Wednesday, August 29, 2012

နေ့စဉ်မြန်မာ့အရေး ဆက်စပ်သတင်းများ (သြဂုတ်လ ၂၈ရက်၊ ၂၀၁၂ခုနှစ်)


(၁) အမည်မည်း(Black list) စာရင်းသွင်းခံထားရသူ မြန်မာနိုင်ငံသား ၂၀၀၀ ကျော်ကို ပယ်ဖျက် : Source : Moemaka

28-Aug-12

ပြည်ပရောက် မြန်မာနိုင်ငံသား စုစုပေါင်း ၆၁၆၅ ဦးကို အမည်မည်း (black list) စာရင်းသွင်းထားခဲ့ရာမှ ယင်းတို့အနက်၂၀၈၂ ဦးအား ပယ်ဖျက်ပေးလိုက်ကြောင်း ပြန်ကြားရေး ၀န်ကြီးဋ္ဌာနမှ ယနေ့ နံနက် သတင်းထုတ်ပြန်လိုက်သည်။

ဆက်ဖက်ရန်---

 

 

(၂) ၀န်ကြီးအပြောင်းအလဲတွင် အရပ်သားနှင့် ပညာရှင်များ ပိုမိုပါဝင်လာ : Source : Moemaka

27-Aug-12
နိုင်ငံတော် သမ္မတရုံးမှ ယနေ့နေ့စွဲဖြင့် ပြည်ထောင်စုဝန်ကြီး (၉) ဦးနှင့် ဒုတိယ၀န်ကြီး (၁၅) ဦးတာဝန်ပေး ခန့်အပ်လိုက်ကြောင်း ကြေညာလိုက်ရာ ဒုဝန်ကြီး (၁၅) ဦးထဲတွင် အရပ်သား ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်လာသည်ကို တွေ့ရသည်။

ဆက်ဖက်ရန်---


(၃) မြန်မာ့ပြုပြင်ပြောင်းလဲမှု စောင့်ကြည့်ဖို့ အိုဘားမား အစိုးရကို အောက် လွှတ်တော်တိုက်တွန်း : Source : VOA
27-Aug-12
မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာငွေကြေးအဖွဲ့အစည်း IFI တွေနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့နေရာမှာ ဘဏ္ဍာငွေကြေးပိုင်း ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိဖို့အတွက် အမေရိကန်အစိုးရက လုပ်ဆောင်ဖို့ အမေရိကန်အောက်လွှတ်တော်ရဲ့ ထိပ်တန်း လွှတ်တော်အမတ်နှစ်ဦးက တိုက်တွန်းလိုက်ပါတယ်။

ဆက်ဖက်ရန်---


(၄) ကုလဝန်ထမ်းတွေ ပြစ်ဒဏ်စီရင်မှုအပေါ် ကင်တားနားဝေဖန် : Source : VOA
27-Aug-12

ရခိုင်ပြည်နယ် တရားရုံးတခုကနေ ထောင်ဒဏ်အသီးသီးချမှတ်လိုက်တဲ့ ကုလသမဂ္ဂ၀န်ထမ်းနှစ်ဦးနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတခုက ၀န်ထမ်းတဦးတို့ကို ချက်ခြင်းပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူး စုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က မြန်မာအစိုးရကို

ဆက်ဖက်ရန်---

 

(၅) JICA က ချင်းပြည်နယ်ကို ကျပ်ငွေ သန်းပေါင်း ၉၉၀၀ ခန့် ထုတ်ချေးမည် : Source : RFA
2012-08-27
ချင်းပြည်နယ်ရဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ အတွက် (JICA) လို့ခေါ်တဲ့ ဂျပန်နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီက မြန်မာကျပ်ငွေ သန်းပေါင်း ၉၉၀၀ ခန့် ထုတ်ချေးမှာဖြစ်ကြောင်း ချင်းပြည်နယ် စိုက်ပျိုးရေးနဲ့ မွေးမြူရေး ၀န်ကြီး ဦးဗန်ထောင်းက ပြောပါတယ်။

ဆက်ဖက်ရန်---

 

(၆) ဆရာဝန်များ အလုပ်လက်မဲ့ ပြဿနာ သမ္မတထံ စာပေးပို့ : Source : RFA
2012-08-27
မြန်မာနိုင်ငံမှာ ဆရာဝန်တွေ အလုပ်အကိုင် ရှားပါးပြီး အလုပ်လက်မဲ့ များပြားလာတဲ့ ပြဿနာကို ကိုင်တွယ် ဖြေရှင်းပေးဖို့ ဆရာဝန် အယောက် (၈၀) စုပေါင်း လက်မှတ်ထိုးပြီး သမ္မတ ဦးသိန်းစိန်ထံ စာတစ်စောင် ရေးသားပေးပို့လိုက်ပါတယ်။

ဆက်ဖက်ရန်---

 

(၇) လက်ပန်းတောင်းတောင် ဒေသခံပြည်သူ လယ်သိမ်းတိုက်ပွဲ ဆက်လက်ဆင်နွှဲ : Source : RFA
2012-08-27
စစ်ကိုင်းတိုင်း လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဒေသမှာ အာဏာပိုင်တွေဘက်က ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာကို မကျေနပ်တဲ့ ဒေသခံပြည်သူ နှစ်ထောင်နီးပါးဟာ လယ်သိမ်းတိုက်ပွဲကို မနေ့က (၅) ရက်မြောက်နေ့အဖြစ် ဆက်လက် ဆင်နွှဲခဲ့ပါတယ်။

ဆက်ဖက်ရန်---



(၈) တိုက်ပွဲတွေကြောင့် ဖားကန့် ကျောက်တူးသမား သောင်းချီတိမ်းရှောင် : Source : VOA

27-Aug-12

ကချင်ပြည်နယ်က ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့နယ်အတွင်းမှာ ဒီရက်ပိုင်းအတွင်း အစိုးရ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA အကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်လာ တာကြောင့် ကျောက်တွင်းတွေမှာ အလုပ်လုပ်ကိုင်နေသူ တစ်သောင်းကျော်လောက် ဖားကန့်မြို့ပေါ်ကို ထွက်ပြေးခိုလှုံနေကြရပါတယ်။ ထွက်ပြေးလာသူတွေဟာ

ဆက်ဖက်ရန်---

 

(၉) ကချင်လယ်သမားများ ဗဟန်းမြို့နယ်မှာ ဆန္ဒပြခွင့်လျှောက်ထား : Source : RFA
2012-08-27
ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း ဒေသမှာ ယုဇနကုမ္ပဏီ အသိမ်းခံရတဲ့ လယ်ယာမြေများ ပိုင်ရှင် ကချင်တောင်သူ လယ်သမားဦးကြီးတွေက ဗဟန်းမြို့နယ်ရှိ ယုဇနကုမ္ပဏီ ရှေ့မှာ သုံးရက်ဆက် ဆန္ဒပြခွင့် လျှောက်ထားရာမှာ ဒုတိယနေ့အတွက် လျှောက်လွှာ တင်သွင်းတာကို ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက လက်ခံခြင်း မရှိဘူးလို့ သိရပါတယ်။

ဆက်ဖက်ရန်---


(၁၀) ရှမ်း ဒုက္ခသည်များ ပြန်မပို့ရေး တိုက်တွန်း : Source : Irrawaddy
28-Aug-12
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် ခရိုင် ၀င်ဟယ် မြို့နယ် အတွင်းရှိ ကုန်းကျော် ဒုက္ခသည်စခန်းမှ ရှမ်း ဒုက္ခသည် ၅၀၀ ခန့်ကို မြန်မာနိုင်ငံသို့ ပြန်မပို့ရန် ရှမ်းလူထု အခြေပြုအဖွဲ့များက ယမန်နေ့က သက်ဆိုင်ရာ တာဝန်ရှိသူများကို တိုက်တွန်း လိုက်သည်။

ဆက်ဖက်ရန်---


(၁၁) ရှိပြီးသား တောလေးတွေ မခုတ်အောင် ထိန်းဖို့ပဲလိုတယ် : Source : Irrawaddy
28-Aug-12

မိုးရွာသွန်းမှု များခြင်းကြောင့် မြန်မာနိုင်ငံ အောက်ပိုင်းနှင့် အထက်ပိုင်းဒေသတချို့ ရေလွှမ်းမိုးမှု ကြုံတွေ့နေရချိန်တွင်  အလယ်ပိုင်းဒေသများမှာ မိုးခေါင်နေပြီး ဒေသခံများ၊ တောင်သူလယ်သမားများ အခက်အခဲ ကြုံတွေ့လျက်ရှိသည်။ ဗြိတိန်နိုင်ငံ အခြေစိုက် Maplecroft သုတေသနဌာနက သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အဆိုးဝါးဆုံး ၁၀

ဆက်ဖက်ရန်---

 


(၁၂) စားသုံးသူများ ကာကွယ်ရေးအသင်း ဖွဲ့စည်း : Source : RFA
2012-08-27
မြန်မာနိုင်ငံရဲ့ ပထမဆုံး စားသုံးသူများ ကာကွယ်ရေးအသင်းကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီ ခန်းမမှာ မနေ့က စတင် ဖွဲ့စည်းလိုက်ပါတယ်။ မြန်မာနိုင်ငံက ပြည်သူတွေ အစားအသောက်နဲ့ လူသုံးကုန် ပစ္စည်းတွေမှာ ဓာတုအဆိပ်သင့် အန္တရာယ် ကင်းဝေးစေဖို့ နိုင်ငံသားတွေ ကျန်းမာစွာ သက်တမ်းစေ့ နေနိုင်စေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဆက်ဖက်ရန်---

 


(၁၃) ရေဘေးဒဏ်သင့် မြန်မာ့ လယ်ယာကဏ္ဍ : Source : VOA
28-Aug-12

မန်မာနိုင်ငံမှာ ဒီနှစ်ထဲ မိုးအကြီးအကျယ် ရွာသွန်းမှုတွေနဲ့အတူ ရေကြီးရေလျှံမှုတွေကြောင့် လယ်ယာမြေတွေ ထိခိုက်ပျက်စီးမှုတွေ ကြုံနေရပါတယ်။ ဒီအတွက် တိုင်းပြည်ရဲ့ ပင်မစီးပွားရေးဖြစ်တဲ့ စိုက်ပျိုးရေး လုပ်ငန်းမှာ ထိခိုက်မှုတွေ ကြုံရမှာကို စိုးရိမ်မကင်း ဖြစ်သံတွေလည်း ထွက်ပေါ်နေတာပါ။ ဆန်စပါး ထုတ်လုပ်ရေး လုပ်ငန်းက တာဝန်ရှိသူတွေကတော့

ဆက်ဖက်ရန်---

 


(၁၄) ခုံရုံး ဆုံးဖြတ်ချက် မားကြောင်း ပြည်ထောင်စု လွတ်တော် ဆုံးဖြတ် : Source : BBC
27-Aug-12
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မရှင် ကော်မတီတွေဟာ ပြည်ထောင်စု အဆင့် မဟုတ်ဘူးလို့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ခုံရုံးက ဆုံးဖြတ်ခဲ့တာဟာ မှာယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ တနင်္လာနေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်လိုက် ပါတယ်။

ဆက်ဖက်ရန်---



(၁၅) နေပြည်တော်က ပထမဆုံး မသန်စွမ်းသူများ ဆွေးနွေးပွဲ : Source : BBC
28-Aug-12
တနင်္ဂနွေ နေ့က နေပြည်တော် ပျဉ်းမနား မြို့မှာ မသန်စွမ်းသူ ညီအစ်ကို မောင်နှစ်မများ ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ပါတယ်။

ဆက်ဖက်ရန်---

 


(၁၆) ကေအန်ယူနှင့် မြန်မာအစိုးရ ဆွေးနွေးပွဲရက် ပြန်လည်သတ်မှတ် : Source : DVB

Published on August 28, 2012 by ေနာ်နုိရင်း   ·   No Comments
ေကအန်ယူ ကရင်အမျုိးသားအစည်းအရံုးနဲ့ ြမန်မာအစိုးရ ြငိမ်းချမ်းေရး အဖွဲ့အြကား လာမယ့် လဆန်း ြပန်ေဆွးေနွးတဲ့အခါ  ြပည်သူလုထု ဘ၀လုံြခံုမှု အာမခံေရးနဲ့ နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်ဆုိင်းေရး ကျင့်၀တ်ေတွကုိ ေဆွးေနွးမယ်လုိ့ ေကအန်ယူက ထုတ်ြပန််ပါတယ်။

ဆက်ဖက်ရန်---

 

(၁၇) ဒဂုံမြို့သစ် လယ်သမားများ စပါးခင်းရေမြှပ်ပျက်စီးပြီး ချေးငွေ ပြန်ဆပ်ရန် ခက်ခဲနေ : Source : DVB

Published on August 28, 2012 by ဒီဗှီဘီ   ·   No Comments
ေရြကီးေရလှျံမှုေြကာင့် ရန်ကုန်တိုုင်း ဒဂံုြမို့သစ်အေရှ့ပိုင်းက ေကျးရွာေတွမှာ စပါးခင်းေတွ ေရြမုပ်ပျက်စီးခဲ့ြပီး လာမယ့်နှစ် စိုက်ပျိုးေချးေငွေတွ ြပန်ဆပ်နိုင်ဖို့ အခက်အခဲ ရှိေနတယ်လို့ လယ်သမားေတွက ေြပာပါတယ်။

ဆက်ဖက်ရန်---

 

(၁၈) တောင်သူများ နစ်နာမှုအတွက် တင်ပြနိုင်ကြောင်း ဦးပိုင် ကြေညာချက်ထုတ်ပြန် : Source : DVB

Published on August 28, 2012 by မင်းလွင်   ·   No Comments
မံုရွာခရုိင် လက်ပန်းေတာင်းေတာင် ေြကးနီးစီမံကိန်းက ေြမယာသိမ်းခံရတဲ့ ေတာင်သူေတွ နစ်နာမှုနဲ့ လုိအပ်ချက်များ ရှိသည်ဟု ယူဆပါက ြမန်မာ့စီးပွားေရးဦးပုိင်ကုမ္ပဏီကုိ တိုက်ရိုက် တင်ြပနုိင်ေြကာင်း ကုမ္ပဏီက ေြကညာချက် ထုတ်ြပန်လုိက်ပါတယ်။

ဆက်ဖက်ရန်---


(၁၉) မြန်မာပြည်အပြောင်းအလဲ ဂိတ်ဆုံးကို ရောက်နေဟုဆို : Source : DVB
Published on August 28, 2012 by နေသှငျ   ·   No Comments
ြမန်မာနိုင်ငံရဲ့ ဒီမုိကေရစီြပုြပင်ေြပာင်းလဲမှုေတွဟာ ဒီထက်ပိုမိုချဲ့ထွင်လို့ မရနိုင်ေတာ့ဘူးလို့ ထင်ရှားတဲ့ ြမန်မာပညာရှင် ေဒါက်တာ တင်ေမာင်ေမာင်သန်းက ေြပာပါတယ်။

ဆက်ဖက်ရန်---


(၂၀) တားမြစ်ဆေးများပါ ပျားရည်များ တရုတ်နိုင်ငံမှ ဝင်ရောက်နေ : Source : Mizzima
ကိုကိုအောင် | အင်္ဂါနေ့၊ သြဂုတ်လ ၂၈ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၅၉ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ တားမြစ်ဆေးများ တွေ့ရှိခဲ့သောကြောင့် ဥရောပနှင့် အမေရိကန် နိုင်ငံများမှ တင်သွင်းခွင့် ပိတ်ပင်ထားသည့် တရုတ်နိုင်ငံလုပ် ပျားရည်များ မြန်မာပြည်သို့ တင်သွင်းမှုများ ရှိနေကြောင်း ပျားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တဦးက ပြောသည်။
ဆက်ဖက်ရန်---

 

(၂၁) ဝန်ကြီး နှစ်ဦး ရာထူးမှ ဖယ်ရှား : Source : Mizzima
မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ သြဂုတ်လ ၂၈ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၀ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ သမ္မတဦးသိန်းစိန်က သူ၏ဝန်ကြီးအဖွဲ့အတွင်း ၂၄ ဦးကို အရွှေ့အပြောင်းနှင့် အသစ်
ပြောင်းလဲခြင်းများ တနင်္လာနေ့က လုပ်ခဲ့ပြီးနောက် မပြီးပြတ်သေးဘဲ အင်္ဂါနေ့တွင် ဝန်ကြီးနှစ်ဦးကို ရာထူးမှ ဖယ်ရှားလိုက်သည်ဟု သမ္မတရုံးက ထုတ်ပြန်ကြေညာသည်။
ဆက်ဖက်ရန်---

 

(၂၂) အမျိုးသားကြီးပွားရေးကုမ္ပဏီ စာချုပ်ဖေါက်ဖျက်ဟုဆိုကာ ILO သို့တိုင် : Source : Mizzima
သိင်္ဂီထွန်း၊ ကိုကိုအောင် | အင်္ဂါနေ့၊ သြဂုတ်လ ၂၈ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၂၄ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ မိုးထိမိုးမိ ရွှေတောမှ ရွှေလုပ်သားများနှင့် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်ပါ အချက်များအား ကုမ္ပဏီဘက်မှ ဖေါက်ဖျက်သည်ဟု အလုပ်သမား များက စွပ်စွဲကာ ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် ILO သို့ စနေနေ့က တိုင်ကြားထားသည်။
ဆက်ဖက်ရန်---

 

(၂၃) လေးလ အကြာမှာ ထွက်ပေါ်လာသော ရွေးကောက်ပွဲ အစီရင်ခံစာ : Source : Mizzima
မြတ်ကျော်သူ | အင်္ဂါနေ့၊ သြဂုတ်လ ၂၈ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၀၂ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။      ။ ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၈၈ မျိုးဆက်
ကျောင်းသားများက ဦးဆောင်ပြုလုပ်ခဲ့သည့် လေ့လာရေး အစီရင်ခံစာတရပ်ကို ရွေးကောက်ပွဲ ပြီးနောက် လေးလ အကြာတွင် ထွက်ပေါ်လာခဲ့သည်။
ဆက်ဖက်ရန်---

 

 
(၂၄) ရေကြီးရေလျှံ ထိန်းချုပ်ရန် နိုင်ငံတကာ အကူအညီဖြင့် ဆောင်ရွက်မည် : Source : Mizzima
နေလင်းအောင် | အင်္ဂါနေ့၊ သြဂုတ်လ ၂၈ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၃၁ မိနစ်

မဇ္ဈိမ(ရန်ကုန်) ။      ။ နှစ်စဉ် ရေကြီးရေလျှံ ဖြစ်လေ့ရှိသောဒေသများ ရေလွှမ်းခံရမှု လျော့နည်းသွားစေရန် နိုင်ငံတကာ အကူအညီဖြင့် ဆောင်ရွက်သွားရန်ရှိသည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင် က ပြောသည်။
ဆက်ဖက်ရန်---

 

(၂၅) ဖားအံမြို့ ကရင့်ရိုးရာ ချည်ဖြူဖွဲ့ပွဲတော်သို့ KNU ပထမဆုံးအကြိမ် ပါဝင်ဆင်နွဲခဲ့ : Source : KIC
28-Aug-12
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုမှ ကြီးမှူးကျင်းပသော (၃၅)နှစ်မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ပွဲတော်ကို သြဂုတ်လ ၂၆ရက်နေ့က ဖားအံမြို့ရှိ ဇွဲကပင်ခမ်းမတွင် ကျင်းပခဲ့ရာ ကရင်အမျိုးသားအစည်းအရုံး-KNU မှ ခေါင်းဆောင်အချို့ ပထမဆုံး အကြိမ် တက်ရောက်ဆင်နွဲခဲ့သည်။

ဆက်ဖက်ရန်---

 

(၂၉) ယခုလကုန် တောင်ကြီး၌ရုံးဖွင့်နိုင်ရေး PNLO ကြိုးစားနေ : Source : Panglong

Tuesday, 28 August 2012 15:54 သျှမ်းသံတော်ဆင့်
သျှမ်းပြည်တောင်ပိုင်းမြို့တော်တောင်ကြီး၌ ယခုလမကုန်မီ ဆက်ဆံရေးရုံးဖွင့်လှစ်နိုင်ဖို့ကြိုးစားနေကြောင်း ပအိုဝ်းအမျိုး သား လွတ်မြောက်ရေးအဖွဲ့ချုပ်ကပြောသည်။

ဆက်ဖက်ရန်---


(၃၀) သမ္မတဦးသိန်းစိန်၏ ၀န်ကြီး အပြောင်းအလဲ KNUအကောင်းမြင် : Source : KIC
28-Aug-12
မြန်မာအစိုးရ သမ္မတဦးသိန်းစိန်သည် ယမန်နေ့က ပြည်ထောင်စုဝန်ကြီး ၉ဦးအား ပြောင်းလဲတာဝန်ပေးခြင်းအပေါ် အကောင်းမြင် ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU က ယနေ့ ပြောကြားလိုက်သည်။

ဆက်ဖက်ရန်---


(၃၁) ဖားကန့်ဒေသတွင်း KIA နှင့်တိုက်ပွဲတွင် အစိုးရဖက် ကျဆုံးမှုများ : Source : Kachin
28-Aug-12
ဖားကန့်မြို့နယ်တွင်း အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ တိုက်ပွဲများသည် ဆက်လက်ပြင်းထန်နေပြီး ယမန်နေ့ သြဂုတ် ၂၇ ရက် ညနေ့တွင် ဖားကန့်ဒေသ မောမော်ဘွမ် (Maw Mau Bum) ဘက်သို့ ချီတက်လာသော မြန်မာအစိုးရတပ်ကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) မှ ပစ်ခတ်တိုက်ခဲ့ရာ မြန်မာအစိုးရတပ်မှ သေဆုံးမှုရှိခဲ့ကြောင်းသိရသည်။

No comments:

Post a Comment