Tuesday, August 28, 2012

နေ့စဉ်မြန်မာ့အရေးဆက်စပ်သတင်းများ (သြဂုတ်လ ၂၇ရက်၊ ၂၀၁၂ခုနှစ်)


(၁) ကြေးနီစီမံကိန်း ကြောင့် မြေယာဆုံးရုံးကြ : Source : BBC

26-Aug-12
စစ်ကိုင်းတိုင်း မုံရွာမြို့ တဖက်ကမ်း၊ ဆားလင်းကြီး မြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် လယ်ယာမြေ ဆုံးရှုံးသွားကြတဲ့ ဒေသခံတွေ နဲ့ သတ္တုတူးဖေါ်ရေး ကုမ္ပဏီ ကြား အငြင်းပွား အချင်းများရာ က ပြဿနာတွေဟာ တနေ့ ထက် တနေ့ တင်းမာ လာပါတယ်။

ဆက်ဖက်ရန်---

 


(၂) လူ့အခွင့်အရေး ရှေ့နေ လိုင်စင်သိမ်းခံရ : Source : BBC
26-Aug-12
၂၀ဝ၉ခုနှစ်က စပြီး ရှေ့နေလိုက်ခွင့် လိုင်စင် ရထားတဲ့ လူ့အခွင့်အရေး ရှေ့နေ တယောက်ကို ရှေ့နေ မဖြစ်ခင်က ပြစ်မှုကျခံ ခဲ့ရဘူးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော် တရားရုံးချုပ်က ရှေ့နေလိုင်စင် ပြန်သိမ်းလိုက် ပါတယ်။

ဆက်ဖက်ရန်---

 


(၃) ရခိုင် အတွက် အင်ဒိုနီးရှား အကူညီတွေ စရောက် : Source : BBC
26-Aug-12
အင်ဒိုနီးရှား ကြက်ခြေနီ အဖွဲ့က ရခိုင် ပြည်နယ် ပဋိပက္ခကြောင့် ဒုက္ခ ရောက်ကြ ရသူတွေ အတွက် ကူညီ ထောက်ပံတဲ့ ပစ္စည်း တွေ ရန်ကုန်မြို့ကို စတင် ရောက်ရှိ နေပါပြီ။

ဆက်ဖက်ရန်---


 (၄) ဆားလင်းကြီး ကြေးနီစီမံကိန်း ပြဿနာ ပိုကြီးလာ  : Source : BBC
26-Aug-12
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အစိုးရဆီက လုပ်ပိုင်ခွင့် ရထားတဲ့ မြန်မာ့ စီပွားရေး ဦးပိုင် ကုမ္ပဏီနဲ့ တရုတ် အမျိုးသားပိုင် မြန်မာဝမ်ပေါင် ကုမ္ပဏီတို့ရဲ့ ဖက်စပ် လုပ်ငန်းခွင်မှာ ဒေသခံ ကျေးရွာ ၂၆ ရွာက လယ်ဧက ၇ ထောင်ကျော်ကို သိမ်းယူ ထားတယ် ဆိုပြီး ဒေသခံ လယ်သမားတွေနဲ့ အချင်းများနေတဲ့ ပြဿနာဟာ တနေ့ထက် တနေ့ ပိုပြီး တင်းမာလာ နေပါတယ်။

ဆက်ဖက်ရန်---


 

(၅) မြစ်ကြီးနားတက္ကသိုလ်မှာ အဓမ္မ လုပ်အားပေးခိုင်းစေ : Source : RFA

2012-08-26
ကချင်ပြည်နယ်၊ မြစ်ကြီးနား တက္ကသိုလ်က ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေဟာ သောကြာနေ့တိုင်း အဓမ္မ လုပ်အားပေး ခိုင်းစေခံနေရတယ်လို့ သိရပါတယ်။

ဆက်ဖက်ရန်---


 

(၆) ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ ရောက်မည်  : Source : RFA

2012-08-26
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာဟာ လာမယ့် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံကို ရောက်ရှိနေမှာ ဖြစ်ကြောင်း Pheu Thai ပါတီ လွှတ်တော်အမတ် တစ်ဦးက မနေ့က ထုတ်ဖော် ပြောဆိုပါတယ်။

ဆက်ဖက်ရန်---


 

(၇) သမ္မတ ဦးသိန်းစိန် ထောက်ခံ ဆန္ဒပြပွဲ မန္တလေး၌ ကျင်းပမည် : Source : Irrawaddy
26-Aug-12
ဆရာတော် ဦးဝီရသူ ခေါင်းဆောင်သည့် မန္တလေးလူထုက စက်တင်ဘာလ ၁ ရက်နေ့တွင် မန္တလေး မြို့နယ် ၆ မြို့နယ်၌ သမ္မတ ဦးသိန်းစိန်၏ ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်ပြီး ရပ်တည်ချက်ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော် သွားမည်ဟု သတင်း ရသည်။

ဆက်ဖက်ရန်---


 

 

(၈) ခုံရုံးအငြင်းပွားမှု ပြည်သူ့မျက်နှာ ကြည့်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း : Source : Irrawaddy
27-Aug-12
ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက မှားယွင်းစွာ ဆုံးဖြတ်ခဲ့သည်ဟူသော အဆိုတင်သွင်းမှုကို လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးကြရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့မျက်နှာကို ကြည့်ပြီး ညှိနှိုင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းဆွေးနွေးသွားကြောင်း သိရသည်။

ဆက်ဖက်ရန်---


 

(၉) ထိုင်း-မြန်မာ နယ်စပ်ဆွေးနွေးပွဲ ပြန်လည်စတင်မည် : Source : RFA
2012-08-26
ထိုင်း-မြန်မာ နယ်စပ်ပြဿနာ ဆွေးနွေးပွဲကို ပြန်လည်စတင်ဖို့ မြန်မာ အစိုးရဘက်က သဘောတူလိုက်ပြီလို့ ထိုင်းတာဝန်ရှိသူတွေက ထုတ်ဖော် ပြောဆိုပါတယ်။

ဆက်ဖက်ရန်---

 


(၁၀) ၈၈ မျိုးဆက် အများစု နိုင်ငံကူးလက်မှတ် ထုတ်မပေးသေး : Source : RFA
2012-08-26
၈၈ မျိုးဆက်ကျောင်းသား ဦးဆောင်သူတွေ ပြည်ပခရီးသွားလာဖို့ အတွက် နိုင်ငံကူး လက်မှတ်တွေကို အခုချိန်ထိ သက်ဆိုင်ရာက ထုတ်မပေးသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

ဆက်ဖက်ရန်---


 

(၁၁) အထည်ချုပ် လုပ်ငန်းများ အကျပ်အတည်း ကြုံ : Source : Irrawaddy
26-Aug-12
ကျွမ်းကျင် အလုပ်သမား ရှားပါးမှု၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များနှင့် အလုပ်သမားဝန်ကြီးဌာန၏ မူဝါဒ တချို့ကြောင့် အထည်ချုပ် လုပ်ငန်းရှင်များ အကျပ်အတည်းနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

ဆက်ဖက်ရန်---




(၁၂) ဧရာဝတီ ရေဘေး ကျောင်းသားသမဂ္ဂ၀င်များ ရံပုံငွေရှာ : Source : RFA
2012-08-26
ဧရာဝတီတိုင်းက ရေဘေးသင့် ပြည်သူတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ကူညီနိုင်ဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် (၅၀) လောက်က ဦးဆောင်ပြီး ဒီကနေ့ ဂီတနဲ့ ဖျော်ဖြေပြီး အလှူငွေ ကောက်ခံခဲ့ပါတယ်။

ဆက်ဖက်ရန်---

 

(၁၃) မန္တလေးတွင် ကြေးဆင်းတု လုပ်ငန်းရှင် တဦး အသတ်ခံရ : Source : Irrawaddy
26-Aug-12
မန္တလေးမြို့  ချမ်းမြသာစည် မြို့နယ် တမ္ပပ၀တီရပ် ခတ္တန်းရပ်ကွက်၌ ကြေးဆင်းတုတော် လုပ်ငန်း လုပ်ကိုင်နေသည့် ဦးတင်မောင်မြင့် ဆိုသူကို ဓားဖြင့် ထိုးသတ်ခဲ့သည့် လူသတ်မှုတခု လွန်ခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရသည်။

ဆက်ဖက်ရန်---

 

(၁၄) မိုးထိမိုးမိ ရွှေတူးဖော်ရေး အလုပ်သမား ခေါင်းဆောင်တွေ ၈၈ မျိုးဆက်ထံ အကူအညီတောင်းခံ : Source : RFA
2012-08-25
မန္တလေးတိုင်း ရမည်းသင်းမြို့နယ် မိုးထိ မိုးမိဒေသ ရွှေတူးဖော်ရေး လုပ်ငန်းခွင်က အလုပ်သမား ခေါင်းဆောင်တွေဟာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့ နယ်မှာ ဖွင့်လှစ်ထားတဲ့ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေရဲ့ ရုံးခန်းကို ဒီကနေ့ ပထမဆုံးအကြိမ် လာရောက် အကူအညီ တောင်းခံခဲ့ပါတယ်။

ဆက်ဖက်ရန်---

 

(၁၅) ဖားကန့်မြို့ပေါ်သို့ စစ်ပြေး ဒုက္ခသည်များ အဆက်မပြတ် တက်လာ : Source : Irrawaddy
27-Aug-12
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ဒေသခံများသည် အိုးအိမ်များကို စွန့်ခွာ၍ မြို့ပေါ်သို့ နေ့စဉ် အဆက်မပြတ် တက်လာနေကြကြောင်း ဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့များနှင့် အာဏာပိုင်များက ပြောသည်။

ဆက်ဖက်ရန်---

 


(၁၆) နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး သွေးလှူပွဲ ကျင်းပ : Source : RFA
2012-08-26

နိုင်ငံရေးအကျဉ်းသား ဦးရွှေထူးအပါအ၀င် ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ဖို့ ရည်စူးပြီး သွေးလှူဒါန်းပွဲ တစ်ခုကို မန္တလေးမြို့ ၅၅လမ်း၊ ၄၀-၄၁လမ်းကြား ရဲမွန်တောင်ရပ်ကွက်မှာရှိတဲ့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ မြင့်မြတ်ဧရာဝတီလူငယ် လူမှုကွန်ယက်အဖွဲ့က ဦးဆောင်ပြီး ဒီနေ့

ဆက်ဖက်ရန်---

 

 

(၁၇) အပြစ်တွေ အကုန်လုံး ပုံချမည့် အကြံ တိုင်းချစ် ပြည်ချစ် ရခိုင်အမတ်များ လက်မခံ : Source : Narinjara
27-Aug-12
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွှတ်တော်နှစ်ရပ်သို့ ပေးပို့သော သ၀ဏ်လွှာတွင် ရခိုင် အရေးအခင်းနှင့် ပတ်သက်ပြီး အချက် (၉) ချက်ကို ထည့်သွင်း ဖေါ်ပြထားခဲ့သည်။

ဆက်ဖက်ရန်---

 

 

(၁၈) သမ္မတ သ၀ဏ်လွှာပါ ရခိုင် အရေးမှတ်တမ်းအချက်အ ချို့ မတော်တဆ မှားယွင်းမှုဟုဆို : Source : DVB

Published on August 26, 2012 by ေရွှေအာင်   ·   No Comments
သမ္မတသ၀ဏ်လွှာနဲ့အတူ ေဖာ်ြပပါရှိတဲ့ ရခိုင်အေရးသတင်း မှတ်တမ်းပါ အချက် အချို့ဟာ မေတာ်တဆမှားယွင်းမှုေြကာင့် ြဖစ်တာလို့   သမ္မတရံုးအဖွဲ့ တာ၀န်ရှိသူေတွက ထုတ်ေဖာ်ေြပာဆိုလိုက်ပါတယ်။

ဆက်ဖက်ရန်---

 

 

(၁၉) တောင်ငူထောင်က နိုင်ငံရေး အကျဉ်းသားများ အတင်းအဓမ္မ အလုပ်ခိုင်းစေခံရ : Source : DVB

Published on August 27, 2012 by ေနာ်နုိရင်း   ·   No Comments
ပဲခူးတုိင်း ေတာင်ငူေထာင်မှာ အကြဥျးကခြံနေရတဲ့ နိုငျငံရေး အကြဥျးသားတှေကို ထောငျပိုငျတှေက အတင်းအဓမ္မ အလုပ်ခုိင်းေစသလုိ မလုပ်ရင် ရုိက်နှက်မယ်ဆုိြပီး ြခိမ်းေြခာက်ေနတယ်လုိ့ နုိင်ငံေရး အကျဥ်းသားေဟာင်း ကုိေကျာ်ေအာင်က ေြပာပါတယ်။

ဆက်ဖက်ရန်---

 


(၂၀)  ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်း ရခိုင်သို့ ထွက်ခွာ : Source : DVB
ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်း ရခိုင်သို့ထွက်ခွာ
27-Aug-12
ရခိုင်ပြည် လွှတ်မြှောက်ရေး ပါတီ ထွေထွေ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းသည် အဖွဲ့ဝင် (၆) ဦးနှင့် အတူ ယနေ့တွင် တက်ကနက်မြို့မှ တဆင့် မောင်တောသို့ ထွက်ခွာသွားကြောင်း သိရသည်။

ဆက်ဖက်ရန်---

 


(၂၁) ရှမ်းဒုက္ခသည်များအား အဓမ္မရွှေ့ပြောင်းခြင်းမပြုရန် ရှမ်းလူထုအဖွဲ့တိုက်တွန်း  : Source : DVB
27-Aug-12
ထိုင်းနိုင်ငံေြမာက်ပိုင်း ချင်းမိုင်ခရိုင် နယ်စပ်ေဒသမှာ ခုိလံှုေနတဲဲ့  ရှမ်းဒုက္ခသည်ေတွရဲ့ ဆန္ဒမပါဘဲ ရှမ်းြပည်နယ်ထဲ ေရွှ့ေြပာင်းေနရာမချထားဖို့ ရှမ်းလူထုအဖွဲ့အစည်းေတွ ပူးတွဲြပီး ေတာင်းဆိုလိုက်ပါတယ်။

ဆက်ဖက်ရန်---

 


(၂၂)  ပဲခူးအလုပ်သမား လယ်သမားများ နစ်နာမှုများအတွက် အကူအညီတောင်း :  Source : DVB
Published on August 27, 2012 by မိုးြမင့်ဇင်   ·   No Comments
ပဲခူးြမို့က အလုပ်သမား၊ လယ်သမား ၁၅၀ ေလာက်ဟာ ြမို့ရဲ့ နာရီစင်ပန်းြခံအနီးက အလုပ်သမား၊ လယ်သမား အခွင့်အေရး ကာကွယ် ေစာင့်ေရှာက်ေရး အဖွဲ့ရံုးခန်းကို မေန့က လာရောကျွပီး သူတို့အခကျအခဲတှေကို ကူညီပေးဖို့ တငျွပွကပါတယျ။

ဆက်ဖက်ရန်---

 

 

(၂၃) ငြိမ်းချမ်းရေးလိုရင် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မခွဲခြားဘဲ လမ်းဖွင့်ပေးပါ : Source : DVB

Published on August 27, 2012 by အေးနိုငျ   ·   No Comments
တိုင်းြပည်အတွက် ြငိမ်းချမ်းေရး လိုချင်တယ်ဆိုရင် လက်ရှိအစိုးရအေနနဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ် မခွဲြခားဘဲ လမ်းဖွင့်ေပးပါလို့ ဗမာြပည်ကွန်ြမူနစ်ပါတီ (ဗကပ) က ေြပာဆိုလိုက်ပါတယ်။

ဆက်ဖက်ရန်---

 


(၂၄) ရန်ကုန်လမ်းတွေပေါ်က နံရံဆေးမှုတ်အနုပညာ : Source : VOA
26-Aug-12

မြန်မာနိုင်ငံမှာ စာပေလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်မှုတွေ အထိုက်အလျောက် ရှိလာပြီဖြစ်ပေမဲ့လို့ မြို့ပေါ်လမ်းမတွေဘေး နံရံဆေးမှုတ် အနုပညာတွေကိုတော့ တစုံတရာ ကန့်သတ်ခံနေရဆဲ ဖြစ်တယ်လို့ လမ်းဘေး နံရံဆေးမှုတ် အနုပညာရှင်တွေက ပြောပါတယ်။ ဒါပေမဲ့လည်း ရန်ကုန်မြို့ လမ်းတွေမှာတော့ အရင်ကထက်စာရင် Graffiti

ဆက်ဖက်ရန်---

 

 

(၂၅) ရခိုင် သာသနိက အေဆာက်အဦများ ြပင်ဆင်ရန် ၉၂ သိန်းေကျာ် လှူဒါန်း : Source : DVB

Published on August 27, 2012 by ဒီဗွီဘီ   ·   No Comments
ချမ်းေြမ့ဆရာေတာ် အရှင်ဇနကာဘိ၀ံသရဲ့ သက်ေတာ် ၈၅ နှစ်ြပည့် မှေးနေ့ အထိမ်းအမှတ်အြဖစ် ရခိုင်ြပည်နယ်က သာသနိက အေဆာက်အဦေတွ ြပင်ဆင်ဖို့အတွက် ၈၈ မျိုးဆက်ေကျာင်းသားအဖွဲ့ကတဆင့် ေငွ ၉၂ သိန်းေကျာ်ကို လှူဒါန်းလိုက်ပါတယ်။

ဆက်ဖက်ရန်---

 


(၂၆) ဝန်ကြီး ကိုးဦး နေရာများ အပြောင်းအလဲလုပ် : Source : Mizzima
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ သြဂုတ်လ ၂၇ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၀၀ မိနစ်

မဇ္ဈိမသတင်းဌာန ။          ။ သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီး တနှစ်နှင့်ငါးလအကြာတွင် ပထမဆုံးအကြိမ် အစိုးရအဖွဲ့တွင်းဝန်ကြီး ကိုးဦးကို နေရာအပြောင်းအလဲလုပ်ရာ ပြန်ကြားရေးဝန်ကြီးအဖြစ် ဦးအောင်ကြည် ဖြစ်လာပြီး သမ္မတရုံး ဝန်ကြီး လေးဦးကို ထပ်မံခန့်အပ်လိုက်ကြောင်း သြဂုတ်လ ၂၇ ရက် နေ့စွဲဖြင့် သမ္မတရုံးက ထုတ်ပြန်လိုက် သည်။
ဆက်ဖက်ရန်---

 


(၂၇) ဖားကန့်တွင် KIO နှင့် အစိုးရတပ်များအကြား တိုက်ပွဲပြင်းထန်နေ : Source : Mizzima
ဖနိဒါ | တနင်္လာနေ့၊ သြဂုတ်လ ၂၇ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၀၀ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။      ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်များအကြား တိုက်ပွဲများ ပြင်းထန်လာနေ၍ မြို့ပေါ်သို့ စစ်ပြေး ဒုက္ခသည် အများအပြား ထွက်ပြေးလာနေကြသည်။
ဆက်ဖက်ရန်---

 


(၂၈) လက်နက်ကိုင် အင်အားစုများအပေါ် အစိုးရ ခွဲခြားဆက်ဆံဟု (မဒမခ) ထုတ်ပြန် : Source : KIC
27-Aug-12
ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အစိုးရအနေဖြင့် လက်နက်ကိုင်အင်အားစုများအပေါ် ခွဲခြားဆက်ဆံလျှက်ရှိသည်ဟု မြန်မပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်(မဒမခ)အဖွဲ့က ကြေညာချက်တစ်စောင် သြဂုတ်လ ၂၅ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ဆက်ဖက်ရန်---

 


(၂၉) UWSA ဖမ်း SSA-S တပ်ဖွဲ့ဝင်များ ပြန်မလွတ်သေး : Source : Mizzima
ကွန်းချမ်း | တနင်္လာနေ့၊ သြဂုတ်လ ၂၇ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၄၀ မိနစ်

စံခလပူရီ (မဇ္ဈိမ) ။      ။ ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ဖမ်းဆီးခြင်းကို ခံထားရသည့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့ဝင်များ တလခန့် ကြာပြီ ဖြစ်သော်လည်း ပြန်လည် လွတ်မြောက်လာ
ခြင်း မရှိသေးကြောင်း SSA-S က ပြောသည်။
ဆက်ဖက်ရန်---

 


(၃၀) တရုတ်နိုင်ငံရှိ လိုင်းရင်း ကချင်ဒုက္ခသည်စခန်း ထပ်မံ ရွှေ့ပြောင်းခံရ : Source : KIC
27-Aug-12
ကချင်ပြည်နယ် လွယ်ဂျယ်မြို့နှင့် မျက်နှာချင်းဆိုင် တရုတ်နိုင်ငံအတွင်းရှိ လူဦးရေ တစ်ထောင်ကျော်အခြေစိုက်သည့် လိုင်းရင်းဒုက္ခသည် စခန်းမှာ ယနေ့မနက် ၉နာရီမှစ၍ လွယ်ဂျယ်မြို့ဘက်သို့ ပြောင်းရွှေ့ခံရပြီဖြစ်သည်။

ဆက်ဖက်ရန်---



(၃၁) မြန်မာကျပ်ငွေငါးထောင်တန်အတု သိန်းတရာကျော်အား ဟိုမိန်းပြည်သူ့စစ်အဖွဲ့ဖမ်းဆီးရမိ : Source : Panglong
Monday, 27 August 2012 18:00 သျမ်းသံတော်ဆင့်
မြန်မာကျပ်ငွေ ၅ ထောင်တန်အတု သိန်းတရာကျော်အား သယ်ဆောင်ရောင်းချနေသည့် နစ်နိုင်ငံမတ်ပုံတင်ကိုင်ဆောင်သူ  အမျိုးသမီးအား ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်တဖက်ခြမ်း သျမ်းပြည်တောင်ပိုင်း ဟိုမိန်းမြို့နယ်ခွဲ၌ ဖမ်းမိကြောင်း နယ်စပ် သတင်းရပ်ကွက် ကဆိုပါသည်။

ဆက်ဖက်ရန်---

 


(၃၂) အပစ်ရပ် SSPP ၏ လူဟုဆိုကာ ဒေသခံအား အစိုးရတပ်ဖမ်းဆီးချုပ်နှောင် : Source : Panglong
Monday, 27 August 2012 17:58 သျှမ်းသံတော်ဆင့်
သျှမ်းပြည်မြောက်ပိုင်း နမ္မတူ မြို့နယ်၌ လက်ကိုင်ဖုန်းကိုင်ဆောင်သူ လူငယ်နှစ်ဦးအား သျှမ်းပြည်တပ်မတော် SSPP/SSA ၏ အမာခံလူဟု ဆိုကာ ဖမ်းဆီးရိုက်နှက် အချုပ်ခန်းပို့လိုက်ကြောင်းဒေသခံများ ပြောပြချက်အရ သိရပါသည်။

ဆက်ဖက်ရန်---

 

 

(၃၃) သျှမ်းပြည် (မြောက်ပိုင်း) ကျေးလက်လူသတ်မှု ရဲအရေးမယူ : Source : Panglong

Monday, 27 August 2012 17:53 သျှမ်းသံတော်ဆင့်
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာတွင် ယခုလ ၂၃ ရက်နေ့ ၁၀ နာရီခန့်က အေစိုင်း ဆိုသူ လူငယ်တစ်ဦး အသတ်ခံခဲ့ရပြီး ၄င်းအမှုအား မိုင်းဝီး ရဲစခန်း၌ အမှုဖွင့် တိုင်ကြားထားသော်လည်း အရေးယူဆောင် ရွက်ပေးခြင်းမရှိကြောင်း သိရသည်။

ဆက်ဖက်ရန်---

No comments:

Post a Comment