(၁) ကုလသမဂ္ဂ ကြေညာချက်ထုတ်ပြန် : Source : RFA
2012-08-15
မြန်မာအစိုးရက တူရကီ နိုင်ငံခြားရေးဝန်ကြီးကို
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်တွေ လတ်တလောနေထိုင်တဲ့ ဒုက္ခသည်စခန်းတွေကို
သွားရောက်ပြီး လူသားချင်းစာနာ ကူညီမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ လှူဒါန်းခွင့်ပြုခဲ့တာဟာ
ပြည်သူလူထု ခံစားနေရတဲ့ ဒုက္ခအခက်အခဲတွေကို သက်သာစေတဲ့အတွက် မြန်မာအစိုးရရဲ့အရေးပါတဲ့
ဆက်ဖက်ရန်---
(၂) အိန္ဒိယသံတမန် စစ်တွေမြို့ကို လေ့လာရေးခရီး သွားဖို့ ရှိ : Source
: RFA
2012-08-15
မြန်မာနိုင်ငံဆိုင်ရာ
အိန္ဒိယ သံတမန် Mr. Seshadri ဟာ မကြာသေးခင် လပိုင်းက ဒေသခံ ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာ
မူဆလင်တွေအကြား အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို လေ့လာရေး
ခရီး သွားရောက်ဖို့ ရှိတယ်လို့ အိန္ဒိယနိုင်ငံထုတ် The Indian Express သတင်းစာက ဖော်ပြထားပါတယ်၊
ဆက်ဖက်ရန်---
(၃) မြန်မာအစိုးရ သဘောထား မလေးရှား ၀န်ကြီးချုပ်ဟောင်း အကောင်းမြင် :
Source : RFA
2012-08-15
ရိုဟင်ဂျာ မူဆလင်တွေကို
နိုင်ငံတကာ လူ့အခွင့်အရေး စံချိန် စံညွှန်းတွေနဲ့အညီ လက်ခံရေးနဲ့ ပတ်သက်ပြီး မြန်မာ
အစိုးရ ခေါင်းဆောင်တွေဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ သဘောထားအမြင်တွေကို
နားထောင်လိုစိတ် ရှိပါတယ်လို့ မလေးရှား ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က အကောင်းမြင်စကား
ပြောကြားလိုက်ပါတယ်။
ဆက်ဖက်ရန်---
(၄) သဘာဝဘေးအန္တရာယ်ကြောင့် ဘဏ္ဍာရေး ထိခိုက်နိုင် : Source : RFA
2012-08-15
တောင်အာရှဒေသမှာ အပူပိုင်း
မုန်တိုင်းတွေ ရေလွှမ်းမိုးတာတွေကြောင့် မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း စီးပွားရေး
ဖွံ့ဖြိုးလာနေတဲ့ နိုင်ငံ ၁၀ နိုင်ငံဟာ ဘဏ္ဍာရေး ထိခိုက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ကြောင်း
Maplecroft ခေါ် ဘေးအန္တရာယ် လေ့လာရေးအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြပါတယ်။
ဆက်ဖက်ရန်---
(၅) NLD (နေပြည်တော်) ရုံးခန်းဖွင့်ပွဲကျင်းပ : Source : RFA
2012-08-15
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေပိုင်းက နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်က အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် နေပြည်တော် ရုံးခန်းဖွင့်ပွဲကို တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
ဆက်ဖက်ရန်---
(၆) မြန်မာစစ်တပ် တိုက်ခိုက်မှု
ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဟန့်အတားဖြစ်ဟု RCSS/SSA ဆို : Source : KIC
သြဂုတ်လ ၁၅ ရက်၊
၂၀၁၂ ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ
(RCSS/SSA) အုပ်ချုပ်မှုနယ်မြေခံအတွင်း အစိုးရစစ်တပ် ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့်
ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်စေသည်ဟု RCSS/SSA က ယနေ့
ပြောဆိုလိုက်သည်။
ဆက်ဖက်ရန်---
(၇) ထင်ယောင်ထင်မှား
ဓာတ်ပုံဖြန့်ဝေမှု စိုးရိမ်မကင်းကြောင်း တိဗက်ဗဟိုအုပ်ချုပ်မှုအဖွဲ့ ကြေညာ : Source
: RFA
2012-08-15
မကြာခင်က
ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်တဲ့ သတင်းတွေမှာ တချို့မီဒီယာတွေဟာ
ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ဓာတ်ပုံတွေ ဖြန့်ဝေဖော်ပြတဲ့အတွက် စိတ်အနှောင့်အယှက်
အထူးတလည် ဖြစ်ရပြီး စိုးရိမ်မကင်းလည်း ဖြစ်ရတယ်လို့ အိန္ဒိယနိုင်ငံ Dharamshala
အခြေစိုက် CTA - တိဗက် ဗဟိုအုပ်ချုပ်မှုအဖွဲ့က မနေ့က ကြေညာလိုက်ပါတယ်။
(၈) တာလမ်းကြောင့် လယ်မြေများ
ရက်လကြာ ရေနစ်မြုပ် : Source : KIC
သြဂုတ်လ ၁၅ရက်၊
၂၀၁၂ခုနှစ်။ နန်းယဉ် (ကေအိုင်စီ)
မွန်ပြည်နယ်၊
ကျိုက်မရောမြို့နယ် နိတုံ-အတ္တရံ တာလမ်းဖောက်လုပ်ခြင်းကြောင့် ထိုဒေသတဝိုက်ရှိ
လယ်ယာမြေ ဧကထောင်ချီ၍ ရက်လကြာ ရေမြုပ်နေကြောင်း သိရသည်။
ဆက်ဖက်ရန်---
(၉) တပ်မတော်တန်းမြင့်ကျောင်းအုပ်
ထုတ်ပေးမည့် တောင်ယာလုပ်ခွင့် ကဒ်ကိုဖရူဆိုတောင်သူများ ငြင်းဆို : Source : KIC
သြဂုတ်လ ၁၅ရက်၊
၂၀၁၂ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
ကယားပြည်နယ်
ဖရူဆိုမြို့နယ်ရှိ မြို့မကျေးရွာအုပ်စုနှင့် မာခရော်ရှေ့ကျေးရွာအုပ်စုအတွင်း
တောင်ယာမြေများကို သိမ်းဆည်းပြီး တပ်မတော်တန်းမြင့် ကျောင်း တည်ဆောက်လျက်ရှိရာ
ကျောင်းအုပ်ကြီးမှ တောင်သူများ အား တောင်ယာလုပ်ခွင့် ကတ်ပြားထုတ် ပေးမည်ကို
တောင်သူများက ငြင်းဆိုခဲ့သည်။
ဆက်ဖက်ရန်---
(၁၀) အခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက် နိုင်ငံပိုင်သင်းစာများတွင်ဖော်ပြ : Source : DVB
Published on
August 16, 2012 by မင်းလွင်
· No Comments
အြငင်းပွားေနတဲ့
နိုင်ငံေတာ်ဖွဲ့စည်းပံုအေြခခံဥပေဒဆိုင်ရာ
ခံုရံုးအဖွဲ့ကို အေရးယူဖို့ ြပည်သူ့လွှတ်ေတာ်ကိုယ်စားလှယ်
၃၀၀ ေကျာ်က ေတာင်းဆိုေနချိန်မှာ နိုင်ငံပိုင် ြမန်မာ့အလင်းနဲ့ ေြကးမံု သတင်းစာေတွကေန အေြခခံဥပေဒခံုရံုးရဲ့ ဆံုးြဖတ်ချက်ကို ဒီနေ့ ဖျေွာပလိုကျပါတယျ။
ဆက်ဖက်ရန်---
(၁၁) တိုက်ပွဲများ ပြန်ဖြစ်နေသည့်ကိစ္စ သမ္မတ ဦးသိန်းစိန် ဖြေရှင်မပေးနိုင်သေး : Source : DVB
Published on
August 16, 2012 by မင်းလွင်
· No Comments
အပစ်အခတ်ရပ်စဲထားတဲ့
ရှမ်းြပည်တပ်မေတာ်နဲ့
အစိုးရတပ်ေတွ တိုက်ပွဲေတွ ြပန်ြဖစ်ေနတဲ့အေပါ် ေြဖရှင်းေပးဖို့ သမ္မတ ဦးသိန်းစိန်ဆီ စာေရးေတာင်းဆိုထားေပမယ့် တစံုတရာ အေြကာင်းမြပန်ေသးဘူးလို့ ရှမ်းြပည်တပ်မေတာ် ေတာင်ပိုင်းအဖွဲ့က ေြပာြကားလိုက်ပါတယ်။
ဆက်ဖက်ရန်---
(၁၂) စစ်တွေ ဟိန္ဒူ တွေ မြို့ထဲ ပြန်ခွင့်ရ : Source : BBC
16-Aug-12
ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်း ဒုက္ခသည် စခန်းက
ဟိန္ဒူ မိသားစု ၁၈ စု လူ ၁၀၀ နီးပါးကို မနေ့က မြို့ထဲ ပြန်ရွှေ့
ပေးခဲ့တယ်လို့ သိရပါတယ်။
ဆက်ဖက်ရန်---
(၁၃) မြန်မာပြည် အလယ်ပိုင်း မိုးခေါင်နေ : Source : BBC
16-Aug-12
အောက်မြန်မာပြည် မှာ မိုးများ ရေကြီး နေပေမယ့် မန္တလေးတိုင်း အောက်ပိုင်း နဲ့ မကွေးတိုင်း မှာ နှစ် ၅၀ အတွင်း မကြုံစဖူး မိုးခေါင်လို့ တောင်သူတွေ ဒုက္ခရောက် နေကြပါတယ်။
ဆက်ဖက်ရန်---
(၁၄) ရေကြီးမှုကြောင့်ကျောင်းများ ပိတ်ထားရ : Source : DVB
Published on
August 16, 2012 by ေနာ်နုိရင်း
· No Comments
ဧရာ၀တီတိုင်း
ပုသိမ်ြမို့မှာ
မိုးသည်းထန်စွာ
ရွာသွန်းေနမှုေြကာင့် င၀န်ြမစ်
ေရလှျံတဲ့အတွက်
ြမို့လယ်ေခါင်ကလွဲြပီး
ရပ်ကွက်
အေတာ်များများ ရွေကီးနေတယျလို့
ရေဘေးကယျဆယျရေး
ဆောငျရှကျနေတဲ့အဖှဲ့တှေက
ေြပာပါတယ်။
ဆက်ဖက်ရန်---
(၁၅) အစိုးရနှင့် ထပ်မံဆွေးနွေးရန် ကေအန်ပီပီ လိုလား : Source : DVB
Published on
August 16, 2012 by ဒီဗွီဘီ · No Comments
အစိုးရနဲ့ အပစ်အခတ်
ရပ်စဲရေး လက်မှတ်ထိုးနိုင်ခဲ့ပြီ ဖြစ်ပေမယ့် တောင်းဆိုချက်တွေအတွက် အကျေအလည်ဆွေးနွေးဖို့ လိုတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ
(ကေအန်ပီပီ) က ပြောပါတယ်။
ဆက်ဖက်ရန်---
(၁၆) ရခိုင်ပဋိပက္ခမှာ ရခိုင်ပါတီတွေရဲ့ ကဏ္ဍ : Source : BBC
15-Aug-12
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ နောင်မဖြစ်အောင် ရေရှည်
တားဆီးနိုင်ရေးနဲ့ ပတ်သက်လို့ ဗွီအိုအေနဲ့ လုပ်ခဲ့တဲ့ မေးမြန်းခန်း မှာ
မြန်မာ သမ္မတ
ဦးသိန်းစိန်က ဒီလို
တားဆီးရေး မှာ
လူထုရဲ့ အမြင်
ပြောင်းအောင် လုပ်ရာမှာ ရခိုင်ပါတီတွေရဲ့ အခန်းကဏ္ဍ အရေးပါကြောင်း ထည့်သွင်း ပြောသွားခဲ့ ပါတယ်။
ဆက်ဖက်ရန်---
(၁၇) မြန်မာ-တရုတ်ရဲတပ်ဖွဲ့များ မူးယစ်ဂိုဏ်းတခုကို ဖြိုခွင်း : Source : DVB
Published on
August 16, 2012 by ဒီဗှီဘီ
· No Comments
ြမန်မာနဲ့
တရုတ်ရဲတပ်ဖွဲ့ေတွ ပူးေပါင်းြပီး မူးယစ်ေဆး၀ါးဂိုဏ်းတခုကို ြဖုိခွင်းလိုက်တယ်လို့ တရုတ်ြပည်သူ့ လံုြခံုေရး၀န်ြကီးဌာနရဲ့ ေြပာြကားချက်ကို ကိုးကားြပီး တရုတ်ြပည်သူ ့ေန့စဥ်သတင်းမှာ ဒီနေ့ ဖျေွာပ ပါတယျ။
ဆက်ဖက်ရန်---
(၁၈) ဦးအောင်သိန်းလင်း အမတ်အဖြစ်မှ ရုပ်သိမ်းရေး လက်မှတ်ထိုး တင်ပြမည်
: Source : Irrawaddy
16-Aug-12
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) မှ ဦးအောင်သိန်းလင်းကို ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းရန် တောင်းဆိုထားသည့် မဲဆန္ဒရှင်ပြည်သူ တထောင်ကျော်၏ လက်မှတ်ရေးထိုး တောင်းဆိုလွှာများအား သြဂုတ်လ တတိယပတ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့
ဆက်ဖက်ရန်---
(၁၉) မြန်မာပြည်တွင် WEF ကျင်းပမည် : Source : Irrawaddy
16-Aug-12
မြန်မာပြည်တွင် ကမ္ဘာ့စီးပွားရေးဖိုရမ် World Economic Forum (WEF) ကို ၂၀၁၃ခုနှစ် ဇွန်လ၌ ကျင်းပရန် စီစဉ်ထားပြီး ဒေသတွင်းနှင့် နိုင်ငံတကာမှ ထိပ်တန်းခေါင်းဆောင်များ အပါအ၀င် ထိပ်တန်း စီးပွားရေးကုမ္ပဏီကြီးများမှ အမှုဆောင်အရာရှိချုပ်များနှင့် စီးပွားရေးပညာရှင်များပါဝင်ကာ လူဦးရေ တထောင်ကျော်တက်ရောက်မည် မျှော်လင့်ကြောင်း
ဆက်ဖက်ရန်---
(၂၀) စရဖ အရာရှိ တရားရုံးကို မထီမဲ့မြင်လုပ် : Source : Irrawaddy
16-Aug-12
ကချင်တိုင်းရင်းသား
ဦးလထော်ဘရန်ရှောင်အား ဖမ်းဆီးပြီး တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ တရားရုံး၌ တရားလိုပြ
သက်သေ အဖြစ် ထွက်ဆိုသူ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့(စရဖ) အရာရှိက တရားခွင်အတွင်း မထီမဲ့မြင်
ဆက်ဆံမှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။
ဆက်ဖက်ရန်---
(၂၁) ဆက်သွယ်ရေး တင်ဒါအကြံပေး လျှောက်ထားမှု
ပြည်ပကုမ္မဏီများပြား : Source : Mizzima
တင်ဇာအောင် | ကြာသပတေးနေ့၊ သြဂုတ်လ ၁၆
ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၄ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။ ။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်သွယ်ရေးနှင့် ပတ်သက်သည့် တင်ဒါများ ခေါ်ယူသည့် အခါ
တင်ဒါအကြံပေး လုပ်ငန်းများ လုပ်ကိုင်ရန် လျှောက်ထားသူများတွင် နိုင်ငံခြား
ကုမ္ပဏီများ ပိုမိုများပြားကြောင်း သိရသည်။
ဆက်ဖက်ရန်---
(၂၂) မြန်မာ့ မူးယစ်ဆေးဝါး ပြဿနာ
ပိုဆိုးလာကြောင်း အတည်ပြု : Source : Mizzima
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ သြဂုတ်လ
၁၆ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၃၄ မိနစ်
ဇူလိုင်လအတွင်း ဘိန်းဖြူ ၁၁၆ ကီလိုနှင့် အဖက်တမင်း ဆေးပြား ၁ ဒဿမ ၄ သန်းကို
ဖမ်းဆီးရမိလိုက်ပြီးနောက်
မြန်မာနိုင်ငံတွင် အဖက်တမင်း မူးယစ်ဆေးဝါးပြဿနာသည် `အလွန်အန္တရာယ်ရှိ´ သည့်
အခြေအနေသို့ ရောက်ရှိ
နေပြီဖြစ်ကြောင်း တာဝန်ရှိသူများက သတိပေး ပြောကြားလိုက်သည်။
ဆက်ဖက်ရန်---
(၂၃) မန္တလေးတိုင်း ဟိုတယ်ဇုန်သစ်တွင်
ရင်းနှီးမြှုပ်နှံလိုသူများ ဖိတ်ခေါ် : Source : Mizzima
တင်ဇာအောင် | ကြာသပတေးနေ့၊ သြဂုတ်လ ၁၆
ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၄၉ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။ ။
မန္တလေးတိုင်းဒေသကြီးအတွင်း ခန့်မှန်းဧရိယာ ဧက ၃,ဝဝဝ ကျော် အကျယ်အဝန်းရှိ
ဟိုတယ်ဇုန်သစ် တခုတွင် ဟိုတယ်လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံရန်
ဖိတ်ခေါ်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ပြောသည်။
ဆက်ဖက်ရန်---
(၂၄) မြန်မာလူငယ်ဖိုရမ် ကျင်းပနိုင်ရန်
လူငယ်များ ပြင်ဆင်နေ : Source : Mizzima
ဖနိဒါ | ကြာသပတေးနေ့၊ သြဂုတ်လ ၁၆ ရက်
၂၀၁၂ ခုနှစ် ၁၅ နာရီ ၅၃ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ၂ဝ၁၄ ခုနှစ်တွင်
မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ ဖြစ်လာမည့်အတွက် ကြိုတင်ပြင်ဆင်သော အားဖြင့် မြန်မာလူငယ်
အဖွဲ့အစည်းများကို ကိုယ်စားပြုသော မြန်မာလူငယ်ဖိုရမ် “Myanmar Youth Forum” ကို ၂ဝ၁၂
ခုနှစ်၊ နိုဝင်ဘာလ မတိုင်မီ ကျင်းပရန် စီစဉ်နေသည်ဟု ဦးဆောင်လှုပ်ရှားနေသူ
တဦးဖြစ်သည့် မသဉ္ဇာရွှန်းလဲ့ရည် က ပြောသည်။
ဆက်ဖက်ရန်---
(၂၅) ထိုင်းဝန်ကြီး ခရီးစဉ်အတွင်း
ထိုင်းအကျဉ်းသားအရေး ဆွေးနွေးမည် : Source : Mizzima
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊
သြဂုတ်လ ၁၆ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၁၂ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံသို့
ပထမဆုံးခရီးစဉ်အဖြစ် လာရောက်သည့် ထိုင်းကာကွယ်ရေးဝန်ကြီး ဆူခွန်ပိုး ဆူဝါနာတတ်
Sukumpol Suwanatat သည် ၎င်း၏ နှစ်ရက်ကြာခရီးစဉ်အတွင်း အကျဉ်းကျခံ ထိုင်းနိုင်ငံသား
၉၂ ယောက် အရေးနှင့် ပတ်သက်၍ မြန်မာသမ္မတနှင့် ဆွေးနွေးမည်ဟု ပြောဆိုသည်။
ဆက်ဖက်ရန်---
(၂၆) မူဆယ်အချုပ်ခန်း၌ ရိုက်နှက်မှုလက်လွန် အချုပ်သားတဦးသေဆုံး : Source : Panglong
Thursday, 16
August 2012 18:08 သျှမ်းသံတော်ဆင့်
သျှမ်းပြည်မြောက်ပိုင်း
မူဆယ်မြို့ရဲအချုပ်ခန်း၌ အချုပ်သားတဦး တန်းစီး(အချုပ်သားခေါင်းဆောင်)
၏ရိုက်နှက်မှုကြောင့်သေဆုံးခဲ့ရာတွင် ဝက်ရူးပြန်ရောဂါကြောင့်သေသည်ဟု
ထွက်ဆိုခဲ့ကြကြောင်း ရဲစခန်းနှင့်နီးစပ်သည့်အသိုင်းအဝိုင်းကပြောသည်။
ဆက်ဖက်ရန်---
(၂၇) ရွှေလုပ်သားအဖွဲ့ တရားဝင်
လျှောက်လွှာတင် : Source : Mizzima
ကွန်းချမ်း | ကြာသပတေးနေ့၊ သြဂုတ်လ ၁၆
ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၃၁ မိနစ်
စံခလပူရီ (မဇ္ဈိမ)။ ။ ရွှေလုပ်သားများ၏ အခွင့်အရေးကို အကာအကွယ်
ပေးနိုင်ရန်အတွက် အလုပ်သမား အဖွဲ့အစည်းအဖြစ် တရားဝင် ဖွဲ့စည်းခွင့် ရရန်
မန္တလေးတိုင်း၊ ရမည်းသင်းခရိုင် မိုးထိမိုးမိဒေသမှ ရွှေလုပ်သားများက သက်ဆိုင်ရာသို့
လျှောက်ထားပြီးကြောင်း ရွှေလုပ်သားခေါင်းဆောင် တဦးက ပြောသည်။
ဆက်ဖက်ရန်---
(၂၈) မြန်မာနိုင်ငံ လူ့အခွင့်အရေး
ကော်မရှင်၏ ထုတ်ပြန်ချက်ပေါ် KIO ကန့်ကွက် : Source : Kachin
16-Aug-12
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ သြဂုတ်လ ၁၄ ရက်နေ့ထုတ် သတင်းထုတ်ပြန်ချက်တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)သည် လူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်ခြင်းရှိနေပြီး တပ်သားသစ်အဖြစ် အတင်းအဓမ္မစုဆောင်းခြင်းကိုမပြုလုပ်ရန် တိုက်တွန်းထားခြင်းအပေါ် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ
ဆက်ဖက်ရန်---
(၂၉) KIA နှင့် အစိုးရတပ် တိုက်ပွဲများ
နှစ်ဖက် အကျအဆုံးရှိ : Source : Kachin
16-Aug-12
KIA တပ်မဟာ (၄) နယ်မြေ ရှမ်းပြည်မြောက်ပိုင်း
မုန်းလုံ (Mung Lung) ဒေသရှိ နားခါး (Na Hka)နှင့် တောဂွတ် (Taw Guk) ကြားတွင် မြန်မာအစိုးရတပ်
ခလရ (၉၅)နှင့် တပ်မ (၈၈) တပ်ပေါင်းစု စစ်အင်အား ၇၀ ကျော်နှင့် KIA တပ်ရင်း (၃၄) တို့
တိုက်ပွဲဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရသူများရှိသော်လည်း အတိအကျမသိရသေးကြောင်း ရှေ့တန်းသတင်းမှသိရသည်။
No comments:
Post a Comment