Thursday, June 28, 2012

နေ့စဉ်မြန်မာ့အရေးဆက်စပ်သတင်းများ (ဇွန်လ ၂၇ရက်၊ ၂၀၁၂ခုနှစ်)

(၁) ယူနန်ပြည်နယ်မှာ ခိုလှုံနေတဲ့ ကချင်ဒုက္ခသည်တွေ အရေးပေါ်အကူအညီ လိုအပ်နေ : Source : RFA
2012-06-26
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ ကချင်တိုင်းရင်းသား စစ်ပြေးဒုက္ခသည် တစ်သောင်းလောက်ဟာ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ ချို့တဲ့နေတဲ့အတွက် နိုင်ငံတကာရဲ့ အကူအညီ အရေးပေါ်လိုအပ်နေကြောင်း

(၂) ကချင် ဒုက္ခသည် ပြန်လွှတ်မှု တရုတ်ငြင်းဆို : Source : RFA
2012-06-26
ကချင်ပြည်နယ်တွင်း စစ်ရေး ပဋိပက္ခတွေကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကို ထွက်ပြေးခိုလှုံနေကြတဲ့ ကချင်တိုင်းရင်းသား စစ်ပြေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနေတာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟုန်လီက သတင်းစာရှင်းလင်းပွဲ မှာ ပြောဆိုလိုက်ပါတယ်။

(၃) ရခိုင်ပြည်နယ် ပဋိပက္ခ သေဆုံးသူ ၇၈ ယောက်ရှိကြောင်း အစိုးရဖော်ပြ : Source : RFA
2012-06-26
အစိုးရ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားတဲ့ စာရင်းဇယားအရ - ဌာနေ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ ဘင်္ဂါလီတွေကြား ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ မေလ (၂၈) ရက်ကနေ ဇွန်လ (၂၄) ရက်အထိ နှစ်ဘက် တိုက်ခိုက်မှုပေါင်း ( ၉၂) ကြိမ် ဖြစ်ပွားခဲ့ရာမှာ စုစုပေါင်း သေဆုံးသူ (၇၈) ယောက်၊ ထိခိုက်ဒဏ်ရာရသူ အရပ်သား (၈၅) ယောက်နဲ့ ရဲတပ်ဖွဲ့ဝင် (၂) ယောက်၊ မီးလောင်ကျွမ်း ပျက်စီးခဲ့ ရတဲ့ အိမ်ခြေပေါင်း (၃၁၅၈) လုံး
 
(၄) မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း : Source : RFA
2012-06-26
မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံကြဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပြီး တချိန်တည်းမှာ ဒီမိုကရေစီ နည်းလမ်းကျကျ ရင်းနှီးမြှုပ်နှံဖို့လည်း ဆော်သြလိုက်ပါတယ်။

(၅) မြန်မာဘက်ပို့မယ့် လက်နက်မျိုးစုံ ထိုင်းရဲဖမ်းမိ : Source : RFA
2012-06-26
မြန်မာနိုင်ငံဘက်ခြမ်းကို တင်ပို့ရောင်းချမယ်လို့ ယူဆရတဲ့ ထိုင်းဘတ်ငွေ (၅) သန်းခန့် တန်ဖိုးရှိတဲ့ လက်နက်မျိုးစုံ (၄၇) လက်ကို ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ တဘက်ကမ်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ ထိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဇွန်လ (၂၅) ရက်နေ့ ညနေပိုင်းက ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းနယ်စပ် အာဏာပိုင်တွေဆီက

(၆) နယ်စပ်လူထုအကျိုး မယ်တော်ဆေးခန်း ပြည်တွင်းနဲ့ ပူးပေါင်း ဆောင်ရွက်လို : Source : VOA
26-Jun-12
နှစ်ပေါင်း ၂၀ကျော် ကာလအတွင်း ပြည်ပခရီးစဉ်တွေ သွားလာနိုင်ပြီးတော့ လွှတ်တော် နိုင်ငံရေး မှာလည်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာနိုင်တဲ့အထိ အပြောင်းအလဲတွေ ရှိလာနေတဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ အတိုက်အခံနိုင်ငံရေးအဖွဲ့တွေနဲ့လည်း အစိုးရက ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေတာပါ။ ဒီကနေ့မှာဆိုရင်တော့

(၇) ဒေါ်စုနဲ့ ပြင်သစ်သမ္မတ ပူးတွဲသတင်းစာရှင်းလင်းပွဲ : Source : VOA
26-Jun-12
ပြင်သစ်နိုင်ငံကိုရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကတော့ ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံတွင်း ဒီမိုကရေစီစနစ်ကို အထောက်အကူဖြစ်စေမယ့် ရင်းနှီးမြှုပ်နှံမှုတွေလုပ်ကြဖို့ တိုက်တွန်းသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကို လန်ဒန်ကနေ

(၈) ဘိန်းနဲ့ ဆေးပြား အထွက်တိုးဆဲ : Source : BBC
27-Jun-12
၂၀၁၁ ခုနှစ် UNODC အစီရင်ခံစာ အရ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အာဖဂန်နစ္စတန် ပြီးရင် ဘိန်းထုတ်လုပ်မှု အများဆုံး နိုင်ငံလို့ ဖေါ်ပြ ထားပါတယ်။
 
(၉) နိုင်ငံရေးလမ်းသစ်ပေါ်မှာ လူဟောင်းတွေချည်း မလျှောက်သင့်  : Source : BBC
27-Jun-12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ငါးနိုင်ငံ ဥရောပ ခရီးစဉ်ရဲ့ နောက်ဆုံးနိုင်ငံအဖြစ် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို အင်္ဂါနေ့က ရောက်လာပြီး သူရောက်ပြီး မကြာခင်မှာပဲ သမ္မတ ဖရန်ဆွာ အော်လန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

(၁၀) မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် မိုးအဆက်မပြတ်ရွာ၍ ရေကြီး၊ မြေပြို၊ လူသေဆုံးမူများရှိ : Source : Narinjara
27-Jun-12
ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်နှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဘက်အခြမ်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေသဖြင့် နေရာအများအပြားအား ရေနစ်မြုပ်နေပြီး ကားလမ်းများ ကျိုးပြတ်ကာ လူသေဆုံးမူများလည်း ရှိနေကြောင်း သိရသည်။

(၁၁) စစ်တွေဈေးကြီး မွတ်ဆလင် ဆိုင်များမှ ပစ္စည်းများကို အပြင်သို့ ရွှေ့ပြောင်း : Source : Narinjara
27-Jun-12
စစ်တွေ ဈေးကြီးရှိ မွတ်ဆလင် လူမျိုးများပိုင် ဈေးဆိုင်များမှ ပစ္စည်းများကို အာဏာပိုင်များ၏  အကူအညီဖြင့် သူတို့နေထိုင်ရာ ကျေးရွာ ရပ်ကွက်များသို့ ပြောင်းရွှေ့နေကြောင်း သိရသည်။ယနေ့ (ဇွန်လ ၂၇ ရက်နေ့) နေ့လည် ၁၂ နာရီမှ စပြီး ရွှေ့ပြောင်းနေခြင်း ဖြစ်သည်။

(၁၂) ရခိုင်ငြိမ်းချမ်းရေးအဖွဲ့ အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေး : Source : KIC
ဇွန်လ ၂၆ရက်။ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ်(ကေအိုင်စီ)
နိုင်ငံတော် သမ္မတ၏ ခွင့်ပြုချက်နှင့်အတူရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ တရားဝင်ဖိတ်ကြားမှုကြောင့် ရန်ကုန်ရှိရခိုင်အမျိုးသားများဖြင့် ဖွဲ့စည်းထားသောရခိုင်ငြိမ်းချမ်းရေးအဖွဲ့သည်ယနေ့မွန်းလွဲ ၂နာရီတွင်စစ်တွေမြို့ ပရကရုံး၌ ပြည်နယ်အစိုးရ ၀န်ကြီးချုပ် ဦးလှမောင်တင့်ပါဝင်သော အစိုးရအဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

(၁၃) တပ်မတော်မှာ ကလေးစစ်သားမရှိရေး မြန်မာအစိုးရ ကုလကို ကတိပြု : Source : DVB

Published on June 27, 2012 by မင်းလွင်   ·   No Comments
ြမန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့ အရွယ်မေရာက်ေသးတဲ့ ကေလးသူငယ်များ စစ်မှုထမ်းြခင်းမှ ကာကွယ်ေရးဆိုင်ရာ လုပ်ငန်းအစီအစဉ်ကို ဒီေန့ လက်မှတ်ေရးထိုးလိုက်တယ်လို့ သိရပါတယ်။


(၁၄) အစိုးရသတင်းစာ အသွင်မဏ္ဌာန်နှင့် အနှစ်သာရပြောင်းရန် စာတမ်းဖတ်ပွဲပြုလုပ် : Source : DVB

Published on June 27, 2012 by ေရွှေအာင်   ·   No Comments
အစိုးရ သတင်းစာေတွ အသွင်သဏ္ဌာန်နဲ့ အနှစ်သာရ ေြပာင်းဖို့ စာတမ်းဖတ်ပွဲတရပ် ဒီေန့ ဇွန် ၂၇ ရက် ေနြပည်ေတာ်မှာ ကျင်းပြပုလုပ်ခဲ့ပါတယ်။ြပင်ပ စာနယ်ဇင်းပညာရှင် ဦးနဲ့ လက်ရှိေြကးမံု သတင်းစာ အယ်ဒီတာချုပ်တို့ အပါအ၀င် စာတမ်းရှင် ဦးက စာတမ်း ေစာင် ဖတ်ြကားတင်သွင်းခဲ့ြကတာပါ။

(၁၅) ဦးအောင်မင်းအဖွဲ့ မယ်တော်ဆေးခန်းကို သွားရောက်လေ့လာ : Source : KIC
27-Jun-12
မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် မီးရထားဝန်ကြီး ဦးအောင်မင်းနှင့်အဖွဲ့သည် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ လူနာများအား အခမဲ့ကုသပေးနေသည့် ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်းကို ယနေ့မနက် ၆နာရီ ကျော်တွင် သွားရောက်ကာ မိနစ် ၂၀ခန့် လေ့လေကြည့်ရှုခဲ့သည်။

 

(၁၆) သစ်တောဌာနက တောင်သူများ၏ စိုက်ခင်းတွင် ၀င်ရောက်စိုက်ပျိုး : Source : DVB

Published on June 27, 2012 by မင်းလွင်   ·   No Comments
စစ်ကိုင်းြမို့နယ်ထဲက ကဒူးတိုက်နယ် ကံြကီးကုန်း ေကျးရွာဘက်က စိုက်ခင်းေတွထဲမှာ သစ်ေတာ၀န်ြကီးဌာနကေန သစ်ပင်စိုက်လို့ ေတာင်သူေတွ အခက်ြကံုေနရတယ်လို့ သိရပါတယ်။

(၁၇) ရခိုင်ပြည်နယ်တွင်းက ဘင်္ဂါလီတွေကို တတိယနိုင်ငံပို့ရေး ရခိုင်ပါတီတင်ပြ : Source : DVB

Published on June 27, 2012 by အေးနိုငျ   ·   No Comments
ရခိုင်ြပည်နယ်ထဲက ဘဂင်္ါလီ လူမျုိးေတွကို ရခိုင် လူမျုိးေတွနဲ့ နီးကပ်မှု မရှိေအာင် သင့်ေတာ်ရာမှာ ယာယီနေရာခထြားရေးနဲ့ သူတို့တတှေကို တတိယနိုငျငံတှေဆီ ရှေ့ွေပာငျးနေထိုငျရေးကို လိုလားတယ်လို့ ရခိုင်တုိင်းရင်းသားများ တိုးတက်ေရးပါတီက ေြကညာလိုက်ပါတယ်။

(၁၈) စစ်တပ်က ငွေကြေးယူ၍ ဘိန်းစိုက်ခွင့်ပေးနေ : Source : Irrawaddy
27-Jun-12
အစိုးရ က ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး မဆောင်ရွက်နိုင် သေးသည့်အပြင် စစ်တပ်က ရှမ်းပြည်နယ် အတွင်းရှိ ဘိန်းစိုက်ပျိုးသူ များထံမှ ငွေကြေး ကောက်ခံ၍ စိုက်ပျိုးခွင့် ပေးနေဆဲဖြစ်ကြောင်း သိရသည်။
 
(၁၉) ကိုယ်ဝန်ရှိ အလုပ်သမများကို ပြန်ပို့မည့် ထိုင်းအစိုးရ ဝေဖန်ခံနေရ : Source : Irrawaddy
27-Jun-12
ထိုင်းနိုင်ငံတွင်း အလုပ် လုပ်နေသော ရွှေ့ပြောင်း အလုပ်သမ များတွင် ကိုယ်ဝန်ရှိနေပါက မိခင်နိုင်ငံသို့ ပြန်လည် ပို့ဆောင်မည်ဟု စီစဉ်နေခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်ကြောင်း အလုပ် သမား အရေး ဆောင်ရွက် နေသူများက ဝေဖန်နေကြသည်။

(၂၀) ရခိုင်နှင့် ဘင်္ဂါလီများကို သီးခြားစီ နေရာချပေးရန် RNDP လိုလား : Source : Mizzima
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၇ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၀၅ မိနစ်
ချင်းမိုင်(မဇ္စျိမ) ။       ။ ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ‘အဓိကရုဏ်း’ မျိုး ထပ်မံ မဖြစ်ပွားရန်နှင့် ပြည်သူ များ လုံခြုံမှုရှိစေရန်အတွက် ဘင်္ဂါလီ လူမျိုးများအား သီးခြားနေရာချထားပေးရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP က ဇွန်လ ၂၆ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

(၂၁) ထီးချိုင့်တွင် ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ ပြန်ရုပ်ပြီ : Source : Irrawaddy
27-Jun-12
ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာတွင် ၁၀ လနီးပါး ကြာသည်အထိ ထုတ်ပြန်ထားခဲ့သော ပုဒ်မ ၁၄၄ ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

(၂၂) လမ်းပြကြယ် ၇၀,၀၀၀ ကျော် NDF ဝင်ကြမည်ဟုဆို : Source : Mizzima
ဟင်္သာနီ (မွန်မြေ) | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၇ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၄၈ မိနစ်
စံခလပူရီ (မဇ္ဈိမ) ။        ။ ဦးအေးမြင့် ဦးဆောင်သည့် လမ်းပြကြယ် အဖွဲ့ဝင် ၇၂,၀၀၀ သည် မကြာမီ ရက်ပိုင်းအတွင်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီသို့ ဝင်ရောက်ကြမည် ဖြစ်ပြီး တရားဝင် ပါတီဝင် လျှောက်လွှာပေးအပ်ပွဲ ကို ရန်ကုန်မြို့ရှိ City Star ဟိုတယ်၌ ဇွန်လ ၂၉ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က ပြောသည်။
ဆက်ဖက်ရန်---

(၂၃) KIA နှင့် အစိုးရတပ် သျှမ်းပြည် (မြောက်ပိုင်း)၌ တိုက်ပွဲဖြစ် အစိုးရတပ်မှ ၅ ဦးကျ : Source : Panglong

Wednesday, 27 June 2012 16:29 သျှမ်းသံတော်ဆင့်  
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် ကြူကုတ် - ပန်ဆိုင်းမြို့နယ် မန့်ကျယ် - နမ့်မူး ကျေးရွာအုပ်စုအတွင်းရှိ နမ့်အွန် ရေပူ စမ်းအနီးတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က KIA နှင့် အစိုးရတပ်တို့ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက်မှ ၅ ဦး ကျဆုံးကြောင်း သိရသည်။

 

(၂၄) ရေနံ/ဂက်စ် ပိုက်လိုင်းဖြတ်သန်းသည့် အသိမ်းခံလယ်မြေများအတွက် လက်မှတ်အဓမ္မထိုးခိုင်း  : Source : Panglong

Wednesday, 27 June 2012 15:25 သျှမ်းသံတော်ဆင့်
သျှမ်းပြည်ဝန်ကြီးချုပ်ထံတိုင်စာပို့သည့် သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ဆိုင်းခေါင်အုပ်စု လယ်မြေအသိမ်းခံရ လယ် သမား ၄ ဦးအား အုပ်စုအုပ်ချုပ်ရေးမှူးက ထပ်မံခေါ်ယူတွေ့ဆုံကာ အတိအကျစာရင်းမပါသည့်လျော်ကြေးငွေအနည်းငယ်ကို ကျေနပ်စွာဖြင့် လက်ခံရယူကြောင်းလက်မှတ်ထိုးခိုင်းကြောင်း နမ္မတူဒေသခံများကပြောသည်။

No comments:

Post a Comment