(၁) အစိုးရ တောင်းဆိုချက်အရ တပ်စခန်းနေရာကို SSA (မြောက်ပိုင်း)က ဆုတ်ခွာပေး : Source : RFA
2012-06-22
ရှမ်းပြည်မြောက်ပိုင်းမှာ
တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ မန္တလေးမြို့မှာ SSA
မြောက်ပိုင်းနဲ့ အစိုးရဘက် က နှစ်ဘက် တာဝန်ရှိသူတွေ ဒီနေ့တွေ့ဆုံ
ဆွေးနွေးခဲ့ကြပြီးနောက် အစိုးရဘက်က တောင်းဆိုချက်အရ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ SSA
မြောက်ပိုင်း တပ်စခန်းနေရာကို SSA က ဆုတ်ခွာပေးလိုက် တယ်လို့ သိရပါတယ်။
ဆက်ဖက်ရန်
(၂) ဗြိတိသျှ စီးပွားရေးလုပ်ငန်းရှင်အဖွဲ့ မြန်မာနိုင်ငံကို လာမည် : Source : RFA
2012-06-22
ဗြိတိန်နိုင်ငံ
UKIT စီးပွားရေး သံတမန်အုပ်စုရဲ့ ဥက္ကဋ္ဌ Lord Marland နဲ့အဖွဲ့ဟာ မြန်မာနိုင်ငံနဲ့
ကုန်သွယ်ရေး လုပ်ငန်းကိစ္စတွေ ဆွေးနွေး ဖို့ မြန်မာနိုင်ငံကို နောက် လအတွင်း
သွားရောက်မှာ ဖြစ်ပါတယ်။
ဆက်ဖက်ရန်
(၃) အပစ်အခတ်
ရပ်စဲသော်လည်း တိုက်ပွဲပြသနာ ဖြေရှင်းနေရ : Source : Phophtaw
23-Jun-12
SSA မြောက်ပိုင်း
တပ်ဖွဲ့နှင့် အစိုးရတို့သည်၊ အပစ်အခတ် ရပ်စဲထားသော်လည်း တိုက်ပွဲများ မကြာမကြာ
ဖြစ်နေသည့် အ တွက် ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ
ဒုဥက္ကဌ ဦးသိန်းဇော်တို့ အဖွဲ့နှင့် ယမာန်နေ့ နေ့လည် ပိုင်းက မန္တလေးမြို့၌ တွေ့ဆုံ
ဆွေးနွေး ခဲ့ကြသည်ဟု SSA မြောက်ပိုင်း တပ်ဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး
စိုင်းလက ပြောပါသည်။
ဆက်ဖက်ရန်
(၄) အတိုက်အခံဆိုတာ အစိုးရလောင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား : Source : RFA
2012-06-22
အတိုက်အခံဆိုတာ
တစ်နေ့မှာ အစိုးရဖြစ်နိုင်တဲ့ အဖွဲ့အစည်းဆိုတာ လက်ခံဖို့လိုကြောင်း မြန်မာ့
ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုလိုက် ပါ တယ်။
ဆက်ဖက်ရန်
(၅) ဒေါ်အောင်ဆန်းစုကြည်
ပြင်သစ်နိုင်ငံကို ၀င်ရောက်မည် : Source : RFA
2012-06-22
စကော့တလန်
နိုင်ငံ Glasgow Caledonian တက္ကသိုလ် ကျောင်းအုပ်၊
ပါမောက္ခ Pamela Gillies ဟာ မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့
တွေ့ဆုံခဲ့ပြီး Glasgow
မြို့တော်ကို လာရောက် လည်ပတ်ဖို့ မြို့တော်ဝန်ရဲ့ဖိတ်ကြားစာကို ပေးအပ်ခဲ့ပါတယ်။
ဆက်ဖက်ရန်
(၆) လယ်ယာမြေ
အငြင်းပွားမှု NLD နဲ့ ၈၈ မျိုးဆက် ကူညီဆောင်ရွက် : Source : RFA
2012-06-22
လယ်ယာမြေ
အငြင်းပွားမှု ဖြစ်နေတဲ့ ဒဂုံဆိပ်ကမ်းမြို့ နယ် လေးထောင့်ကန် လယ်သမားတွေ အရေးကို
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိးဆက် ကျောင်းသားများ အဖွဲ့က ဒီကနေ့
သွားရောက် ကူညီဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
ဆက်ဖက်ရန်
(၇) ရခိုင်ပြည်နယ်က
တိုင်းရင်းသားဒုက္ခသည်များအတွက် ဆန်အိတ် ၁၆၀ (ကျပ် ၂၅သိန်း) မိုးမခမိတ်ဆွေနှင့် မိဘဆွေမျိုးများ
လှူဒါန်း : Source : Moemaka
23-Jun-12
ဇွန်လတွင်း ရခိုင်ပြည် နယ်စပ်ဒေသနှင့် အခြားမြို့ရွာများတွင် မငြိမ်သက်မှုများ၊ အကြမ်းဖက် ဆူပူမှုများကြောင့် မိမိတို့ ရပ်ရွာနေအိမ်များကို စွန့်ခွာပြီး မြန်မာနိုင်ငံသား ရခိုင်တိုင်းရင်းသားနှင့် ဒေသခံပြည်သူတို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ အဆိုပါ ထောင်ဂဏန်းနှင့် ချီသော အမျိုးသားများ ရွှေ့ပြောင်းနေထိုင်ရာ စခန်းများသို့ မြန်မာပြည်တွင်း ပြည်ပက
ဆက်ဖက်ရန်
(၈) စည်ပင်က
စစ်တွေ ဈေးကြီးကို ပြန်ဖွင့်လှစ်လိုသော်လည်း ဈေးကော်မီတီက တာဝန် မယူ : Source :
Narinjara
23-Jun-12
စစ်တွေဈေးကြီးကို
မြို့နယ် စည်ပင်က ဖွင့်လှစ်လိုသော်လည် ဈေးကော်မီတီက တာဝန် မယူသဖြင့် ဈေးကြီး
ဖွင့်လှစ်ရေးမှာ မရေမရာ ဖြစ်နေကြောင်း ဒေသခံ ဈေးဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။
ဆက်ဖက်ရန်
(၉) ရခိုင်
ဆူပူမူကြောင့် ရခိုင်ကမ်းရိုးတန်းတွင် ကုန်တင်သင်္ဘောကြီး နစ်မြုပ်မူ လူသိနည်းခဲ့ :
Source : Narinjara
23-Jun-12
ရခိုင်တွင် ဇွန်လ
၈ ရက်နေ့က စတင် ဖြစ်ပေါ်ခဲ့သော ဆူပူ
အကြမ်းဖက်မူကို စိတ်ဝင်စားနေသူ များရာမှ ရခိုင်ကမ်းရိုးတန်းတွင် ကုန်ပစ္စည်း
တန်ချိန် ၃၀၀ ခန့်တင်ဆောင် လာသော ကုန်တင် သင်္ဘော တစ်စီး နစ်မြုပ်မူကို
လူသိနည်းခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဆက်ဖက်ရန်
(၁၀) တည်ငြိမ်စပြုနေသော
စစ်တွေတွင် ၃ ရက်မြောက် မီးရှို့မှု ဖြစ်ပွား : Source : Narinjara
22-Jun-12
ဆူပူ
အကြမ်းဖက်မူများ ဖြစ်ပွားပြီးနောက် ရက်ပေါင်းမျာစွာ တည်ငြိမ် နေခဲ့သော
စစ်တွေမြို့တွင် ဇွန်လ ၂၀ ရက်နေ့မှ စတင်ကာ မီးရှို့မူ ပြန်ဖြစ်ပွားရာ ယမန်နေ့ကလည်း
စစ်တွေ လေယာဉ်ကွင်း အနီးတွင် မီးရှို့မူ တစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဆက်ဖက်ရန်
(၁၁) ဟိန္ဒူဘာသာဝင်တွေကို
ရိုဟင်ဂျာ လူမျိုးလို ၀တ်ဆင်ခိုင်းပြီး မီးရှို့ခိုင်းနေဟု ဆို : Source :
Narinjara
22-Jun-12
ဆစ်ဒနီတက္ကသိုလ်က
ရိုဟင်ဂျာလူမျိုးဆိုသူ ဒေါက်တာလှမြင့်မှ ရခိုင်ပြည်နယ်တွင်းက ဟိန္နူ ဘာသာဝင်တွေကို
အာဏာပိုင်တွေဟာ ရိုဟင်ဂျာလူမျိုးလို
ဝတ်ဆင်ခိုင်းပြီး မိမိအိမ်ကို ပြန်ပြီး မီးရှို့ထွက်ပြေးတာမျိုး
လုပ်ခိုင်းနေတယ်လို့ ရေဒီယိုသြစတြေးလျကို ပြောကြားလိုက် ပါတယ်။
ဆက်ဖက်ရန်
(၁၂) SSAနဲ့ အစိုးရ စစ်တပ် ကြားမှာ တိုက်ပွဲ အရှိန် လျော့ရေး
ကြိုးပမ်း : Source : BBC
22-Jun-12
ရှမ်းပြည်မြောက်ပိုင်း မိုင်းရှူးမြို့နယ်က ရှမ်းပြည် တပ်မတော် မြောက်ပိုင်း ခေါ် ရှမ်းပြည် တိုးတက်ရေး ပါတီ SSA ရဲ့ လွယ်ဖာဖိန့် တပ်စခန်း အနီးမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဇွန်လ ၁၇ ရက်နေ့က စပြီး သုံး လေးရက်ကြာ ဆက်တိုက် ဖြစ်ပွား နေတဲ့ တိုက်ပွဲတွေ ထပ်ပြီး မကြီးထွား ရအောင် နှစ်ဘက် တပ်ဖွဲ့ရဲ့ အင်အား တွေကို ရုပ်သိမ်းဖို့နဲ့ ဆက်လက် ပစ်ခတ်မှု မလုပ်ကြဖို့ အတွက် SSA
ဆက်ဖက်ရန်
(၁၃) ထားဝယ်စီမံကိန်း
လုပ်အားခ ညီမျှရန် ဒေသခံများ တောင်းဆိုမည် : Irrawaddy
23-Jun-12
တနင်္သာရီတိုင်း
ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းတွင် လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမားများနှင့်
ထိုင်းအလုပ်သမားများ၏ လုပ်အားခ မညီမျှမှုကို ဖြေရှင်းပေးရန်
အီတာလျံ-ထိုင်းကုမ္ပဏီသို့ ဒေသခံအလုပ်သမားဘက်မှ ထပ်မံတောင်းဆိုမည်ဟု သတင်းရရှိသည်။
ဆက်ဖက်ရန်
(၁၄) ရသေ့တောင် ဒေသခံများ
အသတ်ခံရမှု လူ ၂၀ ကျော် ဖမ်းဆီး : Source : Irrawaddy
22-Jun-12
ရခိုင်ပြည်နယ် ရသေ့တောင်ဒေသခံ
ရခိုင်တိုင်းရင်းသား ၁၀ ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ သင်္ကာမကင်းသူ ၂၂ ဦး အား ဖမ်းဆီးထားကြောင်း
သိရသည်။
No comments:
Post a Comment