Tuesday, August 14, 2012

နေ့စဉ်မြန်မာ့အရေးဆက်စပ်သတင်းများ (သြဂုတ်လ ၁၃ရက်၊ ၂၀၁၂ခုနှစ်)

(၁) KIO နဲ့ ဆက်သွယ်မှု ပုဒ်မတပ်ဖမ်းဆီးခံရသူ ၇၀ ကျော်ရှိ : Source : RFA
2012-08-12
ကချင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ ဒီကနေ့ ထိ KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အဆက်အသွယ် ရှိတယ်ဆိုပြီး မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ဖမ်းဆီးခံထားရသူ အယောက် (၇၀) ကျော်ရှိနေပြီလို့ ပြည်နယ်တရားရုံးနဲ့ နီးစပ်သူတွေထံက စုံစမ်းသိရပါတယ်။


(၂) ၈၈ မျိုးဆက် မြိုင်မြို့နယ်မှာ လူထုစည်းဝေးပွဲ ကျင်းပ : Source : RFA
2012-08-12
ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ မနေ့က ပခုက္ကူခရီးစဉ်မှာ ၂၀၀၇ ရွှေဝါရောင် သံဃာ့ တော်လှန်ရေး စတင်ချိန်က အရေးပါခဲ့တဲ့ အလယ်တိုက် ဘုန်းတော်ကြီးကျောင်းကို သွားရောက်ခဲ့ပါတယ်။ အဲဒီနောက် မြိုင်မြို့နယ်မှာ လူထုစည်းဝေးပွဲ ကျင်းပခဲ့တယ်လို့ ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက ပြောပါတယ်။


(၃) ကိုင်းတန်းညဈေး ဆန္ဒပြပွဲ ဦးဆောင်သူ ၃ ဦး ဆူပူလှုံ့ဆော်မှုနှင့် စစ်ဆေးမည် : Source : RFA
2012-08-12
အခုလ (၆) ရက်နေ့ ညက မန္တလေးမြို့ ကိုင်းတန်းညဈေး ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ကိုအေးသိန်းအပါအ၀င် အဖမ်းခံခဲ့ရသူ (၃) ဦးကို ဒီကနေ့ သြဂုတ်လ (၁၃) ရက်နေ့မှာ ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ တရားရုံးမှာ စတင်စစ်ဆေးမှာ ဖြစ်တယ်လို့ အဲဒီအမှုအတွက် လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးမြင့်သွင်က RFA ကို ပြောပါတယ်။

(၄) လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဦးတည်ချက် အသစ်တစ်ခု ထပ်မံတိုးချဲ့ : Source : RFA
2012-08-12
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အထူးအစည်းဝေးက မူလရှိပြီးသား နိုင်ငံရေး ဦးတည်ချက်တွေအပြင် အစဉ် ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်း တည်ဆောက်ရေးဆိုတဲ့ ဦးတည်ချက် အသစ်တစ်ခုကို ထပ်မံတိုးချဲ့လိုက်တယ်လို့ သိရပါတယ်။


(၅) မောင်တောမြို့နယ် သင်ထောက်ကူ ပစ္စည်းအတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ လုပ်မည် : Source : RFA
2012-08-12
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး ပဋိပက္ခ တွေကြောင့် ပျက်စီးခဲ့ရတဲ့ စာသင်ကျောင်းတွေ ပြန်လည် ဆောက်လုပ်နိုင်ဖို့ အတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ တစ်ခုကို သြဂုတ် ၁၉ ရက်နေ့ ည ၆ နာရီကနေ ည ၁၁ နာရီထိ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်မယ်လို့ ရခိုင်အမျိုးသား ကွန်ရက်က ဦးတင်ထူးအောင်က RFA ကို ပြောပါတယ်။


(၆) မြိတ်ခရိုင် တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းမှု အာဏာပိုင်များ လိုက်လံစုံစမ်း : Source : RFA
2012-08-12
တနင်္သာရီတိုင်း မြိတ်ခရိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို သြဂုတ်လ ၁၁ ရက်နေ့က ဖွဲ့စည်းခဲ့ပြီးနောက် ဒီကနေ့ တနင်္ဂနွေနေ့ မနက်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ကျောင်းသား ခေါင်းဆောင်တွေကို လိုက်လံစစ်ဆေး မေးမြန်းနေတယ်လို့ သိရပါတယ်။


(၇) အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ တောင်ကြီးမှာ ကျင်းပ : Source : RFA
2012-08-12
ဒီကနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (International Youth Day) အခမ်းအနားကို ရှမ်းပြည်နယ် တောင်ပိုင်းက လူငယ် အဖွဲ့အစည်းတွေ စုပေါင်းပြီး ဒီကနေ့ တောင်ကြီးမြို့မှာ ရှိတဲ့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုခန်းမမှာ တရားဝင် ကျင်းပခွင့်ရခဲ့တယ်လို့ သိရပါတယ်။


(၈) (၆၂) နှစ်မြောက် ကရင့်အာဇာနည်နေ့ ယခင် ဒီကေဘီအေ ဦးဆောင် ကျင်းပ : Source : RFA
2012-08-12
ဒီကနေ့ကျရောက်တဲ့ (၆၂) နှစ်မြောက် ကရင့်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကရင်ပြည်နယ် အတွင်းမှာ ယခင် ဒီကေဘီအေ နဲ့ ကလိုထူးဘော ကရင်အစည်းအရုံး (KKO) အဖွဲ့က ဦးဆောင် ကျင်းပခဲ့ပြီး ဒေသခံ ကရင်တိုင်းရင်းသား (၂၀၀၀) ကျော် တက်ရောက်တယ်လို့ သိရပါတယ်။

(၉) ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန် ၃ ကြိမ်မြောက် တွေ့ကြပြီ : Soure : Moemaka
12-Aug-12
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဦးသိန်းစိန်နှင့် ယနေ့တွေ့ဆုံခဲ့သည်။တနှစ်တာအတွင်း ၃ ကြိမ်မြောက် တွေ့ဆုံ စကားပြောကြခြင်း ဖြစ်သည်။

(၁၀) သတင်းစာဆရာအသင်းကို ပြန်ကြားရေး ဝန်ကြီး ခေါ်တွေ့ : Source : BBC
12-Aug-12
မြန်မာနိုင်ငံမှာ အစိုးရရဲ့ အမြုတေ စာနယ်ဇင်း ကောင်စီနဲ့ အပြိုင်ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်းက အဖွဲ့ဝင်တွေကို ပြည်ထောင်စု ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက တနင်္ဂနွေနေ့က ခေါ်ယူ တွေ့ဆုံခဲ့ပါတယ်။


(၁၁) ၆၂ နှစ်မြောက် ကရင့်အာဇာနည်နေ့ ကျင်းပ : Source : BBC
12-Aug-12
မြန်မာနိုင်ငံက လက်ရှိအစိုးရဟာ၊ ပြည်တွင်း ငြိမ်းချမ်းရေးကို အမှန်တကယ် လိုချင်တယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ရဲ့ စစ်ဦးစီးချုပ်က ဒီနေ့ ကျရောက်တဲ့ ၆၂ နှစ်မြောက် ကရင့် အာဇာနည်နေ့ အခမ်း အနားမှာ ပြောကြား လိုက်ပါတယ်။


(၁၂) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေးနွေး : Source : BBC
11-Aug-12
မြန်မာအစိုးရနဲ့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေနဲ့ အပစ်ရပ်ရေး ဆွေးနွေးနေဆဲ အဖွဲ့တွေ စုပေါင်းပြီး ထိုင်းနိုင်ငံမှာ အလုပ်ရုံ ဆွေးနွေးပွဲ တခု ကျင်းပခဲ့ ပါတယ်။

 
(၁၃) “ကလေးလုပ်သား မတင်နီလာအေးအမှု အေးစက်နေဆဲ” : Source : Moemaka
13-Aug-12
မတင်နီလာအေး(၁၄)နှစ် အနှိပ်စက်ခံရလို့ အမှုဖွင့်တိုင်ကြားခဲ့တာ တစ်လကျော်ခဲ့ပြီ ဖြစ်ပါတယ်။   စာရေးသူက စာနယ်ဇင်းသမားတွေနှင့် တွေ့ဆုံပေးပြီး ကလေးလုပ်သား မတင်နီလာအေးအမှု အများသိအောင် သတင်းပေးခဲ့တာ

(၁၄) သတင်းစာဆရာအသင်း ပေါ်ထွက်လာပြီ : Source : RFA
2012-08-11
မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းကို နှစ် (၅၀) အတွင်း ပထမဆုံးအကြိမ် လွှတ်လပ်စွာ ဒီကနေ့ ဖွဲ့စည်းထူထောင် လိုက်ပါတယ်။


(၁၅) လယ်သိမ်းမခံရစေရန် ကရင်နီတောင်သူ ၇၀၀ကျော် ဆုတောင်းပွဲပြုလုပ် : Source : KIC
12-Aug-12
ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နယ် အရှေ့မြောက်ဘက်ဒေသတွင် တည်ဆောက်မည့် ဘိလပ်မြေစက်ရုံအတွက် လယ်ယာမြေ အသိမ်းခံရဖွယ်ရှိသည့် ကျေးရွာ ၁၀ရွာကျော်မှ လယ်ယာမြေပိုင်ရှင် တောင်သူဦးကြီး ၇၀၀ကျော်က ဘာသာစုံ ဆုတောင်းပွဲကို ယနေ့ ပြု လုပ်ခဲ့ကြသည်။


(၁၆) ကျောင်းကုန်းရေဘေးကယ်ဆယ်ရေး စခန်းများ အရေးပေါ် အကူအညီ လိုအပ်နေ : Source : KIC
သြဂုတ်လ ၁၃ရက်၊ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့အနောက်ဖက်ခြမ်းရှိ ရပ်ကွက်များမှ လူနေအိမ်များ ရေနှစ်မြုပ်လျှက်ရှိပြီး ယာယီ ဖွင့်လှစ်ထားသော ကယ် ဆယ်ရေးစခန်းများတွင် လက်ရှိအချိန်၌ အရေးပေါ် အကူအညီများ လိုအပ်လျှက်ရှိသည်ဟု ကျောင်းကုန်းမြို့ အမျိုးသားဒီမိုကရေစီ-NLD ဥက္ကဌက ပြောသည်။

 
(၁၇) မြ၀တီမြို့နယ်ရှိ ကရင်လူငယ် ၁၀၀ကျော်နှင့် KYO ပထမဆုံး အကြိမ် နှီးနှောဖလှယ် : Source : KIC
13-Aug-12
လူမှုအသိုင်းအ၀ိုင်းနှင့် အမျိုးသားရေးတွင် ကရင်လူငယ်များ ပါဝင်ပူးပေါင်းဆောင်ရွက် တတ်လာစေရန် ရည်ရွယ်၍ ကရင်လူငယ်အစည်း အရုံး-KYO က မြ၀တီမြို့နယ်ရှိ နို့ဖိုးရွာ၌ ကရင်လူငယ် ၁၀၀ကျော်နှင့် သြဂုတ်လ ၁၁ရက်နေ့က ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။

(၁၈) ရခိုင်လွှတ်တော် ကိုယ်စားလှယ်တွေ ရခိုင်အရေး ပြေလည်အောင် ကြိုးစား : Source : VOA
12-Aug-12
ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ လူမျိုးရေး အကြမ်းဖက်မှုပဋိပက္ခတွေကို  ပြေလည်စေဖို့ အတွက် ရည်ရွယ်ပြီးတော့ RNDP  က တာဝန် ရှိသူတွေဟာ ပါတီအဖွဲ့ဝင်တွေ.. ဒေသခံပြည်သူတွေနဲ့  စစ်တွေမြို့မှာ ဒီကနေ့ စတင် တွေ့ဆုံခဲ့ပါ တယ်။ ရခိုင် ပြည်နယ် အရေး ကိစ္စနဲ့ပတ်သက်ပြီး မကြာသေးခင်က သမ္မတ ဦးသိန်းစိန်ရဲ့ မေတ္တာရပ်ခံချက်တွေကို

(၁၉) မြောက်ဦး၊ မင်းပြား ပုဒ်မ ၁၄၄ ထုတ်ပြီး ၂ နာရီ အကြာတွင် ပြန်ရုတ်သိမ်း : Source : Narinjara
12-Aug-12
ရခိုင်ပြည်နယ် မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄  ထုတ်ပြန် သော်လည်း ထုတ်ပြန်ပြီးသည်နှင့် ချက်ချင်း  ပြန်ရုတ်သိမ်းသွားကြောင်း သတင်း ရရှိသည်။

(၂၀) ရန်ကုန် အမှိုက်များမှ လျှပ်စစ်ဓါတ်အား ထုတ်ရန် စီစဉ် : Source : Mizzima
ရတနာဦး | စနေနေ့၊ သြဂုတ်လ ၁၁ ရက် ၂၀၁၂ ခုနှစ် ၂၃ နာရီ ၃၅ မိနစ်
ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန်မြို့မှ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်၍ ထွက်ရှိလာသည့် အမှိုက်အစို တန်ချိန် ၆၀၀ ဖြင့်  နေ့စဉ် လျှပ်စစ်ဓါတ်အား ထုတ်ရန် စီစဉ်နေကြောင်း မြို့တော် စည်ပင်ယာရေးကော်မီ က ပြောသည်။

(၂၁) သြဂတ်(စ်) ၁၃ စစ်တွေ ဆန္ဒပြဿနာနေ့ ဘင်္ဂလာဒေခ်ျ့နှင့် ထိုင်းနိုင်ငံတွင် ကျင်းပ : Source : Narinjara
13-Aug-12
သြဂတ်စ်လ ၁၃ ရက်နေ့ ယနေ့တွင် ကျရောက်သော ၄၅နှစ်မြောက် ၁၃သြဂတ်(စ်) စစ်တွေ ဆန်ပြဿနာနေ့ အထိမ်းအမှတ် အခမ်းအနားကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇားမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ကြသည်ဟု သတင်း ရရှိသည်။

(၂၂) လျှပ်စစ်မီးသတင်း အထောက်အထား မှန်ကန် ခိုင်လုံဟု 7Day ပြော : Source : Mizzima
မြတ်ကျော်သူ | တနင်္လာနေ့၊ သြဂုတ်လ ၁၃ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၁ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။     ။ လူကြိုက်များသော ဂျာနယ်တခုဖြစ်သည့် 7Day တွင် ဖော်ပြခဲ့သည့် လျှပ်စစ်မီးနှင့် ပတ်သက်သည့် သတင်းတပုဒ်ကို မမှန်မကန် မှားယွင်းဖော်ပြသည်ဆိုသည့် ကုမ္ပဏီတခု၏ စွပ်စွဲမှုနှင့်ပတ်သက်၍ ၎င်းတို့ တင်ပြသည့်သတင်းမှာ အထောက်အထား ပြည့်စုံပြီး မှန်ကန်၊ ခိုင်လုံမှုရှိသည်ဟု ဂျာနယ်တာဝန်ရှိသူတဦးက


(၂၃) အလုံမြို့ အဆင့်မြင့် ဆင်မင်းဈေးသစ် စတင် ဆောက်လုပ် : Source : Mizzima
11-Aug-12
ရန်ကုန် (မဇ္ဈိမ)     ။ ရန်ကုန်တိုင်း၊ အလုံမြို့နယ်ရှိ ဆင်မင်းဈေး(သိပ္ပံဈေး)အား ရှစ်ထပ် အဆင့်မြင့်ဈေး အဖြစ်
ဆောက်လုပ်ရန် စတင်အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း မြို့တော် စည်ပင်သာယာရေး ကော်မတီ က ပြော
သည်။


(၂၄) ကျောင်းကုန်းမြို့နယ် စပါးဧက ၁၆,၀၀၀ အတွက် ပျိုးခင်းများ ရေးကြီးနစ်မြုပ် : Source : Mizzima
သန်းထိုက်ဦး၊ သိင်္ဂီထွန်း | တနင်္လာနေ့၊ သြဂုတ်လ ၁၃ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၅၆ မိနစ်
ရန်ကုန် (မဇ္ဈိမ)။   ။ ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ လယ်သမား ၂,၂၀၀ ၏ လယ်မြေဧက ၁၆,၀၀၀ တွင် စိုက်ပျိုးမည့် စပါးပျိုးခင်းများ မြစ်ရေကြီး၍ နစ်မြုပ်လျက်ရှိပြီး ပျက်စီးနိုင်ဖွယ်ရှိသည်ဟု ကျောင်းကုန်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးခင်ဋ္ဌေး က ပြောသည်။


(၂၅) အာဟာရဖွံ့ဖြိုးမှု အစီအစဉ်များ နယ်စပ်များတွင် မဆောင်ရွက်နိုင်သေး : Source : Mizzima
အေးကျော့ခိုင် | တနင်္လာနေ့၊ သြဂုတ်လ ၁၃ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၄၃ မိနစ်
ရန်ကုန် (မဇ္ဈိမ)။   ။ မိခင်နှင့် ကလေး သေဆုံးမှု လျှော့ချရန် ရည်ရွယ်ချက်ဖြင့် အာဟာရဖွံ့ဖြိုးမှု အစီအစဉ်များကို တိုင်းရင်းသား ဒေသများနှင့် နယ်စပ်ဒေသများတွင် ဆောင်ရွက်နိုင်မှု မရှိသေးကြောင်း သိရသည်။
ဆက်ဖက်ရန်---

 


(၂၆) ပြည်နယ်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရခိုင်ပါတီ ဆွေးနွေး : Source : DVB

Published on August 13, 2012 by အေးနိုငျ   ·   No Comments
ရခုိင်ြပည်နယ် တည်ြငိမ်ေအးချမ်းေရးနဲ့ တရားဥပေဒစိုးမိုးေရး ပူးေပါင်း ေဆာင်ရွက်ေရးအတွက် သမ္မတရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်ြပီး ရခိုင်တုိင်းရင်းသားများတိုးတက်ေရးပါတီ (အာအန်ဒီပီ) က စစ်ေတွြမို့မှာ ဒီေန့ အေရးေပါ် အစည်းအေ၀းေခါ်ယူြပီး ေဆွးေနွးခဲ့ြကတယ်လို့ ပါတီအတွင်းေရးမှူး ဦးခိုင်ြပည်စိုးက ေြပာပါတယ်။

(၂၇) အဓမ္မရွှေ့ပြောင်းခံရသည့် ရွှေပြည်သာစက်မှုဇုန် လုပ်သားများ ဆန္ဒပြ : Source : DVB

Published on August 13, 2012 by နန်းြမနဒီ   ·   No Comments
ရန်ကုန်တိုင်း ေရွှြပည်သာစက်မှုဇုန်ထဲမှာ ေနထိုင်တဲ့ အလုပျသမားတှေကို နေရာကနေ ရှေ့ွေပာငျးပေးဖို့ အိုးအိမျစီမံခနျ့ခှဲရေးဌာနက အတငျးအကပျြဖိအားပေးနေတဲ့အတှကျ  ဒီနေ့မနကျမှာ အလုပျသမားတှေ ဆန်ဒွပခွဲ့ကပါတယျ။

(၂၈) မန္တလေးတိုင်း အောင်မြေသာဇံမြို့နယ်တွင် ပေါက်ကွဲမှုဖြစ် : Source : DVB

Published on August 13, 2012 by အေးနိုင်   ·   No Comments
မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ်ထဲမှာ ဒီနေ့မနက် ၈ နာရီခွဲလောက်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တဲ့အတွက် သုံးနှစ်သားတဦးနဲ့ လူငယ်တဦး ဆေးရုံတက် ကုသနေရပါတယ်။

(၂၉) မြန်မာရေဘေးဒုက္ခသည်များ မဲဆောက်ဘုန်းကြီးကျောင်းတွင် ခိုလှုံ : Source : DVB
Published on August 13, 2012 by ခင်မင်းဇော်   ·   No Comments
မြ၀တီမြို့အနိမ့်ပိုင်းနဲ့ ထိုင်း-မြန်မာ နှစ်နိုင်ငံကြား သောင်ရင်းမြစ် ရေလည်ကျွန်းပေါ် က မြန်မာနိုင်ငံသား ရေဘေး ဒုက္ခသည်တွေ မဲဆောက် ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြရပါတယ်။

(၃၀) ပေါင်းလောင်းဆည် စီမံကိန်းမလွတ်သည့် ရွာ ၂၃ ရွာ ဖယ်ပေးရတော့မည် : Source : Irrawaddy

13-Aug-12
အထက်ပေါင်းလောင်းဆည် တည်ဆောက် ပြီးသွားသည့်အတွက် ရေ၀ပ်ဧရိယာတွင် ပါဝင်နေသော ကျေးရွာ ၂၃ ရွာကို သက်ဆိုင်ရာ အာဏာပိုင်များက ယခုလကုန် နောက်ဆုံးထား၍ ပြောင်းရွှေ့ပေးရန် နှိုးဆော်ထားကြောင်း သိရသည်။



(၃၁) မပြီးပြတ်သည့် မြို့ပတ်လမ်းစီမံကိန်း မူဆယ်ဒေသခံများ အခက်တွေ့ : Source : Panglong
Monday, 13 August 2012 17:59 မွေခေါဝ်
မူဆယ်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအချို့ လုပ်ကိုင်ခွင့်ရထားသည့် သိန်းသန်းချီ ကုမ္ပဏီ၏ မပြီး ပြတ်သည့် မြို့ပတ်လမ်း ဖောက်လုပ်ရေး စီမံကိန်းကြောင့် မူဆယ်ဒေသခံများ အခက်အခဲများ ရင်ဆိုင် နေရကြောင်း သိရိရပါသည်။


(၃၂) သက်တော် ၈၀ ပြည့် ထိုင်းဘုရင်မင်းမြတ်၏ မိဘုရားကြီးမွေးနေ့ ထိုင်းရောက်သျှမ်းများဂါရ၀ပြု : Source : Panglong
Monday, 13 August 2012 17:51 သျှမ်းသံတော်ဆင့်
ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ဘန်ကောက်ရောက် သျှမ်းများက စာပေယဉ်ကျေးမှုအဖွဲ့ ဦးဆောင်မှုဖြင့် ဆိုင်ရာမြို့ နယ်၌ ကျင်းပသည့် ထိုင်းနိုင်ငံ အမေများနေ့ (ထိုင်းမိဘုရားမွေးနေ့) အခမ်းအနားသို့  ထိုင်းလူထုနှင့်အတူ တက်ရောက်ဂါရ၀ပြုခဲ့ကြပါသည်။

No comments:

Post a Comment