(၁) KIO ဆီက ကလေးစစ်သား လွတ်ရေး ဆွေးနွေး : Source : BBC
15-Sep-12
ကချင် လွတ်လပ်ရေး အဖွဲ့နဲ့ မြန်မာ အစိုးရ ကြား တိုက်ပွဲတွေ အတွင်း KIO ဖမ်းမိထား တဲ့ ကလေး စစ်သား ၁၀ ဦး လောက်ကို ILO က လွှဲယူပြီး မိဘတွေဆီ ပြန်အပ် နိုင်ဖို့ KIO ရော အစိုးရနဲ့ပါ ဆွေးနွေး နေ ပါတယ်။
ဆက်ဖက်ရန်---
(၂) ဆန္ဒပြသူတွေ ပိုင်နက်ကျူးလွန်မှုနဲ့စွဲခံရ : Source : BBC
15-Sep-12
မုံရွာ
ထောင်က ပြန်လွတ်လာတဲ့ လယ်မြေသိမ်း ဆန္ဒပြ အမျိုးသမီး တွေကို သာသနာကို ညှိုးနွမ်း စေမှု၊
ပိုင်နက် ကျူးလွန်မှု၊ သူများပိုင် ပစ္စည်း ဖျက်ဆီးမှု၊ ညစ်ညမ်းစွာ ဆဲရေးမှု တွေနဲ့
စွဲဆို ခဲ့ပါတယ်။
ဆက်ဖက်ရန်---
(၃) ကြေးနီ စီမံကိန်း ကန့်ကွက်သူ အားလုံး လွတ် : Source : BBC
15-Sep-12
လက်ပံတောင်းတောင်
ကြေးနီစီမံကိန်းကို ကန့်ကွက် ခဲ့ကြ သူတွေ ဖြစ်တဲ့ ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ယက်က
လယ်သမား အရေး လုပ်ဆောင်သူ ကိုဝေဠု၊ ဝက်မှေး ရွာသူ တွေ ဖြစ်ကြတဲ့ မသွဲ့သွဲ့၀င်း၊ မအေးနက်နဲ့
မဖြူဖြူဝင်း တို့ သောကြာနေ့ ညနေ ပိုင်းက ပြန်လွတ် လာခဲ့ကြ ပါတယ်။
ဆက်ဖက်ရန်---
(၄) ဌာနတချို့ နိုင်ငံခြား ငွေချေးမယ် : Source : BBC
14-Sep-12
နိုင်ငံတကာ
ချေးငွေတွေ ရယူချင်ရင် ပွင့်လင်း မြင်သာ မှ တိုင်းပြည်မှာ အကျိုးရှိမယ်လို့ စီးပွားရေး
အကဲခတ် တဦးက ဘီဘီစီကို ပြောကြား ပါတယ်။
ဆက်ဖက်ရန်---
(၅) SEA Games ကျင်းပမည့် နေပြည်တော်က အားကစားရုံ (၈၅) ရာခိုင်နှုန်းပြီးစီး
: Source : RFA
2012-09-14
၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ
အားကစားပွဲတော် (SEA Games) ကို အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံက လက်ခံ ကျင်းပမှာ
ဖြစ်ပြီး နေပြည်တော်မှာ တည်ဆောက်နေတဲ့ အားကစားရုံကြီး (၃) ခုဟာ အခုအခါ (၈၅) ရာခိုင်နှုန်း
ပြီးစီးနေပြီလို့ မလေးရှား Banama သတင်းက ဖော်ပြပါတယ်။
ဆက်ဖက်ရန်---
(၆) ပျဉ်းမနားမြို့ သကြားစက်ရုံ အခြေခံအလုပ်သမား အစည်းအရုံးဖွဲ့စည်း :
Source : RFA
2012-09-14
နေပြည်တော် ပျဉ်းမနားမြို့အမှတ်
(၂) နဲ့ အမှတ် (၃) သကြားစက်ရုံတွေမှာ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးမယ့် ပထမဆုံး အခြေခံအလုပ်သမား
အစည်းအရုံးတွေကို စက်တင်ဘာလ ၁၄ ရက် မနေ့က အခမ်းအနားကျင်းပပြီး တရားဝင် ဖွဲ့စည်း ထူထောင်လိုက်ပါတယ်။
ဆက်ဖက်ရန်---
(၇) ကျူးကျော်အဖြစ် သတ်မှတ်ခံရသူများ ပြောင်းရွှေ့ရန် မန္တလေး မြို့တော်ဝန်ပြောကြား
: Source : RFA
2012-09-14
မန္တလေး မြို့ပြဧရိယာထဲက
ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရမြို့နယ်တွေအတွင်းက လ/န ၃၉ စာရင်းပေါက် အိမ်နဲ့
ခြံ ၃၃၄၄ ခုမှာ လက်ရှိ နေထိုင်နေကြသူတွေကို ဒီလအတွင်း အပြီးပြောင်းရွှေ့ကြဖို့ မန္တလေး
မြို့တော်ဝန်က ပြောကြားလိုက်ပါတယ်။
ဆက်ဖက်ရန်---
(၈) ၁၀၀% လာရောက်
ရင်းနှီးမြှုပ်နှံလိုသူများနှင့် ပြည်တွင်း လုပ်ငန်းရှင်များ စိုးရိမ်ချက် :
Source : Mizzima
နေလင်းအောင်၊ ကြည်ပြာ | စနေနေ့၊
စက်တင်ဘာလ ၁၅ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၂၆ မိနစ်
ရန်ကုန်
(မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေသည့်
နိုင်ငံခြားရင်း နှီးမြှုပ်နှံသူများသည် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံခွင့်
ရရှိရန် မျှော်လင့်နေကြောင်း ပြည်ပလုပ်ငန်းရှင်များက ပြောသည်။
ဆက်ဖက်ရန်---
(၉) ရေမြုပ်လယ်များအတွက် မျိုးစပါးပေး၊
ထိရောက်မှုအပေါ် လယ်သမားများဝေဖန် : Source : Mizzima
စည်သူ၊ မင်းမင်း | စနေနေ့၊ စက်တင်ဘာလ
၁၅ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၁၄ မိနစ်
ရန်ကုန် (မဇ္ဈိမ)။ ။ ဧရာဝတီတိုင်း ပုသိမ်မြို့နယ်အတွင်း သြဂုတ်လအတွင်းက ရေကြီးနစ်မြုပ်ပျက်စီးသွားသည့် စပါးစိုက်ဧက နှစ်သောင်းကျော် ပြန်လည် စိုက်ပျိုးနိုင်ရန် တဧကကို မျိုးစပါး တတင်းနှုန်းဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဌာနက ယခုလ ၁၃ ရက်နေ့တွင် စတင်ထောက်ပံ့ပေးနေပြီဟု သိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်လင်းမောင်က
ဆက်ဖက်ရန်---
(၁၀)
ကြံ့ခိုင်ရေး လွှတ်တော်ကိုယ်စားလှယ်
ဖယ်ရှားရေး လက်မှတ်ထိုး တောင်းဆိုရန် စီစဉ် : Source : Irrawaddy
15-Sep-12
ပဲခူးတိုင်း တိုက်ကြီးနယ် မဲဆန္ဒနယ်အမှတ်၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေး (ကြံ့ခိုင်ရေး) ပါတီ တိုင်းဒေသကြီး
လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်အား ကိုယ်စားလှယ် နေရာမှ ဖယ်ရှားပေးရေး
လက်မှတ်ထိုး တောင်းဆိုမှုပြုလုပ်ရန်စီစဉ်နေကြသည်။
ဆက်ဖက်ရန်---
(၁၁) နှစ်ဖက်စလုံးကို
ထောက်ပံ့မည်ဟု OIC ပြော : Source : Irrawaddy
15-Sep-12
ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ
ပြန်လည် သင့်မြတ်ရေးနှင့် ယုံကြည်မှု တည်ဆောက်ရေးများအတွက် နှစ်ဖက်စလုံးကို
ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) မှ
ကိုယ်စားလှယ် Mr. Ufuk Gokcen က ပြောသည်။
(၁၂) နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးတောင်းဆို
: Source : Irrawaddy
15-Sep-12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေးတောင်းဆိုသည့်
လက်မှတ်ထိုးလှုပ်ရှားမှုတွင် ပါဝင်လက်မှတ်ရေးထိုးကာ ထောင်အတွင်း ကျန်ရှိနေသည့် နိုင်ငံရေး
အကျဉ်းသားအားလုံး လွှတ်ပေးရန် တောင်းဆိုလိုက်သည်။
ဆက်ဖက်ရန်---
(၁၃) ဒေါ်အောင်ဆန်းစုကြည်ကို အမြဲ အားကိုးနေရန် မဖြစ်ဟု NLD ပြော : Source : Irrawaddy
15-Sep-12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
NLD ပါတီ အနေဖြင့် လူပုဂ္ဂိုလ် တဦးတည်းကို မှီခိုအားထားသော ပါတီ မဖြစ်စေရေးအတွက် ပြုပြင်မှုများ
လုပ်ဆောင်နေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က
၎င်းနေရာအား ဝင်ရောက်လုပ်ကိုင်နိုင်မည့်သူအား စဉ်းစားနေကြောင်း ပါတီ နာယက ဦးတင်ဦး က ပြောသည်။
ဆက်ဖက်ရန်---
(၁၄) နိုင်ငံရေးဆွေးနွေးမှု မအောင်မြင်သရွေ့ အပစ်ရပ်ခြင်းမလုပ်ဟု KNO ပြော
: Source : Kachin
15-Sep-12
ပြည်ပအခြေစိုက် အကြီးဆုံး
ကချင်အမျိုးသား အစည်းအရုံး (KNO) သည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် သဘောတူထားသည်နှင့်အညီ မြန်မာအစိုးရနှင့် နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု
မအောင်မြင်သရွေ့ အပစ်ခတ်ရပ် ဆဲ ငြိမ်းချမ်းရေးပြုလုပ်မည် မဟုတ်ကြောင်း ပြောလိုက်သည်။
ဆက်ဖက်ရန်---
(၁၅) စွမ်းအင် မလုံလောက်၍ စက်မှုလုပ်ငန်းများ မဖွံ့ဖြိုး : Source : Irrawaddy
15-Sep-12
အစိုးရသစ် တက်လာပြီးနောက်
မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုများ တွေ့မြင်လာရသော်လည်း
စက်မှုကုန်ထုတ်လုပ်ငန်းများမှာ ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်နေကြောင်း စက်မှုကုန်ထုတ်လုပ်ငန်းရှင်များနှင့်
သက်ဆိုင်ရာ ၀န်ကြီးဌာနများက ပြောဆိုလိုက်သည်။
No comments:
Post a Comment