(၁) ရွှေညဝါ ဆရာတော် အမေရိကန်မှာခေတ္တသီတင်းသုံး : Source : BBC
14-Aug-12
ဇူလိုင်လ ၂၅ ရက်နေ့က
အမေရိကန် ပြည်ထောင်စု ကို ကြွရောက်လာတဲ့ ရွှေညဝါ ဆရာတော် ဉီးပညာသီဟ ဆန်ဖရန်စစ်ကို
ဘေးဧရိယာ မှာ ခေတ္တ သီတင်းသုံးနေခိုက် မှာ ဆရာတော်ဘုရားက အမေရိကန် ရောက်
မြန်မာနိုင်ငံသားတွေရဲ့ ဘာသာ သာသနာ လေးစား လိုက်နာကြပုံတွေ ကို ဘီဘီစီ ကို
မိန့်ကြား ရှင်းလင်းပြပါတယ်။
(၂) အပြီးသတ်
ငြိမ်းချမ်းရေး မရသေးလို့ နောက်ဆုတ်နိုင်သေး : Source : BBC
13-Aug-12
ဒုတိယသမ္မတ ဒေါက်တာ
စိုင်းမောက်ခမ်းက ဥက္ကဌ အဖြစ်ဆောင်ရွက်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ ပထမအကြိမ် အစည်းအဝေးမှာ နိုင်ငံတော်၏ ကံကြမ္မာသည်
ငြိမ်းချမ်းရေး ရရှိမှု မရရှိမှု ပေါ်မှာ လုံးဝမူတည်နေတယ်လို့ အလေးထား
ပြောကြားသွားပါတယ်။
(၃) ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပ :
Source : RFA
2012-08-13
မြန်မာနိုင်ငံမှာ
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား စစ်မှန်တဲ့
ငြိမ်းချမ်းရေး အမြန်ဆုံး တည်ဆောက်နိုင်ဖို့ အဖြေရှာတဲ့ ဆွေနွေးပွဲ တစ်ရပ်ကို
ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
(၄) ဆန္ဒပြ လမ်းဘေးဈေးသည် ၁၁ ဦး
စတင်စစ်ဆေး : Source : RFA
2012-08-13
ရန်ကုန်မြို့
အင်းစိန်ပန်းခြံအနီးမှာ ဆက်လက် ဈေးရောင်းချခွင့်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတဲ့
လမ်းဘေး ဈေးသည် (၁၁) ဦးကို တရားမ၀င် စုရုံးမှု ပုဒ်မ ၁၈ (က) နဲ့ တရားစွဲဆိုပြီး
အင်းစိန်မြို့နယ် တရားရုံးမှာ ဒီကနေ့ စတင်စစ်ဆေးတယ်လို့ သိရပါတယ်။
(၅) အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး
စိုးရိမ်ကြောင်း ဗြိတိသျှနိုင်ငံခြားရေး ၀န်ကြီး ရေးသားဖော်ပြ : Source : RFA
2012-08-13
ဗြိတိသျှနိုင်ငံခြားရေး
ဝန်ကြီး Willam Hague က မြန်မာနိုင်ငံ အတွင်းက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းရဲ့
အသီးအပွင့်တွေကို မြင်နေရပေမယ့် နိုင်ငံအတွင်းမှာ လတ်တလော ဖြစ်ပွားခဲ့တဲ့
အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း သူ့ရဲ့ အင်တာနက် စာမျက်နှာမှာ
ဒီကနေ့ ရေးသားဖော်ပြထားပါတယ်။
(၆) ရိုဟင်ဂျာဒုက္ခသည်တွေကို UAE နိုင်ငံက
ကူညီမည် : Source : RFA
2012-08-13
အာရပ်စော်ဘွားနိုင်ငံများ
ပြည်ထောင်စု ခေါ် UAE နိုင်ငံရဲ့သမ္မတ Sheikh Al Nahyan က မြန်မာနိုင်ငံတွင်းက
ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့ရေး ပစ္စည်းတွေ ပေးပို့မယ်လို့ ဒီကနေ့
ပြောကြားလိုက်ပါတယ်။
(၇) ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးရွှေမန်း
တွေ့ဆုံဆွေးနွေး : Source : RFA
2012-08-13
အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့
ဒီကနေ့ နေ့လည်ပိုင်း လွှတ်တော် အစည်းအဝေး ခေတ္တ ရပ်နားချိန်မှာ သီးသန့် တွေ့ဆုံ
ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
(၈) တွံတေးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်
ဥက္ကဋ္ဌကို NLD တရားစွဲ : Source : RFA
2012-08-13
ရန်ကုန်တိုင်း
တွံတေးမြို့နယ်အတွင်းက ကျေးရွာတွေမှာ NLD ပါတီ ဆိုင်းဘုတ်တွေ ချိတ်ဆွဲရေးကို
ရွေးကောက်ပွဲ ကော်မရှင်က တားဆီး ပိတ်ပင်နေတာဟာ လုပ်ပိုင်ခွင့်မရှိဘဲ NLD
ပါတီရဲ့လုပ်ငန်းတွေကို ဟန့်တား နှောင့်ယှက်တာဆိုပြီး မြို့ခံ NLD ခေါင်းဆောင်တွေက
မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ကို ဒီကနေ့ တရားစွဲဆို လိုက်ပါတယ်။
(၉)
နေရာအစားပြန်ပေးဖို့ တောင်းဆိုဆန္ဒပြ : Source : RFA
2012-08-13
ရန်ကုန်တိုင်း
ရွှေပြည်သာမြို့နယ်အတွင်း အစိုးရမြေပေါ် ကျူးကျော်နေထိုင်သူတွေကို လျော်ကြေး
တစ်သိန်းပေးပြီး အပြီးအပိုင် ဖယ်ရှားခိုင်းတဲ့အတွက် အဲဒီမှာနေထိုင်နေသူ (၁၅၀)
လောက်က နေရာအစားပြန်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ဒီကနေ့ မနက်ပိုင်းက
တူညီဝတ်စုံဝတ်ပြီး စက်မှုဇုန် စီမံခန့်ခွဲရေးရုံးရှေ့မှာ စီတန်း လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
(၁၀) ဘင်္ဂါလီရိုဟင်ဂျာအတွက် ဒေါ်လာ သန်း ၅ဝ
ကူညီဖို့ ဆော်ဒီဘုရင် အမိန့်ထုတ်ပြန် : Source : RFA
2012-08-13
မြန်မာနိုင်ငံက
ဘင်္ဂါလီ ရိုဟင်ဂျာတွေအတွက် ဆော်ဒီအာရေးဗီးယား ဘုရင် Abdullah က အမေရိကန်ဒေါ်လာ သန်း
၅၀ အကူအညီပေးဖို့ မနေ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။
(၁၁) ဘေဒူဖ ဒုက္ခသည်စခန်းမှာ
ကျန်းမာရေးဆိုးရွား : Source : RFA
2012-08-13
ရခိုင်ပြည်နယ်
စစ်တွေမြို့နဲ့ ၅ မိုင်ကျော် ကွာဝေးတဲ့ ဘေဒူဖ ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ
အစာအဟာရ ပြတ်လတ်မှုနဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွာနေတာကြောင့် ကလေးသူငယ်နဲ့
လူကြီးတွေအပါအ၀င် သေဆုံးသူတွေ ရှိနေတယ်လို့ စုံစမ်း သိရှိရပါတယ်။
(၁၂) အမြုတေ စာနယ်ဇင်းကောင်စီကို
ဆိုင်းငံ့ထားမယ်လို့ ဝန်ကြီးဦးကျော်ဆန်း ပြောဆို : Source : RFA
2012-08-13
သြဂုတ် ၉
ရက် နေ့စွဲနဲ့ အစိုးရက ဖွဲ့စည်းကြောင်း ကြေညာခဲ့တဲ့ အမြုတေ စာနယ်ဇင်းကောင်စီရဲ့
လုပ်ငန်းတွေကို မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း MJA ကိုယ်စားလှယ်များ
မပါဝင်တော့သဖြင့် ဆိုင်းငံ့ထားမယ်လို့ ပြန်ကြားရေး ၀န်ကြီးက ပြောကြားကြောင်း
သိရပါတယ်။
(၁၃) ထိုင်းလုပ်ငန်းရှင်များ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေစောင့်ဆိုင်း : Source : DVB
Published on
August 14, 2012 by ဒီဗှီဘီ
· No Comments
ြမန်မာနိုင်ငံဟာ
၂၀၁၅ ခုနှစ် အာဆီယံ စီးပွားေရး အ၀န်းအ၀ိုင်း ေပါ်ေပါက်လာတဲ့အခါ ထိုင်း ကုမ္ပဏီေတွအတွက် အဓိက ကုန်ထုတ်စခန်း တခုြဖစ်ဖို့ အလားအလာ တိုးြမှင့်ေနတယ်လို ့ထိုင်းနိုင်ငံ ဘန်ေကာက်ပို့စ် စီးပွားေရးကဏ္ဍမှာ ေရးသားထားပါတယ်။
(၁၄) ထိုင်းကုမ္ပဏီက မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အားပေးစက်ရုံ ဆောက်မည် : Source : DVB
Published on
August 14, 2012 by နန်းြမနဒီ
· No Comments
ထိုင်းနိုင်ငံက
တိုယို-ထိုင်းေကာ်ပိုေရးရှင်း လီမိတက် (တီတီစီအယ်လ်) ဟာ ရန်ကုန်ြမို့မှာ လှျပ်စစ် ဓာတ်အားေပးစက်ရံုတရံု လာြပီးတည်ေဆာက်ဖို့ ရှိပါတယ်။
ြမန်မာနိုင်ငံ
အမှတ် ၂ လှျပ်စစ်စွမ်းအား၀န်ြကီးဌာနနဲ့ တိုယိုထိုင်းကုမ္ပဏီတို့ ပဏာမ သေဘာတူညီချက်စာချုပ်ကို
ဩဂုတ် ၁၀ ရက်ေန့က
(၁၅) အင်းသူကြီး၏ လေလံဥပဒေမညီမျှမှုကို အရေးယူရန် လယ်သမားများ တောင်းဆို : Source : DVB
Published on
August 14, 2012 by ေနာ်နုိရင်း
· No Comments
ဧရာ၀တီတုိင်း
ဟသင်္ာတြမို့နယ်က အင်းေတွမှာ အင်းသူြကီးေတွဟာ အင်းစည်းကမ်းကုိ ေဖာက်ဖျက်တဲ့အတွက် ြမို့နယ်တွင်းက လယ်သမားေတွက ဒီေန့ ြမို့နယ် ငါးလုပ်ငန်းဦးစီးဌာနကို သွားေရာက်ေတာင်းဆုိခဲ့ပါတယ်။
(၁၆) ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးအဖွဲ့ နုတ်ထွက်ပေးရန် ကိုယ်စားလှယ် ၃၀၀ကျော် တောင်းဆို : Source : DVB
Published on
August 14, 2012 by ေရွှေအာင်
· No Comments
နိုင်ငံေတာ်ဖွဲ့စည်းပံု
အေြခခံဥပေဒခံုရံုးဥက္ကဋ္ဌနဲ့
အဖွဲ့၀င်ေတွ နုတ်ထွက်ေပးဖို့ ြပည်သူ့ လွှတ်ေတာ်ကိုယ်စားလှယ် ၃၀၀ ေကျာ် စုေပါင်းလက်မှတ်ထိုး တင်ြပတဲ့အေပါ် ဩဂုတ်လ ၂၁ ရက်ထိ သည်းခံေစာင့်ြကဖို့ ဒီေန့လွှတ်ေတာ်ထဲမှာ လွှတ်ေတာ်ဥက္ကဋ္ဌက ေမတ္တာရပ်ခံလိုက်ပါတယ်။
(၁၇) ရန်ကုန်၊ မန္တလေး စက်မှုတက္ကသိုလ်များ ပြန်ဖွင့်တော့မည်
: Source: Irrawaddy
13-Aug-12
စစ်အစိုးရ
လက်ထက်ကတည်းက ပိတ်ထားခဲ့သည့် ရန်ကုန်စက်မှုတက္ကသိုလ် (RIT) နှင့်
မန္တလေးစက်မှုတက္ကသိုလ် (MIT) တို့ကို လာမည့်နှစ်မှ စတင်ကာ အဆင့်မြင့် နည်းပညာ
တက္ကသိုလ်များအဖြစ် ပြန်လည် ဖွင့်လှစ်တော့မည် ဖြစ်သည်။
(၁၈) အဂတိလိုက်စားမှု အရေးယူတော့မည်ဟု သမ္မတ ဦးသိန်းစိန်ပြော : Source: Irrawaddy
14-Aug-12
အဂတိလိုက်စားမှုသည်
နိုင်ငံအတွင်း၌ နေရာတိုင်းတွင် ရှိနေသေးသည့်အတွက် တာဝန်ရှိသူများက ထိထိရောက်ရောက်
ဖြေရှင်း သွားရမည်ဖြစ်ကြောင်း ယမန်နေ့က နေပြည်တော်၌ ကျင်းပသော ဒုတိယအကြိမ်
စီမံကိန်းကော်မရှင် အစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန် က ထည့်သွင်းပြောဆိုသွားသည်။
(၁၉) မလေးရှား ဓာတ်ငွေ့ ဂိုဒေါင် ပေါက်ကွဲ၍
မြန်မာ အလုပ်သမားများ သေဆုံး : Source: Irrawaddy
14-Aug-12
မလေးရှားနိုင်ငံ
ကူးလင်းမြို့ ဘာသဝက် ရပ်ကွက်တွင် တရားမဝင် ဓာတ်ငွေ့ဖြည့်လုပ်ငန်း ဂိုဒေါင်တခု
ပေါက်ကွဲမှု၌ မြန်မာ အလုပ်သမား ၃ ဦးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
(၂၀) အစိုးရ၏ ငြိမ်းချမ်းရေးလမ်းစဉ် တိုင်းရင်းသားများ
သဘောမတူ : Source: Irrawaddy
14-Aug-12
ပြည်တွင်းငြိမ်းချမ်းရေး
ကိစ္စ မရ ရအောင်ယူမည်ဟု ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ ပြောဆိုချက်ကို
မူဝါဒများအရ အကောင်အထည် ဖော်မည်ဆိုပါက ပြည်ထောင်စုအဆင့် ငြိမ်ချမ်းရေးဆွေးနွေးမှု
ဖြစ်မလာနိုင်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များက ပြောသည်။
(၂၁) မြန်မာ့ပို့ကုန် အမေရိကန် လက်မခံသေး : Source: Irrawaddy
14-Aug-12
အမေရိကန် သမ္မတ ဘားရက်
အိုဘားမားက မြန်မာပြည်၏ ပို့ကုန်တင်သွင်းမှု တားမြစ်ထားသည့် မြန်မာ့လွတ်လပ်ရေးနှင့်
ဒီမိုကရေစီ အက်ဥပဒေ (BFDA) သက်တမ်းကို တနှစ် ထပ်မံတိုးမြှင့်လိုက်ပြီ ဖြစ်သည်။
(၂၂) သာပေါင်းမြို့နယ်ရှိ ကျေးရွာ ၂၀၀ ကျော် ရေဘေးဒုက္ခရောက်နေ :
Source: Irrawaddy
14-Aug-12
မိုးသည်ထန်စွာ ရွာသွန်းပြီး
မြစ်ရေ မြင့်တက်လာသည့်အတွက် ဧရာဝတီတိုင်း ပုသိမ်ခရိုင် သာပေါင်းမြို့ အပါအ၀င် မြို့နယ်အတွင်းရှိ
ကျေးရွာ ၂၀၀ ထက် မနည်း ရေနစ်မြုပ်နေကြောင်း သိရသည်။
(၂၃) လောင်းလုံ ရေနံစက်ရုံအတွက်
ဥယျာဉ်ခြံမြေများ အသိမ်းခံရဖွယ်ရှိ : Source: Mizzima
ကွန်းချမ်း | အင်္ဂါနေ့၊ သြဂုတ်လ ၁၄ ရက်
၂၀၁၂ ခုနှစ် ၂၀ နာရီ ၁၃ မိနစ်
စံခလပူရီ (မဇ္ဈိမ) ။
။ တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊
ညင်းမော်ရွာအနီးတွင် ရေနံချက် စက်ရုံနှင့် ရေနံ သန့်စင်စက်ရုံ တည်ဆောက်ရန်အတွက်
အနီးရှိ ကျေးရွာများမှ ခြံမြေများကို သိမ်းယူရန် စီစဉ်နေကြောင်း ဒေသခံများက
ပြောသည်။
ဆက်ဖက်ရန်---
ပြောသည်။
ဆက်ဖက်ရန်---
(၂၄) ကချင်ပြည် အခြေအနေ လူ့အခွင့်အရေး
ကော်မရှင် သေချာ စုံစမ်းသင့်ဟု KWAT ပြော : Source : KIC
သြဂုတ်လ ၁၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ်
(ကေအိုင်စီ)
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့်
တိုက်ပွဲများကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် အခြေအနေများကို
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင် အနေနှင့် သေချာစုံစမ်းသင့်ကြောင်း
ကချင်အမျိုးသမီးအစည်းအရုံး(ထိုင်းနိုင်ငံ)-KWAT တာဝန်ခံ မွန်းနေလီက ပြောသည်။
(၂၅) ကျောင်းကုန်း ရေဘေး အကူအညီများစွာ
လိုအပ်နေ : Source : Mizzima
သန်းထိုက်ဦး၊ သိင်္ဂီထွန်း | အင်္ဂါနေ့၊
သြဂုတ်လ ၁၄ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၄၈ မိနစ်
ရန်ကုန်(မဇ္ဈိမ)
။ ။ ဧရာဝတီတိုင်း၊
ကျောင်းကုန်းမြို့နယ်အတွင်း ရပ်ကွက် သုံးခုနှင့် ရွာပေါင်း ၁၈ ရွာတွင် ရေကြီး
နစ်မြုပ်လျက်ရှိရာ ထိုဒေသတွင်းရှိ ရေဘေးသင့် ပြည်သူ များအတွက် ဆန်အပါအဝင် ဆေးဝါးများ
အကူအညီ လိုအပ်လျက်ရှိသည်ဟု ရေဘေး ကယ်ဆယ်ရေး တာဝန်ယူထားသည့် တပ်မတော် အရာရှိကြီး
တဦးက ပြောသည်။
ဆက်ဖက်ရန်---
ဆက်ဖက်ရန်---
(၂၆) မဲဆောက်မြို့ရှိ မြန်မာအလုပ်သမား
၈ဦး အလုပ်ဖြုတ်ခံရ၍ အမှုဖွင့် : Source : KIC
14-Aug-12
ထိုင်းနိုင်ငံ မဲဆောက်မြို့
မယ့်တော်တိုက်ရပ်ကွက်ရှိ ဒီဒီသိုးမွှေးထည်စက်ရုံ၏ အလုပ်ရှင်သည် ၎င်းစက်ရုံမှ
မြန်မာအလုပ်သမား ၈ဦးကို အကြောင်းမဲ့ အလုပ်ဖြုတ်ခဲ့၍ အလုပ်ဖြုတ်ခံရသူ
အလုပ်သမားများက အလုပ်သမားများလူမှုဖူလုံရေးနှင့် အလုပ်သမားကာကွယ်ရေးရုံး
(ဆ၀ပ်ဒီကန်)သို့ ယနေ့မနက်တွင် အမှုဖွင့်ထားသည်။
(၂၇) တရားသူကြီးများကို
အရေးယူရန် အခွင့်အလမ်းနည်းဟု အစီရင်ခံစာဆို : Source : Mizzima
ကျော်ဖုန်းကျော် | တနင်္လာနေ့၊ သြဂုတ်လ
၁၃ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၂၈ မိနစ်
ရန်ကုန် (မဇ္ဈိမ)။ ။ တရားသူကြီးများကို အကာအကွယ်ပေးမှု လွန်စွာ
များပြားနေသဖြင့် ၎င်းတို့ကို အရေးယူရန် အခွင့်အလမ်း မရှိသလောက် နည်းနေကြောင်း
ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီက လွှတ်တော်တွင်
တင်ပြအစီရင်ခံခဲ့သည်။
(၂၈) ရာသီဥတုကြောင့် ဧရာဝတီတိုင်း လယ်သမားများ
အကြွေးတင်ကာ ၀မ်းစာခက်ခဲနေ : Source : KIC
သြဂုတ်လ
၁၄ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ရာသီဥတုဖောက်ပြန်ခြင်း၊
မိုးအဆက်မပြတ်ရွာသွန်းခြင်း ၊ မြစ်ရေကြီးခြင်းတို့ကြောင့် မြန်မာနိုင်ငံ
အရပ်ရပ်တွင် ရေကြီးမှုများ ကြုံတွေ့နေရ သည့်အထဲ ဧရာဝတီတိုင်းဒေသကြီးရှိ
တောင်သူလယ်သမားများမှာ အကြွေးဝိုင်းကာ ၀မ်းစာရေး ခက်ခဲနေကြောင်း ၎င်းတို့၏ ပြောပြချက်
အရ သိရသည်။
(၂၉) မောင်တောမှာ ကျောင်းအချို့
စတင်ဖွင့်လှစ် : Source : Mizzima
သိန်းလှိုင်
| တနင်္လာနေ့၊ သြဂုတ်လ ၁၃ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၂၃ မိနစ်
စစ်တွေ
(မဇ္ဈိမ) ။ ။ ဇွန်လအတွင်း
ဆူပူအကြမ်းဖက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့ဖြစ်သည့်မောင်တောမြို့တွင်
ယခုပညာသင်နှစ်အတွက် စာသင်ကျောင်း လုံးဝမဖွင့်နိုင်ဘဲ ရှိနေခဲ့ရာမှ
မြို့ပေါ်အထက်တန်းကျောင်း အပါအ၀င် ကျောင်း ခုနှစ်ကျောင်းကို တနင်္လာနေ့ နံနက်ပိုင်းက
စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
(၃၀) ကျောက်စိမ်းကယ်ရီသယ်လာသည့် ယာဉ်ထိန်းရဲအရာရှိ အဖမ်းခံရ : Source : Panglong
Tuesday,
14 August 2012 17:25 သျှမ်းသံတော်ဆင့်
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့၌ လက်ရှိတာဝန်ထမ်းဆောင်ဆဲ ယာဉ်ထိန်းရဲအရာရှိ ဒုရဲအုပ် ကျော်စိုးအောင်နှင့် ၄င်း၏
တပည့်နှစ်ဦးတို့သည် ကျောက်စိမ်းများ တရားမဝင်(ကယ်ရီ)သယ်ယူလာစဉ် ယခုလ
၁၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရကြောင်း စုံစမ်း သိရသည်။
(၃၁) စဂါပါကျေးရွာဒေသခံများနေအိမ်မှ
ကျပ်သိန်း ၈၀ ခန့် အစိုးရတပ်များ လုယူသွား : Source : Kachin
14-Aug-12
မြန်မာအစိုးရစစ်တပ်ဖွဲ့များသည် ကချင်ပြည်နယ်
ဝိုင်းမော်မြို့ ဆဒုံးသွားလမ်း စဂါပါ (Saga
Pa) ကျေးရွာတွင် ဒေသခံများနေအိမ်မှငွေများကို
အသိမပေးပဲ စစ်သားများက နေအိမ်အသီးသီးတွင် အဓမ္မရှာဖွေ မွှေနှောက်ကာ ကျပ်သိန်း ၈၀ ခန့်ကို
လုယူသွားခဲ့ကြောင်း ဒေသခံများပြောသည်။
No comments:
Post a Comment