Friday, June 8, 2012

နေ့စဉ်မြန်မာ့အရေး ဆက်စပ်သတင်းများ ဇွန်လ ၇ရက် ၂၀၁၂ခုနှစ်


အလုပ်ရှင် အလုပ်သမား ယာယီသဘောတူညီချက် အလုပ်ရှင်ဖောက်ဖျက် : Source : RFA

2012-06-06

လုပ်ခလစာ တိုးပေးဖို့ တောင်းဆိုဆန္ဒပြနေတဲ့ ရန်ကုန်မြို့ စံကောင်း ပီနံအိတ်စက်ရုံမှာ အလုပ်သမားတွေက အစိုးရအရာရှိတွေရဲ့ တိုက်တွန်းမှုကြောင့် သပိတ်ရပ်လိုက်ပေမယ့် စက်ရုံပိုင်ရှင်က အလုပ်သမား ၂၉ ဦးကို ဒီနေ့ အလုပ်ထုတ်ပစ်လိုက်တယ်လို့ သတင်းရရှိပါတယ်။

 

ဆက်ဖက်ရန်


 တော်ဝင်စက်ရုံ အလုပ်သမားများ အကြမ်းဖက်ခံရ : Source : Burmavjmedia
6-Jun-12
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုံ (၁) မှာရှိတဲ့ ထိုင်ဝမ်တရုတ်ပိုင် တော်ဝင်မြန်မာ ဇာထိုးပန်းထိုး စက်ရုံက စက်ရုံအလုပ်သမားတွေဟာ ဇွန်လ ၁ ရက်နေ့


ဗကသ များ အဖွဲ့ချုပ်ကို ရန်ကုန် ထွေ/အုပ် ခေါ်ယူသတိပေး : Source : Mizzima
နေမျိုး | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၆ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၁၆ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။       ။ ဗကသ များအဖွဲ့ချုပ် ပြန်လည်ပေါ်ပေါက်ရေး ကြိုးပမ်းနေကြသည့် ကျောင်းသား
ခေါင်းဆောင်များအား ရန်ကုန်တိုင်း အထွေထွေ အုပ်ချုပ်ရေးမှူးက ခေါ်ယူ၍ အသင်းအပင်း ဖွဲ့စည်းခြင်း ဥပဒေအား ဖတ်ပြကာ သတိပေးခဲ့ကြောင်း သိရသည်။

အလုပ်သမားများဘဝ လုံးဝ ပြောင်းလဲသွားစေရမည်ဟု ဝန်ကြီး အာမခံ : Source : Irrawaddy
7-Jun-12
မြန်မာနိုင်ငံရှိ အလုပ်သမားများ ဘ၀ လာမည့် ၂ နှစ်အတွင်း လုံးဝပြောင်းလဲစေရန် အာမခံသည်ဟု အလုပ်သမား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောလိုက်သည်။



 မြန်မာအပေါ် သြစတြေးလျ ပိတ်ဆို့မှုများ ရုတ်သိမ်းမည်ဟု ကြေညာ : Source : Mizzima
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇွန်လ ၀၇ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၅၁ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။         ။ စစ်လက်နက် တင်ပို့ရောင်းချခြင်းမှအပ မြန်မာနိုင်ငံအပေါ် သြစတြေးလျနိုင်ငံမှ ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုအားလုံးကို ရုတ်သိမ်းမည် ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob 



တပ်မတော်ကဏ္ဍ လျှော့ချမည့် အစီအစဉ် ဒေါ်အောင်ဆန်းစုကြည် ကြိုဆို : Source : Irrawaddy
7-Jun-12
တပ်မတော်အနေဖြင့် ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုအား ရာနှုန်းပြည့် ထောက်ခံကြောင်းနှင့် အနာဂတ်နိုင်ငံရေးတွင် တပ်မတော် အခန်းကဏ္ဍ လျှော့ချသွားမည်ဟု ကာကွယ်ရေးဝန်ကြီး၏ ပြောကြားချက်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုပြီး



 ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း : Source : Mizzima
ဖနိဒါ | ကြာသပတေးနေ့၊ ဇွန်လ ၀၇ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၁၃ မိနစ်
ချင်းမိုင်(မဇ္စျိမ) ။       ။ မေလကုန်နှင့် ဇွန်လဆန်းပိုင်းက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများအား
ဖြစ်ရပ်အမှန် ဖော်ထုတ်နိုင်ရေးနှင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး အတွက် ပြည်ထဲရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်သော ၁၆ ဦးပါ စံစမ်းစစ်ဆေးရေးအဖွဲ့ကို ဇွန်လ ၆ ရက်နေ့က ဖွဲ့စည်းလိုက်သည်။

 
ခမောက်ကြီး၌ ရေကြီး၊ လူ ၇၀၀ ကျော် ရေဘေးသင့် : Source : Irrawaddy
7-Jun-12
တနင်္သာရီတိုင်း ကော့သောင်း ခရိုင် ခမောက်ကြီး မြို့နယ်တွင်းက ပါချန်မြစ် ရေလျှံမှုကြောင့် မြစ်ကြောင်း တလျှောက်ရှိ ကျေးရွာ ၆ ရွာ ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး လူဦးရေ ၇၀၀ ကျော်မှာ အိုးအိမ် စွန့်ခွာ တိမ်းရှောင်နေ ကြရကြောင်း ရွာခံများက ပြောသည်။



 ငွေစက္ကူ ကျပ် ၁၀,၀၀၀ တန် ထုတ်ပြီ၊ မကြာမီ ဖြန့်ချိမည် : Source : Mizzima
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇွန်လ ၀၇ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၄၈ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။      ။ ကျပ် ၁ဝ,ဝဝဝ (တသောင်းကျပ်) တန် ငွေစက္ကူ စတင်ထုတ်ဝေမည် ဖြစ်ကြောင်း ဘဏ္ဍာရေး
နှင့် အခွန်ဝန်ကြီးဌာနမှ ဇွန်လ ၇ ရက်နေ့ (ညနေ ၆ နာရီ သတင်း) တွင် ထုတ်ပြန်ကြေညာလိုက်သည်။


ရဲ ရိုက်နှက်စစ်ဆေးမှုကြောင့် အပြစ်မဲ့သူတဦး အာရုံကြော ထိခိုက်သွား  : Source : Mizzima
ကွန်းချမ်း | ကြာသပတေးနေ့၊ ဇွန်လ ၀၇ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၃၅ မိနစ်
စံခလပူရီ (မဇ္ဈိမ) ။        ။ ရဲ၏ ရိုက်နှက် စစ်ဆေးမှု ဒဏ်ချက်များကြောင့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၊ ကမာမိုးရွာသား ကိုသက်ပိုင်စိုး အား ဆေးရုံတင် ကုသထားရသည်မှာ ရက် ၂၀ ပြည့်ပြီ ဖြစ်သော်လည်း အာရုံကြော များ ထိခိုက်မှုကြောင့် ကိုယ်လက်အင်္ဂါများ လှုပ်ရှား၍ မရတော့ကြောင်း မိသားစုဝင်နှင့် ကူညီဆောင်ရွက်ပေးနေ  



အင်းစိန်ထောင် ၀မ်းပျက် ဝမ်းလျှော ဖြစ်နေ : Source : Irrawaddy
7-Jun-12
ရန်ကုန်မြို့ရှိ အင်းစိန်ထောင်တွင်း၌ အကျဉ်းသားများ ၀မ်းပျက် ဝမ်းလျှော ဖြစ်ပွားမှုကြောင့် ပြင်ပဆေးရုံများသို့ပါ ပို့ဆောင်၍ ဆေး ကုသမှု ပြုလုပ်နေရကြောင်း သတင်းရရှိသည်။


၂၉ ထပ် ဆီဒိုးနားဟိုတယ် ဆောက်မည် : Source : Mizzima
ဝေစန္ဒာ | ကြာသပတေးနေ့၊ ဇွန်လ ၀၇ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၀၀ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။        ။ ဆီဒိုးနား ဟိုတယ်ပိုင်ရှင်များက ၂၉ ထပ်ရှိ အဆင့်မြင့် ဟိုတယ် တခု ရန်ကုန်မြို့တွင်
ဆောက်လုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

 

 ဓာတ်ငွေ့ပိုက်လိုင်းကြောင့် တောင်သူများ အလုပ်လက်မဲ့ဖြစ် : Source : Irrawaddy

7-Jun-12
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် တရုတ်နိုင်ငံသို့ သွယ်တန်းဖောက်လုပ်နေသည့် ရေနံ နှင့် ဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ အနီးရှိ လယ်မြေများအား ယခုနှစ်တွင် စိုက်ပျိုး လုပ်ကိုင်နိုင်ခြင်း မရှိတော့ကြောင်း ဒေသခံ လယ်သမားတို့က ပြောသည်။



ရခိုင်ဒေသ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်း : Source : Irrawaddy
7-Jun-12
ရခိုင်ဒေသ၌ ပဋိပက္ခများ ထပ်မံမဖြစ်ပွားရေး အတွက် ဘာသာပေါင်းစုံ ပါဝင်သည့် ငြိမ်းချမ်းရေး အဖွဲ့အား ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဦးဆောင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။



ထိုင်းနိုင်ငံ မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး တိုးတက်ရရှိဖို့ အခြေအနေရှိ : Source : RFA
2012-06-06
ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံအာဏာပိုင်တွေ ရွှေ့ပြောင်းအလုပ်သမားများ အရေးကို ဆွေးနွေးပြီးတဲ့နောက် အခုရက်ပိုင်းမှာ မြန်မာအလုပ်သမား အခွင့်အရေးဆိုင်ရာများ တိုးတက်ရရှိဖို့ အခြေအနေရှိတယ်လို့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေက ပြောကြပါတယ်။



အစိုးရတပ်နှင့် KIA ကြား စစ်ဖြစ်ပွားမှု ၁ နှစ်ပြည့် ဆုတောင်းပွဲ လူငယ်များပြုလုပ်မည် : Source : Kachinnews
6-Jun-12
ကချင်ပြည်နယ်တွင် မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲဖြစ်ပွားမှု ၁နှစ်ပြည့် ဆုတောင်းပွဲအခမ်းအနားကို လာမည့်ဇွန် (၉)ရက်နေ့တွင် ကချင်ကျောင်းသားလူငယ်များ စုပေါင်း၍ မြစ်ကြီးနားတွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရှိရသည်။



ဒုက္ခသည်စခန်းတွင် သောက်သုံးရေနှင့် မီးမလုံလောက် : Source : Kachinnews
7-Jun-12
ကချင်ပြည်နယ်မြစ်ကြီးနားမြို့နယ်ရှိကျွန်းပင်သာဒုက္ခသည်စခန်းတွင် နွေရာသီဝင်ချိန်မှစ၍ သောက်သုံးရေနှင့် လျှပ်စစ်မီး မလုံလောက်သည့် အခက်ခဲပြဿနာရင်ဆိုင်နေရကြောင်း ဒုက္ခသည်များ ပြောသည်။



“ကချင်ပြည်နယ် ထာဝရ ငြိမ်းချမ်းရေး လိုလားသူများအဖွဲ့” ဖွဲ့စည်း : Source : BBC
6-Jun-12
ငြိမ်းချမ်းရေးကို လိုလားတဲ့ ကချင်-ရှမ်း-ဗမာ-စတဲ့ ဒေသခံ တိုင်းရင်းသား ပေါင်းစုံ စုပေါင်းပြီးကချင်ပြည်နယ် ထာဝရ ငြိမ်းချမ်း ရေး လိုလားသူများအဖွဲ့ကို ကချင်ပြည်နယ် ဗန်းမော်မြို့မှာ အင်္ဂါနေ့က ဖွဲ့စည်း လိုက်ကြောင်း သိရပါ တယ်။



ရှမ်းနှင့် ကချင် ယဉ်ကျေးမှုအသင်း ပူးပေါင်း၍ ငြိမ်းချမ်းရေး လှုပ်ရှား : Source : NMG
6-Jun-12
ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်းရှိ ရှမ်းနှင့် ကချင် တိုင်းရင်းသား ရိုးရာစာပေနှင့် ယဉ်ကျေးမှု အသင်းများ ပူးပေါင်း၍ ပြည်နယ် ငြိမ်းချမ်းရေး ရရှိရေး လက်မှတ်ထိုး လှုပ်ရှားမှု ပြုလုပ်မည်။


ဘာသာရေးကို အခြေခံသည့် ဒီမိုကရေစီနိုင်ငံ မတည်ဆောက်သင့် ဟု Dr. Salai Ngun Cung Lian ပြော : Source : Khonymthung
Posted by khonumthung on June 7th, 2012
ဥပဒေပညာရှင် ချင်းအမျိုးသား ဒေါက်တာဆလိုင်းငွန်ကျုံးလျန်က ဒီမိုကရေစီနိုင်ငံ တည်ဆောက် ရာတွင် ဘာသာရေးကို အခြေမခံ သင့် ဟု ပြောဆိုလိုက်သည်။



 ဒေါ်အောင်ဆန်းစုကြည် အလုပ်သမားအရေး ဆောင်ရွက်နေသူများနှင့်တွေ့ဆုံ : Source : RFA
2012-06-06
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အလုပ်သမားရေး ဆောင်ရွက်နေသူ ၇ ဦးကို ဒီနေ့ခေါ်ယူတွေ့ဆုံပြီး အလုပ်သမားတွေရဲ့ လက်ရှိအခြေအနေအရပ်ရပ်ကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။


စီအဲန်အက်ဖ်က ကူးသန်းရောင်းဝယ်ရေးရုံး ဖွင့် : Source : Khonumthung
6-Jun-12
ပြည်ထောင်စု အစိုးရနှင့်  ငြိမ်းချမ်းရေး ရယူထားသော ချင်းအမျိုး သားတပ်ဦး က အမှတ် (၂) အိန္ဒိယ – မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ချင်းပြည် နယ် ရိဒ်ခေါ်ဒါရ် မြို့နယ်ခွဲ အမှတ် (၂) ရပ်ကွက် တီအိုရွာတွင် ကူးသန်း ရောင်း ၀ယ်ရေးရုံးကို မေလ ၃၀ ရက်နေ့က ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။



အစိုးရနဲ့ ကရင်နီ ထပ်တွေ့မယ် : Source : BBC
6-Jun-12
၀န်ကြီး ဦးအောင်မင်း ငြိမ်းချမ်းရေး အဖွဲ့ နဲ့ ကရင်နီ တိုးတက်ရေး ပါတီ အတွင်းရေးမှူး () ခူဦးရယ် တို့ အဖွဲ့ ဇွန် ရက်မှာ လွိုင်ကော်မှာ ဒုတိယ အကြိမ် ထပ်တွေ့ကြ မှာပါ။
 



ထိုင်းခရီးစဉ်အပေါ် ဝေဖန်မှုတွေ ဒေါ်စု ပယ်ချ : Source : VOA
6-Jun-12

ပြီးခဲ့တဲ့သီတင်းပတ်က သွားရောက်ခဲ့တဲ့ ထိုင်းခရီးစဉ်အပေါ် ကျေနပ်အားရ မိကြောင်းနဲ့ ထိုင်း-မြန်မာ ဆက်ဆံရေး ပိုကောင်းအောင် ကြိုးစား သွားချင်ပါတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့

 

ဆက်ဖက်ရန်---

 

ရခိုင်အဓိကရုဏ်းမျိုး မဖြစ်စေဖို့ ဒေါ်စု သတိပေး : Source : VOA

6-Jun-12
ရခိုင်လူမျိုးတွေနဲ့ မူစလင်လူမျိုးတွေကြားမှာ ရခိုင်ပြည်နယ်ဘက်က စခဲ့တဲ့အခြေအနေကို တရားဥပဒေ စိုးမိုးရေးအမြင်နဲ့ ထိန်းသိမ်းစေချင်ပြီး လူထုအနေနဲ့လည်း ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင်

ဆက်ဖက်ရန်---

 

 

 

မဲဆောက်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ရုံမှ အလုပ်သမားများ လစာအပြည့်အ၀ရရှိ : Source : KIC

ဇွန်လ ၇ရက်။ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့အနီး မယ်ပကျေးရွာ ဘန့်ဆောင်ခွဲရပ်ကွက်ရှိ Apprear အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမားများ သည် လစာအပြည့်အ၀ရရှိရေး ဆန္ဒပြတောင်းဆိုမှုကို ထိုင်းအလုပ်ရှင်က တနေ့တာ လုပ်အားခ ထိုင်းငွေ ၂၂၆ဘတ်ပေးရန် ဇွန်လ ၅ရက် နေ့တွင် သဘောတူညီလိုက်သည်ဟု သိရသည်။


(၂၉) လားရှိုးမြို့ပေါ် ဒေသခံအာဏာပိုင်အချို့ လူထုထံ ရံပုံငွေအမျိုးမျိုးကောက်နေ : Source : Panglong

Thursday, 07 June 2012 16:08 သျှမ်းသံတော်ဆင့်
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်၏ ရပ်ကွက် ၁၂ ကောင်းခါးရွာ နယ်မြေမှူးမှာ သာရေးနာရေးအသင်းရုံး ဆောက်လုပ်ရန်အကြောင်းပြကာ ရံပုံငွေမထည့်မနေရ ထည့်ပေးရမည်ဖြစ်ကြောင်း အဓမ္မကောက်ခံသဖြင့် ဒေသခံ လူထု အခက်တွေ့နေရကြောင်း လားရှိုးဒေသခံများကပြောသည်။


(၃၀) လွိုင်ကော်မြို့တွင် အစိုးရနှင့် ဒုတိယအကြိမ် တွေ့ဆုံရန် KNPP ခရီးစဉ်စတင် : Source : KIC

7-Jun-12
မြန်မာအစိုးရနှင့် ဒုတိယအကြိမ် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP ငြိမ်းချမ်းရေးကော်မတီ ကိုယ်စားလှယ်အဖွဲ့သည် ၎င်းတို့ အခြေစိုက်ရာ ထိုင်း-နယ်စပ်တနေရာမှ ယနေ့မနက် ၆နာရီတွင် ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော် မြို့သို့ စတင် ထွက်ခွာပြီဖြစ်သည်။

No comments:

Post a Comment