Tuesday, September 25, 2012

နေ့စဉ်မြန်မာ့အရေး ဆက်စပ်သတင်းများ (စက်တင်ဘာလ ၂၄ရက်၊ ၂၀၁၂ခုနှစ်)

(၁) မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်မယ်လို့ မျှော်လင့် : Source : RFA

2012-09-23
မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်မယ်လို့ မိမိအနေနဲ့ မျှော်လင့်ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က အမေရိကန်တွေနဲ့သီးသန့်တွေ့ဆုံစဉ် ပြောခဲ့ပါတယ်။

ဆက်ဖက်ရန်---


(၂) တောင်သူလယ်သမားများ ဆန္ဒဖော်ထုတ်ခွင့် ငြင်းပယ်ခံရ : Source : RFA
2012-09-23
အင်းလုပ်ငန်းတွေကြောင့် သူတို့လယ်ယာမြေတွေ ရေနစ်မြုပ်နေရတာနဲ့ ပတ်သက်ပြီး ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်က တောင်သူလယ်သမားတွေဟာ ဆန္ဒဖော်ထုတ်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ခွင့်တောင်းခံခဲ့တာကို ညောင်လေးပင် မြို့နယ်ရဲစခန်းက ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။

ဆက်ဖက်ရန်---

 

(၃) နေရူးအောက်မေ့ဖွယ်အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည် : Source : RFA
2012-09-23
အိန္ဒိယ လွတ်လပ်ရေးခေါင်းဆောင် နေရူးအောက်မေ့ဖွယ် အခမ်းအနားမှာ မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဟောပြောဖို့ လက်ခံထားပါတယ်။

ဆက်ဖက်ရန်---

 

 
(၄) ငြိမ်းချမ်းရေးဆန္ဒပြပွဲ ဦးဆောင်သူလေးဦး တရားစွဲခံရ : Source : RFA
2012-09-23
ခွင့်ပြုချက်မယူဘဲ စီတန်းလှည့်လည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ကိုမိုးသွေး၊ ကိုကျော်ဗိုဗို၊ မဖွေးယုမွန်နဲ့ မခင်စန္ဒာညွန့်တို့ လေးဦးဟာ မြို့နယ်ရဲစခန်းတွေကို ဒီကနေ့ သွားရောက်နေပြီး သူတို့ကို တရားခံအဖြစ် ရဲစခန်းတွေက သုံးနှုန်းနေတဲ့အပေါ် ကန့်ကွက်တယ်လို့ မခင်စန္ဒာညွှန့်က RFA ကို ပြောပါတယ်။

ဆက်ဖက်ရန်---

 

(၅) နိုင်/ကျဉ်းဟောင်းများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီ (ယာယီ) ဖွဲ့စည်း : Source : RFA
2012-09-23

နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ အကျိုးကို ကူညီ ဆောင်ရွက်ပေးဖို့နဲ့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး ကာလမှာ နိုင်ငံရေး အကျဉ်းသားတွေအနေနဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်ပြီး တိုင်းပြည်တည်ဆောက်ရေးမှာ ပါဝင်နိုင်ဖို့ ရည်ရွယ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီ(ယာယီ) ကို ဒီကနေ့

ဆက်ဖက်ရန်---

 

(၆) ငြိမ်းချမ်းရေးကျောက်တိုင် ဖြိုဖျက်ခံရ : Source : RFA
2012-09-22
ရန်ကုန်တက္ကသိုလ်အနီး အင်ယားကန်ဘောင်မှာ ထောင်နဲ့ချီတဲ့ ငြိမ်းချမ်းရေး ဆန္ဒပြသူတွေ မနေ့က အင်္ဂတေနဲ့ စိုက်ထူထားခဲ့တဲ့ ငြိမ်းချမ်းရေး ကျောက်တိုင်ကို ဒီကနေ့ ဖြိုဖျက်ခံထားရတာ တွေ့ရတယ်လို့ ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့ဝင် မခင်စန္ဒာညွှန့်က RFA ကို အတည်ပြု ပြောပါတယ်။

ဆက်ဖက်ရန်---

 

(၇) လိုအပ်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးမယ်လို့ ဝန်ကြီးဦးအောင်မင်းပြော : Source : RFA
2012-09-22
မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ်ရပ် ငြိမ်းချမ်းရေး ပေါ်ပေါက်ဖို့အတွက် လိုအပ်တဲ့ အပေးအယူ မှန်သမျှကို မြန်မာအစိုးရက လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သမ္မတရုံး ဝန်ကြီးဖြစ်သူ ဦးအောင်မင်းက အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ကိုရောက်စဉ် မနေ့က ပြောကြားလိုက်ပါတယ်။

ဆက်ဖက်ရန်---

 

 
(၈) ပျဉ်းမနားမြို့ဦးကျေးရွာနေအိမ်များ ဖျက်သိမ်းခံရ : Source : RFA
2012-09-22

နေပြည်တော်၊ ပျဉ်းမနားမြို့ဦးကျေးရွာ အရှေ့ပိုင်းမှာရှိတဲ့ အိမ်ကြီးအိမ်ကောင်း ၁၀၀ နီးပါးလောက်ကို မြို့နယ် မြေစာရင်း ဦးစီးဌာနက လယ်ယာမြေပေါ် ကျူးကျော်ဆောက်ထားတဲ့ အိမ်တွေဆိုပြီး ပုဒ်မ ၄၈(က)နဲ့ တရားစွဲ၊ ဖိအားပေး ဖျက်ခိုင်းနေတဲ့ အတွက် အခုရက်ပိုင်းအတွင်း နေ့စဉ်ရက်ဆက် ဆိုသလို နေအိမ်တွေကို

ဆက်ဖက်ရန်---


(၉) ကျူးကျော်နေအိမ် အဓမ္မဖျက်သိမ်းမှု တစ်ပတ်ဆိုင်းငံ့ : Source : RFA
2012-09-22
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အတွင်းက ဇီးအုတ်နဲ့ ကံကြီးကုန်းကျေးရွာတွေမှာ လွန်ခဲ့တဲ့ (၂) ရက်ကစလို့ ကျူးကျော်နေအိမ်တွေ အဓမ္မ ဖျက်သိမ်းမှုကို ဒီကနေ့ တစ်ပတ်ဆိုင်းငံ့ လိုက်တယ်လို့ သိရပါတယ်။

ဆက်ဖက်ရန်---

 

(၁၀) Asia Green ကုမ္ပဏီအလုပ်သမားများ လုပ်ခလစာ အပြည့်အ၀ပြန်လည်ရရှိ : Source : RFA
2012-09-22
ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့အခြေစိုက် Asia Green သစ်မာထုတ်လုပ်ရေး ကုမ္ပဏီမှာ ဇူလိုင်လကတည်းက ထုတ်မပေးသေးတဲ့ အမြဲတမ်းဝန်ထမ်းတွေရဲ့လစာငွေတွေကို အခုရက်ပိုင်းအတွင်း ထုတ်ပေးလိုက်ပြီလို့ အလုပ်ရှင်ကရော အလုပ်သမားတွေကပါ RFA ကို ဒီကနေ့ ပြောကြားပါတယ်။

ဆက်ဖက်ရန်---

 

(၁၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ပြည်သူတွေရွေးချယ်ခွင့်ပြု : Source : RFA
2012-09-22

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ၁၀၄ ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူး လျှို့ဝှက်ရွေးချယ်တာကို ရပ်ကွက်သူ ရပ်ကွက်သားတွေက မကျေနပ်တာကြောင့် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနကို အသနားခံစာ တင်သွင်းခဲ့တဲ့အတွက် ပြည်သူတွေ စိတ်တိုင်းကျ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ် ပြန်လည်ရွေးချယ်ပေးမယ့်အကြောင်း အာဏာပိုင်တွေဘက်က

ဆက်ဖက်ရန်---

 

(၁၂) Unit of Europe Aid အဖွဲ့ မြန်မာစာရေးဆရာ၊ ကဗျာဆရာများသမဂ္ဂနဲ့ တွေ့ဆုံ : Source : RFA
2012-09-22
Unit of Europe Aid အဖွဲ့ဟာ မြန်မာစာရေးဆရာ၊ ကဗျာဆရာများသမဂ္ဂနဲ့ မနေ့ကတွေ့ဆုံပြီး စာနယ်ဇင်းလောကနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဆက်ဖက်ရန်---


(၁၃) ကုလညီလာခံတက်ဖို့ သမ္မတ ဦးသိန်းစိန် အမေရိကန်ကို ထွက်ခွာ : Source : VOA
23-Sep-12
မြန်မာသမ္မတ ဦးသိန်းစိန် ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ဖို့ အမေရိကန် ပြည်ထောင်စုကို ဒီကနေ့ တနင်္လာနေ့မှာ ထွက်ခွာမှာ ဖြစ်တဲ့အကြောင်း သမ္မတရုံးက ပြောပါတယ်။ ဒီသီတင်းပတ်ထဲ ကျင်းပမယ့် နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ပြီး ၂၇ ရက်နေ့မှာ မိန့်ခွန်းစကား ပြောဆိုဖို့လည်း စီစဉ်ထားတာပါ။

ဆက်ဖက်ရန်---


(၁၄) အိမ်မြေဖယ်ရှားပေးရမယ့် ပုသိမ်ကြီးဒေသခံတွေ အသနားခံ : Source : VOA
23-Sep-12

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်တွင်းမှာရှိတဲ့ အစိုးရပိုင် မြေနေရာတွေမှာ ကျူးကျော် ၀င်ရောက် နေထိုင်သူတွေကို ဖယ်ရှားပေးဖို့ မနေ့က မန္တလေး မြို့တော်ဝန် ကိုယ်တိုင် ပြောဆိုခဲ့ပြီးနောက် ၁၀၀ နီးပါး ကျူးကျော်နေထိုင်သူတွေကနေ မြို့တော်ဝန်ကားကို ပိတ်ဆို့ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ကျူးကျော်နေထိုင်သူတွေ ထဲကတော့ ဒီမြေတွေဟာ သူတို့ ၀ယ်ယူထားတာဖြစ်တယ် ဆိုတဲ့

ဆက်ဖက်ရန်---

 

(၁၅) ဒေါ်အောင်ဆန်းစုကြည် Kentucky ပြည်နယ် ရောက်ရှိ : Source : VOA
23-Sep-12

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်ုးကြည်ဟာ ၀ါရှင်တန်ဒီစီမြို့တော်နဲ့ နယူးယောက်မြို့တွေကို ခရီးလှည့်လည်ခဲ့ပြီးတော့၊ မနေ့က တနင်္ဂနွေနေ့မှာ Kentucky ပြည်နယ်က Louisville မြို့ကို ရောက်ရှိလာခဲ့ပါတယ်။ မြန်မာ့အရေးကို တက်တက်ကြွကြွ ထောက်ခံအားပေးသူ Kentucky ပြည်နယ်ကိုယ်စားပြု

ဆက်ဖက်ရန်---

 

(၁၆) မဲဆောက် မော်လမြိုင် လေယာဉ်ပြေးဆွဲမယ် : Source : BBC
23-Sep-12
မဲဆောက် မော်လမြိုင် ခရီးသည်တင် လေယဉ် တိုက်ရိုက် ပျံသန်း မှုတွေ ရှေ့အပတ် ထဲမှာ စတင်တော့မှာ ဖြစ်ပါတယ်။ထိုင်ခုံ ၃၄ နေရာ ပါတဲ့ လေယာဉ်ဟာ မဲဆောက်မြို့ ကနေ မော်လမြိုင်ကို အခုလ ၂၈ ရက်နေ့ သောကြာနေ့မှာ စတင် ပျံသန်းမှာ ဖြစ်ပါတယ်။

ဆက်ဖက်ရန်---

 

(၁၇) ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဂျပန်က ရှယ်ယာအများဆုံး အရင်းအနှီးထည့်မည် : Source : DVB

Published on September 24, 2012 by နေသှငျ   ·   No Comments
လအတန်ြကာ ညှိနှိုင်းမှုေတွ အဆင်မေြပနဲ့အရင်းနှီးေတွ မြပည့်အစံု ြဖစ်ေနတဲ့ထားဝယ်ေရနက်ဆိပ်ကမ်းနဲ့အထူးစီးပွားေရးဇုန်တည်ေဆာက်ေရးလုပ်ငန်းေတွ ဂျပန်က ဝင်လာတာေြကာင့်ေြခအေနြပန်ေကာင်းလာပါတယ်။

ဆက်ဖက်ရန်---


(၁၈) စစ်ဘေးရှောင် ဒုက္ခသည်များ ဖားကန့်သို့ ထပ်မံဝင်ရောက် : Source : DVB
Published on September 24, 2012 by နန်းြမနဒီ   ·   No Comments
ကချင်ြပည်နယ် ဖားကန့်ေဒသမှာ  စစ်ေြပးဒုက္ခသည်ေတွ ထပ်တိုးလာတယ်လို့  ဖားကန့် ကချင်စစ်ေြပးေရှာင်ဒုက္ခသည်ကူညီေရးအဖွဲ့ ဖွဲ့က ေြပာြကားလိုက်ပါတယ်။

ဆက်ဖက်ရန်---

 

 

(၁၉) ရေတိုက်စားမှုကြောင့် ရေစကြို ကျေးရွာများပြောင်းရွှေ့နေရ : Source : DVB

Published on September 24, 2012 by ဒီဗှီဘီ   ·   No Comments
ေရစြကိုြမို့နယ် ြမစ်ေရ၀င် ေြမနုကျွန်းေကျးရွာေတွြဖစ်တဲ့ သာေဂါင်နဲ့ မီးေလာင်ကျွန်းေကျးရွာေတွဟာ ချင်းတွင်းြမစ်မှ ဧရာ၀တီြမစ်တွင်း စီးဆင်းေနတဲ့ ေချာင်းေရတိုက်စားမှုေြကာင့် အိမ်ေြခအေတာ်များများ ေြပာင်းေရွှ့ေနရပါတယ်။

ဆက်ဖက်ရန်---

 

(၂၀) ပါတီထောင်ရန် ၈၈ အဖွဲ့ စဉ်းစားနေ : Source : Irrawaddy

23-Sep-12

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့အနေဖြင့် အနာဂတ် အခင်းအကျင်းတွင် နိုင်ငံရေး ပါတီတရပ် ထူထောင်ရန် အလေးအနက် စဉ်းစားနေကြောင်း သိရသည်။

ဆက်ဖက်ရန်---

 

(၂၁) ရခိုင်ဒေသ တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးရေး လမ်းပြမြေပုံ လို : Source : Irrawaddy
23-Sep-12
ရခိုင်ပြည်နယ် ရေရှည်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း ပြည်ပမှ အတွေ့အကြုံများနှင့်ပေါင်းစပ်၍ လမ်းပြ မြေပုံတခု ရေးဆွဲနိုင်ရန် ကြိုးပမ်းသွားမည်ဟု သိရသည်။

ဆက်ဖက်ရန်---

 

 
(၂၂) ပူတာအိုနှင့် မချမ်းဘောတွင် ဆန်ရှားပါးမှု ကြုံနေရဆဲ : Source : Mizzima
ဖနိဒါ | တနင်္လာနေ့၊ စက်တင်ဘာလ ၂၄ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၅၉ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။      ။ ကချင်ပြည်နယ် မြောက်ဖျားပိုင်း ပူတာအို ခရိုင် ပူတာအိုနှင့် မချမ်းဘော မြို့နယ်များအတွင်း ဆန်ရှားပါးမှု ကြုံတွေ့နေရဆဲဖြစ်ပြီး ဆန်နို့ဆီဗူးတဗူးလျှင် ကျပ် ၅ဝဝ ဖြင့် ဝယ်ယူစားသုံးနေရသည်ဟု ပူတာအိုမြို့ခံ တဦးက ပြောသည်။
ဆက်ဖက်ရန်---

 

(၂၃) မြိတ်တွင် ၈၈ မျိုးဆက်ကျောင်းသား အတု ပေါ်ပေါက်ဟုဆို : Source : Mizzima
ကွန်းချမ်း | တနင်္လာနေ့၊ စက်တင်ဘာလ ၂၄ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၂၅ မိနစ်

စံခလပူရီ (မဇ္ဈိမ) ။       ။ တနင်္သာရီတိုင်း မြိတ်ခရိုင်တွင် ၈၈ မျိုးဆက်ကျောင်းသားအမည်ခံ အဖွဲ့တဖွဲ့ ပေါ်ပေါက်
နေပြီး ထိုသူများက ၈၈ ကျောင်းသားများ ကန့်ကွက်ထားသည့်  မြိတ်မြို့နှင့် ၁၇ မိုင်ခန့်အကွာတွင် တည်ဆောက် မည့် ကျောက်မီးသွေးလျှပ်စစ်စက်ရုံကို ထောက်ခံကြောင်း ပြောဆိုမှုများ ရှိနေသည်ဟု မြိတ်ခရိုင် ၈၈ ကျောင်းသား အဖွဲ့ ပြန်ကြားရေး

ဆက်ဖက်ရန်---

 

(၂၄) ငြိမ်းချမ်းရေး ဆန္ဒထုတ်ဖော်မှုကို အရေးယူပါက ဥပဒေအရ ရင်ဆိုင်သွားမည်ဟု ဦးဆောင်သူပြော : Source : KIC
23-Sep-12
ရန်ကုန်မြို့တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်နေမှုအပေါ် အစိုးရအာဏာ ပိုင်များ အရေးယူဖမ်းဆီးမည်ဆိုပါက တရားဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း စီတန်းလှည့်လည်ပွဲ ဦးဆောင်သူ တစ်ဦးဖြစ်သည့် NEW GENERATION WAVE မှ ကိုမိုးသွေးက ပြောကြားလိုက်သည်။

ဆက်ဖက်ရန်---

 

(၂၅) ဒဂုံမြောက်ပိုင်း မြို့နယ်လျှပ်စစ်ရုံးမှ မီတာခ အပိုငွေပြန်မအမ်းမှု တိုင်ကြားခံရ : Source : KIC
22-Sep-12
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း ၃၇ရပ်ကွက် စွမ်းအင်မှတ်တိုင်ရှိ မီတာဆောင်ရသောရုံးတွင် လျှပ်စစ်ဓာတ်အား သုံးစွဲခများကို ပေး ဆောင်ရာ၌ ပိုငွေများကို ပြန်မအမ်းသည့်အပေါ် စက်တင်ဘာလ ၂၁ရက် (သောကြာနေ့)တွင် ရပ်ကွက်နေသူများက မြို့နယ်အုပ်ချုပ်ရေး ရုံးသို့ တိုင်ကြားမှုများ ရှိသည်။

ဆက်ဖက်ရန်---

 

 

(၂၆) နယ်စပ်ရှိစေတီတော်တဆူအား ဆေးအဖြူရောင်သာသုတ်ရမည်ဟု ဒေသတွင်းသာသနာနုဂ္ဂဟကြေငြာ : Source : Panglong

Monday, 24 September 2012 17:19 သျှမ်းသံတော်ဆင့်
၂၀၀၉ ကတည်းက မူလအဖြူရောင်မှ စစ်အာဏာရှင်များက ရွှေရောင်ဆေးဆိုးလိုက်သော သျှမ်းပြည်မြောက်ပိုင်း တရုတ် နယ်စပ် နမ့်ခမ်းမြို့လယ် ကျားဖြူစေတီတော်အား ယနေ့မှစ၍ ဆေးအဖြူရောင်သာသုတ်ရမည်ဟု သာသနာနုဂ္ဂဟ အသင်း နှင့်သံဃာတော်တို့က သဘောတူကြေငြာလိုက်ကြောင်း သိရသည်။

ဆက်ဖက်ရန်---

 

(၂၇) လွတ်မြောက်လာသူ SSPP/SSA အမာခံလူအား မြန်မာ့ဗျူဟာမှူး ပစ္စည်းပြန်မပေး : Source : Panglong

Monday, 24 September 2012 17:24 သျှမ်းသံတော်ဆင့်
SSPP/SSA ၏အမာခံလူဟု သံသယဖြင့် တလနီးပါးဖမ်းဆီးရိုက်နှက်ခံရသူ  ကျေးလက်ဒေသခံများ ပြန်လည် လွတ်မြောက်လာသော်လည်း မြန်မာ့အစိုးရ တပ်က သိမ်းထားသည့် ပစ္စည်းများ ပြန်မပေးကြောင်း မိသားစု နှင့် နီးစပ်သူများကပြောပါသည်။

ဆက်ဖက်ရန်---

 

(၂၈) လားရှိုးမြို့ ယာဉ်တိုက်မှု စရဖနှင့် ရဲ ပူးပေါင်းပြီး အမှုထိန်ချန်ဟုဆို : Source : Panglong

Monday, 24 September 2012 17:28 သျှမ်းသံတော်ဆင့်
သျှမ်းပြည် (မြောက်ပိုင်း) လားရှိုးမြို့ အမှတ် () ရပ်ကွက် မန်ဆူအဝေးပြေးကားဝင်းရှေ့ လမ်းမကြီးပေါ်တွင် ကချင်အမျိုး သမီးငယ်နှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်အား အမျိုးသားနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်မှ အရှိန်ပြင်းစွာ ၀င်တိုက်ခဲ့သည့် ဖြစ်ရပ် ယခုလ ရက်နေ့ ညနေ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်။

ဆက်ဖက်ရန်---

No comments:

Post a Comment