Friday, August 24, 2012

နေ့စဉ်မြန်မာ့အရေး ဆက်စပ်သတင်းများ (သြဂုတ်လ ၂၃ရက် ၊ ၂၀၁၂ခုနှစ်)


(၁) သမ္မတ ဦးသိန်းစိန်ကို RNDP ကန့်ကွက် : Source : VOA

22-Aug-12

ရခိုင်ပြည်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတရုံးက သ၀ဏ်လွှာနဲ့ ပူးတွဲသတင်း သုံးသပ်ချက် လွှတ်တော်ကို ပေးပို့ခဲ့တဲ့အပေါ် RNDP ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပြည်ထောင်စုလွှတ်တော်ထဲမှာ ကန့်ကွက်လွှာ တင်သွင်းသွားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ရခိုင်ပါတီနဲ့


(၂) တရုတ်အစိုးရ ဖိအားကြောင့် စစ်ပြေးဒုက္ခသည်များ စတင်ပြောင်းရွှေ့နေ : Source : Mizzima
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၂၂ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၅၇ မိနစ်
ချင်းမိုင်(မဇ္စျိမ) ။       ။ တရုတ်အာဏာပိုင်များ၏ စေခိုင်းချက်အရ တရုတ်နိုင်ငံ နောင်တောင်းခရိုင်၊ ရွှေလီမြို့နယ် အတွင်း ခိုလှုံနေသော ကချင်စစ်ပြေးဒုက္ခသည်များမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေအတွင်းသို့ စတင်၍
ပြောင်းရွှေ့နေပြီ ဖြစ်ကြောင်း ဒုက္ခသည် စခန်းတာဝန်ခံများက ပြောသည်။
ဆက်ဖက်ရန်---

(၃) ဒေါ်စုနဲ့ သမ္မတဦးသိန်းစိန်တွေ့ဆုံ  : Source : VOA
22-Aug-12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ သြဂုတ်လ ၂၂ ရက် ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ သူတို့နှစ်ဦး အဲဒီလို တွေ့ဆုံခဲ့တဲ့ အကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဌေးဇော်က အတည်ပြုပြောဆိုပေမဲ့ ဘာတွေဆွေးနွေးကြတယ် ဆိုတဲ့ အသေးစိတ်တွေကိုတော့ မပြောပါဘူး။


(၄) ကဝ မြို့နယ်၏ သုံးပုံတပုံ တလခန့် ရေလွှမ်းနေဆဲ : Source : Mizzima
ကွန်းချမ်း | ကြာသပတေးနေ့၊ သြဂုတ်လ ၂၃ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၃၃ မိနစ်
စံခလပူရီ (မဇ္ဈိမ) ။      ။ မိုးများ ဆက်တိုက် ရွာသွန်းနေခြင်းနှင့် စစ်တောင်း မြစ်ရေ လျှံခြင်းကြောင့် ပဲခူးတိုင်း၊ ကဝမြို့နယ် သုံးပုံတပုံမှာ တလခန့် ရေလွှမ်းမိုးမှု ခံနေရဆဲ ဖြစ်ကြောင်း ရေဘေးဒုက္ခသည်များကို အကူအညီပေးနေသူ များနှင့် ဒေသခံများက ပြောသည်။
ဆက်ဖက်ရန်---

(၅) မြန်မာ စာပေစိစစ်ရေး ပြောင်းလဲမူ တရုတ်စောင့်ကြည့် : Source : VOA
22-Aug-12
မြန်မာနိုင်ငံတွင်း သတင်းမီဒီယာတွေကို စာပေစီစစ်ရေး ခွင့်ပြုချက်မလိုပဲ ထုတ်ဝေခွင့်ပြုလိုက်တဲ့ ကိစ္စဟာ အိမ်နီးချင်း တရုတ်နိုင်ငံကိုပါ ဂယက်ရိုက်နေတယ်လို့ ပြောရမှာပါ။ တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဘော်ကို ထင်ဟပ်လေ့ရှိတဲ့ တရုတ်နိုင်ငံထုတ် ဂလိုဘယ်တိုင်းစ် သတင်းစာကြီး ကတော့ မြန်မာနိုင်ငံက စာပေလွတ်လပ်ခွင့်ကို ချီးကျူးပေမယ့်၊
 
(၆) The voice နှင့် သတ္တုတွင်းအမှု စက်တင်္ဘာ ၆ ရက်နေ့ အမိန့်ချမည် : Source : Mizzima
ဖနိဒါ | ကြာသပတေးနေ့၊ သြဂုတ်လ ၂၃ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၁၅ မိနစ်
ချင်းမိုင်(မဇ္စျိမ) ။       ။ သတ္တုတွင်း ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန အချို့တွင် ငွေကြေး အလွဲသုံးစားမှုများ ရှိနေသည်ဟု ရေးသားသည့် အပတ်စဉ်ထုတ် The Voice Weekly ဂျာနယ်အား သတ္တုတွင်း ဝန်ကြီးဌာနမှ အသရေဖျက်မှုဖြင့် စွဲဆိုထားခြင်းကို စက်တင်္ဘာလ ၆ ရက်နေ့တွင် အမိန့်ချမည် ဖြစ်သည်။
ဆက်ဖက်ရန်---

(၇) လွှတ်တော်ဥက္ကဋ္ဌများ လွှတ်တော်အစည်းအဝေးဖျက်၍ သမ္မတနှင့်တွေ့ : Source : Mizzima
မျိုးသန့် | ကြာသပတေးနေ့၊ သြဂုတ်လ ၂၃ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၄၅ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။        ။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ ကြာသပတေးနေ့တွင် ဆွေးနွေးရန် အစီအစဉ်များ ချမှတ်ထားပြီးဖြစ်သော်လည်း လွှတ်တော်အစည်းအဝေးများ ဖျက်သိမ်း၍ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနှင့် သမ္မတဦးသိန်းစိန်တို့ သမ္မတ အိမ်တော်တွင် တွေ့ဆုံဆွေးနွေးလျက်ရှိသည်ဟု နေပြည်တော် သတင်းရပ်ကွက်က
ပြောသည်။
ဆက်ဖက်ရန်---

(၈) မြောင်းမြ၊ ပုသိမ် လယ်သမားများ သမဂ္ဂ ဖွဲ့ကြမည် : Source : Mizzima
ကိုကိုအောင် | ကြာသပတေးနေ့၊ သြဂုတ်လ ၂၃ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၅၀ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။       ။ တောင်သူလယ်သမားများ၏ နစ်နာချက်များ အရေးဆိုရန်နှင့် လယ်သမားဘဝ တိုးတက်ရေး
ဆောင်ရွက်ရန်အတွက် ဧရာဝတီတိုင်း၊ မြောင်းမြနှင့် ပုသိမ် မြို့နယ်များတွင် တောင်သူလယ်သမား သမဂ္ဂများ ဖွဲ့မည်ဖြစ်ကြောင်း မြောင်းမြမြို့နယ် သမဂ္ဂ ခေါင်းဆောင်တဦးက ပြောသည်။
ဆက်ဖက်ရန်---


(၉) ပူပန်မှု ရှိသော်လည်း အိန္ဒိယရှိ မြန်မာ ရဟန်းတော်များ အေးချမ်းစွာ ပညာသင်ကြားနိုင် : Source : Mizzima
နေမျိုး | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၂၂ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၄၅ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။       ။ အိန္ဒိယနိုင်ငံတဝှမ်းတွင် ထွက်ပေါ်လျက်ရှိသော လူမျိုးရေး ပဋိပက္ခများနှင့် ပတ်သက် သည့် ကောလာဟလ သတင်းများကြောင့် ဗုဒ္ဓဂါယာနှင့် ဗာရာဏသီမြို့များရှိ မြန်မာ စာသင်သား ရဟန်းတော်များ အနေဖြင့် အနည်းငယ် စိတ်ပူပန်ခဲ့သော်လည်း အေးချမ်းစွာပင် စာပေသင်ကြား လျက်ရှိကြောင်း သိရသည်။
ဆက်ဖက်ရန်---
 
(၁၀) ဦးအောင်သိန်းလင်း အမတ်ဖြစ်မှ ရုတ်သိမ်းပေးရန် ကော်မရှင်ကို တင်တော့မည် : Source : Mizzima
သိင်္ဂီထွန်း | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၂၂ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၀၁ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။       ။ တောင်ဥက္ကလာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ရုတ်သိမ်းပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ သောကြာနေ့တွင် တင်ပြသွားမည်ဟု အဆိုပါ လှုပ်ရှားမှုကို ဦးဆောင်သူ ဦးမင်းအောင်က ပြောသည်။


(၁၁)  ‘Burmese Shadows’ စာအုပ် မိတ်ဆက်ပွဲ ဘန်ကောက်တွင် လုပ်မည် : Source : Mizzima
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ သြဂုတ်လ ၂၃ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၂၂ မိနစ်
မဇ္ဈိမသတင်းဌာန ။       ။ ဝါရင့် သတင်းစာဆရာ Thierry Falise ရေးသားထားသော Burmese Shadows ဟု အမည်ရသည့် မြန်မာပြည်အကြောင်း စာအုပ် မိတ်ဆက်ပွဲအား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက် များ ကလပ်၌ စက်တင်္ဘာလ ၆ ရက်နေတွင် ကျင်းပမည် ဖြစ်သည်။
ဆက်ဖက်ရန်---


(၁၂) အစိုးရ ဝန်ကြီးများ ပိုင်ဆိုင်မု သမ္မတထံ တင်ပြရ : Source : BBC
22-Aug-12
နိုင်ငံတော် သမ္မတက ဦးသိန်းစိန်က ပြည်ထောင်စု အဆင့် ဝန်ကြီးတွေ နဲ့ တိုင်းနဲ့ ပြည်နယ် အဆင့် ဝန်ကြီးတွေ အပါအဝင် ထိပ်တန်း အစိုးရ အရာရှိကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို စာရင်း ပြုစုပြီး ချိတ်ပိတ် တင်ပြဖို့ အမိန့် ထုတ်ပြန်ခဲ့ တယ်လို့ သမ္မတရုံးက ပြောပါတယ်။


(၁၃) NDF ပါတီမှ မြေယာသိမ်း ဖြေရှင်းရေးစီစဉ် : Source : BBC
23-Aug-12
အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ က နိုင်ငံတဝန်း မြေယာ အသိမ်းခံနေ ရမှု ကိစ္စတွေ ကို ဖြေရှင်း ပေးနိုင်ဖို့ အတွက် ကော်မတီ တရပ် ဖွဲ့စည်းပြီး ဆောင်ရွက်ယင်း သြဂုတ်လ ၂၂ ရက်နေ့ က ကော်မတီဝင်တွေ စုံညီအစည်းအဝေး ခေါ်ယူပါတယ်။


(၁၄) မြေယာသိမ်းခံရမှု မွန်ပါတီ အကောင်အထည်ဖော်တော့မည် : Sourc e : KIC
22-Aug-12
မွန်ပြည်နယ်ရှိ မြို့နယ်တချို့နှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ် အတွင်း ဖြစ်ပွားနေသည့် မြေယာသိမ်းဆည်းမှုကိစ္စနှင့် ပတ်သက်ပြီး မွန်နိုင်ငံရေး ပါတီတို့က အကောင်အထည်ဖော် ဆောင်ရွက်တော့မည်ဖြစ်သည်။


(၁၅) နိုင်ငံကူးလက်မှတ်လုပ်သူများ အပိုငွေ ပေးဆောင်နေရ : Sourc e : KIC
22-Aug-12
ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးသောရုံးတွင် သတ်မှတ်ထားသော ကုန်ကျငွေများအပြင် အပိုဆောင်ငွေများ ပေးသွင်းနေရသေး ကြောင်း နိုင်ငံကူး လက်မှတ်သွားရောက်လုပ်သူများ၏ ပြောပြချက်များအရ သိရသည်။

(၁၆) ကျောင်းသားသမဂ္ဂအဆောက်အဦး ပြန်လည်ဆောက်လုပ်ဖို့ စည်းဝေး : Source : RFA
2012-08-22
ရန်ကုန်တက္ကသိုလ် ပရဝုဏ်ထဲမှာရှိတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ယခင်နေရာမှာ ပြန်လည် ဆောက်လုပ်ခွင့် ရဖို့အတွက် မျိုးဆက်အလိုက် ကျောင်းသားခေါင်းဆောင်တွေ ပါဝင်တဲ့ အစည်းအဝေး တစ်ရပ်ကို ဒီကနေ့ ရန်ကုန်မြို့ တစ်နေရာမှာ ကျင်းပခဲ့ပါတယ်။

(၁၇) နေရာ ပြောင်းရွှေ့ဆန္ဒပြဖို့ ရဲစခန်းတာဝန်ရှိသူတွေက ပြောဆို : Source : RFA
2012-08-22
သတင်းလွတ်လပ်ခွင့် ကော်မတီက ရန်ကုန်မြို့တော် ခန်းမရှေ့လူ ၁၅၀ ဝန်းကျင် စုရုံးဆန္ဒပြဖို့ လျှောက်ထားတာကို အခြားနေရာ ပြောင်းရွှေ့ဆန္ဒပြဖို့ ကျောက်တံတားမြို့နယ် ရဲစခန်းတာဝန်ရှိသူတွေက ဒီကနေ့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

(၁၈) ရသေ့တောင်မြို့တွင် မေယုမြစ်ဝှမ်း ညီလာခံကျင်းပရေး ပင်မကော်မတီဖွဲ့စည်း : Source : RFA
2012-08-22
မကြာသေးခင်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးက ဒေသခံ ခေါင်းဆောင်တွေဟာ ရသေ့တောင်မြို့မှာ စုဝေးပြီး မေယုမြစ်ဝှမ်း ညီလာခံလို့ နာမည်ပေးထားတဲ့ ဆွေးနွေးပွဲ တစ်ရပ်ကို များမကြာခင် ကျင်းပနိုင်ရေးအတွက် ရသေ့တောင်မြို့ အောင်မြေဗောဓိ အလိုတော်ပြည့် ကျောင်းတိုက်မှာ သြဂုတ်လ ၂၂ ရက် မနေ့က နေ့လည်ပိုင်းက မြို့မိမြို့ဖတွေ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါတယ်။

(၁၉) လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြမှု အာဏာပိုင်က တားဆီးပိတ်ပင် : Source : RFA
2012-08-22
စစ်ကိုင်းတိုင်း မုံရွာ လက်ပန်းတောင်းတောင် ကြေးနီ ထုတ်လုပ်ရေး စီမံကိန်း ဆက်လက် အကောင်အထည်ဖော်မယ့် ကိစ္စကို ဟန့်တားဖို့ ကျေးရွာပေါင်း (၁၂) ရွာက ဒေသခံ တစ်ထောင်ကျော်ဟာ လက်ပန်းတောင်းတောင် ကနေ (၄) မိုင်ခွဲ လောက်ဝေးတဲ့ ဆားလင်းကြီးမြို့ကို ဒီကနေ့ မနက်ပိုင်းက ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက်လာစဉ် လမ်းခုလတ် အရောက်မှာ

(၂၀) ရဲတပ်ဖွဲ့က အကြမ်းဖက် ၀င်ရောက်စီးနင်းမှုကြောင့် ထိခိုက်ဒဏ်ရာရ : Source : RFA
2012-08-22
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်အတွင်း ကျူးကျော် အခြေချနေထိုင်သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေ မနေ့က အဓမ္မ ဖယ်ရှားဖို့ အကြမ်းဖက် ၀င်ရောက်စီးနင်းရာမှာ ကိုချစ်မိုးဆိုသူကို ရဲတွေက လက်ထိပ်ခတ် ဖမ်းဆီးပြီးနောက် တစ်နာရီကြာလောက် ညှဉ်းပန်း နှိပ်စက်ခဲ့ကြတယ်လို့ သိရပါတယ်။

(၂၁) အလုပ်သမားအဖွဲ့အစည်းတွေ အရည်အသွေး တိုးတက်လာရေး ဆွေးနွေးပွဲကျင်းပ : Source : RFA
2012-08-22
မြန်မာနိုင်ငံက စက်ရုံအလုပ်ရုံ အသီးသီးမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမား အဖွဲ့အစည်းတွေ အရည်အသွေး တိုးတက်လာရေးအတွက် ဆွေးနွေးပွဲ တစ်ခုကို ရန်ကုန်မြို့ summit park view ဟိုတယ်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။


(၂၂) လယ်သမားများ စီတန်းလှည့်လည် ဆန္ဒပြခွင့် လျှောက်ထားမှု ငြင်းပယ်ခံရ  : Source : RFA
2012-08-22
လယ်ယာမြေ သိမ်းခံထားရတဲ့ လယ်သမားကြီး ၆၀၀ ခန့် ဒီလ ၂၇ ရက်ကျရင် ပြည်မြို့မှာ စီတန်းလှည့်လည် ဆန္ဒပြဖို့  ၁၉ ရက်နေ့က လျှောက်ထားခဲ့တာကို ငြင်းပယ်ကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက မနေ့ညက ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

(၂၃) ကျား ထိန်းသိမ်းရေး ဒေသခံများ ဆန္ဒပြမည် : Source : Irrawaddy
22-Aug-12
ကချင်ပြည်နယ် တနိုင်းမြို့နယ်တွင်းရှိ ကမ္ဘာ့ အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေ ဟူးကောင်းချိုင့်ဝှမ်း ဒေသခံများသည် ပြည်သူ့လွှတ်တော် အမတ် ဦးဌေးမြင့် ၏ ယုဇန ကုမ္ပဏီက သိမ်းယူထားသော မြေဧက ၂ သိန်းကျော် ပြန်ရရေး ဆန္ဒပြရန် ရန်ကုန်မြို့သို့ ယနေ့ ရောက်ရှိနေကြပြီဖြစ်သည်။


(၂၄) ပဲခူးတိုင်း လယ်ဧက ၁ သိန်းကျော် ရေလွှမ်း : Source : Irrawaddy
22-Aug-12
ပဲခူးတိုင်းဒေသကြီး၌ သြဂုတ်လအတွင်း မိုးအဆက်မပြတ် ရွာသွန်း၍ ရေကြီးရေလျှံဖြစ်သောကြောင့် လယ်မြေဧက ၁ သိန်းကျော် ရေလွှမ်းမိုးခံရပြီး ဧက ၁၁၀၀၀ ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

(၂၅) နစက အရာရှိကို ဘင်္ဂလီတစ်ဦး ဓါးဖြင့် ခုတ်သောကြောင့် သေနတ်ပစ်ဖမ်းဆီး : Source : Arakantimes
22-Aug-12
လွန်ခဲ့သော သြဂုတ်လ ၁၇ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် ရခိုင်ပြည် မောင်တောမြို့နယ်ရှိ ဦးဒေါင်းကျေးရွာအုပ်စု ကုန်တန်းကျေးရွာမှ တရားခံ ဘင်္ဂလီတစ်ဦးအား ဖမ်းဆီးရန် လာသော နစက ကို ၄င်းဘင်္ဂလီက ဓါးနှင့်လိုက်ခုတ်ခဲ့သဖြင့် နစကအရာရှိနှင့်ပါလာသည့် တပ်ဖွဲ့ဝင်များက သေနတ်ပစ် ခြောက်လှန့်၍ ဖမ်းခဲ့ရသည်ကို သတင်းရရှိသည်။


(၂၆) အလုပ်သမား အသင်းအဖွဲ့များ ပေါ်ပေါက်ရေး လွတ်လပ်စွာ လုပ်ဆောင်နိုင် : Irrawaddy
22-Aug-12
အလုပ်သမားအသင်းအဖွဲ့ ပေါ်ပေါက်ရေးအတွက် အလုပ်ချိန်ပြင်ပတွင် လွတ်လပ်စွာ ဟောပြောစည်းရုံးခြင်းကို မည်သည့် အာဏာပိုင် အဖွဲ့အစည်း ကသော်လည်းကောင်း၊ အလုပ်ရှင်ကသော်လည်းကောင်း တားမြစ်ခြိမ်းခြောက်ပိုင်ခွင့် မရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးသက်နိုင်ဦးက သတိပေး

(၂၇) အောက်ခြေအဆင့် အလုပ်ကြမ်းများအား ရခိုင်အခြေခံလူတန်းစားများ ဝင်ရောက်လုပ်ကိုင် : Source : Arakantimes
22-Aug-12
ရခိုင်ပြည်အတွင်း ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းဖြစ်ပြီးနောက်တွင် အောက်ခြေအလုပ်ကြမ်းများအား ရခိုင်အခြေခံလူတန်းစားများ ဝင်ရောက်လုပ်ကိုင်လျှက်ကြောင်း သိရသည်။


(၂၈) ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းတွင် ဘင်္ဂလီများ ကျူးကျော်စစ်ဆင်နွှဲခြင်းဟု ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးပြော : Source : Arakantimes
22-Aug-12
ရခိုင်ပြည်နယ်ဒေသအတွင်း များမကြာမီက ဖြစ်ပွားခဲ့သည့် ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းတွင် ဘင်္ဂလီများက ရခိုင်ပြည် ဒေသအတွင်းဝင်ရောက်၍ ကျူးကျော်စစ်ဆင်နွှဲခြင်းဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၏ သဘောထားအမြင်ကို ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ရခိုင်အကြောင်း တစေ့တစောင်း စာမျက်နှာမှ ဖော်ပြချက်အရ သိရသည်။


(၂၉) ကျောက်တော်မြို့နယ်ရှိ ကျေးရွာသူတွေကို ဒေသခံ အာဏာပိုင်တွေ ခေါ်ယူစစ်ဆေး : Source : RFA
2012-08-22
မကြာသေးခင်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်းရှိ ကျေးရွာတွေက အမျိုးသမီးတွေကို အခု ရက်ပိုင်းအတွင်း ဒေသခံ အာဏာပိုင်တွေက ခေါ်ယူ စစ်ဆေးနေတယ်လို့ သိရပါတယ်။

(၃၀) မလေးရှားရောက် ရခိုင်များ အနိုင်ကျင့်သတ်ဖြတ်ခံရမှုနဲ့ပက်သက်၍ အစိုးရမှ သေချာစွာ အရေးယူဆောင်ရွက်ခြင်းမရှိသေး : Source : Arakantimes
21-Aug-12
မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသော ရခိုင်များအား ဘင်္ဂလီမူဆလင်များ အနိုင်ကျင့်သတ်ဖြတ်သည့် အမှုများနှင့်ပက်သက်၍ မလေးရှားအစိုးရမှ ထိရောက်စွာ အရေးယူဆောင်ရွက် စစ်ဆေးခြင်းမရှိသေးကြောင်း သတင်းရရှိသည်။

(၃၁) ရခိုင်ပြည်ရှိ အဝေးပြေးကားလမ်းမ ပျက်စီး၍ ခရီးသွားလာရေး အခက်ကြုံ : Source : Arakantimes
22-Aug-12
ရခိုင်ပြည် ကျောက်တော်မြို့နယ်ရှိ ကန်စောက်ကျေးရွာနှင့် အပေါက်ဝကျေးရွာကြားတွင်ရှိသာ အဝေးပြေးကားလမ်းမ ပျက်စီးခြင်းကြောင့် ခရီးသည်များမှာ ခရီးသွားလာရေး အခက်အကြုံနေရကြောင်း သတင်းရရှိသည်။

(၃၂) ဇေကမ္ဘာကုမ္ပဏီက ဦးနေမျိုးဝေ အပေါ် စွဲဆိုသည့် အမှုရုံးထုတ် : Source : DVB
Published on August 23, 2012 by ​အေး​နိုင်   ·   No Comments
ေဇကမ္ဘာကုမ္ပဏီက လယ်သိမ်းခံလယ်သမားေတွကို ကူညီေဆာင်ရွက်တဲ့ မတူကွဲြပားြခင်းနဲ့ ြငိမ်းချမ်းေရးပါတီဥက္ကဋ္ဌ ဦးေနမျုိးေ၀ကို အသေရဖျက်မှုနဲ့ တရားစွဲတဲ့အမှုကို ဒီေန့ ရန်ကုန်တိုင်း မဂင်္လာဒုံြမို့နယ် တရားရုံးမှာ စတင်ရုံးထုတ်ပါတယ်။

(၃၃) အသံလွှင့်စက်များ သက်တမ်းကြောင့် နားချိန်ထားပြီး လွှင့်နေရ : Source : DVB

Published on August 23, 2012 by ေရွှေအာင်   ·   No Comments
အစိုးရရုပ်ြမင်သံြကားဌာနက အသံလွှင့်စက်ေတွဟာ နှစ်ေပါင်း ၄၀ ေလာက် သက်တမ်း ရှိေနတာမို့ နားချိန်ထားြပီး လွှင့်ေပးေနရတယ်လို့ ြပန်ြကားေရး၀န်ြကီးဌာန ေြပာခွင့်ရ ဦးရဲထွဋ်က ေြပာပါတယ်။

(၃၄) အသိမ်းခံရသည့် ဦးအောင်သိန်း ပတ်စပို့ ပြန်ထုတ်ပေးရန် တောင်းဆို : Source : DVB

Published on August 23, 2012 by ပီတာအောငျ   ·   No Comments
အမျုိးသားဒီမိုကေရစီအဖွဲ့ချုပ် ဥပေဒအေထာက်အကူြပု အဖွဲ့၀င်နဲ့ ဥပေဒေရးရာ အတိုင်ပင်ခံ  ဦးေအာင်သိန်းရဲ့ နို်င်ငံကူးလက်မှတ် ပတ်စ်ပို့ အစိုးရက သိမ်းယူထားတာကို  ြပန်ထုတ်ေပးဖို့ အာရှလူ့အခွင့်အေရးေကာ်မရှင်က ေတာင်းဆိုလိုက်ပါတယ်။

(၃၅) စမတ်ကတ်ဖြင့် ဘဏ်ခွဲတခုတွင် ပင်စင်ထုတ်နိုင်ပြီ : Source : DVB

Published on August 23, 2012 by ေရွှေအာင်   ·   No Comments
ပင်စင်လစာကို စမတ်ကတ်သံုးြပီး ထုတ်ယူနိုင်ေတာ့မယ်လို့ ဒီေန့ထုတ် ြမန်မာ့အလင်း သတင်းစာမှာ ေရးသားေဖာ်ြပထားပါတယ်။
ရန်ကုန်ြမို့က ြမန်မာ့စီးပွားေရးဘဏ်ခွဲ မှာ စမတ်ကတ်နဲ့ ပင်စင်ထုတ်ေပးတဲ့ အီး-ပင်စင်စနစ် ကို ြသဂုတ် ၂၁ ရက်ကစြပီး စတင် စမ်းသပ် လုပ်ေဆာင်ေပးေနြပီလို့ သတင်းမှာ ေဖာ်ြပထားပါတယ်။

(၃၆) တရားရုံးစီရင်ဆုံးဖြတ်ချက်မပါဘဲ လက်နက်ချသူအား အကျဉ်းထောင်သို့ပို့ : Source : Panglong

Thursday, 23 August 2012 17:50 မွေခေါဝ်
မကြာသေးခင်က အစိုးရထံ လက်နက်ချခဲ့သည့် ရွှေတြိဂံဒေသ မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း၏ ဒု-လက်ထောက် စိုင်းအောင်မြတ် အား တရားရုံးတော်မှ စီရင်ဆုံးဖြတ်ချက်မပါဘဲ ကျိုင်းတုံအကျဉ်း ထောင်သို့ ပို့ဆောင်လိုက်ကြောင်း ကျိုင်းတုံတရားရုံးအသိုင်းအဝိုင်းက ပြောပါသည်။

(၃၇) ဆတုံးမြို့နယ်တွင်း အစိုးရတပ်များ ဒေသခံများ ကို ဖမ်းဆီးစစ်ဆေးနေ : Source : Kachin
22-Aug-12
ကချင်ပြည်နယ် မြစ်ကြီးနား ဝိုင်းမော်မြို့မှ ၄၃ မိုင်အကွာရှိ ဆတုံးပါ (Sadung Pa) တံတားနှင့် မင်းဂျန်ခက် (Ming Jang Hkyet) နေရာတို့တွင်  မြန်မာအစိုးရတပ် တပ်မ ၈၈ သည် လုံခြုံရေးများ ချထားကာ ဖြတ်သန်းသွားလာသော ပြည်သူလူထုများကို စစ်ဆေးမေးမြန်းပြီး ဖမ်းဆီးမှုများပြုလုပ်နေကြောင်းသိသည်။

No comments:

Post a Comment