Thursday, June 21, 2012

နေ့စဉ်မြန်မာ့အရေးဆက်စပ်သတင်းများ (ဇွန်လ ၂၁ရက် ၊ ၂၀၁၂ခုနှစ်)

(၁) ‘ကျရှုံးနိုင်ငံစာရင်း မြန်မာနိုင်ငံအဆင့် ၁၈ တွင်ရှိ : Source Mizzima

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇွန်လ ၁၉ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၁၂ မိနစ်

မဇ္ဈိမသတင်းဌာန ။        ။ နိုင်ငံများ၏ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး ဖိအားများကို လေ့လာပြီး မီးမောင်းထိုး ဖော်ပြထားသည့် ငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့ Fund for Peace မှ တနင်္လာနေ့က ထုတ်ပြန်လိုက်သော ကျရှုံးနိုင်ငံများစာရင်း “Failed State Index (FSI)” တွင် မြန်မာနိုင်ငံသည် အဆင့် ၁၈ တွင် ရှိနေကြောင်း

ဆက်ဖက်ရန်---


(၂) RNDP ပါတီဝင်လေးဦး သက်ဆိုင်ရာက ဖမ်းဆီး : Source : RFA
2012-06-19
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇွန်လ ၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ပါတီဝင်လေးယောက်ကို သက်ဆိုင်ရာက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါတယ်။

ဆက်ဖက်ရန်---


(၃) ဆူပူ အကြမ်းဖက်သူများ လက်ချက်ကြောင့် ကူတောင်တွင် ၄ ဦးသေ ၉ ဦးပျောက်ဆုံး : Source : Narinjara
19-Jun-12
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် တောင်ပိုင်း ကူတောင် ကျေးရွာတွင် ယနေ့ ဖြစ်ပေါ်ခဲ့သော အကြမ်းဖက် ဆူပူမူ ဖြစ်စဉ်တွင် ရခိုင် ၂ ဦးနှင့် မွတ်ဆလင် ၂ ဦး သေဆုံးပြီး ရခိုင် ၉ ဦး ပျောက်ဆုံးနေကြောင်း ရတပ ပါတီ မြို့နယ် ဥက္ကဌ ဦးမောင်လှမြင့်က ပြောသည်။

ဆက်ဖက်ရန်---


 

(၄) စစ်တွေမြို့ ငြိမ်းချမ်းရေး မြို့နယ်သံဃာထုက သမ္မတထံ တင်ပြ : Soucre : RFA
2012-06-19
စစ်တွေမြို့ပေါ်မှာ နေထိုင်ကြတဲ့ ရခိုင်လူမျိုးတွေနဲ့ တစ်ခြားမြန်မာတိုင်းရင်းသားတွေ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် စစ်တွေမြို့နယ် ဂိုဏ်းပေါင်းစုံ ကျောင်းထိုင် ဆရာတော်များအဖွဲ့မှ ပြည်နယ်အစိုးရအဖွဲ့နဲ့ နိုင်ငံတော် သမ္မတထံ ဇွန်လ (၁၉) ရက် နေ့စွဲနဲ့ တင်ပြ တောင်းဆို လိုက်ကြပါတယ်။

ဆက်ဖက်ရန်---


(၅) သျမ်းပြည်တပ်မတော်နစ်ခုလုံး နင့် အစိုးရတပ်အကြားတိုက်ပွားများဆက်ဖြစ်နေ : Source : Panglong
Wednesday, 20 June 2012 14:35 သျမ်းသံတော်ဆင့်
SSPP ၊ RCSS သျမ်းပြည်တပ်မတော် တို့ နင့် မြန်မာအစိုးရတပ်အကြား ယခုတပတ်အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားကြောင်း၊ ယနေ့နေ့ခင်းပိုင်းအထိလည်း တိုက်ပွဲများဖြစ်နေသေးကြောင်း ကြားသိရပါသည်။

ဆက်ဖက်ရန်---


(၆) စစ်ရေးနည်းဖြင့်မဖြေရှင်းရဘဲ RCSS/SSA နှင့် UWSA တို့ သဘောတူညီမှုရရှိ : Source : Panglong
Wednesday, 20 June 2012 13:15 သျှမ်းသံတော်ဆင့်
သျှမ်းပြည်တပ်မတော် အမှတ် ကျိုင်းတုံစစ်ဒေသမှူးနှင့် ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် တပ်မဟာ ၇၇၅ တပ်မဟာမှူးတို့ အချက် လေးချက် ဆွေးနွေးသဘောတူညီမှုရရှိကာ တင်းမာမှုများလျော့ကျသွားပြီဖြစ် ကြောင်း လွယ်ကော်ဝမ်းအေခြစိုက် SSA အရာရှိများကပြောသည်။

ဆက်ဖက်ရန်---


(၇) ပန်ဆိုင်းရှိ အစိုးရရဲစခန်းတခုကို ကေအိုင်အေ တိုက်ခိုက်ဖျက်ဆီး : Source : Kachin
20-Jun-12
ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) မှ ပန်ဆိုင်း (ကြူကုတ်)မြို့ရှိ မြန်မာအစိုးရ ရဲစခန်းတစ်ခုကို ၁၇ ရက် တနင်္ဂနွေနေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၃ သုံးဦး ကြည်ဆံထိမှန်သွားခဲ့သည်။

ဆက်ဖက်ရန်---

 

(၈) အခွန်ငွေ မထည့်သည့် ယာဉ်မောင်းအား မူစယ်မြို့အုပ်ချုပ်ရေးမှူး တရားစွဲ : Source : Panglong

Wednesday, 20 June 2012 16:06 သျှမ်းသံတော်ဆင့်
08.htmlပြည်နယ်အစိုးရရံပုံငွေအတွက် အခွန်ကောက်နေသော တရုတ် - မြန်မာနယ်စပ် ဆင်ဖြူဂိတ်တွင် ယခုလ ၁၆ ရက်နေ့က မိုးကောင်းကင် ယာဉ်လှိုင်းမှ ယာဉ်မောင်းတစ်ဦး အခွန်ငွေမထည့်သည့်ကိစ္စနှင့် ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမှုဖွင့်တရားစွဲဆိုထားကြောင်း သိရသည်။

ဆက်ဖက်ရန်---


(၉) တနိုင်းမြို့ရှိ ၆ မိုင်တံတားကျိုးကျပျက်စီး မှုကြောင့် ဒေသခံများ သွားလာရန်ခက်ခဲ : Source : Kachin
20-Jun-12
တနိုင်းမြို့အနီး ဂွေတောင်ချောင်း ၆မိုင်တံတားသည်  ဘိလပ်မြေတင် ဆောင်လာသော ဆယ်ဘီးကားကြီးဖြတ်သန်းစဉ်တွင် တံတားကျိုးကျပျက်စီးသွားခဲ့ရာ ဒေသခံများ သွားလာရေးအခက်ခဲဖြစ်နေကြသည်။

ဆက်ဖက်ရန်---


(၁၀) မြစ်ကြီးနားရှိတရုတ်လူမျိုးများ ကချင်ဒုက္ခသည်များအတွက် သိန်း ၂၀၀ ကျော်ကူညီ : Source : Kachin
20-Jun-12
မြစ်ကြီးနားမြို့ပေါ်ရှိ တရုတ်လူမျိုးများမှ ကချင်စစ်ဘေးသင့်ဒုက္ခသည်များအတွက် ဇွန်လ ၁၈ ယမန်နေ့က မြစ်ကြီးနားကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်ရုံး KBC သို့ ကျပ်ငွေ သိန်း ၂၀၀ ကျော်  ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်ဖက်ရန်---


(၁၁) တပ်ရုတ်သိမ်းရေး အစိုးရတပ်နှင့် KIO တပ်ကိုယ်စားလှယ်များ တွေ့ဆုံမည် : Source : Mizzima
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၀ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၄၉ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။      ။ မြန်မာအစိုးရတပ်မှ သက်ဆိုင်ရာ တပ်ကိုယ်စားလှယ်များနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကြရန် ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲတွင် သဘောတူခဲ့ကြောင်း KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင်တဦးဖြစ်သည့် ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။
ဆက်ဖက်ရန်---


(၁၂) ရခိုင်ပြည်နယ်မှာ အမျိုးသမီး၊ ကလေးနဲ့လူကြီးပိုင်းတွေ ပိုပြီးဒုက္ခရောက်ကြတယ် : Source : DVB
Published on June 20, 2012 by အေးနိုင်   ·   No Comments
ပဋိပက္ခတိုင်းမှာ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ သားကောင်ဖြစ်ကြ ရပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြဖို့ လိုတယ်လို့ ရခိုင်ပြည်နယ်မှာ ကယ်ဆယ်ရေး စခန်းကို ကွင်းဆင်းရောက်ရှိနေတဲ့ ၈၈မျိုးဆက် ကျောင်းသူ မနီလာသိန်းက ပြောပါတယ်။

ဆက်ဖက်ရန်---

 

(၁၃) နေတံဆိပ်ဓါတ်ခဲစက်ရုံ အလုပ်သမားများ တောင်းဆိုမှု အလုပ်ရှင်လိုက်လျော : Source : DVB

Published on June 20, 2012 by ေနာ်နုိရင်း   ·   No Comments
မန္တေလးတုိင်းေဒသြကီး  ြပည်ြကီးတံခွန်ြမို့နယ် ေနတံဆိပ်ဓာတ်ခဲစက်ရုံက အလုပျသမားတှေဟာ ဒီနေ့မနကျကစတငျွပီး  အခကျြ ခကျြကို ေတာင်းဆုိဆန္ဒြပခဲ့ြကရာမှာ အလုပ်ရှင်က လုိက်ေလျာေပးခဲ့ပါတယ်။

ဆက်ဖက်ရန်---


(၁၄) မန္တလေးမြို့တွင် ပတ်စ်ပို့ရုံးဖွင့်မည် : Source : DVB
Published on June 20, 2012 by ပီတာအောင်   ·   No Comments
မြန်မာနိုင်ငံအထက်ပိုင်းပြည်နယ်နဲ့ တိုင်းတွေမှာ နေထိုင်သူတွေအတွက်  မန္တလေးမြို့မှာ နိုင်ငံကူး လက်မှတ် (ပတ်စ်ပို့ ) ထုတ်ပေးရေးရုံးသစ်တခု ဇူလိုင်လဆန်းမှာ စတင်ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ မန္တလေးတိုင်း အထူးသတင်းရဲတပ်ဖွဲ့က အတည်ပြုပြောပါတယ်။

ဆက်ဖက်ရန်---

 

(၁၅) တောင်ကုတ်မြို့ လူသတ်မှုနှင့် ပတ်သတ်ပြီး သက်သေများကိုခေါ်ယူမေးမြန်း : Source : DVB

Published on June 20, 2012 by အေးနိုငျ   ·   No Comments
ဇွန်လဆန်းပုိင်းက ရခိုင်ြပည်နယ် ေတာင်ကုတ်ြမို့မှာ သံတွဲြမို့ကေန လိုက်ပါလာတဲ့ ခရီးသည် ၁၀ ဦး ရိုက်နှက်ခံရကာ ေသဆုံးခဲ့မှုနဲ့ပတ်သက်ြပီး ြပည်ေထာင်စုအစိုးရအဆင့် စုံစမ်းစစ်ေဆးေရး အဖွဲ့က ေတာင်ကုတ်ြမို့မှာ လူေပါင်းများစွာကို စစ်ေဆးေနပါတယ်။

ဆက်ဖက်ရန်---

 

(၁၆) မယ်လစခန်းတွင် နိုင်ငံတကာ ဒုက္ခသည်များနေ့ကျင်းပ : Source :DVB

Published on June 20, 2012 by ေနာ်နုိရင်း   ·   No Comments
ဒီကေန့ ကျေရာက်တဲ့ နုိင်ငံတကာ ဒုက္ခသည်များေန့ အခမ်းအနားကို ထုိင်း-ြမန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းမှာ ကျင်းပြပီး ဒုက္ခသည် ၅၀၀၀ ေလာက် ပါ၀င်ဆင်နွှဲခဲ့ြကပါတယ်။

ဆက်ဖက်ရန်---


(၁၇) ရသေ့တောင်မြို့နယ်တွင်း သတ်ဖြတ်မှုများ ဖြစ်ပွား : Source : Mizzima
နေမျိုး | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၀ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၀ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။        ။ ရခိုင်ပြည်နယ် ဒေသအများစု၏ အခြေအနေကို ထိန်းသိမ်းထားနိုင်ပြီ ဖြစ်ကြောင်း အစိုးရက ကြေညာထားသော်လည်း ရသေ့တောင်မြို့နယ်တွင် အကြမ်းဖက် မီးရှို့သတ်ဖြတ်မှုများ အင်္ဂါနေ့က ဖြစ်ပွားခဲ့
ကြောင်း သိရှိရသည်။
ဆက်ဖက်ရန်---

 
(၁၈) အလွှာပေါင်းစုံ ပါဝင်သည့် ငြိမ်းချမ်းရေးဖြစ်စဉ် WLB လိုလား : Source : Mizzima
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၀ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၂၂ မိနစ်
ချင်းမိုင်(မဇ္စျိမ) ။       ။ စစ်မှန်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်တွင် အလွှာပေါင်းစုံမှ ပြည်သူများ ပါဝင်နိုင်ရန် တိုင်းရင်းသားအမျိုးသမီးအဖွဲ့ ၁၃ ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားသည့် အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်) WLB က ကမ္ဘာ့ ဒုက္ခသည်များနေ့တွင် တိုက်တွန်း တောင်းဆိုလိုက်သည်။

ဆက်ဖက်ရန်---


(၁၉) ခင်ပွန်းသည်၏ အုတ်ဂူသို့ ပထမဆုံး ဒေါ်စု ဂါရဝပြု : Source : Mizzima
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၀ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၄၈ မိနစ် နယူးဒေလီ (မဇ္ဈိမ) ။       ။ ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ခင်ပွန်းသည် ဒေါက်တာ မိုက်ကယ်အဲရစ်၏ အုတ်ဂူသို့ ပထမဆုံးအကြိမ်အဖြစ် ဗုဒ္ဓဟူးနေ့တွင် သွားရောက် ဂါရဝပြုမည်ဖြစ်သည်။
ဆက်ဖက်ရန်---

(၂၀)ရသေ့တောင် မြို့နယ်အတွင်း ပဋိပက္ခထပ်ဖြစ်၊ လူ ၁၂ ဦးသေဆုံး : Source : Irrawaddy
20-Jun-12
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာနေ ရခိုင်တိုင်းရင်းသားများနှင့် အနောက်ပြင် ကျေးရွာနေ ဘင်္ဂါလီများ ယမန်နေ့က ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ဘင်္ဂလီ ၂ ဦးနှင့် ရခိုင်တိုင်းရင်းသား ၁၀ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်း ရှိကြောင်း သိရသည်။

ဆက်ဖက်ရန်---


(၂၁) စွန့်လွှတ်အနစ်နာ ခံခဲ့ရတာကို ပုံကြီးမချဲ့ချင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော : Source : Irrawaddy
20-Jun-12
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မိသားစုနဲ့ နှစ်အတန်ကြာ နေထိုင်ခဲ့တဲ့ အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ဒ်မြို့ကို သူ့ရဲ့ အသက် ၆၇ နှစ် မွေးနေ့ ဖြစ်တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ ပြန်လည် ရောက်ရှိ လည်ပတ်ခဲ့ပြီး မိတ်ဆွေဟောင်းတွေနဲ့ ဝမ်းမြောက်ဝမ်းသာ တွေ့ဆုံ ခဲ့ပါတယ်။

ဆက်ဖက်ရန်---


(၂၂) ရခိုင်၌ ဒုက္ခသည် ၉၀၀၀၀ ခန့် အကူအညီများ လိုအပ်နေ : Source : Irrawaddy
20-Jun-12
ရခိုင်ပြည်နယ်အတွင်း မကြာသေးခင်က ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် အခက်အခဲ ဒုက္ခ ကြုံရသူပေါင်း ၉၀၀၀၀ ခန့်ရှိပြီး အကူအညီများ လိုအပ်နေကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP)က ပြောသည်။

ဆက်ဖက်ရန်---


(၂၃) မြန်မာ လူကုန်ကူးမှု တိုက်ဖျက်ရေး အခြေအနေ တိုးတက် : Source : Irrawaddy
20-Jun-12
မြန်မာအစိုးရအနေဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် သိသာထင်ရှားစွာ အခြေအနေ တိုးတက်လာသောကြောင့် စောင့်ကြည့်အဆင့် အဆိုးဆုံး ၃ မှ အဆင့် ၂ သို့ အမေရိကန်က ယမန်နေ့တွင် ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း သိရသည်။

ဆက်ဖက်ရန်---


(၂၄) ရခိုင် ပဋိပက္ခနှင့် ဆက်နွယ်သည့် ၇ ဦး ဘင်္ဂလားဒေ့ရှ် ၌ ဖမ်းမိ : Source : Irrawaddy
20-Jun-12
ရခိုင်ပြည်နယ် ပဋိပက္ခများနှင့် ဆက်နွယ်မှုရှိသည်ဟူသော မသင်္ကာမှုဖြင့် မူဆလင် ၇ ဦးအား ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက တနင်္လာနေ့တွင် ကောက်စ် ဘဇားမြို့ ဟိုတယ်တခုမှ ဖမ်းဆီးရမိကြောင်း သိရှိရသည်။

ဆက်ဖက်ရန်---


(၂၅) နိုင်ငံရေးအကျဉ်းသားများ အခြေအနေကောင်းလာပြီလား : Source : Irrawaddy
20-Jun-12
မန္တလေးထောင်တွင် ကင်ဆာရောဂါဖြစ်ပွားနေသူ နိုင်ငံရေးအကျဉ်းသားတဦးအား အာဏာပိုင်တို့က ဂရုတစိုက် ကုသမှု ပေးနေသောကြောင့် နိုင်ငံရေးအကျဉ်းသားအရေး စောင့်ကြည့်သူများက ကြိုဆိုလိုက်ကြသည်။ယခင်က အထိန်းသိမ်းခံ နိုင်ငံရေးသမားများသည်  ထိရောက်သည့် ကုသမှု မရရှိခဲ့ကြောင်း ၎င်းတို့က ပြောကြသည်။

ဆက်ဖက်ရန်---


(၂၆) ကူတောင် ပျောက်ဆုံး အလောင်းများ ယခုတိုင် ရှာဖွေ မတွေ့သေး : Source : Naringara
20-Jun-12
ယမန်နေ့က ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားရာ ကူတောင်နှင့် အနောက်ပြင် ကျေးရွာများတွင် စစ်တပ်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ တိုးမြှင့် ချထားသော်လည်း ပျောက်ဆုံး အလောင်းများကို ယနေ့ နံနက်ထိ ရှာဖွေ မတွေ့သေးကြောင်း သိရသည်။

ဆက်ဖက်ရန်---



(၂၇) ရခိုင်ပြည်နယ် ရသေ့တောင်မြို့ ကူတောင် အဓိကရုဏ်း ဖြစ်စဉ် : Source : Arakantimes
20-Jun-12
ဇွန်လ ၁၉ရက်နေ့ နံနက် ၅နာရီက ဖြစ်ပွားခဲ့သော ရသေ့တောင်မြို့နယ် ကူတောင်ရွာ အဓိကရုဏ်းတွင် ဘင်္ဂလီမူဆလင်များသည် ကြိုတင်ပြင်ဆင်မှုများနှင့် အဓိကရုဏ်းဖြစ်အောင် စတင်ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။

ဆက်ဖက်ရန်---


(၂၈) ပလက်ဝတွင် ရခိုင် ဒုက္ခသည်များ အတွက် အလှူငွေ ကောက်ခံမူ တားမြစ်ခံရ : Source : Naringara
20-Jun-12
ချင်းပြည်နယ် ပလက်ဝမြို့တွင် ရခိုင် ဒုက္ခသည်များအတွက် အလှူငွေ ကောက်ခံမူကို မြို့နယ် အုပ်ချုပ်ရေးမှူးက တားမြစ်ပိတ်ပင်ထားကြောင်း  သတင်း ရရှိသည်။

ဆက်ဖက်ရန်---


(၂၉) မသီတာထွေးအမှုအားကျူးလွန်သူ တရားခံနှစ်ဦးကို စစ်တွေသို့ပို့ : Source : Arakantimes
20-Jun-12
မသီတာထွေးအမှု ကျူးလွန်သူ တရားခံနှစ်ဦးအား ဇွန်လ ၁၈ရက်နေ့က အမိန့်ချမှတ်လိုက်ပြီး ၄င်းတရားခံနှစ်ဦးအား ကျောက်ဖြူမှ စစ်တွေသို့ ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ဆက်ဖက်ရန်---


(၃၀) လူငယ်အကျဉ်းသားလွတ်ပေးဖို့ လူထုထောက်ခံလက်မှတ် တသောင်းကျော်ရရှိ : Source : Ktimes
20-Jun-12
ကယန်းလူငယ်နိုင်ငံရေး အကျဉ်းသားဖြစ်တဲ့ ခွန်းကောရီယို လွတ်မြောက်ဖို့အတွက် ကယန်း မျိုးဆက်သစ် လူငယ်အဖွဲ့ကနေ လှုပ်ရှားမှုတွေပြုလုပ်ကြပါတယ်။

ဆက်ဖက်ရန်---


(၃၁) ဒုက္ခသည်များနေ့ ထိုင်းကျောင်းသားများ အခမ်းအနားတက်ရောက်လေ့လာ : Source : Ktimes
20-Jun-12
ယနေ့ ဇွန်လ၂၀ရက်နေ့ ထိုင်းနိုင်ငံမယ်ဟောင်ဆောင်မြို့ရဲ့ မြို့တော်ခန်းမမှာ ကျင်းပတဲ့ ကမ္ဘာ့ ဒုက္ခသည်များနေ့ အခမ်းအနားကို ခါတိုင်းနှစ်တွေ ကျင်းပတဲ့ အခမ်းအနားတွေထက် ဒီနေ့မှာတော့ ထူးထူးခြားခြား ထိုင်းနိုင်ငံမှ ကျောင်းသူ/သားတွေက တက်ရောက်လေ့လာနေကြတယ်လို့ အခမ်းအနားကို တက်ရောက်တဲ့ NGO ဝန်ထမ်းတဦးက

ဆက်ဖက်ရန်---

 

(၃၂) ဆန္ဒပြခွင့်အတွက် စာတင်သည့် လယ်သမားများအား ဒေသအာဏာပိုင်များက ခေါ်ယူခြိမ်းခြောက် : Source : Yoma3
19-Jun-12
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲကျေးရွာနှင့် လေးမျက်နှာကျေးရွာများမှ လယ်သမား ၆ ဦးကို ဆန္ဒပြခွင့်အတွက် စာတင်သည့် ကိစ္စနှင့်ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ယနေ့ မနက်ပိုင်းတွင် ဆင့်ခေါ်ကာ ဆန္ဒပြလျှင် ထောင် ၁ နှစ် ချနိုင်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။

ဆက်ဖက်ရန်---

 

(၃၃) မြေယာ ပြောင်းလဲရေး လူများစု ခံစားသင့် : Source : BBC

20-Jun-12
မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ မိန့်ခွန်း ထဲမှာ မြေယာ ပြုပြင် ပြောင်းလဲရေး လုပ်ချိန် တန်ပီလို့ ဆိုပါတယ်။
ဒီလို မြှုပ်နှံဖို့ ဆိုတာက ကုမ္ပဏီ တွေကို လယ်ဧက ထောင်သောင်း ချီပီး နှစ်ရှည် ကန်ထရိုက် ပေးနေတာမျိုး မဟုတ်ဘူးလို့ ရှေ့နေကြီး ဦးအောင်သိန်းက ဆိုပါတယ်။

ဆက်ဖက်ရန်---


(၃၄) သမ္မတ ဦးသိန်းစိန်၏ ဘင်္ဂလာဒေခ်ျ့ ခရီးစဉ် ဇူလိုင် ၁၅ ရက်နေ့ စတင်မည် : Source : Narinjara
19-Jun-12
မြန်မာ သမ္မတ ဦးသိန်းစိန်သည် သူ၏ ဘင်္ဂလာဒေခ်ျ့ ခရီးစဉ်ကို ဇူလိုင်လ ၁၅ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဆက်ဖက်ရန်---


(၃၅) ကချင် ဒုက္ခသည် စခန်းက လူတွေကို အစိုးရက ဖမ်းခေါ်သွားနေ : Source : BBC
20-Jun-12
စစ်ပြေး ဒုက္ခသည်တွေ ရှိနေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားက ဒုက္ခသည် စခန်း နှစ်ခု အတွင်းကို သက်ဆိုင်ရာက လာရောက်ပြီး ကချင် လွတ်လပ်ရေး တပ်မတော်နဲ့ ဆက်သွယ် တယ် ဆိုတဲ့ စွပ်စွဲ ချက်တွေနဲ့ ဒုက္ခသည် တွေကို ဖမ်းဆီးမှုတွေ ရှိခဲ့ ပါတယ်။

(၃၆) သမ္မတရဲ့ စီးပွားရေး ရည်မှန်းချက်တွေ ကြီးမားလွန်း နေလား : Source : BBC
19-Jun-12
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က နိုင်ငံတော် ဖွံ့ဖြိုးရေး အတွက် ပြုပြင် ပြောင်းလဲရေး ဆောင်ရွက် သွားမယ့် လုပ်ငန်းစဉ် တွေနဲ့ ပတ်သက်လို့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ၊ အစိုးရ ဝန်ကြီးတွေကို အင်္ဂါ နေ့က မိန့်ခွန်း ပြောခဲ့ ရာမှာ အဓိကအားဖြင့် အပိုင်း ၄ပိုင်း ခွဲပြီး ပြောသွား ပါတယ်။

ဆက်ဖက်ရန်---

No comments:

Post a Comment