Tuesday, June 12, 2012

နေ့စဉ်မြန်မာ့အရေးဆက်စပ်သတင်းများ (ဇွန်လ ၁၁ရက်၊ ၂၀၁၂ခုနှစ်)


(၁) မူဆယ်မြို့မှာ ဗုံးငါးလုံး ပေါက်ကွဲ : Source : BBC
10-Jun-12
တရုတ်-မြန်မာနယ်စပ် အနီး၊ ရှမ်းပြည် မြောက်ပိုင်းက အဓိက နယ်စပ်မြို့ တမြို့ဖြစ်တဲ့ မူဆယ်မြို့မှာ၊ မနေ့ည သန်းကောင်ယံ အချိန် လောက်မှာ ဗုံး(၅)လုံး တိတိ ဆက်တိုက် ပေါက်ကွဲခဲ့ပါတယ်။

(၂) ရခိုင်၊ ဗမာ၊ သက် ဒုက္ခသည် ငါးထောင်ကျော် : Source : BBC
10-Jun-12
ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ဘင်္ဂါလီ မွတ်ဆလင်တွေက နေအိမ်တွေကို မီးရှို့၊ အပြစ်မဲ့ လူတွေကို တိုက်ခိုက် ရန်ပြုခဲ့တာတွေကြောင့် နောက်ဆုံး သိရတဲ့ သတင်းတွေ အရနဲ့ ဒေသခံတွေကို ဘီဘီစီက မေးမြန်း စုံစမ်းချက် တွေအရ လူ ၇ ဦး သေဆုံး၊ ၁၇ ဦး ဒဏ်ရာ ရပြီး ထွက်ပြေး နေရတဲ့ ရခိုင်၊ ဗမာ၊ သက် လူမျိုး ဒုက္ခသည်တွေက ငါးထောင် ကျော် ရှိတယ်လို့

(၃) ကရင်နီနဲ့ အစိုးရ ဆွေးနွေးပွဲ မပီးပြတ် : Source : BBC
11-Jun-12
ဇွန်လ (၁၀)ရက် က ကရင်နီ တိုးတက်ရေး ပါတီနဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး အဖွဲ့ ပထမ အကြိမ် နှစ်ရက်တာ ဆွေး နွေးပွဲ ည(၉) နာရီမှာ ပြီးသွားပါတယ်။



(၄) ရခိုင်ပြည်နယ်က ဆူပူမှုတွေကြောင့် ဒီမိုကရေစီကူးပြောင်းရေး ထိခိုက်နိုင်တယ်လို့ သမ္မတပြောကြား : Source : RFA

2012-06-10
ရခိုင်ပြည်နယ်က လက်ရှိဆူပူမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးကို ထိခိုက်နိုင်တယ်လို့ သမ္မတ ဦးသိန်းစိန်က မနေ့ကပြောကြားလိုက်ပါတယ်။


(၅) ၂၄ နစ် ကြာမ လာနိုင်တဲ့ ခရီး : Source : BBC
8-Jun-12
ဒေါ် အောင်ဆန်းစုကြည်ဟာ ဇွန် ၁၃ ရက်မှာ ရန်ကုန်က ထွက်ခွာပီး ၁၄ ရက် နေ့မှာ ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ညီလာခံမှာ မိန့်ခွန်း ပေးမှာပါ။

 

(၆) ရခိုင်ရွာတွေ မီးရှို့ဖျက်ဆီးခံရတာကို ကန့်ကွက်ကြောင်း ဆန္ဒဖေါ်ထုတ် : Source : BBC

9-Jun-12
ရခိုင်ပြည်နယ် မောင်တောမှာ အကြမ်းဖက် ဖျက်စီးခံရတာတွေကို ခံစားနေရတဲ့ ရခိုင် တိုင်းရင်းသားတွေ အတွက် ရန်ကုန်မှာ ရှိနေတဲ့ ရခိုင် တိုင်းရင်းသား ၃၀ဝ ကျော်က ရွှေတိဂုံဘုရား ရင်ပြင်တော် တက်ပြီး ဆန္ဒထုတ်ဖေါ်ပွဲ တရပ် လုပ်ခဲ့ပါတယ်။

(၇) မသီတာထွေး သတ်ဖြတ်မှု ကျူးလွန်သူများ အများရှေ့မှောက် စစ်ဆေးမည် : Source : RFA
2012-06-09
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမှော် ဒေသက မသီတာထွေး အမည်ရှိ အမျိုးသမီးတစ်ဦးကို အဓမ္မ ပြုကျင့် သတ်ဖြတ်မှုနဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူထောင်မှာ ထိန်းသိမ်းထားသူ သုံးဦးထဲက ထက်ထက် (ခေါ်) ရော်ရှီး ဟာ မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။


(၈) ရမည်းသင်း ရွှေတွင်း သပိတ် : Source : BBC
8-Jun-12
မန္တလေး တိုင်း ရမည်းသင်း မြို့နယ်က မိုးထိ မိုးမိ တောင်ပေါ် ရွှေတွင်း မှာ ကုမ္ပဏီ ဘက်က ရုတ်တရက် အလုပ် နားခိုင်းလို့ အလုပ်လက်မဲ့ ဖြစ်ကုန်တဲ့ အလုပ်သမား တွေနဲ့ လုပ်ငန်းရှင် အသေးစား တွေက ကုမ္ပဏီ နဲ့ စေ့စပ် ခဲ့တယ်လို့ သိရပါတယ်။
(၉) ယနေ့တွင်လည်း ရန်ကုန် ဆူးလေတွင် ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်မည် : Source : Narinjara
11-Jun-12
ယမန်နေ့က ရွှေတိဂုံ ရင်ပြင်တော်တွင် ရခိုင်အမျိုးသား ၃၀၀၀ ခန့်က ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ် အပြီး ယနေ့တွင်လည်း ရန်ကုန်မြို့ ဆူးလေ ဘုရားတွင် ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

(၁၀) စစ်တွေမြို့ လုံခြုံရေးမလုံလောက်၊ အခြေအနေ ပိုဆိုးလာ : Source : Moemaka
10-Jun-12
စစ်တွေမြို့၌ လုံခြုံရေး မလုံလောက်မှုနှင့်အတူ အခြေအနေ ပိုမိုဆိုးရွားလာနေကြောင်း စစ်တွေမြို့မှ ရရှိသော သတင်းများအရ သိရသည်။ စစ်တွေမြို့ မင်းဂံရပ်ကွက်၁၃ သို့ နံနက် ၁၀ နာရီ မိနစ်၃၀အချိန်က ဘင်္ဂါလီများ ၀င်ရောက်လာသဖြင့် ရခိုင်တိုင်းရင်းသးများနှင့် ထိပ်တိုက် တိုးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

(၁၁) ရန်ကုန်တိုင်းဝန်ကြီးချုပ် ရခိုင်ပြည်နယ်အရေး မီဒီယာများကို ပြစ်တင် : Source : Mizzima
ကိုပေါက်၊ ဝေစန္ဒာ | တနင်္လာနေ့၊ ဇွန်လ ၁၁ ရက် ၂၀၁၂ ခုနှစ် ၀၀ နာရီ ၀၄ မိနစ်
နယူးဒေလီ၊ ရန်ကုန် (မဇ္ဈိမ)။   ။ လတ်တလော ဖြစ်ပျက်နေသည့် ရခိုင်ပြည်နယ်တွင်း အရေးအခင်းများနှင့် ပတ်သက်၍ ပြည်တွင်း ပုံနှိပ် မီဒီယာအချို့ ရေးသားဖော်ပြနေခြင်းမှာ တည်ဆဲဥပဒေ၊ ပြန်ကြားရေး မူဝါဒများနှင့် ငြိစွန်းနေကြောင်း ရန်ကုန်တိုင်း အစိုးရ ဝန်ကြီးချုပ် ဦးမြင့်ဆွေ က မီဒီယာသမားများကို ပြစ်တင် သတိပေးလိုက်သည်။


(၁၂) မြန်မာနိုင်ငံသား တစ်ဦး ဘင်္ဂလာဒေခ်ျ့ ဆေးရုံ တစ်ခုတွင် ဒဏ်ရာဖြင့် ဖမ်းဆီးခံရ : Source :Narinjara
11-Jun-12
သေနတ်ဒဏ်ရာဖြင့် ဆေးရုံ တက်ရောက် ကုသနေသော မြန်မာနိုင်ငံသား တစ်ဦးကို ဘင်္ဂလာရဲက လွန်ခဲ့သော စနေနေ့က ဖမ်းဆီးလိုက်သည်။

 (၁၃) ကော့သောင်းခရိုင် ရေကြီး ကလေးများ ပညာရေး ထိခိုက် : Source : Mizzima
ကွန်းချမ်း | တနင်္လာနေ့၊ ဇွန်လ ၁၁ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၄၄ မိနစ်
စံခလပူရီ (မဇ္ဈိမ) ။        ။ မိုးသည်းထန်စွာ ရွာသွန်းပြီး ၃ ရက်ဆက်တိုက် ရေလွှမ်းမိုးခြင်းခံရသည့် တနင်္သာရီတိုင်း၊
ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်ရှိ ရွာ ၅ ရွာတွင် ကလေးများ၏ ပညာသင်ကြားရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများနှင့် ကူညီရေး အဖွဲ့များက ပြောသည်။
ဆက်ဖက်ရန်---


(၁၄) မြန်မာ့ပညာရေးအတွက် သြစတြေးလျ ဒေါ်လာသန်း ၈၀ ကူညီ : Source : Mizzima
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇွန်လ ၁၁ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၁၄ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။        ။ မြန်မာ မူလတန်း ကျောင်းသူ/ကျောင်းသား တသန်းကျော်အတွက် ပြဋ္ဌာန်းစာအုပ်များ
ထောက်ပံ့ပေးသွားမည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
ဆက်ဖက်ရန်---
 
(၁၅) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်များ အားဖြည့်ထား : Source : Mizzima
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇွန်လ ၁၁ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၃၁ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။        ။ ရခိုင်ပြည်နယ်တွင်း လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုများ ဖြစ်ပွားနေသည်နှင့် အမျှ
နယ်မြေထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှလည်း ၎င်းတို့၏ နယ်စပ်တလျှောက်တွင် လုံခြုံရေးများ တိုးမြှင့် ချထားလိုက်ကြောင်း ဘင်္ဂလားအစိုးရ အရာရှိတဦးက ဆိုသည်။
ဆက်ဖက်ရန်---


(၁၆) စင်္ကာပူဝန်ကြီး ဂိုချုပ်တောင် မြန်မာပြည် လာမယ် : Source : Moemaka
10-Jun-12
စင်္ကာပူဝါရင့်ဝန်ကြီး ဂိုချုပ်တောင်နှင့် အဖွဲ့သည် ဇွန် ၁၁ မှ ၁၄ အထိ မြန်မာပြည်သို့ သွားရောက်မည်ဖြစ်သည်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး၊ ကုန်သွယ်ရေးနှင့်စက်မှုဌာန ၀န်ကြီး၊ အရှေ့မြောက်ဒေသမြို့တော်ဝန်တို့အပြင် ၀န်ကြီးဌာနပေါင်းစုံမှ အကြီးတန်းအရာရှိများလည်း လိုက်ပါမည်ဟု


(၁၇) မိုးထိ-မိုးမိ ရွှေလုပ်သားများ နေပြည်တော်သို့ ချီတက် ဆန္ဒပြ : Source : Irrawaddy
11-Jun-12
မန္တလေးတိုင်း ရမည်းသင်းမြို့နယ်ရှိ မိုးထိ-မိုးမိတောင်မှ တနိုင်တပိုင် ရွှေတူးလုပ်သား ၂၀၀၀ ကျော်သည် တောင်းဆိုမှုများကို ကုမ္ပဏီက မလိုက်လျောသဖြင့် ရွှေတောမှ နေပြည်တော်သို့ ယနေ့နံနက် ၁၀ နာရီမှ စတင်၍ လမ်းလျှောက်ချီတက် ဆန္ဒပြနေကြောင်း သတင်းရရှိသည်။

(၁၈) မူစယ်မြို့၌ တစ်ညအတွင်း ဗုံး ၉ လုံး ဆက်တိုက်ပေါက်ကွဲ : Source : Panglong
Monday, 11 June 2012 20:02 သျှမ်းသံတော်ဆင့်
ယခုလ ၉ ရက်နေ့ ည ၁၂ နာရီခန့်က သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ပေါ်ရှိ အချက်အခြာကျသည့် နေရာ ၆ ခုခန့်တွင် ဗုံး ၉ လုံး ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း သိရသည် ။


(၁၉) မြောက်ကိုးရီးယားထံမှ လက်နက်မျိုးစုံအား ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဝယ်ယူ : Source : Panglong
Monday, 11 June 2012 19:47 သျှမ်းသံတော်ဆင့်
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က မြောက်ကိုးရီးယားထံမှ လက်နက်ကြီးများ ကွန်တိန်နာ အလုံး ၄၀ထက်မနည်း ဝယ်ယူရရှိထားကြောင်း နယ်စပ်သတင်းရပ်ကွက် ကဆိုပါသည်။


(၂၀) ရခိုင်ပြည်နယ် သတင်း စာပေစီစစ်ရေး တင်ရမည် : Source : Burmavjmedia
11-Jun-12
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး သတင်း မီဒီယာတွေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ ဆန့်ကျင်ရေးသားခဲ့ရင် အရေးပေါ် ဥပဒေ ပုဒ်မ (၅)ည အရ အရေးယူသွာမှာ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေမှ ဇွန်လ ၁၀ ရက်နေ့ ည ၇ နာရီ၌

 (၂၁) ဒေါက်တာ ထွန်းအောင် မောင်တောတွင် ဖမ်းဆီးခံရ : Narinjara
11-Jun-12
မောင်တောတွင် ဒေါက်တာ ထွန်းအောင် (ခေါ်) နုရ်ဟောက်ကို အာဏာပိုင်များက ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment