Sunday, August 19, 2012

နေ့စဉ်မြန်မာ့အရေး ဆက်စပ်သတင်းများ (သြဂုတ်လ ၁၈ရက်၊ ၂၀၁၂ခုနှစ်)


(၁) ရခိုင်ပြည်နယ် ပဋိပက္ခဖြေရှင်းရေး အင်ဒိုနီးရှားအစိုးရ အထူးကိုယ်စားလှယ် ခန့်အပ်ဖွယ်ရှိ : Source : RFA
2012-08-17
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခတွေ ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရက အထူးကိုယ်စားလှယ် တစ်ယောက် ခန့်အပ်ဖွယ်ရှိကြောင်း ဂျကာတာပို့စ် သတင်းစာက ဖော်ပြပါတယ်။

(၂) ၀ါဝါ၀င်းကုမ္ပဏီနဲ့ လယ်သမား ၆၁ ဦး တွေ့ဆုံညှိနှိုင်း  : Source : RFA
2012-08-17
ဝါ၀ါဝင်းကုမ္ပဏီနဲ့ လှိုင်သာယာမြို့နယ်အတွင်း လယ်ယာမြေတွေ သိမ်းယူခံထားရတဲ့ အတွင်းပဒံ၊ အပြင်ပဒံကျေးရွာတွေက လယ်သမား ၆၁ ဦးတို့ဟာ လျော်ကြေးငွေ ရရှိရေးနဲ့ ပတ်သက်လို့ ဒုတိယ အကြိမ်မြောက်အဖြစ် လှိုင်သာယာမြို့နယ် ကျွန်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ မနေ့က တွေ့ဆုံ ညှိနှိုင်းခဲ့ကြပါတယ်။

(၃) မိုးထိ မိုးမိရွှေလုပ်သားအရေး ILO ကိုတိုင်ကြား  : Source : RFA
2012-08-17
ရမည်းသင်းခရိုင်၊ မိုးထိ မိုးမိတောင် ရွှေတူးဖော်ရေး လုပ်ငန်းမှာ အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီနဲ့ ရွှေလုပ်သားတွေအကြား သဘောတူထားတဲ့ စာချုပ်ပါ အချက်တွေကို ကုမ္ပဏီဘက်က ဖောက်ဖျက်တဲ့အတွက် ရွှေလုပ်သား ကိုယ်စားလှယ်အဖွဲ့ ဟာ ရန်ကုန်မြို့က အိုင်အယ်လ်အို နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်ကို ဒီကနေ့
(၄) ပဲခူးတိုင်းအတွင်း လယ်-ဆည်ဝန်ကြီးဌာနမှ မျိုးစပါး အခမဲ့ဖြန့်ဖြူးမည် : Source : RFA
2012-08-17
ပဲခူးတိုင်းဒေသကြီးအစိုးရ လယ်ယာနဲ့ဆည်မြောင်း ၀န်ကြီး ဦးတင်စိုးဟာ ဒီကနေ့ နေ့လည်မှာ သနပ်ပင်၊ ဝေါ၊ က၀ မြို့နယ်တွေ အတွင်းက လယ်သမားတွေနဲ့ သွားရောက် တွေ့ဆုံပြီး ရေမြှုပ်သွားတဲ့ လယ်တွေအတွက် လိုအပ်တဲ့ မျိုးစပါးအားလုံးကို လယ်-ဆည်ဝန်ကြီးဌာနက အခမဲ့ ဖြန့်ဖြူးသွားမယ်လို့ ပြောခဲ့ပါတယ်။

(၅) FMI City ဆောက်လုပ်ရေး လုပ်သားဟောင်းတွေ ဆန္ဒပြ : Source : RFA
2012-08-17
လှိုင်သာယာမြို့နယ် FMI City ပဒေသာပင်မြို့တော် အလုပ်သမား စံပြနေအိမ်စုက ဆောက်လုပ်ရေး လုပ်သားဟောင်းတွေဟာ သူတို့ နေထိုင်မှုဘဝ မြှင့်တင်ပေးဖို့နဲ့ အခက်အခဲတွေ ဖြေရှင်းပေးဖို့ ရန်ကုန်မြို့ ဘုရင့်နောင်တံတားအနီးမှာ ဒီနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

(၆) Visa ကုမ္ပဏီ မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံဖို့ စီစဉ်နေ : Source : RFA
2012-08-17
အကြွေးစနစ်အပြင် ဘဏ်လုပ်ငန်း ၀န်ဆောင်မှုပေးနေတဲ့ နိုင်ငံတကာ ဘဏ်လုပ်ငန်း Visa ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

(၇) တရုတ် စီးပွားရေးလုပ်ငန်းရှင်နှင့် ပညာရှင်များ မြန်မာ့လူမှုအသိုင်းအဝိုင်းနှင့်တွေ့ဆုံ : Source : RFA
2012-08-17
တရုတ်စီးပွားရေး လုပ်ငန်းရှင်များ၊ ပညာရှင်တချို့နဲ့ မန္တလေးအခြေစိုက် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို မန္တလေးမြို့ မြစ်ဖျားဧရာ ဟော်တယ်မှာ ဒီကနေ့ မနက်က ပြုလုပ်ခဲ့ပါတယ်။


(၈) ရခိုင်အရေး ကော်မရှင် ဖွဲ့စည်းမှု ဘန်ကီမွန်းကြိုဆို : Source : VOA
17-Aug-12
သမ္မတဦးသိန်းစိန်က ရခိုင်ပြည်နယ် ပဋိပက္ခအရေး  အဖွဲ့ဝင် ၂၇ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်း တာဝန် ပေးအပ်လိုက်တဲ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပါ တယ်။

(၉) မြစ်ဝကျွန်းပေါ်ဒေသ ရေ ကြီးမှု ထူးကဲဒီရေတက်နိုင် : Source : VOA
17-Aug-12
မကြုံစဖူး ဧရာဝတီမြစ်ရေတက်လာတဲ့အတွက် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်က မြို့နယ်တော်တော် များများမှာ ရေလွှမ်းမိုးမှုဒဏ် ခံနေရပါတယ်။

(၁၀) စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့မှု ကင်တားနား ကြိုဆို : Source : BBC
17-Aug-12
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး မြန်မာသမ္မတက စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းတာကို ကြိုဆိုကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးအကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားက ပြောပါတယ်။
(၁၁) မူဆလင် ဘာသာဝင်တွေ ဆန္ဒပြရာမှအကြမ်းဖက်မှုဖြစ်ပွား : Source : RFA
2012-08-17
မြန်မာနိုင်ငံနဲ့ အာသံပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံ အတ်တာပရာဒက်ရှ် ပြည်နယ် မြို့တော် Lucknow မှာ မနေ့က မူဆလင် ဘာသာဝင်တွေက ဆန္ဒပြခဲ့ကြရာမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

 

(၁၂) ဆန်စပါး အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့ ဖွဲ့စည်း : Source : BBC

17-Aug-12
ဧရာဝတီတိုင်းမှာ ရေကြီး ရေလွှမ်းခဲ့လို့ လယ်ဧက သိန်းနဲ့ ချီ ရေမြုပ်ခဲ့ပြီး၊ ဆန်စပါး အခက်အခဲ ကြုံတွေ့ နိုင်တာကြောင့် အရေးပေါ် ကယ်ဆယ်ရေး EERT အဖွဲ့ကို ဆန်စပါး လုပ်ငန်းရှင်တွေ ဦးဆောင် ဖွဲ့စည်းခဲ့ပါတယ်။

(၁၃) လိုင်စင် အသိမ်းခံ ရှေ့နေအချို့ အမှုလိုက်ခွင့် ပြန်လည်ရရှိ : Source : Mizzima
ဖနိဒါ | သောကြာနေ့၊ သြဂုတ်လ ၁၇ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၃၂ မိနစ်
ချင်းမိုင်(မဇ္စျိမ) ။        ။ နိုင်ငံရေး လှုပ်ရှားသူများအတွက် အကျိုးဆောင်ပေးခဲ့၍ လည်းကောင်း၊ ကိုယ်တိုင် တက်ကြွစွာ
နိုင်ငံရေးလှုပ်ရှား၍ လည်းကောင်း လိုင်စင်ရုပ်သိမ်းခံထားရသော ရှေ့နေများအနက် ရှေ့နေ ငါးဦးကို နေပြည်တော် တရားလွှတ်တော်ချုပ်မှ လိုင်စင် ပြန်လည် ထုတ်ပေးလိုက်သည်ဟု လိုင်စင်ပြန်လည် ရရှိသွားသူ ရှေ့နေ ဦးအေးမြင့် က

(၁၄) ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပြီး : Source : Mizzima
မြတ်ကျော်သူ | စနေနေ့၊ သြဂုတ်လ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၃၅ မိနစ်
ရန်ကုန် (မဇ္ဈိမ)။   ။ အခက်အခဲများကြားမှ ကျောင်းသားများ၏ အရေးအရာကို ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန် ကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂကို ကျောင်းသား ၃၇ ဦးဖြင့် သောကြာနေ့က ဖွဲ့စည်းလိုက်ကြကြောင်း သမဂ္ဂဖြစ်မြောက်ရေး ဦးဆောင်လှုပ်ရှားသူများက ပြောသည်။
ဆက်ဖက်ရန်---

(၁၅) ရန်ကုန်-ပုသိမ် ကားလမ်းပိုင်းတခု ရေလွှမ်း၍ ညအချိန် ပိတ် : Source : Mizzima
တင်ဇာအောင် | သောကြာနေ့၊ သြဂုတ်လ ၁၇ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၀ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။        ။ ရန်ကုန်-ပုသိမ် အဝေးပြေး လမ်းပိုင်းတခုပေါ် ရေလွှမ်းနေ၍ ညအချိန် မော်တော်ယာဉ်
ဖြတ်သန်းခွင့် ခေတ္တပိတ်ထားကြောင်း ဒဂုံဧရာ အဝေးပြေးကား ဂိတ်မှ တာဝန်ရှိသူများက ပြောသည်။
ဆက်ဖက်ရန်---

(၁၆) စတုတ္ထမြောက် ကေအဲန်ယူ ဆက်ဆံရေးရုံး ဖွင့်ပွဲ လူပရိဿတ် ၆၀၀နီးပါး တက်ရောက် : Source : KIC
17-Aug-12
ကရင်ပြည်နယ်၊ မြ၀တီမြို့ အမှတ်(၃)ရပ်ကွက်၊ သီရိမင်္ဂလာလမ်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ကရင်အမျိုးသားလွတ် မြောက်ရေး-KNLA တပ်မဟာ(၆)နှင့် တပ်မဟာ(၇) ဆက်ဆံရေးရုံးကို ယနေ့မနက်ပိုင်းက ဖွင့်လှစ်ခဲ့ရာ လူပရိဿတ် ၆၀၀နီးပါး တက် ရောက်ခဲ့ကြသည်။

No comments:

Post a Comment