Thursday, June 14, 2012

နေ့စဉ်မြန်မာ့အရေးဆက်စပ်သတင်းများ (ဇွန်လ ၁၃ရက်၊ ၂၀၁၂ခုနှစ်


(၁) မိုးထိမိုးမိ ရွှေတွင်းမှ ဆန္ဒပြ အလုပ်သမားများ တားဆီးခံ : Source : Phophtaw

13-Jun-12
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် မိုးထိမိုးမိ ဒေသမှ ရွှေတူးဖော်သည့် ဆန္ဒပြ အလုပ်သမား များသည် ရမည်းသင်း မြို့မှ (၆) မိုင် အကွာရှိ ရွှေမြင်တင် တောင်တော်မြတ်၌ လုံထိန်း တပ်ဖွဲ့က ယမန်နေ့ နံနက်ပိုင်း အချိန်တွင် ထားဆီးခံ နေရကြောင်း ဆန္ဒပြ အလုပ်သမား တဦးက ပြောပါသည်။

ဆက်ဖက်ရန်---


(၂) ရွှေလုပ်သား ဆန္ဒပြသူများကို လုံခြုံရေး တပ်ဖွဲ့ ပိတ်ဆို့ထားပြီ : Source : Irrawaddy
13-Jun-12
မန္တလေးတိုင်း ရမည်းသင်းမြို့နယ်ရှိ မိုးထိ မိုးမိတောင်မှ ရွှေတူးလုပ်သား ၂၀၀၀ ကျော်သည် ရွှေတောမှ နေပြည်တော်သို့ ဆန္ဒပြ ချီတက်ရာ ရမည်းသင်းမြို့ ရွှေမြင်တင် ဘုရားဝင်း၌ နားခိုနေစဉ် လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်၏ ပိတ်ဆို့တားမြစ် ထားခြင်း ခံနေရကြောင်း သိရသည်။

ဆက်ဖက်ရန်---

 

(၃) ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်၏ အထူး ကိုယ်စားလှယ် ရခိုင်ကို ရောက်ရှိ : Source : Phophtaw
13-Jun-12ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ဗီဂျေနမ်ဘီယားသည်၊ အကြမ်း ဖက်မှုဖြစ်ပွားနေသော ရခိုင်ပြည်နယ်သို့ ယနေ့ ရောက်ရှိနေသည်ဟု ရန်ကုန်မြို့ရှိ ကုလ သမဂ္ဂရုံးမှ ပြောပါသည်။ သူသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အကူအညီ ပေးရေး အဖွဲ့(Peace Donor Support Group- PDSG)

ဆက်ဖက်ရန်---


(၄) အလုပ်သမားအရေး ဆွေးနွေးပွဲပြုလုပ် : Source : RFA
2012-06-12
မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ အလုပ်သမားအခွင့်အရေးဥပဒေနဲ့ ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ ဥပဒေတွေကို ရှင်းလင်းပြောဆိုတဲ့ အလုပ်သမားအရေး ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်က ကနောင်ခန်းမမှာ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။

ဆက်ဖက်ရန်---


(၅) ရခိုင်ပြည်နယ်အရေး ကုလ အထူးကိုယ်စားလှယ်နဲ့ သမ္မတ ဦးသိန်းစိန် ဆွေးနွေး : Source : RFA
2012-06-12
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယားဟာ သမ္မတ ဦးသိန်းစိန်နဲ့ မနေ့က နေပြည်တော် မှာ တွေ့ဆုံခဲ့ပြီး အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂ သတင်းဌာနက ဖော်ပြပါတယ်။

ဆက်ဖက်ရန်---


(၆) မြန်မာ ဘောလုံး အဖွဲ့ချုပ်မှ ရခိုင် ဒုက္ခသည်များ အတွက် သိန်း (၅) ထောင်ကျော် လှူဒါန်း : Source : Phophtaw
13-Jun-12
ရခိုင်ပြည်ရှိ အခက်အခဲ ကြုံတွေ့နေရသော ဒေသခံ ပြည်သူများ အတွက် အလှူငွေ ကျပ် ၅၀၀၉ သိန်းနှင့် လူ ၃၀၀၀ အတွက် တစ်ကိုယ်ရေ သုံးပစ္စည်း (စောင်၊ ခေါင်းအုံး၊ အ၀တ်အစား တစ်စုံစသည်) များကို မြန်မာနေရှင်နယ်လိဂ် ဘော်လုံး အသင်းပိုင် ရှင်များမှ စုပေါင်းပြီး လှူဒါန်း ခဲ့ကြောင်း၊ ပြည်နယ် ၀န်ကြီး ချုပ်ရုံးမှ သိရပါသည်။

ဆက်ဖက်ရန်---


(၇) ဇွန် (၁၃) ရက်နေ့ နံနက် ရခိုင်ပြည်နယ် အခြေအနေ : Source : Phophtaw
13-Jun-12ဇွန်လ (၈) ရက်နေ့ မှ (၁၁) ရက် အတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားသော အကြမ်းဖက် မှုကြောင့် လူနေအိမ်ခြေ (၁၆၆၂)လုံး၊မီးလောင် ဆုံးရှုံး ခဲ့ကြောင်း၊ လူ (၂၁) ဦး သေဆုံးပြီး၊ (၂၁) ဦး ဒါဏ်ရာ ရရှိခဲ့ကြောင်း၊ ဆိုင်ကယ် (၁၈) စီး၊

ဆက်ဖက်ရန်---

 


(၈) ကိုဖြိုးဝေအောင်ရဲ့ ကင်ဆာရောဂါ ရန်ကုန်ဆေးရုံကြီးမှာ ကုသ : Source : RFA
2012-06-12
၂၀၁၀ သင်္ကြန်မှာ ရန်ကုန်မြို့က X2O မဏ္ဍပ်ရှေ့ ဗုံးခွဲမှုနဲ့ စွပ်စွဲထောင်ချခံထားရတဲ့ ကိုဖြိုးဝေအောင်ရဲ့ ကင်ဆာရောဂါကို ရန်ကုန်ဆေးရုံကြီးမှာ ဒီနေ့ကစပြီး ဓာတ်ကင်ကုသနေတယ်လို့ သိရပါတယ်။

ဆက်ဖက်ရန်---

 

(၉) ထားဝယ်စီမံကိန်းမှ Max Myanmar နုတ်ထွက်လိုက်ပြီ : Source : Mizzima
မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇွန်လ ၁၂ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၃၉ မိနစ်
မဇ္ဈိမသတင်းဌာန ။       ။ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် Max Myanmar ကုမ္ပဏီအနေဖြင့် ဆက်လက် ပါဝင်တော့မည် မဟုတ်ကြောင်း ရန်ကုန်ရှိ စီးပွါးရေး သတင်းရပ်ကွက် တခုက မဇ္ဈိမကို တနလာင်္နေ့တွင် ပြောကြားခဲ့ သည်။

ဆက်ဖက်ရန်---

 

(၁၀) ငြိမ်းချမ်းရေးလုပ်ငန်းများအတွက် နိုင်ငံတကာမှ ဒေါ်လာသန်း ၈၀၀ ကျော် ပေး : Source : Mizzima
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၃ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၂၁ မိနစ်

ချင်းမိုင်(မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံအတွင်း  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရေးအတွက် ကုလသမဂ္ဂ၊ သြစတြေးလျ၊ ဥပရောပသမဂ္ဂနှင့် ဗြိတိန်နိုင်ငံများက အမေရိကန်ဒေါ်လာ သန်းပေါင်း ၅ဝဝ ကျော် ကနဦး ကူညီ
ဆက်ဖက်ရန်---


(၁၁) မြန်မာကို သွင်းကုန်ပိတ်ဆို့မှု သက်တမ်းတိုးဖို့ လွှတ်တော်မှာ အဆိုပြု : Source : VOA
12-Jun-12

အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၀၃ ခုနှစ်၊ မြန်မာနိုင်ငံလွတ်မြောက်ရးနဲ့ ဒီမိုကရေစီဥပဒေကို နောက် တနှစ်သက်တမ်းတိုးဖို့ အထက်လွှတ်တော်အမတ် မစ်ခ်ျ၊ မက်ကောနယ်က လွှတ်တော်ကို တင်သွင်း လိုက်ပါတယ်။ ၂၀၀၃ ခုနှစ် အဲဒီ အရေးယူမှုကို သက်တမ်းတိုးဖို့ဖြစ်ပေမဲ့ အရင်နှစ်တွေနဲ့မတူ အရေးယူမှုတွေကို လျှော့ပေါ့နိုင်ရေး

ဆက်ဖက်ရန်---

 

(၁၂) SNLD အမည်ရင်းအတိုင်း မှတ်ပုံတင်ကျ : Source : Mizzima
ကွန်းချမ်း | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၃ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၂ မိနစ် စံခလပူရီ (မဇ္ဈိမ) ။        ။ ယခင် ၁၉၉ဝ ရွေးကောက်ပွဲဝင်ခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အား မူလအမည်အတိုင်း ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုလိုက်ပြီ ဖြစ်သည်။
ဆက်ဖက်ရန်---

 

(၁၃) NLD အတွင်းရေးမှူး ဦးဉာဏ်ဝင်း မမှန်သတင်းပေးမှုဖြင့် တရားစွဲဆိုခံရ : Source : Mizzima
ဝေစန္ဒာ | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၃ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၃၅ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။         ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အတွင်းရေးမှူး ဦးဉာဏ်ဝင်းအား ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ဥပဒေပုဒ်မ ၁၈၂ ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တရားစွဲဆိုထားကြောင်း ဦးဉာဏ်ဝင်းက မဇ္ဈိမသို့ ပြောသည်။
ဆက်ဖက်ရန်---

 

(၁၄) ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် ဒီကနေ့စတင် : Source : VOA
12-Jun-12
၂၄ နှစ်အတွင်းမှာ ပထမဦးဆုံး ပြည်ပခရီးစဉ်အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုဟာ ဒီကနေ့မှာ ဆွစ်ဇာလန်၊ နော်ဝေ၊ ဗြိတိန်၊ အိုင်ယာလန်နဲ့ ပြင်သစ်နိုင်ငံတွေကို ခရီးထွက်တော့မှာ ဖြစ်ပါ တယ်။ ရန်ကုန်မြို့ကနေ ထွက်ခွာလာမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ

ဆက်ဖက်ရန်---

 

(၁၅) လူမှုအခြေပြု သျှမ်းအဖွဲ့ ၂၀ နီးပါးက လက်ရှိငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး စုပေါင်းကြေငြာချက်ထုတ် : Source : Panglong

Tuesday, 12 June 2012 21:48 သျှမ်းသံတော်ဆင့်
ယနေ့နံနက်ပိုင်းကချင်းမိုင်မြို့တနေရာ၌သျှမ်းလူမှု
အဖွဲ့အစည်း၂၀ နီးပါးစုပေါင်း၍ လက်ရှိငြိမ်းချမ်းရေး နှင့်ပတ်သက်သောသတင်းစာရှင်းလင်းပွဲ တရပ်ပြု လုပ်ရာရပ်တည်ချက်နှင့် တိုက်တွန်းတောင်းဆို ချက် များ ထုတ်ပြန် ကြေငြာခဲ့ပါသည်။

ဆက်ဖက်ရန်---


(၁၆) ရခိုင်စာသင်ကျောင်းများနှင့် ကားလမ်းများကို ပိတ်ပင်ထားပြီး လေကြောင်းလိုင်းကိုဖွင့်ပေးထား : Source : Arakantimes
12-Jun-12
ရခိုင်တွင်ဖြစ်ပေါ်နေသော ပဏ္ဍိပက္ခများကြောင့် ရခိုင်ပြည်တွင် ပညာသင်လျှက်ရှိသော စာသင်ကျောင်းများကို ပိတ်ထားရပြီး ကားလမ်းများတစ်ချို့ကိုလည်း ယနေ့မှစ၍ ပိတ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဆက်ဖက်ရန်---



(၁၇) အစိုးရ တပ်ရင်းများ တိုးချဲ့လာ၍ ရှမ်းဒေသခံများ ပိုမိုစိုးရိမ်လာ : Source : Mizzima
ဖနိဒါ | အင်္ဂါနေ့၊ ဇွန်လ ၁၂ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၄၃ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။       ။ ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲထား သော်လည်း ရှမ်းပြည်နယ် အတွင်း မြန်မာအစိုးရ၏ စစ်တပ်များ ပိုမိုတိုးချဲ့လာသဖြင့် ကျေးလက်နေပြည်သူများ နေ့စဉ် ထိတ်လန့်နေရသည်ဟု
ဒေသခံများနှင့် လူထုအခြေပြု အဖွဲ့အစည်းများက ပြောသည်။
ဆက်ဖက်ရန်---

 

 

(၁၈) နော်ခမ်းမရိသော်လည်း မူးယစ်ရာဇာသစ် ထပ်ပေါ်လာ ထိုင်းအစိုးရထောက်ပြ : Source : Panglong

Tuesday, 12 June 2012 16:07 သျမ်းသံတော်ဆင့်
ထိုင်းအစိုးရက မူးယစ်ဆေးဝါးရောင်းဝယ်ပတ်သက် သူများ အမည်စာရင်းထုတ်ပြန်ပြီးနောက်ပိုင်း ရွေတြိဂံဒေသ မူးယစ်ရာဇာ စိုင်းနော်ခမ်း ဖမ်းဆီးခံရပြီဖြစ်သော်လည်း မူးယစ်ရာဇာသစ်ထပ်ပေါ်လာသည်ဟု သံသယရိကြောင်း ထိုင်းအစိုးရ၏ မူးယစ်ဆေးဝါးနိမ်နင်းရေးအဖွဲ့က ထောက်ပြသည်ဟု ခုံးချတ်လစ် ထိုင်းသတင်းစာကဖော်ပြထား သည်။

ဆက်ဖက်ရန်---

 

(၁၉) စီမံကိန်းများ ချောမွေ့ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း : Source : Mizzima
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၃ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၂၃ မိနစ်

မဇ္ဈိမ သတင်းဌာန ။         ။ တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေသည့် အဓိက စီမံကိန်း အချို့အား
ချောမွေ့စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် သေချာအောင် ဆောင်ရွက်ရန် တရုတ်နိုင်ငံခြားရေး ဝန်ကြီး Yang Jiechi က ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံအား တိုက်တွန်းလိုက်သည်။
ဆက်ဖက်ရန်---


(၂၀) NGOများမှ ဘင်္ဂလီမူဆလင်များ ဖန်တီးသော ရခိုင်ပဏ္ဍိပက္ခကို အစိုးရကိုင်တွယ်ပုံ ပျော့ညံ့ : Source : Arakantimes
13-Jun-12
ယခုလက်ရှိ ရခိုင်တွင် ဖြစ်ပေါ်နေသော ပြဿနာများသည် NGO အဖွဲ့အစည်းများတွင် လုပ်နေသော ဘင်္ဂလီမူဆလင်များက ဖန်တီးခြင်းဖြစ်ပြီး၊ အစိုးရ ကိုင်တွယ်ပုံ ပျော့ညံ့သောကြောင့် ပဏ္ဍိပက္ခများ ပိုမိုကြီးထွားလာခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဆက်ဖက်ရန်---


(၂၁) စစ်တစ်ပိုင်းအစိုးရ ဂ ငယ်ကွေ့ပြန်မချိုးရန် ဝိုင်းဝန်းပံ့ပိုးဖို့လိုဟု SNLD ပြော  : Source : Panglong
Wednesday, 13 June 2012 16:24 သျမ်းသံတော်ဆင့်
ယမန်နေ့က နိုင်ငံရေးပါတီအဖြစ် တရားဝင်ရပ်တည်ရန် မတ်ပုံတင်ကျလာသည့် သျမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၏  ပြောခွင့်ရ စိုင်းလိတ်က  ဦးသိန်းစိန်ဦးဆောင်သည့် (လက်ရိအစိုးရက) စစ်တပိုင်း အစိုးရ နောက်ကြောင်း ပြန်မလည့်နိုင်ရန်

(၂၂) ၆ ကျပ်ကုန်ကျမည့် နိုင်ငံသားစီစစ်ရေး ကဒ်ပြားအား တစ်သောင်းထိပေးဆောင်နေရ : Source : Kachin
12-Jun-12
နိုင်ငံသားစီစစ်ရေးကဒ်ပြား(မှတ်ပုံတင်)  ပြုလုပ်ရန် တရားဝင်ကုန်ကျစရိတ်ကို  ၆ ကျပ် အဖြစ် လူဝင်မှုကြီးကြပ်ရေးဌာန လ၀ကမှ တရားဝင်သတ်မှတ်ထားသော်လည်း ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နှင့် မြစ်ကြီးနားမြို့တို့တွင် ကျပ် တစ်သောင်း နှုန်းဖြင့်ပေးဆောင်နေရကြောင်း ဒေသခံများပြောသည်။

ဆက်ဖက်ရန်---

 

(၂၃) အစာခြောက်အန္တရာယ် ဒုက္ခသည်စခန်းများတွင် ပညာပေး : Source : Kachin
13-Jun-12
ကချင်ပြည်နယ် မြစ်ကြီးနားမြို့စစ်ဘေးဒုက္ခသည် စခန်းများတွင် အဆင်သင့်ပြုလုပ်ထားသော အစာခြောက်များ (Readymade) စားသုံးခြင်းအားဖြင့် ခန္ဓာကိုယ်အတွက်ဆိုးကျိုးဖြစ်စေသောကြောင့် ကျန်းမားရေးနှင့် ပတ်သက်သော အသိပညာပေးအစီစဉ်ကို ကချင်လူငယ်များမှ စခန်းအသီးသီးတွင်ပြုလုပ်နေကြောင်း အဖွဲ့ဝင်များပြောသည်။

ဆက်ဖက်ရန်---

 

(၂၄) ရွှေမြင်တွင် ပိတ်မိနေသည့် ရွှေလုပ်သားများ ကုမ္ပဏီနှင့် ညှိနှိုင်း : Source : DVB

Published on June 13, 2012 by ေနာ်နုိရင်း   ·   No Comments
ေရွှြမင်တင်ေတာင် ဘုရားအနီးမှာ လွုံခုံရေးတှေရဲ့ တားဆီးခံနေရတဲ့ ေထာင်နဲ့ချီတဲ့ ေရွှတွင်း အလုပ်သမားေတွဟာ အမျုိးသားြကီးပွားတုိးတက်ေရး ကုမ္ပဏီဥက္ကဋ္ဌနဲ့ ညှိနိှုင်းေနတဲ့အေြကာင်း အလုပ်သမားအေရး ကူညီေဆာင်ရွက်ေပးသူ ကိုဟန်၀င်းေအာင်က ေြပာပါတယ်။

ဆက်ဖက်ရန်---

 

(၂၅) စိုက်ပျိုးရေးစရိတ်ချေးငွေ ၁ဧက ကျပ် ၅သောင်းနှုန်းတိုးပေးမည် : Source : DVB

Published on June 13, 2012 by ေရွှေအာင်   ·   No Comments
အခုနှစ် မိုးစပါးစိုက်ပျိုးရာသီကစြပီး စိုက်ပျိုးစရိတ်ေချးေငွကို ဧက ကျပ် ေသာင်းနှုန်း တိုးြမှင့်ြပီး ထုတ်ေချးေပးေတာ့မယ်လုိ့ လယ်ယာဖွ့ံြဖိုးေရးဘဏ် တာ၀န်ရှိသူတဦးက အတည်ြပု ေြပာပါတယ်။

ဆက်ဖက်ရန်---



 (၂၆) ရခိုင်ပြည်နယ် အကြမ်းဖက်မှု အမြန်ဆုံး ရပ်တန့်ရန် ဦးသိန်းစိန် အစိုးရထံ WLB ပြောဆို : Source : Kicnews
13-Jun-12
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများ ရပ်တန့်ပြီး ပြည်သူလူထုဘ၀ လုံခြုံရေးအတွက် ဦးသိန်းစိန်အစိုးရအနေဖြင့် အမြန်ဆုံးတာဝန်ယူဆောင်ရွက်ပေးရန် အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB) က ယနေ့ ပြောဆိုလိုက်သည်။

ဆက်ဖက်ရန်---



 

No comments:

Post a Comment