(၁)
ထိုင်းမြန်မာ နယ်စပ် ရေကြီး : Source : BBC
10-Aug-12
ထိုင်းနဲ့မြန်မာ
နှစ်နိုင်ငံမှာ မိုးဆက်တိုက် ရွာပြီး၊ သောင်ရင်းမြစ်နဲ့ သံလွင်မြစ်တွေ ရေလျှံလို့
နယ်စပ်က မြ၀တီနဲ့ ကရင်ပြည်နယ် မြို့တော် ဘားအံမြို့ပေါ် ရပ်ကွက်တွေမှာ ရေကြီးနေ
ပါတယ်။
(၂) လူ့အခွင့်အရေး
ကိုယ်စားလှယ် ကင်တားနားနေရာကို လူစားထိုးပေးဖို့ နိုင်ငံရေးပါတီ ၂၄ ခုတောင်းဆို :
Source : RFA
2012-08-10
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်
မစ္စတာ သောမတ် အိုဟေး ကင်တားနားရဲ့ နေရာကို အခြားသူတစ်ဦးနဲ့ အစားထိုးပေးဖို့
နိုင်ငံရေးပါတီ ၂၄ ခု ခေါင်းဆောင်တွေက ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ် မစ္စတာ
ဗီဂျေး နမ်ဘီယားရဲ့ နိုင်ငံရေးအကြံပေး Mrs. Marianne Hagen နဲ့ ဒီကနေ့ တွေ့ဆုံစဉ်
တိုက်တွန်း ပြောကြားလိုက်ပါတယ်။
(၃) အစ္စလာမ်မစ် ကာကွယ်ရေးတပ်ဦး ဗုဒ္ဓဘာသာ ဘုရားကျောင်း ၂ ခုကို တိုက်ခိုက်
: Source : RFA
2012-08-10
မြန်မာနိုင်ငံ
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိက္ခတွေအတွင်း ရိုဟင်ဂျာတွေ အသတ်ခံရတဲ့အပေါ်
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီ ပြည်နယ် မခါဆာမြို့မှာ မနေ့က ဆန့်ကျင် ဆန္ဒပြကြရာက
ဗုဒ္ဓဘာသာ ဘုရားကျောင်း ၂ ခုကို တိုက်ခိုက်ခဲ့ကြပါတယ်။
(၄) ရခိုင်ပြည်နယ်ကို
လာရောက်ကြည့်ရှုဖို့ OIC အဖွဲ့ကိုဖိတ်ခေါ် : Source : RFA
2012-08-10
ရခိုင်ပြည်နယ်ကို
လာရောက်ကြည့်ရှုဖို့ ကမ္ဘာ့အကြီးဆုံး မူဆလင်အဖွဲ့ဖြစ်တဲ့ OIC အစ္စလာမ် ပူးပေါင်း
ဆောင်ရွက်ရေး အဖွဲ့ကို မြန်မာနိုင်ငံက ဖိတ်ခေါ်ထားပါတယ်။
(၅) ရိုဟင်ဂျာ
ဒုက္ခသည်တွေကို လက်ခံဖို့ အင်ဒိုနီးရှားကို HRW ကပြောကြား : Source : RFA
2012-08-10
အကြမ်းဖက်မှုတွေ ပြီးဆုံးသွားပေမဲ့
ရခိုင်ပြည်နယ် အခြေအနေဟာ ပိုကောင်းမလာဘဲ တင်းမာမှု မြင့်မားနေပြီး အချိန်မရွေး
အကြမ်းဖက်မှု ပေါ်ပေါက်လာနိုင်လို့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေ အင်ဒိုနီးရှားကို
ရောက်လာဖွယ်ရာရှိကြောင်း၊ အင်ဒိုနီးရှား အနေနဲ့လည်း ရိုဟင်ဂျာ ဒုက္ခသည်တွေကို
လက်ခံပေးဖို့ တာဝန်ရှိကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့
(၆) တက္ကသိုလ် ဆရာ
ဆရာမများအသင်း ပေါ်ပေါက်လာပြီ : Source : RFA
2012-08-10
၁၉၆၂ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ
တက္ကသိုလ် ဆရာ ဆရာမများအသင်းကို အသင်းဝင် ဦးရေ (၅၀၀)ကျော်နဲ့ ရန်ကုန်မြို့
တော်ဝင်နှင်းဆီ ခန်းမမှာ ဒီကနေ့ စတင် ဖွဲ့စည်းလိုက်ပါတယ်။
(၇) အကျင့်ပျက်
တရားသူကြီးတွေကို ဖယ်ရှားဖို့ သူရ ဦးအောင်ကိုတင်ပြ : Source : RFA
2012-08-10
မြန်မာနိုင်ငံ တရားရေးမဏ္ဍိုင်နဲ့ ပြည်သူလူထု ရပိုင်ခွင့်တွေနဲ့
ပတ်သက်ပြီး တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကိုက
ပြည်သူ့လွှတ်တော်ကို ဒီကနေ့ အစီရင်ခံစာတစ်စောင် တင်ပြခဲ့ပါတယ်။
(၈) အဖွဲ့ဝင်တွေ ကြိုမသိလိုက်ရတဲ့
စာနယ်ဇင်းကောင်စီ : Source : VOA
10-Aug-12
မြန်မာအစိုးရက
အသစ်ဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ နိုင်ငံပိုင် သတင်းစာတွေမှာ
ထုတ်ပြန်ကြေညာလိုက်တဲ့ မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်း ကောင်စီဟာ သတင်း
စာနယ်ဇင်းလောက အားလုံးကို ကိုယ်စားပြု ဖွဲ့ခြင်းမဟုတ်တဲ့အတွက် ဒီအဖွဲ့ စတင်
ဖြစ်ပေါ်လာပုံနဲ့ လုပ်ငန်းစဉ်တွေအပေါ် စာနယ်ဇင်းသမားတွေက မေးခွန်းထုတ်လိုက်ကြပါတယ်။
တကယ်တော့ ဒီကောင်စီထဲမှာ
(၉) တရားဥပဒေရေးရာ ကော်မတီဝင်များမိတ်ဆက်ပွဲပြုလုပ်
: Source : DVB
Published on August 9, 2012 by ေရွှေအာင် · No
Comments
ေဒါ်ေအာင်ဆန်းစုြကည် ဥက္ကဋ္ဌအြဖစ် တာ၀န်ယူေဆာင်ရွက်မယ့်
တရားဥပေဒေရးရာ ေကာ်မတီမှာ ပါ၀င်ြကတဲ့ ေကာ်မတီ၀င်ေတွနဲ့ မိတ်ဆက်ေတွ့ဆံုပွဲတခု
ဒီေန့မနက်ပိုင်းမှာ ြပုလုပ်ခဲ့ပါတယ်။
(၁၀) မတူပီမြို့တွင်လျှပ်စစ်မီးရရှိမှုအနည်းငယ်တိုးတက်လာ
: Source : Khonumthung
10-Aug-12
ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ ပေါ်တွင်
လျှပ်စစ်မီးပုံမှန်ရရှိရေးလှုပ်ရှားပြီးနောက်ပိုင် မြို့  တွင်းလျှပ်စစ်မီးရရှိမှု
အနည်းငယ် တိုးတက်မှုရှိလာကြောင်း သိရသည်။
(၁၁) ခိုနုမ်းစုမ်ပြည်သူ့အကျိုးဆောင်အဖွဲ့မှ
ဌာနဆိုင်ရာလုပ်ရပ်များ ကို ပြည်နယ် ၀န်ကြီးချုပ်ထံ တင်ပြ : Source : Khonumthung
10-Aug-12
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် အခြေစိုက်
ခိုနုမ်းစုန်ခေါ် ပြည်သူအ ကျိုးဆောင်အဖွဲ့က မြို့နယ်အတွင်း ဌာနဆိုင်ရာ အသီးသီးမှ
မတရားသော လုပ်ငန်းဆောင် ရွက်မှု
ဖြေရှင်းပေးပါရန် ပြည်နယ် ၀န်ကြီး ချုပ် ထံ သြဂုတ်လ ပထ မ ပတ်အတွင်း တင်ပြကြ
သည်ဟု သိရ သည်။
(၁၂) ချင်းပြည်နယ် အစိုးရက
အရက်တရားဝင် ရောင်းဝယ်ခွင့်ပြု : Source : Khonumthung
10-Aug-12
ချင်းပြည်နယ်အစိုးရခွင့်ပြုချက်အရ
ချင်းပြည်နယ် မြို့ နယ်တိုင်းတွင် အရက် ရောင်း ခွင့်လိုင်စင်ဖြင့် အရက်တရား ၀င်
ရောင်း ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
(၁၃) တူရကီနိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ်
ဒုက္ခသည်တွေနဲ့ တွေ့ဆုံလှူဒါန်း : Source : RFA
2012-08-10
တူရကီ နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ ဒီကနေ့
ရခိုင်ပြည်နယ်ကို ရောက်ရှိပြီး ဒုက္ခသည် စခန်းတချို့ကို သွားရောက် လေ့လာခဲ့ပါတယ်။
(၁၄) အာဏာပိုင်က ခွင့်မပြုသဖြင့်
နိုင်ငံခြားသားတစု ဓမ္မာရုံတွင် တည်းလိုက်ရ : Source : Irrawaddy
10-Aug-12
ခရီးသွား လုပ်ငန်းသည် နိုင်ငံ၏ အကျိုးစီးပွားဟု အစိုးရက
ဆိုသော်လည်း စက်ဘီးစီး ကမ္ဘာလှည့် ခရီးသွား မိသားတစုကို မန္တလေးတိုင်း
တံတားဦးမြို့ရှိ တည်းခိုခန်းတွင် တည်းခိုခြင်းမပြုရန် အာဏာပိုင်များက
တားမြစ်ခဲ့သဖြင့် ရပ်ကွက် ဓမ္မာရုံက လက်ခံ တည်းခိုခွင့် ပေးလိုက်ရကြောင်း
သတင်းရသည်။
(၁၅) သယံဇာတ အကျိုးစီးပွား
ခွဲဝေရေး အဆို ဆွေးနွေးရန် သဘောတူ : Source : Irrawaddy
10-Aug-12
ပြည်နယ်၊ တိုင်းဒေသကြီးများမှ ထွက်ရှိသည့် စီးပွားရေး အကျိုးအမြတ်
ရလဒ်များကို ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအားလုံး တပြေးညီ ခွဲဝေပေးသင့်သည်ဟူသော ပြည်ထောင်စု
အစိုးရကို တိုက်တွန်းသည့်အဆို ဆွေးနွေးရန် လွှတ်တော်က သဘောတူ ကြောင်း သိရသည်။
(၁၆) ကချင်အာဇာနည်နေ့
လိုင်ဇာတွင် ကျင်းပ : Source : Mizzima
ဖနိဒါ | သောကြာနေ့၊ သြဂုတ်လ ၁၀ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၄
မိနစ်
ချင်းမိုင်(မဇ္စျိမ) ။
။ ကချင်တော်လှန်ရေးအတွင်း ကျဆုံးသွားသော ကချင်လွတ်လပ်ရေး အဖွဲ့ KIO
ခေါင်းဆောင် များနှင့် ရဲဘော်များအား ဂုဏ်ပြုသောအားဖြင့် သြဂုတ်လ ၁ဝ ရက်နေ့တွင်
ကျရောက်သော ၃၇ နှစ်မြောက် ကချင် အာဇာနည်နေ့တွင် ကချင်အားလုံး စည်းလုံးကြရန် KIO
ဥက္ကဋ္ဌ ဦးဇောင်းဟရား က တိုက်တွန်းပြောဆိုလိုက်သည်။
(၁၇)
ကချင်အကျဉ်းသား ဦးဘရန်ရှောင် ချောင်းဆိုးသွေးပါ ဖြစ်နေဟုဆို : Source : Mizzima
ဖနိဒါ | သောကြာနေ့၊ သြဂုတ်လ ၁၀ ရက်
၂၀၁၂ ခုနှစ် ၂၀ နာရီ ၃၀ မိနစ်
ချင်းမိုင်(မဇ္စျိမ)
။ ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဝန်ထမ်းဟု
စွပ်စွဲခံရ၍ တရားရင်ဆိုင်နေရသူ ဦးလထော် ဘရန်ရှောင်မှာ ချောင်းဆိုးသွေးပါ
ဖြစ်နေသဖြင့် ကျန်းမာရေး ကုသရန် လိုအပ်နေသည်ဟု သောကြာနေ့ ရုံးချိန်းတွင်
တွေ့ဆုံခဲ့သည် ဂျန်မိုင်ကောင်း အသင်းတော်မှ ဓမ္မဆရာ ဦးအောင်မြတ် က ပြောသည်။
ဆက်ဖက်ရန်---
တွေ့ဆုံခဲ့သည် ဂျန်မိုင်ကောင်း အသင်းတော်မှ ဓမ္မဆရာ ဦးအောင်မြတ် က ပြောသည်။
ဆက်ဖက်ရန်---
(၁၈)
မိုးထိမိုးမိ ရွှေလုပ်သားများ လျော်ကြေး အပြည့်မရကြသေး : Source : Mizzima
ကွန်းချမ်း | သောကြာနေ့၊ သြဂုတ်လ ၁၀
ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၁၃ မိနစ်
စံခလပူရီ (မဇ္ဈိမ)
။ ။ မန္တလေးတိုင်း၊ ရမည်းသင်းခရိုင် မိုးထိမိုးမိ
ရွှေတောမှ အမျိုးသား ကြီးပွားတိုးတက်ရေး အုပ်စုကုမ္ပဏီနှင့် ရွှေတွင်းလုပ်သားများ
နှစ်ဦးသဘောတူ စာချုပ် ချုပ်ဆိုထားသည့်အတိုင်း လုပ်သားများအား ကုမ္ပဏီဘက်မှ
နစ်နာကြေးနှင့် လျော်ကြေးများကို အလုံးစုံ ပေးလျော်ခြင်း မရှိသေးကြောင်း အလုပ်သမား
ကိုယ်စားလှယ်က ပြောသည်။
ဆက်ဖက်ရန်---
ဆက်ဖက်ရန်---
(၁၉) ညမထွက်ရအမိန့် ကျောက်တော်၊ မင်းပြား၊
မြောက်ဦးမြို့များ ထပ်တိုး :
Source : Mizzima
အေးကျော့ခိုင် | သောကြာနေ့၊ သြဂုတ်လ
၁၀ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၄၉ မိနစ်
ရန်ကုန် (မဇ္ဈိမ)
။ ။ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်အတွင်းရှိ
ကျောက်တော်၊ မင်းပြား၊ မြောက်ဦး မြို့များကို ဗုဒ္ဓဟူးနေ့မှ စ၍ ညမထွက်ရ
ကာဖျူးအမိန့် ထုတ်ပြန်ထားသည်ဟု ကျောက်တော် အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းတဦးက
မဇ္ဈိမကို ပြောသည်။
ဆက်ဖက်ရန်---
ဆက်ဖက်ရန်---
No comments:
Post a Comment