Wednesday, August 1, 2012

နေ့စဉ်မြန်မာ့အရေးဆက်စပ်သတင်းများ (ဇူလိုင်လ ၃၁ရက်၊ ၂၀၁၂ခုနှစ်)

(၁) ဘာသာရေးဖိနှိပ်မှု စိုးရိမ်စာရင်းထဲ မြန်မာ ရှိနေဆဲ : Source : VOA

30-Jul-12
ဘာသာရေးဖိနှိပ်မှု၊ စီးပွားရေး၊ အဖိနှိပ်ဆုံး၊ မြန်မာ၊ အမေရိကန်၊ နိုင်ငံခြားရေးဌာန အစီရင်ခံစာ

မြန်မာနိုင်ငံထဲ အစိုးရသစ် တက်လာပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု အချို့ရှိပေ မယ့် ဘာသာရေးဖိနှိပ်မှုတွေကတော့ ရှိနေဆဲဖြစ်တယ်လို့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အမေရိကန်နိုင်ငံခြားရေးဌာန


(၂) စိုင်းနော်ခမ်း လက်ထောက် လွှဲပေးဖို့ တရုတ်တောင်းဆို : Source : VOA
31-Jul-12
တရုတ်နိုင်ငံသား (၁၃) ဦး မဲခေါင်မြစ်တွင်း သတ်ဖြတ်ခံရမှုနဲ့ ဆက်နွယ်တယ်လို့ သံသယရှိသူ စိုင်းနော်ခမ်း ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့က လက်ထောက်တဦးကို လွှဲပြောင်းပေးဖို့ တရုတ် အာဏာပိုင်တွေက တောင်းခံ ခဲ့ပေမဲ့ မြန်မာနိုင်ငံက လက်မခံခဲ့ဘူးလို့ နီးစပ်သူ အသိုင်း အ၀ိုင်းက ပြောပါတယ်။ စိုင်းနော်ခမ်းကို လာအိုနိုင်ငံက လွှဲပြောင်းပေးခဲ့ပြီးတဲ့နောက် ဒီအမှုနဲ့

(၃) ကင်တားနား နိုင်ငံရေး အကျဉ်းသားတွေနဲ့တွေ့ : Source : VOA
31-Jul-12
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားဟာ သူ့ရဲ့ခရီးစဉ် အစအဖြစ် တနင်္လာနေ့မှာပဲ နိုင်ငံရေး အကျဉ်းသား တချို့နဲ့ တွေ့ဆုံ ပါတယ်။ ရန်ကုန်၊ အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ တွေ့ဆုံရာမှာတော့ ကျန်းမာရေး ဆိုးရွားနေသူတွေလည်း ပါဝင်ခဲ့တယ်လို့ မိသားစုဝင်တွေက

(၄) မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိလို့ ဝန်ကြီး ဦးခင်ရီပြောကြား : Source : RFA
2012-07-30
မြန်မာနိုင်ငံက တိုင်းရင်းသား (၁၃၅) မျိုးထဲမှာ ရိုဟင်ဂျာဟာ ဘယ်တုန်းကမှ မပါဝင်ခဲ့ဘူးသလို မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး ဆိုတာလည်း မရှိဘူးလို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူအင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

(၅) လယ်သမားတွေ ဆန္ဒပြမှာကို စိုးရိမ်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန် : Source : RFA
2012-07-30
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျောက်လှဲဘိန်းရွာမှာ ဒေသခံ လယ်သမားတွေ ဆန္ဒပြမှာကို စိုးရိမ်ပြီး ဒေသခံ ခြေမြန်တပ်ရင်း ၁၄၈ က ပြီးခဲ့တဲ့ ၂၆ ရက်နေ့ကစပြီး အပြင်မထွက်ရအမိန့်  ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

(၆) စစ်ကိုင်းမှာ လယ်သမားတွေ ဆန္ဒပြ : Source : RFA
2012-07-30
စစ်ကိုင်းမြို့မှာရှိတဲ့ စက်မှုဝန်ကြီးဌာန လက်အောက်ခံ ဆေးဝါးနဲ့ စားသောက်ကုန်လုပ်ငန်း စက်ရုံရှေ့မှာ ဒီကနေ့ မနက်ပိုင်းက ကျေးရွာ (၆) ရွာက တောင်သူ (၂၀၀) လောက် စုဝေးပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။

(၇) ထားဝယ်ခရိုင် ဗကသအဖွဲ့ချုပ် ရေဘေးဒုက္ခသည်တွေကို ကူညီ : Source : RFA
2012-07-30
တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ရေကြီးနေတဲ့အတွက် အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ထားဝယ်ခရိုင်က စားနပ်ရိက္ခာနဲ့ ကျန်းမာရေးကိစ္စတွေ ကူညီနေတယ်လို့ သတင်းရရှိပါတယ်။

 
(၈) မိုးရွာသွန်းမှုကြောင့် အိမ်ခြေ တစ်ထောင်ကျော် ရေနစ်မြှုပ် : Source : RFA
2012-07-30
ရှမ်းပြည်နယ် တောင်ပိုင်း ကျိုင်းတုံမြို့မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့ထဲက ရပ်ကွက်နှစ်ခုနဲ့  အနီးပတ်ဝန်းကျင်မှာရှိတဲ့ အိမ်ခြေ တစ်ထောင်ကျော် ရေနစ်မြုပ်နေပြီး အစားအသောက် အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

(၉) စိုက်ပျိုးစရိတ်ချေးငွေ မမျှတမှု သမ္မတကြီးထံ တိုင်ကြား : Source : RFA
2012-07-30
ပဲခူးတိုင်း အနောက်ခြမ်း ဇီးကုန်းမြို့နယ်မှာ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးရာမှာ မမျှတမှုတွေ ညီတူညီမျှ မရှိမှုတွေကြောင့် ဆိတ်ဖူးကျင်း ကျေးရွာအုပ်စု ကန်ကြီးကျေးရွာက လယ်သမားကြီး ၄၄ ယောက်က သမ္မတကြီး အပါအဝင် ဗဟိုနဲ့ တိုင်းဒေသကြီး အာဏာပိုင်တွေကို ဒီကနေ့  တင်ပြ တိုင်ကြားလိုက်တယ်လို့ လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးအောင်မြတ်သူက

(၁၀) သမ္မတနှင့် တိုင်းရင်းသား ပါတီများတွေ့ဆုံမည့် အစီအစဉ် ရွှေ့ဆိုင်း : Source : Mizzima
နေမျိုး | တနင်္လာနေ့၊ ဇူလိုင်လ ၃၀ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၀၁ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။        ။ တိုင်းရင်းသား ပါတီများအား သမ္မတ ဦးသိန်းစိန် မှ တွေ့ဆုံမည့် အစီအစဉ်အား ရက်ရွှေ့ဆိုင်းထားကြောင်း သိရသည်။

(၁၁) ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်ကို ရခိုင်အချို့ ဆန္ဒပြ : Source : Mizzima
ကွန်းချမ်း | အင်္ဂါနေ့၊ ဇူလိုင်လ ၃၁ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၄၃ မိနစ်
စံခလပူရီ (မဇ္ဈိမ) ။      ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်သို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား ကို အင်္ဂါနေ့ နေ့လည်ပိုင်းတွင် ဒေသခံ ရခိုင်တိုင်းရင်းသား ၂၀ ခန့်က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြောင်း ကိုယ်တိုင် တွေ့မြင်ခဲ့သည့် ဆရာတော်တပါးက မိန့်သည်။
ဆက်ဖက်ရန်---

 
(၁၂) အပတ်စဉ်ထုတ် ဂျာနယ် နှစ်စောင် ယာယီ ရပ်ဆိုင်းခံရ : Source : Mizzima
ဖနိဒါ၊ သစ်ငြိမ်း | အင်္ဂါနေ့၊ ဇူလိုင်လ ၃၁ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၄၉ မိနစ်
ချင်းမိုင်၊ ရန်ကုန် (မဇ္စျိမ) ။        ။ အပတ်စဉ်ထုတ်ဝေနေသော The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို
ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက အကန့်အသတ်မရှိ ယာယီ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
ဆက်ဖက်ရန်---

(၁၃) ဒု-သမ္မတနေရာအတွက် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ရေပန်းစား : Source : Mizzima
မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇူလိုင်လ ၃၁ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၁၂ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။        ။ လစ်ဟာနေသော ဒုတိယ သမ္မတနေရာသို့ အစားထိုး ခန့်ထားနိုင်မည့်သူနှင့် ပတ်သက်၍ ခန့်မှန်းချက် အမျိုးမျိုး ပေါ်ထွက်နေချိန်တွင် ယခုနောက်ဆုံး ရေပန်းစားလာသူမှာ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဖြစ်သည်။
ဆက်ဖက်ရန်---

(၁၄) ‘လျှပ်တစ်ပြက်’ ကို ကာရာအိုကေ ပိုင်ရှင်က တရားစွဲဆိုမှု အာမခံ ရ : Source : Mizzima
ဖနိဒါ | အင်္ဂါနေ့၊ ဇူလိုင်လ ၃၁ ရက် ၂၀၁၂ ခုနှစ် ၀၀ နာရီ ၀၀ မိနစ်
ချင်းမိုင် (မဇ္စျိမ)။   ။ စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ ဗယ်လင်တိုင်း (Valentine) ကာရာအိုကေ ပိုင်ရှင် ဦးမြင့်မောင် က ‘လျှပ်တစ်ပြက်’ ဂျာနယ်အား အသရေဖျက်မှုနှင့် တရားစွဲဆိုထားသည်ကို အာမခံ ရခဲ့သည်ဟု တရားစွဲဆိုခံ စာရေးဆရာ ဟာဂျူလီ(ကသာ) က ပြောသည်။
ဆက်ဖက်ရန်---

(၁၅) တိုင်း ဝါဏိဇ္ဇခုံရုံး ဆုံးဖြတ်ချက်ကို ပြည်ထောင်စုခုံရုံးက ပြင်ဆင်ဆုံးဖြတ် : Source : Mizzima
ကျော်ဖုန်းကျော် | အင်္ဂါနေ့၊ ဇူလိုင်လ ၃၁ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၅၆ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ADK အထည်ချုပ်စက်ရုံမှ အလုပ်ရှင်၊ အလုပ်သမားအရေး တိုင်ကြားမှုတွင် အလုပ်သမားသမဂ္ဂ ခေါင်းဆောင် နှစ်ဦးကိုသာ အလုပ်မှ ထုတ်ပယ်ရန်နှင့် လုပ်သက်အလိုက် နစ်နာကြေး ပေးရန် ဟူ၍ ပြည်ထောင်စုအဆင့် ဝါဏိဇ္ဇ ခုံသမာဓိကောင်စီက မူလ တိုင်းခုံမသမာဓိ၏ ဆုံးဖြတ်ချက်ကို ဇူလိုင်လ ၃ဝ

(၁၆) စည်းကမ်းဖောက် ယာဉ်လုပ်သား တရာကျော် မထသ မှ ထုတ်ပယ် : Source : Mizzima
ရတနာဦး | အင်္ဂါနေ့၊ ဇူလိုင်လ ၃၁ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၁၃ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။       ။ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး (ဗဟို)၏ စီမံမှု အောက်ရှိ ယာဉ်လိုင်းများတွင် ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အထိ စည်းကမ်း ဖောက်ဖျက်မှုကြောင့် ထုတ်ပယ်လိုက်သော ယာဉ်လုပ်သား တရာကျော် ရှိသွားပြီဟု မထသ (ဗဟို) တာဝန်ရှိသူတဦးက ပြောသည်။
ဆက်ဖက်ရန်---

(၁၇) ရခိုင်ပြည်နယ် ငြိမ်းချမ်းနေပြီ ဖြစ်ကြောင်း ဝန်ကြီးတွေ ရှင်းပြ : Source ; BBC

No comments:

Post a Comment