Wednesday, June 13, 2012

နေ့စဉ်မြန်မာ့အရေးဆက်စပ်သတင်းများ ဇွန် ၁၂ရက်၊ ၂၀၁၂ခုနှစ်


(၁) ရွှေလုပ်သားများ နေပြည်တော်ကို ချီတက် : Source : RFA

2012-06-11
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ တူးကုန်းကျေးရွာအုပ်စုမှာရှိတဲ့ မိုးထိ မိုးမိတောင်က ထောင်နဲ့ချီတဲ့ ရွှေတူးလုပ်သားတွေဟာ သူတို့တောင်းဆိုတဲ့ အခွင့်အရေးတွေ ရရှိဖို့အတွက် နေပြည်တော်ရှိ သမ္မတ အိမ်တော်အထိ ချီတက်လမ်းလျှောက် ဆန္ဒပြတောင်းဆိုမှု ဒီကနေ့ မနက်(၁၀) နာရီက စတင်ပြုလုပ်လိုက်ပြီလို့ သိရှိရပါတယ်။

ဆက်ဖက်ရန်---


(၂) ဒုက္ခသည်များကိုအောက်မေ့သောအားဖြင့် ဆားနယ်ထမင်းများစား : Source : Kachin
11-Jun-12
မကြာသေးခင်က ဖွဲ့စည်းလိုက်သည့် ကချင်ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့သည် ကချင်ပြည်နယ်တွင် စစ်ပွဲများဖြစ်ပွားမှု တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တွင် ဆုတောင်းပွဲ အစီအစဉ်ဦးဆောင်ကျင်းပရာ စစ်ပြေးဒုက္ခသည်များကို သတိရသောအနေဖြင့် ဆားနယ်ထားသော ထမင်းထုပ်ကို ဝေခဲ့ကြသည်။

(၃) ရခိုင်ပြည်နယ် အခြေအနေ အမေရိကန်အစိုးရ စိုးရိမ်ကြောင်း ကြေညာချက်ထုတ်ပြန် : Source : RFA
2012-06-11
ရခိုင်ပြည်နယ်တွင်း အခြေအနေတွေကို အမေရိကန်အစိုးရအနေနဲ့ အလွန်စိုးရိမ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မနေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

ဆက်ဖက်ရန်---



(၄) အဖမ်းခံရသော KIA တပ်ကြပ်ကြီးကို မြန်မာအစိုးရစစ်သားများ လူမဆန် နှိပ်စက် : Source : Kachin
12-Jun-12
ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၊ KIA တပ်မဟာ (၄) တပ်ရင်း (၁၇)မှ တပ်ကြပ်ကြီး ဘလာဘရန်မိုင်အား အစိုးရစစ်တပ်မှ ဖမ်းဆီးရမိကာ လူမဆန်စွာနှိပ်စက် ညှင်းပန်းမှုပြုလုပ်နေကြောင်း ဒေသခံများပြောသည်။

ဆက်ဖက်ရန်---


(၅) ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စောင့် ကြည့်ရေးအဖွဲ့ ထားရှိရန် CBO အဖွဲ့များနှင့် KNPP တွေ့ဆုံ : Source : Kicnews
11-Jun-12
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် ပိုမိုထိရောင်အောင် ရည်ရွယ်၍ စောင့်ကြည့်ရေးအဖွဲ့တခုထားရှိရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP သည် ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့ရှိ လူမှုအခြေပြုအဖွဲ့ အစည်း-CBO အဖွဲ့ (၁၁)ဖွဲ့နှင့် ယနေ့ နေ့လည် ၂နာရီမှ ညနေ ၅နာရီအထိ တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆက်ဖက်ရန်---

 

(၆) ရခိုင်ပြည်နယ်အတွင်းက ကုလ ၀န်ထမ်းတွေ ဘေးကင်းရာရွှေ့ပြောင်း : Source : RFA
2012-06-11
ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဖြစ်ပွားနေတဲ့ အရေးပေါ်အခြေအနေကြောင့် မောင်တောမှာ တာဝန်ကျနေတဲ့ ကုလသမဂ္ဂ၀န်ထမ်းနဲ့ မိသားစုတွေကို လုံခြုံတဲ့နေရာ ပြောင်းရွှေ့နေပြီလို့ သိရပါတယ်။

ဆက်ဖက်ရန်---


(၇) ဘာသာရေးပဋိပက္ခ ဖြစ်မလာရေး တောင်ကြီး သံဃာတော်များ ဆွေးနွေးး Source : RFA
2012-06-11
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ မငြိမ်သက်မှုတွေနဲ့ ပတ်သက်ပြီး ဘာသာရေးပဋိပက္ခအသွင်နဲ့ ကူးစက်ပြန့်ပွားမလာအောင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့က သံဃာတော်တွေ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဆက်ဖက်ရန်---






(၈) ပတ်စ်ပို့ပြုလုပ်ပေးသည့် ကယ်ရီနှင့် ဆက်သွယ်မရသဖြင့် မြန်မာ အလုပ်သမား ၁၀၀ကျော် အခက်ကြုံ : Source : Kicnews
12-Jun-12

ယာယီနိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)ပြုလုပ်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မဲဆောက်မြို့သို့ ရောက်ရှိနေသည့် အလုပ်သမားလက်မှတ် ရှိပြီးသားသူ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၀၀ ကျော်သည် ၎င်းတို့အတွက် လက်မှတ်ပြုလုပ်ပေးရန် အာမခံပေးထားသည့် ကယ်ရီသမားနှင့် ဆက်သွယ် မရသဖြင့် အခက် အခဲကြုံနေရ ကြောင်း

ဆက်ဖက်ရန်---

 

(၉) ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ ပတ်သက်ပြီး ဆန္ဒထုတ်ဖော် : Source : RFA

2012-06-11
ရခိုင်ပြည်နယ်က လက်ရှိပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။

ဆက်ဖက်ရန်---

 

(၁၀) ရခိုင်ပြည်နည် ကယ်ဆယ်ရေးစခန်းများတွင်ရှိ လူထုများ အကူအညီလိုအပ် : Source : Kicnews
ဇွန်လ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာ သူများအတွက် အလှူငွေများလိုအပ်လျက်ရှိသည်ဟု ရန်ကုန်မြို့တာမွေရှိ အလိုတော်ပြည့်ကျောင်း မှ ဘုန်းတော်ကြီးတစ်ပါးက ကေအိုင်စီသို့ပြောသည်။

ဆက်ဖက်ရန်---


(၁၁) ကရင်နီဒုက္ခသည်တို့ နေရပ် ပြန်ရေး ဆွေးနွေးပွဲ တိုးတက်မှုအပေါ် မူတည် : Source : Ktimes
12-Jun-12
အစိုးရနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဟာ အခုဆိုရင် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲကို ကရင်နီပြည် လွိုင်ကော်မြို့မှာ ပြုလုပ်ပြီး သဘောတူလက်မှတ်ရေးထိုးပြီးခဲ့ကြပါပြီ။ ဒီဆွေးနွေးပွဲ တိုးတက်မှု ရှိမှပဲ ထိုင်းနိုင်င်ငံ နယ်စပ်ဒေသက ကရင်နီဒုက္ခသည်တွေအတွက် ပြန်လည်အခြေချနေထိုင်ရေး အစီအစဉ်တွေအတွက် အထောက်အကူ ဖြစ်စေမှာပါ။

ဆက်ဖက်ရန်---


 

(၁၂) ရခိုင်ကိစ္စ အမေရိကန်နဲ့ EU စိုးရိမ် : Source : VOA

11-Jun-12

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာနဲ့ပတ်သက်လို့ အထူးစိုးရိမ်ကြောင်းနဲ့ တဘက်နဲ့တဘက် တိုက်ခိုက်မှု တွေကို ချက်ချင်းရပ်ဆိုင်းဖို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဟီလာရီ ကလင်တန်က တိုက်တွန်းလိုက်ပါတယ်။ လူတွေ သေဆုံးတဲ့အထိ ဖြစ်ပွားနေတဲ့ ဒီအကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့

ဆက်ဖက်ရန်---

 

(၁၃) ရခိုင်ပြည်နယ် ပဋိပက္ခ သတင်းဖော်ပြတဲ့ စာနယ်ဇင်းတွေ သတိပေးခံရ : Source : VOA
11-Jun-12

ရခိုင်ပြည်နယ်အတွင်းဖြစ်နေတဲ့  အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ ရေးကြတဲ့ သတင်းတချို့ ဟာ ပြန်ကြားရေးက ထုတ်ပြန်ထားတဲ့ မူဝါဒတွေနဲ့ ငြိစွန်းနေလို့ အရေးယူလို့ရတယ်လို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေက သတိပေးခဲ့ပြီး  ဆူပူမှုဖြစ်အောင် ရေးသားတာမျိုးတွေ့ရင် ပြင်းထန်စွာ အရေးယူ မယ်လို့ 

ဆက်ဖက်ရန်---

 

(၁၄) ရခိုင် အဓိကရုန်းအတွင်း ပြေးလာသူတွေ ဘင်္ဂလားဒေ့ရှ်က ပြန်မောင်းထုတ် : Source : BBC
12-Jun-12
မြန်မာနိုင်ငံဘက်ခြမ်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းကို ထွက်ပြေး ခိုလှုံလာကြသူ လူရာပေါင်း များစွာကို ဘင်္ဂလားဒေ့ရှ် နယ်စပ်တပ်ဖွဲ့ဝင်တွေက လက်မခံပဲ ပြန်မောင်းထုတ်နေကြပါတယ်။

ဆက်ဖက်ရန်---


(၁၅) မသီတာထွေး အမှု ဒုတိယနေ့ ကြားနာစစ်ဆေး : Source : Mizzima
နေမျိုး | တနင်္လာနေ့၊ ဇွန်လ ၁၁ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၅၂ မိနစ် နယူးဒေလီ (မဇ္ဈိမ) ။        ။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် သပြေချောင်းကျေးရွာမှ မသီတာထွေး အား အဓမ္မပြုကျင့် သတ်ဖြတ်၍ ပစ္စည်းလုယူမှုနှင့် ပတ်သက်၍ ကျောက်ဖြူ ခရိုင်တရားရုံး၌ ဒုတိယနေ့ကြားနာ စစ်ဆေးခြင်းကို တနင်္လာနေ့က ပြုလုပ်ခဲ့သည်။
ဆက်ဖက်ရန်---

(၁၆) မြန်မာတိုင်းရင်းသားများအရေး ဂျပန် ချစ်ကြည်ရေးသံတမန်ခန့် : Source : M izzima
မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇွန်လ ၁၂ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၄၁ မိနစ် နယူးဒေလီ (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံရှိ လူနည်းစု တိုင်းရင်းသားများအရေး ကူညီဆောင်ရွက်ပေးရန်အတွက် ဂျပန်အစိုးရ၏ ချစ်ကြည်ရေး သံတမန်အဖြစ် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Yohei Sasakawa အား ခန့်အပ် တာဝန်ပေး လိုက်ကြောင်း ဖောင်ဒေးရှင်းက ထုတ်ပြန်ကြေညာသည်။
ဆက်ဖက်ရန်---

(၁၇) သံတွဲ ဂျိတ်တော သောက်ရေကန် အဆိပ်ခတ်ခံရ : Source : Narinjara

12-Jun-12
သံတွဲ မြို့နယ် ဂျိတ်တော ကျေးရွာ သောက်ရေကန် အဆိပ်ခတ်ခံရကြောင်း သတင်း ရရှိသည်။
ယခုကဲသို့ အဆိပ်ခတ်ခံရမူကြောင်း ကန်ထဲရှိ ငါးများ သေဆုံးသွားကြောင်း ဒေသခံ တစ်ဦး ဖြစ်သူ ကိုကြီးသန်းက ပြောသည်။

ဆက်ဖက်ရန်---


(၁၈) အလုပ်သမားများ လုပ်အား တိုးလုပ်ရန် လုပ်ငန်းရှင်အသင်း တောင်းဆို : Source : Mizzima
ဖနိဒါ | တနင်္လာနေ့၊ ဇွန်လ ၁၁ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၄၂ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။         ။ အလုပ်သမားများ အခြေခံလစာ တိုးမြှင့်ရရှိရေး ဆန္ဒပြမှုများ မကြာခဏ ပေါ်ပေါက်နေသော် လည်း အလုပ်သမားများဘက်မှ လုပ်အား တိုးမြင့် လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း မြန်မာ့အထည်ချုပ် လုပ်ငန်းရှင် များ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုး က ပြောသည်။

ဆက်ဖက်ရန်---



(၁၉) မောင်တောမြို့ သောင်းကျန်းမှုကို ဖန်တီးသူအား ဖမ်းဆီး : Source : Arakantimes
11-Jun-12
မောင်တောမြို့ ကုလားဆန္ဒပြပွဲမှ သောင်းကျန်းမှုကို ဦးဆောင်ပြီး သုံးမိုင် UNHCR၌ ပုန်းအောင်းနေသူ ဒေါက်တာ ထွန်းအောင် (နရုဟောက်)အား မောင်တောမြို့နယ် အာဏာပိုင်က ယနေ့မြန်မာစံတော်ချိန် (၁၁း ၃၀)တွင် မေးမြန်းစစ်ဆေးရန် ခေါ်ဆောင် သွားကြောင်း သတင်းရရှိသည်။

ဆက်ဖက်ရန်---



(၂၀) မင်းပြားတွင် မွတ်ဆလင်ရွာကို ဖျက်သည့် သတင်း မဟုတ်မှန် : Source : Narinjara

12-Jun-12
မင်းပြားတွင် ရခိုင်များက မွတ်ဆလင်ရွာများကို မီးတိုက် ဖျက်ဆီးနေသည် သတင်းမှာ မဟုတ်မှန်ကြောင်း မင်းပြားအမတ် ဦးသာကျော်က ပြောသည်။

ဆက်ဖက်ရန်---



 (၂၁) မြန်မာ့ဆန်စပါးကဏ္ဍ ဗီယက်နမ်က ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမည် : Source : Irrawaddy
12-Jun-12
မြန်မာ့ ဆန်စပါးကဏ္ဍတွင် ဗီယက်နမ်နိုင်ငံမှ ဗီနာ (Vina) ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက ဒေါ်လာသန်း ၁၀၀ လာရောက် ရင်းနှီးမြှုပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

ဆက်ဖက်ရန်---

 

(၂၂) အလုပ်သမား အခြေခံလစာ နိုင်ငံတကာစံနှုန်းနှင့်အညီ သတ်မှတ် : Source : Irrawaddy
12-Jun-12
အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်း၏ အမိန့်ဖြင့် လုပ်ငန်းတူ စက်ရုံများရှိ အလုပ်သမားများ၏ အခြေခံ လုပ်ခလစာကို အချိန်ပိုကြေးမပါဘဲ အနိမ့်ဆုံး တလလျှင် ၅၆၇၀၀ ကျပ်အဖြစ် နိုင်ငံတကာ စံနှုန်းနှင့်အညီ တပြေးညီ ခံစားခွင့်ရှိရန် ယနေ့ ကြေညာလိုက်ကြောင်း သိရသည်။

ဆက်ဖက်ရန်---

 

(၂၃) ရင်းနှီးမြှုပ်နှံမှုများ မလာမီ ဒေသခံများအတွက် စဉ်းစားပေးရန် ရှမ်းအဖွဲ့များ ပြော : Source : Irrawaddy
12-Jun-12
အစိုးရအနေနှင့် စစ်မှန်သော နိုင်ငံရေး ပဋိပက္ခဖြေရှင်းမှုများ ပြုလုပ်ပြီးနောက် ဒေသခံ ပြည်သူလူထု၏ ဘ၀ရှင်သန်ရေးကို ကာကွယ်စောင့်ရှောက်ပေးသည့် ရင်းနှီးမြှုပ်နှံမှု မူဝါဒ ရှိမှသာလျှင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ စီမံကိန်းများကို လက်ခံစဉ်းစားသင့်ကြောင်း ရှမ်းလူထုအခြေပြု အဖွဲ့များက ယနေ့ တိုက်တွန်းလိုက်သည်။

ဆက်ဖက်ရန်---


(၂၄) တသောင်းတန် ကျပ်ငွေသစ်နဲ့ မြန်မာ့စီးပွားရေး : Source : VOA
11-Jun-12
မြန်မာနိုင်ငံမှာ ကျပ်ငွေ တသောင်းတန် ငွေစက္ကူ အသစ်တွေကို ဒီတပတ်ထဲ စတင်ထုတ်ဝေ သုံးစွဲသွားဖို့ ရှိပါတယ်။ ဒါပေမဲ့လည်း ငွေကြေး ဖောင်းပွမှု အပါအ၀င် စီးပွားရေးအရ စိမ်ခေါ်မှုတွေ ရှိနေတဲ့ တိုင်းပြည်တခုအဖြစ် ဒီလို အစီအမံတွေမှာ သတိထားဖို့ လိုမယ်လို့လည်း ကျွမ်းကျင်သူတွေက သတိပေး နေကြတာပါ။ ဘဏ္ဍာရေး လုပ်ငန်းတွေ

 

No comments:

Post a Comment