Thursday, August 30, 2012

နေ့စဉ်မြန်မာ့အရေး ဆက်စပ်သတင်းများ (သြဂုတ်လ ၂၉ရက်၊ ၂၀၁၂ခုနှစ်)


(၁) သမ္မတကြီး ဦးသိန်းစိန် မျက်နှာကြီးရာ ဟင်းဖတ်ပါနေပြီဖြစ်ကြောင်း ဝေဖန်သံများညံ : Source: Narinjara
August 29, 2012
မြန်မာ သမ္မတကြီး ဦးသိန်းစိန်သည် ရခိုင်ပဋိပက္ခတွင် အပြစ်ရှိ၍ ဖမ်းဆီး ထောင်ချခံရ ဘင်္ဂလီ မွတ်ဆလင် များကို သမ္မတ အာဏာကို အသုံးပြုပြီး တစ်ယောက်ပြီး တစ်ယောက် ပြန်လည် လွှတ်ပေး နေသော်လည်း ထောင်ချခံ ရခိုင် တိုင်းရင်းသားများကိုမူ တစ်ဦးတစ်ယောက်ကိုမှ ပြန်လည် လွှတ်မပေးသဖြင့် ယခုအခါ  သမ္မတကြီး ဦးသိန်းစိန်ကို မျက်နာကြီးရာ ဟင်းဖတ်ပါနေပြီ ဖြစ်ကြောင်း ပြည်သူများက ဝေဖန် ပြောဆိုလျှက် ရှိကြောင်း သတင်း ရရှိသည်။

(၂) သမ္မတက ကုလနှင့် INGO ဝန်ထမ်းသုံးဦးကို ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပေး : Source: RFA
2012-08-28
ရခိုင်ပြည်နယ် မငြိမ်မသက်မှုနဲ့ ပတ်သက်ပြီး ထောင်ဒဏ် ချမှတ်ခံရတဲ့ ဒေသခံ ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းက ၀န်ထမ်း သုံးဦးကို နိုင်ငံတော် သမ္မတက ပြစ်ဒဏ်က လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ အစိုးရက မနေ့က ကြေညာပါတယ်။

 

(၃) သမ္မတ လွတ်ငြိမ်းသက်သာခွင့်ပြုမှု ကုလကြိုဆို : Source: VOA

28.08.2012
ရခိုင်ပြည်နယ်အရေးအခင်းမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ထောင်ဒဏ်အပြစ်ပေးခံရတဲ့ ကုလသမဂ္ဂနဲ့ ဆက်နွယ်တဲ့ ၀န်ထမ်းသုံးဦးကို သမ္မတဦးသိန်းစိန်က လွတ်ငြိမ်း ချမ်းသာ ခွင့် ပေးလိုက်ပါတယ်။ ကုလသမဂ္ဂ ၀န်ထမ်းတွေ အခုလို လွတ်မြောက်လာတဲ့အပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂဘက် ကလည်း တုံ့ပြန်ထားပါတယ်။ ဒီအကြောင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
အပြည့်အစုံသို့--------


(၄) ၀န်ကြီးအချို့ကို ရာထူးကနေ နှုတ်ထွက်ခွင့်ပြု : Source: BBC

28-8-12
လျှပ်စစ် (၁) ၀န်ကြီးအဖြစ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ဦးဇော်မင်း သွားရောက်ခဲ့စဉ်က မြန်မာနိုင်ငံအစိုးရ ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့်၊ လျှပ်စစ် (၁) ၀န်ကြီး ဦးဇော်မင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးလွန်းမောင်တို့ကို ရာထူးကနေနှုတ်ထွက်ခွင့်ပေးကြောင်း နိုင်ငံတော်သမ္မတရုံးကနေ အင်္ဂါနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အပြည့်အစုံသို့-----------


(၅) အစိုးရတွင်း အပြောင်းအလဲ ဆက်လက်ကြေညာ: Source: VOA

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ အားကောင်းလာစေဖို့ ဆိုပြီး မြန်မာအစိုးရက ၀န်ကြီးနေရာ အပြောင်းအလဲတွေ ဒီကနေ့လည်း ဆက်လက် ကြေညာသွားခဲ့သလို နောက်ထပ်လည်း အပြောင်း အလဲတွေ ဆက်လုပ်သွားဖို့ ရှိနေတယ်လို့ သမ္မတရုံးက ပြောပါတယ်။ ဒီလို အစိုးရအဖွဲ့ဝင်တွေ အပြောင်းအလဲ လုပ်ဆောင်လာတဲ့အတွက် ပြုပြင်ပြောင်းလဲရေး လိုလားသူတွေ အားကောင်းလာတဲ့ လက္ခဏာအဖြစ်နဲ့ လည်း ဆန်းစစ်သူတွေ ယူဆနေကြတာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။
အပြည့်အစုံသို့----------------

(၆) ဝန်ကြီး အပြောင်းအလဲ ဦးဝင်းတင် မှတ်ချက်: Source: BBC

29-8-12
ဒီလူတွေကို ဖယ်သင့်တာ ကြာပြီ ဆို
မြန်မာ အစိုးရ ထဲက သဘောထား တင်းမာ သူ ဝန်ကြီး တချို့ ကို အပြောင်းအလဲ လုပ်တာဟာ အစိုးရ ပေါ်က ဝန်ထုပ်တွေကို ဖယ်လိုက်တာပဲ လို့ ဦးဝင်းတင်က မှတ်ချက် ပေးပါတယ်။
ဦးဇော်မင်း၊ ဦးကျော်ဆန်း တို့လို လူတွေကို ဖယ်ထုတ်သင့်တာ ကြာပြီ လို့လဲ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယကဝင် ဦးဝင်းတင်က ဘီဘီစီကို ပြောကြား ပါတယ်။


(၇) ပြောင်းလဲခြင်းနှင့်အတူ လိုက်ပါကြရန် သမ္မတ၏ အကြံပေးက တိုက်တွန်း : Source: Mizzima
28-8-12
ရန်ကုန် (မဇ္ဈိမ) ။        ။ လက်ရှိ ပြောင်းလဲနေသည့် အခြေအနေများ နောက်သို့ လိုက်ပါမှသာ ဖွံဖြိုးတိုးတက်မှုအတွက်
မောင်းနှင်အား ဖြစ်နိုင်ကြောင်း နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် က ပြောဆိုလိုက်သည်။
အပြည့်အစုံသို့----------------

 

(၈) နာမည်ပျက် စာရင်းသွင်း ခံရသူ တချို့ ကို ပယ်ဖျက်ပေး : Source: BBC

28-8-12
နာမည်ပျက် စာရင်းထဲက နှစ်ထောင်ကျော် ကို ပယ်ဖျက် ပေးအရင် မြန်မာ အစိုးရ အဆက်ဆက်က သတ်မှတ်ထားတဲ့ blacklist နာမည်ပျက် စာရင်းထဲမှာ ထည့်သွင်း ခံထားရသူ ၆၁၆၅ ယောက် ထဲမှာ ၂၀၈၂ယောက်ကို စာရင်းထဲက ပယ်ဖျက် ပေးလိုက်ပြီလို့ အစိုးရက ထုတ်ပြန် ကြေညာ လိုက် ပါတယ်။

 

(၉) ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကို စွပ်စွဲပြစ်တင်သည့်အဆို အမျိုးသားလွှတ်တော်က အတည်ပြု : Source: RFA

2012-08-28
ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ အနေနဲ့ အခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်ပြီး ဥပဒေအရ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်အောင် မထမ်းဆောင်တဲ့အတွက် စွပ်စွဲ ပြစ်တင်တဲ့ အဆိုကို ဒီကနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးကြပြီးနောက် လွှတ်တော် ဥက္ကဋ္ဌက အတည်ပြုလိုက်ကြောင်း သိရပါတယ်။

(၁၀) ကချင် ဒုက္ခသည်စခန်းမှ အဖမ်းခံ လေးဦးအမှု ဒုတိယအကြိမ် စစ်ဆေး : Source : Mizzima
28-8-12
ချင်းမိုင်(မဇ္စျိမ) ။        ။ စစ်ပြေးဒုက္ခသည်စခန်းမှ ကချင်အမျိုးသား လေးဦးကို မတရားအသင်း ပုဒ်မ ၁၇(၁)ဖြင့်
မြစ်ကြီးနား မြို့နယ်တရားရုံး၌ စွပ်စွဲကာ အင်္ဂါနေ့တွင် တရားလိုပြသက်သေ အမှတ် (၁) ရဲစခန်းမှူး ရဲအုပ် ရဲလွင်အား စစ်ဆေးမေးမြန်းခဲ့သည်ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

(၁၁) KNU နဲ့ ငြိမ်းအဖွဲ့ ဘားအံမှာ တွေ့ရန်ရှိ : Source: BBC

28-8-12
ကေအင်ယူ ဆက်ဆံရေးရုံးဖွင့်စဉ်က ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ဝင်မျာသြဂုတ်လ ၂၇ ရက်နေ့က တွေ့မယ့် အစီအစဉ် ပျက်သွားတဲ့ ကေအင်ယူ နဲ့ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ကြား တတိယအကြိမ် ဆွေးနွေးပွဲကို စက်တင်ဘာလ ၂ ရက်နေ့ ဘားအံ မှာ ပြန်ကျင်းပမှာ ဖြစ်ပါတယ်။အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့က စက်တင်ဘာ ၂ ရက်နဲ့ ၃ရက် မှာ ကရင်အမျိုးသား အစည်းအရုံးနဲ့ ဘားအံမှာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးဖို့ အကြောင်းကြား တယ်လို့ ကေအင်ယူ က ပြောပါတယ်။


(၁၂) မြောင်းမြ ခလရ ၉၃ သိမ်းထားသည့် ခြံများတွင် ဇွတ်ဝင်စိုက်မည် : Source: Mizzima
28-8-12
ရန်ကုန် (မဇ္ဈိမ) ။       ။ ဧရာဝတီတိုင်း၊ မြောင်းမြမြို့အခြေစိုက် ခြေလျင်တပ်ရင်း ၉၃ မှ ၁၉၉၆ ခုနှစ်ကတည်းက သိမ်းယူထားသော နှစ်ရှည်ပင်စိုက် ခြံဧက ၂ဝဝ တွင် အသိမ်းခံ မူလခြံပိုင်ရှင်များက သီးနှံများ ပြန်လည်စိုက်ပျိုးရန် ပြင်ဆင်နေကြသည်။

(၁၃) ကလေးစစ်သား ၄၂ ယောက် စစ်တပ်အရာရှိတွေကိုယ်တိုင် မိသားစုထံ ပြန်လည်အပ်နှံမည် : Source:RFA

2012-08-28
မြန်မာနိုင်ငံတစ်ဝှမ်းက တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့တွေမှာရှိတဲ့ ကလေးစစ်သား ၄၂ ယောက်ကို စစ်တပ် အရာရှိတွေကိုယ်တိုင် စက်တင်ဘာ ၃ ရက်နေ့မှာ မိသားစုထံ ပြန်လည်အပ်နှံဖို့ ရှိတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

 

(၁၄) ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် ဖယ်ရှားပေးဖို့ မိတ္တီလာမှာဆန္ဒပြ : Source :RFA

2012-08-28
မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့မှာ လူနေရပ်ကွက်အနီး ဖွင့်လှစ်ထားတဲ့ ကျော်အမည်ရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်ကို ဖယ်ရှားပေးဖို့ မြို့ခံပြည်သူ ၂၀၀ နီးပါးလောက် ဒီကနေ့ မနက်ပိုင်းက တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

 

(၁၅) ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်က စက်လှေတစ်စီး ဆင်ပိုက်ကုန်း ကင်းသမားတွေကို ပစ်ခတ် : Source: RFA

2012-08-28
ရခိုင်ပြည်နယ် ရသေ့တောင်မြို့ရဲ့ အနောက်တောင်ဘက် ၁၀ မိုင်လောက် အကွာမှာရှိတဲ့ ဆင်ပိုက်ရွာ အောက်ဘက် ဆင်ပိုက်ကုန်း အနီးမှာ မနေ့ ည ၁၀ နာရီလောက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်က လူ(၇) ဦးလောက်ပါတဲ့ စက်လှေတစ်စီး ဝင်ရောက်လာခဲ့ပြီး ဒေသခံ ကင်းသမားတွေကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

(၁၆) အိန္ဒိယအမတ်၏ မြန်မာ့ကဘော်ချိုင့်ဝှမ်း ရလိုမှု ဒေသခံတို့ မထောက်ခံ : Source : Mizzima
28-8-12
နယူးဒေလီ (မဇ္ဈိမ) ။       ။ အိန္ဒိယနိုင်ငံ၏ အဓိက အတိုက်အခံ ပါတီကြီးတခုဖြစ်သည့် BJP ပါတီမှ လွှတ်တော်အမတ် တဦးက မဏိပူရပြည်နယ်အတွင်း ၎င်းတို့ပါတီ မဲဆွယ်စည်းရုံးစဉ် မြန်မာပြည်ရှိ ကဘော်ချိုင့်ဝှမ်းဒေသအား ပြန်လည် ရယူပေးမည်ဟု မက်လုံးပေး ပြောဆိုခဲ့သော်လည်း ကဘော်ချိုင့်ဝှမ်း ဒေသခံများက လက်မခံကြောင်း ငြင်းဆိုကြသည်။

အပြည့်အစုံသို့-------------


(၁၇) ဗကသအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းခြင်း ၅ နှစ်ပြည့် အခမ်းအနားကျင်းပ : Source: RFA

2012-08-28
၂၀၀၇ မျိုးဆက် ကျောင်းသားတွေက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ပြန်လည် ဖွဲ့စည်းခြင်း ၅ နှစ်ပြည့် အခမ်းအနားတစ်ခုကို ရန်ကုန်တိုင်း သံလျင်မြို့နယ် အိုးဝေစာကြည့်တိုက်မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ရန်ကုန်တက္ကသိုလ် သမဂ္ဂ အဆောက်အဦးဟောင်းနေရာမှာ ကိုမင်းကိုနိုင် ဦးဆောင်ပြီး ဗကသများအဖွဲ့ချုပ် တရားဝင်ဖြစ်မြောက်ရေးအတွက် ညီလာခံကျင်းပပြီး သမဂ္ဂ ဖွဲ့စည်းခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ ပြန်ပြီးလျှို့ဝှက် ဖွဲ့စည်းခဲ့တာလို့ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို က RFA ကိုပြောပါတယ်။

 

(၁၈) ၈၈ မျိုးဆက် ကိုကိုကြီးရဲ့"ပြောချင်လို့ ပြောခဲ့တာတွေ"စာအုပ်မိတ်ဆက်ပွဲ ကျင်းပ: Source:RFA

2012-08-28
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ "ပြောချင်လို့ ပြောခဲ့တာတွေ" အင်တာဗျူးများ အပိုင်း(၁) စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းမှာ ရှိတဲ့ Home (House of media & Entertainment) မှာ ဒီကနေ့ နေ့လည် (၁) နာရီက ကျင်းပခဲ့ပါတယ်။

(၁၉) ပြည်ပ ငွေအကူများကို လယ်ယာ ကဏ္ဍတွင် အဓိက သုံးစွဲသွားမည် : Source: Mizzima
29-8-12
ရန်ကုန် (မဇ္ဈိမ) ။       ။ နိုင်ငံတကာက ပံ့ပိုးလာသည့် ငွေကြေးအကူအညီများကို မြန်မာ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိကထား သုံးစွဲသွားမည်ဟု သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်ကို ကိုးကား၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့် က ပြောသည်။


(၂၀) လယ်ယာ ကော်ပိုရေးရှင်း ရှယ်ယာ ကျပ် ၁၀၀ ဘီလီလျံဖိုး ရောင်းချမည် : Source: Mizzima
28-8-12
ရန်ကုန် (မဇ္ဈိမ) ။         ။ ပြည်တွင်းစီးပွားရေး ယှဉ်ပြိုင်မှု စွမ်းအား မြင့်လာစေရန်အတွက် မြန်မာနိုင်ငံ လယ်ယာစီးပွား ဖွံဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်းမှ အစုရှယ်ယာ တန်ဖိုး ကျပ် ၁၀၀ ဘီလီလျံ အထိ ရောင်းချသွားမည် ဖြစ်ကြောင်း ကော်ပိုရေးရှင်း တာဝန်ရှိသူတဦး က ပြောသည်။

 

(၂၁) သီလ၀ါ အထူးစီးပွားရေးဇုန် ဂျပန်ကုမ္ပဏီနှင့် ပူးတွဲတည်ဆောက်မည်  : Source : RFA

2012-08-28
မြန်မာနိုင်ငံရဲ့ စီးပွားရေး စီမံကိန်းတွေမှာ ပါဝင် ရင်းနှီး မြှုပ်နှံနိုင်ဖို့အတွက် ဧကပေါင်း ခြောက်သောင်းနီးပါး ကျယ်ဝန်းတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းကို ဂျပန်ကုမ္ပဏီ လုပ်ငန်းစုတစ်ခုနဲ့ ပူးတွဲတည်ဆောက်ဖို့ မြန်မာအစိုးရက သဘောတူ လက်မှတ်ရေးထိုး လိုက်ပါတယ်။


(၂၂) အဏ္ဏဝါ ဂေဟစနစ် ကျွန်းစုမှ စတင်ထိန်းသိမ်းရန် ပြင်ဆင် : Source : Mizzima
29-8-12
ရန်ကုန် (မဇ္ဈိမ)။   ။ ဇီဝမျိုးစုံ မျိုးကွဲများနှင့် ရေသံယံဇာတများတည်ရှိရာ တနင်္သာရီတိုင်း၊  ကျွန်းစုမြို့နယ်၌ သန္တာကျောက်တန်း၊ ပင်လယ်မြက်ခင်း အပါအဝင် အဏ္ဏဝါဂေဟစနစ် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ယခုနှစ်အတွင်း ဆောင်ရွက်သွားရန် အဆိုပြုထားကြောင်း ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူ တဦးက ပြောသည်။

 

(၂၃) အမေရိကန်မှ မြန်မာကျောင်းသားခေါင်းဆောင်တွေ ဗီဇာရ : Source : BBC

28-8-12
အမေရိကန် အခြေစိုက် ကျောင်းသား ခေါင်းဆောင် အုပ်စု ၇ ဉီး မြန်မာနိုင်ငံ ဝင်ခွင့်ဗီဇာ ကို ဝါရှင်တန် မြန်မာသံရုံးမှ ခွင့်ပြုလိုက်ပြီ ဖြစ်တဲ့ အတွက် လာမယ့် စက်တင်္ဘာလ လဆန်းမှာ ရန်ကုန်မြို့ ကို သွားကြမှာပါ။

 

(၂၄) အခြေခံဥပဒေခုံရုံး ဆုံးဖြတ်ချက်ဟာ တာဝန်မဲ့တယ်လို့ အမျိုးသားလွှတ်တော် ဆုံးဖြတ် : Source : BBC

28-8-12
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် မဟုတ်ဘူးဆိုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး က ဆုံးဖြတ်ခဲ့တာဟာ တာဝန်မရှိဘဲ လုပ်ခဲ့တာ ဖြစ်တယ်လို့ အမျိုးသားလွှတ်တော် က စွပ်စွဲ ပြစ်တင်လိုက် ပါတယ်။

 

(၂၅) အသစ်ခန့်အပ်မည့် ၀န်ကြီးများ အရပ်သားပညာရှင် ပါဝင်ဖို့ရှိ : Source : RFA

2012-08-29
သမ္မတ ဦးသိန်းစိန် အခုရက်ပိုင်းအတွင်း စတင်ဆောင်ရွက်နေတဲ့ အစိုးရအဖွဲ့တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ အချိန်ကာလ (၂)လ လောက် ကြာမြင့်ဖို့ရှိပြီး ပြုပြင်ပြောင်းလဲရေး မလုပ်ချင်တဲ့ ၀န်ကြီးတွေကို ဆက်လက် အနားပေးသွားမှာ ဖြစ်သလို အသစ်ခန့်အပ်မယ့် ၀န်ကြီးတွေထဲမှာလည်း အရပ်သား ကျွမ်းကျင် ပညာရှင်တွေ ပါဝင်လာဖို့ ရှိတယ်လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။

 

(၂၆) ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ဆောင်ရွက်ချက် စစ်ဆေးကြားနာဖို့ စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့ : Source : RFA

2012-08-29
ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးရဲ့ ဆောင်ရွက်ချက်တွေကို စစ်ဆေး ကြားနာဖို့အတွက် ပြည်သူ့လွှတ်တော်က စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ခုကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။ အဖွဲ့ဝင် ၁၅ ဦးပါဝင်တဲ့ ဒီကော်မတီကို ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မှာဖြစ်ပါတယ်။

(၂၇) ခွင့်ပြုမိန့်မရ ရိုဟင်ဂျာ ဆန့်ကျင်ရေး ဆန္ဒပြမှု ဆက်လက်ကြားနာ : Source : Mizzima
29-8-12
ရန်ကုန် (မဇ္ဈိမ) ။       ။ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်စ် ကွင်တားနား သြဂုတ်လဆန်းပိုင်းက
မြန်မာနိုင်ငံသို့ လာရောက်စဉ် ရိုဟင်ဂျာ ဆန့်ကျင်ရေး ဆန္ဒပြမှု ဦးဆောင်ခဲ့သူများအား တရားစွဲဆိုထားသည့်အမှုကို စမ်းချောင်းမြို့နယ် တရားရုံးက အင်္ဂါနေ့တွင် ကြားနာခဲ့သည်။

 


(၂၈) ဦးပိုင် ရှင်းလင်းချက် မပြည့်စုံဟု ကြေးနီစီမံကိန်း ယာသိမ်းခံများ တုံ့ပြန် : Source : Irrawaddy

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်း ကြေးနီ စီမံကိန်းအတွက် သိမ်းမြေများနှင့်ပတ်သက်၍ မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက်နှင့် တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌတို့၏ ဖြေရှင်းချက်များမှာ ယာသိမ်းခံတောင်သူများ၏ နစ်နာမှုများကို လျစ်လျူရှု ခဲ့ကြောင်း မူရင်းယာပိုင်ရှင်များက ပြောသည်။

(၂၉) ပေါင်းဆန် စက်များ တိုးချဲ့တည်ဆောက်မည် : Source :Mizzima
28-8-12
ရန်ကုန် (မဇ္ဈိမ) ။        ။ လာမည့် နှစ်နှစ်အတွင်း တလလျှင် ပေါင်းဆန် တန်ချိန် တသောင်းခန့် တင်ပို့နိုင်ရန် ရည်ရွယ် ၍ ပေါင်းဆန် ထုတ်လုပ်ရေးစက်များ တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်းက ပြောသည်။ “ဧရာဝတီတိုင်းဒေသကြီးက ဘိုကလေး၊ ဝါးခယ်မမြို့၊ ကြို့ပင်ကောက်မြို့တွေမှာ တရက် တန် ၅ဝ ကျ ပေါင်းဆန်စက် တလုံးစီနဲ့ ပုသိမ်မြို့မှာ တရက် တန် ၂၀၀ ကျ စက်တလုံး တည်ဆောက်နေတယ်။ ဘိုကလေးစက်က မကြာခင် စပြီး စမ်းသပ်လည်ပတ်တော့မယ်” ဟု အထွေထွေအတွင်းရေးမှူး ဦးသောင်းဝင်း က ပြောသည်။

(၃၀) အမျိုးသားကြီးပွားရေးကုမ္ပဏီ စာချုပ်ဖေါက်ဖျက်ဟုဆိုကာ ILO သို့တိုင် : Source: Mizzina
28-8-12
ရန်ကုန် (မဇ္ဈိမ) ။        ။ မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ မိုးထိမိုးမိ ရွှေတောမှ ရွှေလုပ်သားများနှင့် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်ပါ အချက်များအား ကုမ္ပဏီဘက်မှ ဖေါက်ဖျက်သည်ဟု အလုပ်သမား များက စွပ်စွဲကာ ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် ILO သို့ စနေနေ့က တိုင်ကြားထားသည်။

(၃၁) ၄၁နှစ်ပြည့် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်နေ့ NMSP ဗဟိုဌာနချုပ်တွင် ကျင်းပ : Sourcr: KIC

29-8-12
၂၀၁၂ခုနှစ်၊ သြဂုတ်လ ၂၉ရက်နေ့တွင် ကျရောက်သည့် ၄၁နှစ်ပြည့် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်နေ့ကို ရေးချောင်းဖျား ဒေသရှိ မွန်ပြည်သစ်ပါတီ-(NMSP) ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်၊ ဒုဥက္ကဌ နိုင်ရော့စ၊ တွဲဖက်အတွင်းရေးမှူး နိုင်အောင်မင်း၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် လယီဂကောင်း အပါအဝင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အင်အား ၁၀၀ကျော် တက်ရောက်ကြသည်။

 

(၃၂) ကော့သောင်းအာဏာပိုင်တို့ ဒေသခံ ဘိုးဘွားပိုင်မြေသိမ်းဆည်းရောင်းချ : Source : KIC

29-8-12
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက် ကွင်းအမှတ်၂၄၊ ဦးဥာဏ်စိန်ပိုင် မြေဧက၈.၂၄ဧကကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်းပြီး သိမ်းဆည်းရောင်းချခဲ့သည်ဟု စုံစမ်းသိရှိရသည်။ ထိုမြေကွက်ကို မြို့အာဏာပိုင်များက ၎င်းတို့ ယခင်ကတည်းက သိမ်းဆည်းထားမည့် မြေကွက်ဖြစ်သည်ဟုဆိုပြီး ယခုအခါ အကွက်ရိုက် ရောင်းချကာ အိမ်ယာများပါ ဆောက်လုပ်နေပြီးဖြစ်သည်ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ တနင်္သာရီတိုင်း စည်းရုံးရေးမှူး ဦးသန်းထွန်း က ပြောသည်။

 

(၃၃) မြ၀တီမြို့နယ်၊ ပေါလောကျေးရွာတွင် NLD ယာယီရုံးခွဲ ဖွင့်လှစ်  : Source : KIC

29-8-12
ဒေသခံပြည်သူများ စည်းလုံးညီညွတ်မှုရှိစေရန်အတွက် ရည်ရွယ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLDက ၎င်းတို့၏ ယာယီရုံးခွဲတခုကို ကရင်ပြည်နယ် မြ၀တီမြို့ နယ်ရှိ ပေါလောကျေးရွာ၌ ယနေ့နံနက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ဘာသာမတူ၊ လူမျိုးမတူသည့် ကွဲပြားမှုများရှိနေသည့် ပေါလောကျေးရွာအတွင်းရှိ ဒေသခံများ စည်းလုံးညီညွှတ်ပြီး အမြင်ကျယ်လာစေ ရန်နှင့် ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်စေရန်ရှေ့ဆက်လုပ်ဆောင်သွားလိုသဖြင့် ယခုလိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ဝှေ့ရှမ်းကျေးရွာ NLD ရုံး မှ တာဝန်ခံ ဦးတင်လှိုင်က ကေအိုင်စီသို့ ပြောသည်။

 

(၃၄) တတိယအကြိမ် အပစ်ခတ်ရပ် ဆိုင်းရေး ဆွေးနွေးမည့်ရက် ပြန်လည် သတ်မှတ်ဟု KNUသတင်းထုတ်ပြန် : Source : KIC

28-8-12
ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် မြန်မာ အစိုးရတို့ နှစ်ဦးနှစ်ဘက် ပြန်လည်ညှိနှိုင်းပြီး တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေး မည့်ရက်ကို ပြန်လည်သတ်မှတ် အတည်ပြုလိုက်ပြီဖြစ်ကြောင်း KNU က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။ ၎င်းသတင်းထုတ်ပြန်ချက်ထဲတွင် ဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စက်တင်ဘာလ ၃ရက်မှ ၄ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး လူထုအတွက် အာမခံချက်ရှိသော လုံခြုံမှုရရှိရေးနှင့် အဆင့်တိုင်းတွင် ယုံကြည်မှု တည်ဆောက်ရေးကို ဦးတည်သည့် အချက်နှစ်ချက်ကို အဓိကထား ဆွေးနွေးညှိနှိုင်းသွားမည်ဟု ဖော်ပြထားသည်။

 

(၃၅) မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း စီးပွားဝန်ကြီးကိုယ်တိုင် လာရောက် စစ်ဆေး : Source : Pang Long

Wednesday, 29 August 2012 21:51 သျှမ်းသံတော်ဆင့်
တရုတ် - မြန်မာနယ်စပ် အဓိက ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သည့် သျှမ်းပြည် (မြောက်ပိုင်း )
မူစယ် - မန္တလေးလမ်း ကြောင်းပေါ်ရှိ မူစယ် ၁၀၅ မိုင်ကုန် သွယ်ရေးဇုန်သို့စီးပွားကူးသန်း ဝန်ကြီး ကိုယ်တိုင် လာရောက် စစ်ဆေးနေကြောင်း သိရသည်။

 

(၃၆) ဝ တပ်ဖွဲ့လမ်းဖောက်လုပ်မှု တရုတ်ယွမ်ငွေဘီလီယံချီကုန်ကျ

29-812
သျှမ်းပြည်မြောက်ပိုင်း ဝ ပြည်သွေးစည်းရေးတပ်မတော်မှပြုပြင် ဖောက်လုပ်နေသော မြို့တော်ပန်ဆန်းမှ နမ့်တစ်၊ မိုင်းမော၊ မန်းဆိုင်လမ်း လာမည့် နှစ်ပွင့်လင်းရာသီအပြီးဖောက်လုပ်ရန်ရှိပြီး တရုတ်ယွမ်ငွေ သန်းပေါင်း ထောင်နှင့်ချီကုန်ကျ ထားပြီဖြစ် ကြောင်း အရာရှိများအသိုင်းအဝိုင်းကပြောသည်။

(၃၇) အခြေခံ ဥပဒေခုံရုံးကို စုံစမ်းစစ်ဆေးရန် ကော်မရှင် ဖွဲ့စည်း : Source : DVB

Published on August 29, 2012 by မင်းလွင်   ·   No Comments
ဒီေန့ ကျင်းပတဲ့ ြပည်သူ့လွှတ်ေတာ်မှာ နိုင်ငံေတာ် အေြခခံဥပေဒခံုရံုးကို စံုစမ်းစစ်ေဆးဖို့အတွက် ကိုယ်စားလှယ်ေတွပါ၀င်တဲ့ စံုစမ်းစစ်ေဆးေရးေကာ်မရှင် ဖွဲ့စည်းလိုက်ပါတယ်။


(၃၈) ခဲမဖြူ ပျောက်ဆုံးမှုမှန်ဖော်ထုတ်ပေးရန် သမ္မတထံ အသနားခံစာတင်သွင်း : Source : DVB

Published on August 29, 2012 by ခင်မင်းေဇာ်   ·   No Comments
သန်လျင်ြမို့နယ်ရှိ ခဲမြဖူ သန့်စင်စက်ရံုက နိုင်ငံပိုင် ခဲမြဖူေတွ ေပျာက်ဆံုးမှုနဲ့ ပတ်သက်ြပီး အမှန်အတိုင်း ေဖာ်ထုတ်ေပးပါရန်   ဖမ်းဆီးခံထားရတဲ့ စက်ရံုမှူးေဟာင်း ဦးတင်ေအးရဲ့ သမီးက သမ္မတ ဦးသိန်းစိန်ထံကို အသနားခံစာ တင်သွင်းထားပါတယ်။


(၃၉) ပြည်တော်ပြန်ရှေ့နေ ထောင် ၆ လကျ : Source : DVB

Published on August 29, 2012 by အေးနိုင်   ·   No Comments
နိုင်ငံတော်သမ္မတရဲ့ ပြည်ပရောက် မြန်မာတွေပြန်လာကြဖို့ ဖိတ်ခေါ်ချက်နဲ့ ပြန်သွားတဲ့ ရှေ့နေ ဦးစောကျော်ကျော်မင်းကို မြောက်ပိုင်းခရိုင် တရားသူကြီးက မူလအမှုဟောင်းကို စစ်ဆေးပြီးတဲ့နောက် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၆ လ စီရင်ပါတယ်။

 

(၄၀) အာဆီယံ ဆန်စပါးအသင်းချုပ်တွင် မြန်မာပါဝင်ရေး လေ့လာနေဆဲဟုဆို : Source : DVB

Published on August 29, 2012 by webteam   ·   No Comments
အာဆီယံ ဆန်စပါးအသင်းချုပ် ဖွဲ့စည်းေရးမှာ ြမန်မာနိုင်ငံက ပါ၀င်ေရး မပါ၀င်ေရး ေလ့လာသုံးသပ်ေနတယ်လို့ ြမန်မာနိုင်ငံဆန်စပါးအသင်း အမှုေဆာင် ေဒါက်တာစိုးထွန်းက ေြပာပါတယ်။

(၄၁) ရေနက်စိုက်ကွင်း ဧက ၄သောင်းကျော် တောင်သူများကို ထူးကုမ္ပဏီပြန်ပေး : Source : DVB

Published on August 29, 2012 by မင်းလွင်   ·   No Comments
ဧရာ၀တီတိုင်းအတွင်းရှိ ြမို့နယ် ြမို့နယ်က ေရနက်ကွင်းဧက ေသာင်း ေကျာ်ကို ဦးေတဇပိုင် ထူးကုမ္ပဏီက စပါးစိုက် ေတာင်သူေတွကို လွှဲေြပာင်းေပးလုိက်ပါတယ်။

 

(၄၂) နိုင်ငံခြားသေား ၀င်ရောက်နေထိုင်မှု တင်းကျပ်စွာ ထိန်းချုပ်ရန် လိုအပ်ဟု ဆို : Source : DVB

Published on August 29, 2012 by နန်းြမနဒီ   ·   No Comments
ြမန်မာနုိင်ငံ နယ်စပ်ေတွမှာ နုိင်ငံြခားသား ၀င်ေရာက်ေနထုိင်မှုကုိ တင်းကျပ်စွာ ထိန်းချုပ်ကာကွယ်မှုလုပ်ဖုိ့ လုိအပ်ေြကာင်း ညီညွတ် ေသာတိုင်းရင်းသားလူမျိုးများမဟာမိတ် (ယူအန်ေအ) အဖွဲ့၀င်ေတွနဲ့ တြခားတိုင်းရင်းသားပါတီေတွက ေခါင်းေဆာင်ေတွက ေြပာြကားလုိက်ပါတယ်။

 

(၄၃) တောင်ငူမြို့ရေကြီးမှု တလကျော် ကြာသည့်ုတိုင် ရေမကျသေး : Source : DVB

Published on August 29, 2012 by ေနာ်နုိရင်း   ·   No Comments
ြပီးခဲ့တဲ့လကတည်းက ရွေကီးနေတဲ့  ပဲခူးတုိင်း ေတာင်ငူြမို့မှာ အခုချိန်ထိ ေရမကျေသးဘူးလုိ့ ေတာင်ငူြမို့ခံတဦးက ေြပာပါတယ်။
ေတာင်ငူြမို့ အမှတ် ၉၊ ၁၀ မုိးေကာင်းနဲ့ အလယ်ကွျန်းေတွမှာ စစ်ေတာင်းြမစ်ေရတက်မှုနဲ့ အနီးအနားက ခေပါင်း၊ ပသိနဲ့ ေသာက်ေရခပ်ဆည်ေတွ ေရလွှတ်မှုေြကာင့် ဇူလုိင်လ ၂၂ ကတည်းက ေရြကီးေရလှျံမှု ြဖစ်ပွားခဲ့တာပါ။

 

(၄၄) သာပေါင်းမြို့ရေပြန်ကျ၊ လယ်ပြန်စိုက်ဖို့ပြင် : Source : DVB

Published on August 29, 2012 by အေးနိုငျ   ·   No Comments
ြမစ်ေရြကီးမှုေြကာင့် ဧရာ၀တီတိုင်း သာေပါင်းြမို့နယ်မှာ လယ်ေြမဧကေပါင်း ေထာင်ေလာက် ပျက်စီးခဲ့ြပီး အခု ေရြပန်ကျသွားြပီြဖစ်တဲ့အတွက် လယ်သမားေတွ စပါးြပန်လည်စုိက်ပျုိးဖုိ့ ြပင်ဆင်ေနပါတယ်။



(၄၅) အစိုးရတပ်များ ဖားကန့်ရှိ ကျေးရွာ ၁၁ ရွာရှိ ဒေသခံများအား တိမ်းရှောင်ရန် သတိပေးကြေငြာ : Source : Kachin

29-Aug-12
ကချင်ပြည်နယ် ဧရာမကျောက်စိမ်းတူးဖော်ရာဒေသဖြစ်သော ဖားကန့်မြို့ရှိ ကျေးရွာ ၁၁ ရွာကို မြန်မာအစိုးရတပ်ဖွဲ့များမှ အသံချဲ့စက်အသုံးပြုကာ မိမိနေအိမ်မှ ပစ္စည်းများတစ်ခု မကျန် သိမ်းဆည်းကာ ပြောင်းရွှေ့သွားရန် ယနေ့မနက်တွင် လိုက်လံသတိပေးပြောဆိုခဲ့ကြောင်း ဒေသခံများပြောသည်။

 

(၄၆) မရမ်းကျေးရွာ တိုက်ပွဲတွင် ကလေး နှစ်ဦးမိခင် ထိခိုက်ဒဏ်ရာရ : Source : Kachin

29-Aug-12
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မရမ်း(Mayan) ကျေးရွာတွင်အနီး အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တိုက်ပွဲဖြစ်ပွားခဲ့ရာ ရွာအတွင်း ကျည်ဆန်ကျပြီး ကလေး နှစ်ယောက်မိခင်အား ထိမှန်သွားခဲ့ကြောင်း သိရသည်။


(၄၇) တရုတ်ဖက်ခြမ်းမှ မပြောင်းရွှေ့ရသေးသော ခဒေါင်းပါစခန်းတွင် ၀မ်းရောဂါ ကူးစက်ပြန့်ပွား : Source : Kachin
29-Aug-12
တရုတ်နိုင်ငံ နောင်တောင်းခရိုင်အတွင်း ခိုလှုံနေပြီး မိုးရာသီချိန် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ပြောင်းရွှေ့ရန် ကျန်ရှိနေသေးသော ခဒေါင်းပါ (Hka Dawng Pa) ကချင် ဒုက္ခသည်စခန်းတွင် ၀မ်းရောဂါ ဖြစ်ပွားနေကြောင်း ၎င်းဒုက္ခသည်စခန်း ကျန်းမာရေးဌာနမှ ပြောသည်။

No comments:

Post a Comment