Saturday, August 25, 2012

မြန်မာ့အရေးဆက်စပ်သတင်းများ (သြဂုတ်လ ၂၄၊ ၂၀၁၂)

(၁) ပြောသည့်အတိုင်း မဖြစ်၍ SSA-S ကို ဦးအောင်မင်း အားနာ : Source : Irrawaddy

23-Aug-12
ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) နှင့် အစိုးရအကြား သဘောတူညီမှု ရရှိထားသည့် အချက်များကို ဆက်လက် အကောင်အထည် မဖော်ဆောင်ပေးနိုင်သေးသောကြောင့် အားနာမိကြောင်း အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ ဒု ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောသည်။

 

(၂) ရန်ကုန် သတင်းထောက်များ ဆန္ဒပြခွင့် မရ : Source : Irrawaddy

24-Aug-12
သတင်းလွတ်လပ်ခွင့် ရရှိရေးအတွက် ပြည်တွင်း သတင်းသမားများ စုပေါင်းပြီး ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ဆန္ဒပြရန် တရားဝင် လျှောက်ထားခဲ့ရာ ခွင့်ပြုချက်မရဘဲ ဆန္ဒပြလျှင် အရေးယူခံရမည်ဟု ရဲက သတိပေးလိုက်သည်။

(၃) လက်နက်စက်ရုံ အတွက် သိမ်းမြေများ ပြန်ပေးရန် တောင်းဆို : Source : Irrawaddy

24-Aug-12
မကွေးတိုင်း ဆင်ပေါင်ဝဲ မြို့နယ်တွင် ကာကွယ်ရေး ဝန်ကြီးဌာနက စစ်လက်နက် ပစ္စည်း စက်ရုံ (ကပစ) အမှတ် (၈) တည်ဆောက်ရန် သိမ်းယူခဲ့သော မြေဧက ၁၂၀၀၀ ကို မူရင်းဒေသခံ ပိုင်ရှင်များက ပြန်လည် ရရှိရေး အတွက် အစိုးရသစ်ကို တောင်းဆိုနေကြသည်။


(၄) ရေဘေးကြောင့် ဆန်ဈေး တက်ရိပ်ပြ : Source : Irrawaddy
23-Aug-12
စပါးစိုက်ပျိုးသည့် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်း အရှေ့ခြမ်းဒေသများတွင် ရေကြီးမှုများကြောင့် စပါးအထွက် နောက်ကျနိုင်သည့်အတွက် ဆန်ဈေးကွက်တွင် ၀ယ်ယူသိုလှောင်မှု များပြားလာပြီး ဈေးနှုန်းများလည်း မြင့်တက်လာသည်။

(၅) မြန်မာ့စပါးကျီ ရေမြုပ်မှုကြောင့် ဆန်ဈေးကွက်ပျက်မည် မဟုတ်  : Source : Irrawaddy
24-Aug-12
ဧရာဝတီတိုင်း နှင့် ပဲခူးတိုင်း ရေကြီးမှုကြောင့် လယ်စိုက်ဧက တသိန်းကျော် ရေအောက် ရောက်သွားသော်လည်း ပြည်တွင်း ဆန်စပါးဈေးကွက်၊ ပြည်ပ ဆန်တင်ပို့မှုတို့ကို ထိခိုက်မည်မဟုတ်ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းက ကြာသပတေးနေ့တွင် ပြောလိုက်သည်။

(၆) ရိုဟင်ဂျာသည် မြန်မာ့ပြဿနာဟု အမေရိကန်သံအမတ် ပြော : Source : Irrawaddy
24-Aug-12
ရိုဟင်ဂျာအရေးဟာ ကမ္ဘာကမြင်နေတာထက် ပိုပြီး မြန်မာ့လူ့အဖွဲ့ အစည်းအတွင်း လူမှုရေး မညီမျှမှုများကို ဖွင့်လှစ်ဖော်ပြနေတာလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် မစ္စတာ ဒဲရက်မစ်ချယ်က ပြောဆိုလိုက်ပါတယ်။
အရင်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေဆို စစ်တပ်နဲ့ အစိုးရတွေကိုသာ နိုင်ငံတကာက စွပ်စွဲရှုတ်ချခဲ့ကြတယ်။

 

(၇) လူငယ်တဦးကို စစ်တပ်တွင်း အတင်းသွတ်သွင်း : Source : DVB

Published on August 24, 2012 by အေးနိုငျ   ·   No Comments
ရန်ကုန်တိုင်း ပုဇွန်ေတာင်ဘူတာမှာ လူငယ်တဦးကို ရဲနဲ့ စစ်သားလို့ မိတ်ဆက်ေြပာဆို ရိုက်နှက်ြပီး  စစ်ထဲ အတင်း၀င်ခိုင်းခဲ့တယ်လို့ ကာယကံရှင် ကုိ၀င့်သူက ေြပာပါတယ်။

(၈) ဒီနေ့လွှတ်တော် အတွင်း ထူးခြားသတင်းများ : Source : DVB
Published on August 24, 2012 by ေရွှေအာင်   ·   No Comments
လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း လွှမ်းမုိးေနြပီလား
လွှတ်ေတာ်အေပါ်မှာ လူပုဂ္ဂိုလ်တဦးဦး သို့မဟုတ် အဖွဲ့အစည်းတခုခုက လွှမ်းမိုးေနြပီလားလို့ ဒီေန့ကျင်းပတဲ့ ြပည်သူ့လွှတ်ေတာ်မှာ ကိုယ်စားလှယ်တဦးက ေမးခွန်းထုတ်လိုက်တယ်လုိ့ မင်းမင်းြပားြမို့နယ်၊ ြပည်သူ့လွှတ်ေတာ်ကိုယ်စားလှယ် ဦးေဖသန်း ေြပာပါတယ်။

(၉) မူးယစ်ရာဇာ နော်ခမ်းကို စစ်ဆေးရန် မြန်မာအရာရှိများ တရုတ်နိုင်င့ ရောက်ရှိ : Source : DVB

Published on August 24, 2012 by ကိုသကျ   ·   No Comments
ြမန်မာစစ်တပ်နဲ့ ရဲဘက်က လံုြခံုေရးအရာရှိေတွ တရုတ်နိုင်ငံမှာ ဖမ်းဆီးထားတဲ့ မူးယစ်ရာဇာေနာ်ခမ်း ကို စစ်ေဆးဖို့ တရုတ်နိုင်ငံ ယူနန်ြပည်နယ်ကို ြသဂုတ်လ ၂၂ ရက်ေန့က ေရာက်ရှိခဲ့ပါတယ်။


(၁၀) လယ်ယာမြေနစ်နာကြေးရရေး ထီးချိုင့်လယ်သမားများတောင်းဆို ဆန္ဒပြ : Source : DVB

Published on August 24, 2012 by မင်းလွင်   ·   No Comments
စစ်ကိုင်းတိုင်း ထီးချုိင့်ြမို့နယ်မှာ နီကယ်စက်ရံုတည်ေဆာက်ဖုိ့ သိမ်းဆည်းခံရတဲ့ လယ်ယာေြမေတွအတွက် နစ်နာေြကးရဖို့ လယ်သမားေတွ ဆန္ဒြပခဲ့ြကပါတယ်။

(၁၁) ရေနံချောင်းရဲဝန်ထမ်းက ၆၅နှစ်အရွယ် အမျိုးသမီးကို ပစ္စည်းလုပြီး ရိုက်နှက် : Source : Moemaka

24-Aug-12
၂၀၁၂ သြဂုတ်လ ၁၈ ရက်နေ့က မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတပ်ကြပ်တစ်ဦးမှ အသက်(၆၅)နှစ်အရွယ် အမျိုးသမီးကြီးအား မသေမချင်းရိုက်နှက်ပြီး ပစ္စည်းယူလုယက်မှုတစ်ခု ဖြစ်ခဲ့ပါသည်။

(၁၂) လွှတ်တော်တွင် မှတ်တမ်းတင်မည့် သမ္မတ ဦးသိန်းစိန်သဝဏ်လွှာ ဆိုင်းငံ့ : Source : Arakantimes
24-Aug-12
သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာနှင့်ပူးတွဲသုံးသပ်ချက်အား မှတ်တမ်းတင်ရေးကို သြဂုတ်လ ၂၃ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းရန် စီစဉ်ထားခဲ့သော်လည်း ကန့်ကွက်လွှာ ရောက်ရှိလာသည့်အတွက် မှတ်တမ်းတင်မည့်အစီအစဉ်အား ဆိုင်းငံ့ထားလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥက္ကဌက ကြေငြာခဲ့သည်။

 
(၁၃) မုံရွာတက္ကသိုလ် ရူပဗေဒဌာနမှ ပါမောက္ခဌာနမှူး လာဘ်စားမှုအပေါ် ကျောင်းသားများ မကျေမနပ်ဖြစ်နေ : Source : Arakantimes
23-Aug-12
စစ်ကိုင်းတိုင်း မုံရွာတက္ကသိုလ်တွင် ရူပဗေဒဌာနရှိ ပါမောက္ခဌာနမှူးမှာ ကထိကဆရာမတစ်ဦးနှင့်ပေါင်း၍ ကျောင်းသားများထံမှ မတရားငွေကြေးတောင်းခံ လာဘ်စားမှုအပေါ် ကျောင်းသားများက မကျေမနပ်ဖြစ်နေကြကြောင်း တက္ကသိုလ်ကျောင်းသားတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။


(၁၄) မြန်မာနိုင်ငံတွင် စာပေနှင့်ဗုဒ္ဓဘာသာ ရခိုင်ကစဟု ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလမိန့်ကြား : Source : Arakantimes
24-Aug-12
မြန်မာနိုင်ငံအနှံ့ ဗုဒ္ဓဘာသာ ဖြစ်လာရခြင်း၊ ယခုလက်ရှိအသုံးပြုနေသော မြန်မာစာပေသည် ရခိုင်မှ အစပြုခဲ့ပြီး တဖြည်း ဖြည်း မြန်မာနိုင်ငံနေရာအနှံ့တွင် ပြန့်ပွားခဲ့သည်ဟု ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလက ဂျပန်နိုင်ငံ နာရီတာလေဆိပ်မှာ ပြောကြားသွားခဲ့သည်ကို သိရသည်။


(၁၅) ရခိုင်အရေး ဒလိုင်လားမား စိုးရိမ် : Source : VOA
24-Aug-12
ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေဖြစ်ခဲ့တဲ့အပေါ် စိုးရိမ်တဲ့အကြောင်း နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောလိုက်ပါတယ်။ ဘုန်းတော်ကြီးဒလိုင်းလားမားက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဆီ ရေးသားပေးပို့ခဲ့တဲ့ စာတစောင်ထဲမှာ အဲဒီလို ဖော်ပြထားတဲ့အကြောင်း အိန္ဒိယနိုင်ငံ၊

(၁၆) ညှိနှိုင်းဆဲကာလမှာ စီမံကိန်းလုပ်ငန်း အကောင်အထည်မဖော်ဖို့ ဒေသခံများတောင်းဆို : Source : RFA
2012-08-23
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ ထုတ်လုပ်ရေး စီမံကိန်း ဆက်လက် အကောင်အထည်ဖော်ဖို့ အာဏာပိုင်တွေဘက်က ခြံစည်းရိုး ကာရံနေတာကို ဒီကနေ့ ဒေသခံရွာသား ၆၀၀ ကျော်လောက် သွားရောက်ပြီး တည်ဆောက်မှုကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။


(၁၇) သာဓုကန်လယ်ယာမြေ လျော်ကြေးကိစ္စ ပြေလည်မှုမရသေး : Source : RFA
2012-08-23
ရန်ကုန်မြို့ ရွှေပြည်သာ သာဓုကန်ဒေသက လယ်သမား ၇၆ ဦးပိုင် လယ်ယာမြေတွေ သိမ်းယူခံထားရမှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ကုမ္ပဏီ ၄၀ က ပိုင်ရှင်တွေနဲ့ လယ်သမားကိုယ်စားလှယ် ၁၁ ဦးတို့ ဒီကနေ့ ဗဟန်းမြို့နယ်က M-3 စားသောက်ဆိုင်မှာ လျော်ကြေးကိစ္စ ညှိနှိုင်းခဲ့ကြရာမှာ ပြေလည်မှု မရခဲ့ဘူးလို့ RFA က စုံစမ်းသိရပါတယ်။

(၁၈) ဒုတိယမြောက် မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတား တည်ဆောက်မည် : Source : RFA
2012-08-23
ထိုင်း မြန်မာနယ်စပ် မြ၀တီနဲ့ မဲဆောက်မြို့တွေကို ဆက်သွယ်မယ့် ဒုတိယမြောက် ချစ်ကြည်ရေးတံတားကို မကြာခင် တည်ဆောက်တော့မယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေး ၀န်ကြီးဌာနက ပြောဆိုကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ဖော်ပြပါတယ်။

(၁၉) ဧရာဝတီ လွတ်တော်က ရယကကို အရေးယူဖို့ လုပ် : Source : BBC
24-Aug-12
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှာ အစိုးရပိုင်မြေရာ တချို့ကို နယ်မြေခံအာဏာ ပိုင်တွေက ရောင်းစား လိုက်တယ်ဆိုတဲ့ တိုင်တန်းမှုတွေနဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်း အစိုးရက အရေးယူ ဆောင်ရွက်ပေးဖို့အတွက် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်က ပြီးခဲ့တဲ့ ရက်ပိုင်းက အတည်ပြုခဲ့ပါတယ်။

 

(၂၀) အစိုးရနဲ့ ပဏာမအဆင့်ဆွေးနွေးဖို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ခရီးစတင် : Source : Panglong

Friday, 24 August 2012 16:25 သျှမ်းသံတော်ဆင့်
အစိုးရရဲ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကိုယ်စားလှယ်တွေနဲ့ PNLO  တို့ ဒီကနေ့ ရက်ပိုင်းမှာ ပဏာမအဆင့် ဆွေးနွေးကြဖို့ ရှိတယ်လို့ ကြားသိရပါတယ်။ ပထမအကြိမ် ဂျူလိုင်လ နှောင်းပိုင်း တုန်းကသွားရောက်တွေ့ဆုံစဉ်က ဘာအကြောင်းတွေအဓိကထား ဆွေးနွေးခဲ့ကြသလဲ။ အခု ဒုတိယ အကြိမ်မှာကော ဘာတွေဆွေးနွေးဖို့ရှိသလဲဆိုတာသိရအောင်


(၂၁) ထိုင်းနယ်စပ်ရှိ RCSS/SSA ၏ တပ်မိသားစုနေအိမ်အား ထိုင်းတပ်မတော်ဝင်ရောက်ဖျက်ဆီး : Source : Panglong
Friday, 24 August 2012 16:21 သျှမ်းသံတော်ဆင့်
ထိုင်း - သျှမ်း နယ်စပ်အနီး ထိုင်းနိုင်ငံနယ်နမိတ်ဟု ယူဆရသည့် သျှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ်ရှိ တပ်သားမိသားစုနေအိမ်တချို့အား ထိုင်းစစ်တပ်က ဝင်ရောက်ဖျက်ဆီးလိုက်သည်ဟု လွယ်တိုင်းလျဲန်းဌာနချုပ် မှ အရာ ရှိများက ပြောပြပါသည်။

(၂၂) မြို့တွင်းရပ်ကွက်၌လည်း အစိုးရရဲများ လူ့အခွင့်အရေးချိုးဖောက်နေ : Source : Panglong
Friday, 24 August 2012 16:15 သျှမ်းသံတော်ဆင့်
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့၌ ဩဂတ်စ် ၂၀ ရက်နေ့ ကျားဖြူပါတီ တည်ထောင်ခြင်း ၂ နှစ်ပြည့် အခမ်းအနားကျင်းပ သည့်နေ့က ဒေသခံတဦး၏နေအိမ်အား အစိုးရရဲတပ်ဖွဲ့မှ ဝင်ရောက်အနုကြမ်းစီးရှာဖွေခြင်းခံရကြောင်း ဒေသတွင်းသတင်း ရပ် ကွက်ကဆိုပါသည်။

(၂၃) ငြိမ်းချမ်းရေးကိစ္စ အမတ်များ လွှတ်တော်ပြင်ပ၌တွေ့ဆုံဆွေးနွေး : Source : Panglong

Thursday, 23 August 2012 17:57 သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးကိစ္စအား လွှတ်တော်အတွင်း တင်ပြဆွေးနွေးပြီးသော်လည်း ကျေနပ်အားရမှု မရှိသောကြောင့် လွှတ်တော် အမတ်များ ပြင်ပ၌ မိတ်ဆုံထမင်းစားက ဆက်လက်နွေးခဲ့ကြသည်ဟု လွှတ်တော်အမတ်တဦးက ပြောပါသည်။

No comments:

Post a Comment