တော်ချုပ် က စာချွန်တော် ထုတ်ပြန်ရာ မှာ ကျင့်သုံးဖို့ ဥပဒေနဲ့ နည်းဥပဒေ ရေးဆွဲဖို့ ပြည်သူ့ လွှတ်တော်က သောကြာနေ့ မှာ အတည်ပြုပေးလိုက်ပါတယ်။

ဆက်ဖက်ရန်---

 


(၂၀) KNU တပ်မဟာ(၆)တွင် အခြေခံ စစ်သင်တန်းဆင်းပွဲ ပြုလုပ် : Source : KIC
31-Aug-12
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေ KNLA တပ်မဟာ(၆) တပ်ရင်း (၂၀၁) ဌာနချုပ် ဝေါ်လေခီးတွင် သတ္တမအကြိမ်မြောက် အခြေခံစစ်သင်တန်းဆင်းပွဲကို ယနေ့ ပြုလုပ်ကျင်းပခဲ့သည်။

ဆက်ဖက်ရန်---

 


(၂၁) ရှေ့နေ စောကျော်ကျော်မင်း ထောင်ဒဏ်ကျခံ ရမှုအပေါ် AAPP ကြေညာချက်ထုတ် : Source : KIC
31-Aug-12
သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ ပြည်တော်ပြန်သွားသည့် လူငယ်ရှေ့နေ စောကျော်ကျော်မင်းအား အစိုးရက ထောင်ဒဏ်(၆)လ ချမှတ်လိုက်တဲ့အပေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ(AAPP)က ယမန်နေ့က ကြေညာချက်တစ် စောင် ထုတ်ပြန်ခဲ့သည်။

ဆက်ဖက်ရန်---

 


(၂၂) အပြုသဘောဆောင်သည့် Black List စာရင်း ပယ်ဖျက်ခြင်းမျိုးကို အတိုက်အခံများ ကြိုဆို : Source : KIC
31-Aug-12
သမ္မတဦးသိန်းစိန်အစိုးရအနေဖြင့် ပြည်ပနိုင်ငံများတွင် နိုင်ငံရေးလှုပ်ရှားနေသူများကို ယခင်က သတ်မှတ်ထားသည့် Black list နာမည်ပျက်စာရင်းများမှ ပယ်ဖျက်ပေးလိုက်ခြင်းသည် အတိုက်အခံအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြုသည့် သဘောဆောင်ပါက ကြိုဆိုကြောင်း ပယ်ဖျက်ခံရသည့် စာရင်းတွင် ပါဝင်သူ အတိုက်အခံများက

ဆက်ဖက်ရန်---



(၂၃) ပန်ဝါအထက် မှတ်တိုင် (၆) ကချင် ဒုက္ခသည်စခန်းတွင် အစားအသောက် ခက်ခဲနေ : Source : Kachin
31-Aug-12
တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် ပန်ဝါအထက် အောက် တရုတ်ဖက်ခြမ်းရှိ မှတ်တိုင် (၆) ဒုက္ခသည်စခန်းတွင် အစားအသောက်အခက်ခဲကြုံတွေ့နေကြောင်း ဒုက္ခသည် စခန်းတွင်ကွင်းဆင်း လေ့လာခဲ့သော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention, KBC) ကပြောသည်။

ဆက်ဖက်ရန်---


 
(၂၄) စစ်ပြေး ဒုက္ခသည်များ အရေးမှ စစ်ပွဲ ရပ်ရေးကို ကန်တောင်းဆို : Source : Phophtaw
31-Aug-12
သြဂုတ်လကုန်အတွင်း၌ တရုတ်နိုင်ငံဖက်၌ ရှိနေသော ကချင် စစ်ပြေးဒုက္ခသည်များ အပြီးတိုင် ပြောင်းရွှေ့ရန် တရုတ် အာ ဏာပိုင်တို့က လိုလားသော်လည်း လက်တွေ့၌ တထောင်နီးပါးမျှ ကျန်ရှိနေသေးသည်ဟု ကချင် ဒုက္ခသည် ကော်မီတီမှ အဖွဲ့ဝင် တဦးက ပြောပါသည်။

ဆက်ဖက်ရန်---

No comments:

Post a Comment