Sunday, October 7, 2012

နေ့စဉ်မြန်မာ့အရေး ဆက်စပ်သတင်းများ (အောက်တိုဘာလ ၅ရက် ၊ ၂၀၁၂ခုနှစ်)

(၁) ကလေးစစ်သား တပ်ထွက်လက်မှတ်ရဖို့ ILO ကို အကူအညီတောင်း : Source : RFA

2012-10-05
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်ဒေသ အမှတ် (၅၇) ခြေလျင်တပ်ရင်းကနေ ထွက်ပြေးလာတဲ့ အရွယ်မရောက်သေးသူ ရွှေဘိုသား တပ်မတော်သား တစ်ဦးဟာ ILO နဲ့ ဆက်သွယ် ဆောင်ရွက်နေတဲ့ (Facilitator Network with ILO Myanmar) အဖွဲ့အစည်း ရုံးခန်းရှိရာ ရန်ကုန်မြို့ကို ဒီကနေ့ ရောက်ရှိလာပြီး တပ်ထွက်လက်မှတ်ရဖို့ အကူအညီ တောင်းခံတယ်လို့ သိရပါတယ်။

ဆက်ဖက်ရန်---

 

(၂) ဒေါ်အောင်ဆန်းစုကြည်အပြန်ခရီး လူထုကြိုဆို : Source : VOA

4-Oct-12
အမေရိကန် ပြည်ထောင်စုကို  ၁၇ရက်ခရီး လာရောက် ခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ အောက်တိုဘာလ ၄ရက် ကြာသပတေးနေ့ ည  ၉နာရီ  ၄၅ မိနစ်မှာ  ကိုရီးယားလေကြောင်းလိုင်းနဲ့  ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်ကို ပြန်လည် ရောက်ရှိလာပြီဖြစ်ပါတယ်။

ဆက်ဖက်ရန်---

 

(၃) သမ္မတဦးသိန်းစိန် တောင်ကိုရီးယားသွားမည်: Source : VOA
4-Oct-12
မကြာသေးခင်ကပဲ အမေရိကန်ပြည်ထောင်စုကနေ ပြန်သွားခဲ့တဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ လာမယ့် အောက်တိုဘာ ၇ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံကို တရားဝင်သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။ သမ္မတရဲ့ ခရီးစဉ်အတွင်း တောင်ကိုရီးယားသမ္မတနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ အကျိုးတူ စီးပွားဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးကြမှာဖြစ်ပြီး သဘောတူညီမှု

(၄) မြစ်ဆုံစီမံကိန်းကုမ္ပဏီ အမြန်ထွက်ခွာဖို့ ဒေသခံများတောင်းဆို : Source : RFA

2012-10-04
ဧရာဝတီ မြစ်ဆုံစီမံကိန်းကို အကောင်အထည် ဖော်ခဲ့တဲ့ တရုတ်နိုင်ငံ CPI ကုမ္ပဏီကို မြန်မာနိုင်ငံ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကနေ အမြန်ဆုံး ထွက်ခွာပြီး မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းဖို့ ဒေသခံပြည်သူတွေက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

ဆက်ဖက်ရန်---

 

 

(၅) ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှု ရန်ကုန်သံဃာများ ဆန္ဒပြ : Source : RFA

2012-10-04

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင် ပန်းဝါ ခေါ် ရာမူးမြို့က ဗုဒ္ဓရုပ်ပွားတော်မြတ်တွေနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေ မီးရှို့ဖျက်ဆီးခံရတာကို ဆန့်ကျင်တဲ့ အနေနဲ့ ရန်ကုန်မြို့ ဒဂုံမြို့သစ် အရှေ့ပိုင်းက မကွေးပရိယတ္တိ စာသင်တိုက်မှာ သံဃာအပါး ၂၀၀ ကျော်တို့က အာဏာပိုင်တွေ တားဆီးထားတဲ့ကြားက ဒီကနေ့ နေ့လည်ပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။

ဆက်ဖက်ရန်---

 

(၆) သကြားစက်စွန့်ပစ်ပစ္စည်းကြောင့် ရေထုလေထုညစ်ညမ်း : Source : RFA

2012-10-04
စစ်ကိုင်းတိုင်း ဒေသကြီး၊ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှာ ရှိတဲ့ ဂရိတ်ဝေါ သကြားစက်က စွန့်ပစ်တဲ့ ပစ္စည်းတွေနဲ့ အနံ့ဆိုးတွေကြောင့် ဒေသခံ လူပေါင်း ကိုးရာကျော်ဟာ အရေပြား ကူးစက်ရောဂါတွေ ခံစားနေကြရတယ်လို့ သိရပါတယ်။

ဆက်ဖက်ရန်---

 

(၇) မြန်မာအမေရိကန် ပူးတွဲ အမြင်ဖလှယ် : Source : VOA
4-Oct-12

ပြီးခဲ့တဲ့ ရက်ပိုင်းက ဝါရှင်တန်ဒီစီမြို့တော်မှာ အမေရိကန်၊ မြန်မာ  ဆွေးနွေးပွဲတခု လုပ်ခဲ့ပါတယ်။ အမေရိကန်နဲ့ မြန်မာ နှစ်ဖက် အစိုးရပိုင်း တာဝန်ရှိသူတွေရော၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေပါ ပါဝင်တဲ့ အပြန်အလှန် အမြင်ဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ရှိတဲ့ Johns Hopkins တက္ကသိုလ်မှာ အောက်တိုဘာ ၁ရက်နေ့ကနေ ၃ရက်နေ့အထိ

ဆက်ဖက်ရန်---

 


(၈)  ကမ္ဘောဇဘဏ်သတင်း ဗဟိုဘဏ်ငြင်းဆို : Source : DVB

Published on October 5, 2012 by ေရွှေအာင်   ·   No Comments
ြမန်မာနိုင်ငံက  ပုဂ္ဂလိကဘဏ်တခုနဲ့ ပတ်သက်ြပီး ြပင်ပမှာထွက်ေပါ်ေနတဲ့ သတင်းေတွဟာ ေကာလာဟလေတွသာ ြဖစ်တယ်လို့ ြမန်မာနိုင်ငံေတာ် ဗဟိုဘဏ်က အခိုင်အမာ  ြငင်းဆိုလိုက်ပါတယ်။

ဆက်ဖက်ရန်---

 

(၉) စည်းလုံးကြရန် ကေအန်ယူကို ကရင်လူထုနှင့် ပါတီများ တိုက်တွန်း : Source : DVB

Published on October 5, 2012 by ေနာ်နုိရင်း   ·   No Comments
အများအကျုိးအတွက် ေအကန်ယူအဖွဲ့အတွင်း စည်းလုံးညီညွတ်မှုရှိြကဖို့ ြပည်တွင်းြပည်က ကရင်လူထုနဲ့ ကရင်နုိင်ငံေရး ပါတီေတွက  တိုက်တွန်းလိုက်ပါတယ်။

ဆက်ဖက်ရန်---

 

(၁၀) တပ်မြေ ကျူးကျော် စိုက်ပျိုးမှုဖြင့် တရားစွဲ : Source : DVB

Published on October 4, 2012 by ခင်မင်းေဇာ်   ·   No Comments
မတ္တရာြမို့  စေလအုပ်စု စေလေကျးရွာသားေတွက  တပ်ေြမကို ကျူးေကျာ်၀င်ေရာက်ေန ထွန်ယက် စိုက်ပျိုးေနတယ်လုိ့ အမှတ် ၁၀၀၄ ေလေြကာင်းရန်ကာကွယ်ေရးတပ်ရဲ့ တပ်ရင်းမှူးက တရားစွဲဆိုထားပါတယ်။

ဆက်ဖက်ရန်---

 

(၁၁) စိုက်ခင်းများကြောင့် ပုပ္ပားရေထွက်ပေါက်များ ပျက်စီး : Source : Irrawaddy
5-Oct-12
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်ဒေသတွင် စိုက်ပျိုးရေးကုမ္ပဏီများနှင့် ဒေသခံတချို့၏ နဂါးမောက်သီးနှင့် လက်ဖက်ခင်း စိုက်ပျိုးမှုကြောင့် ရေထွက်ပေါက်အများအပြား ပျက်စီးပြီး ရေရရှိမှု နည်းပါးကာ ပုပ္ပားတောင်နှင့် ကျောက်ပန်းတောင်း မြို့နယ်ဝန်းကျင်၌ ရေရှားပါးမှု ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

ဆက်ဖက်ရန်---

 

(၁၂) ပုဂ္ဂလိကပိုင် နေ့စဉ်သတင်းစာထုတ်ဖို့ ပြင်နေ : Source : Irrawaddy
5-Oct-12
ပြည်တွင်း အပတ်စဉ်ထုတ် ပုဂ္ဂလိက သတင်းဂျာနယ် အချို့သည် နေ့စဉ် သတင်းစာများ ထုတ်လုပ်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင်နေကြောင်း ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ်များမှ သတင်းစာဆရာ တချို့က ပြောသည်။

 

(၁၃) SSPP တပ်များ ဆုတ်ပေးရန် ရှမ်းပြည်နယ်ဝန်ကြီး ပြော : Source : Mizzima
ဟင်္သာနီ (မွန်မြေ) | သောကြာနေ့၊ အောက်တိုဘာလ ၀၅ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၁၉ မိနစ်

စံခလပူရီ (မဇ္ဈိမ) ။      ။ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) ၏ လက်အောက်ခံ တပ်များ တပ်စွဲထားသည့် ရှမ်းပြည်နယ် အလယ်ပိုင်း၊ မိုင်းရှူးမြို့နယ် အနီးရှိ ကူးတိုးဆိပ် (တာဆန်ပူး) မှ တပ်များ အားလုံးကို သောကြာနေ့
နောက်ဆုံးထားပြီး ဆုတ်ခွါပေးရန် ရှမ်းပြည် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ က SSPP အား စာပို့၍

ဆက်ဖက်ရန်---


(၁၄) မြန်မာ့ဆန် ယူနန်တရုတ် အဝယ်လိုက်နေ : Source : Irrawaddy
5-Oct-12
မြန်မာ့ဆန်များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်က လက်ရှိအချိန်တွင် ဆန်ဝယ်ယူသည့် တခြားနိုင်ငံများထက် ဈေးနှုန်းပိုပေးကာ မူဆယ်နယ်စပ်မှတဆင့် အများဆုံး ၀ယ်ယူလျက်ရှိနေသည်။

ဆက်ဖက်ရန်---


(၁၅) တရားရုံးများ ရောင်းချမှု ရှေ့နေများ ဆန္ဒပြမည် : Source : Irrawaddy
5-Oct-12
ရန်ကုန်မြို့လယ်ခေါင်ရှိ သက်တမ်း နှစ်တရာကျော် ရှိနေပြီဖြစ်သော ကိုလိုနီခေတ် အဆောက် အအုံနှစ်ခုဖြစ်သည့် ယခင် ဗဟိုတရားရုံးချုပ်(ယခု ရန်ကုန်တိုင်း တရားရုံးချုပ်) နှင့် ရန်ကုန်တိုင်း စုပေါင်းတရားရုံး နှစ်ခုကို ပုဂ္ဂလိကသို့ လွှဲပြောင်း ရောင်းချမှုကို ဆန့်ကျင်သည့် အနေဖြင့် ရှေ့နေ့များကွန်ရက်က ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆက်ဖက်ရန်---


(၁၆) ကမ္ဘာ့ဆရာများနေ့မဲဆောက်မြို့တွင် ကျင်းပ : Source : KIC
5-Oct-12
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ Child Development Center- CDCကျောင်းတွင် ရွှေ့ပြောင်းမြန်မာကျောင်းများ စုပေါင်း ၍ ၈ကြိမ်မြောက် ကမ္ဘာ့ဆရာများနေ့ကို ယနေ့ နံနက်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

ဆက်ဖက်ရန်---




(၁၇) ဖားကန့်သို့ ချီတက်လာသော မြန်မာစစ်အင်အား ၂၀၀ ကျော် နမ့်ယာမှာ ရောက်နေ : Source : Kachin
15-Oct-12
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်သို့ တပ်အင်အားတိုးချဲ့နေသော မြန်မာအစိုးရသည် ဖားကန့်သွားလမ်း နမ့်ယာ (Nam Ya) ကျေးရွာတွင် အစိုးရတပ်အင်အား ၂၀၀ ကျော် ထပ်မံဖြည့်ထားကြောင်း KIA အရာရှိ တစ်ဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

ဆက်ဖက်ရန်---

 

(၁၈) ဒုက္ခသည်များအား နေရပ်ပြန်ပို့ရန် အစီအစဉ်မရှိဟု နော်ဝေးပြောကြား : Source : Panglong

Thursday, 04 October 2012 17:31 မွေခေါဝ်
ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်များအား နေရပ်ပြန်ပို့ရန် အစီအစဉ်မရှိကြောင်း နော်ဝေးနိုင်ငံမှ မြန်မာ့ ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့(Myanmar Peace Support Initiative-MPSI) ခေါင်းဆောင် Mr. Charles Petrie က တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြား လိုက်သည်။

ဆက်ဖက်ရန်---

 

(၁၉) အတွင်းအပြင် ချိတ်ဆက်ပြီး ငြိမ်းချမ်းရေးအတွက်တက်လှမ်းဖို့ UNFC မျှော်လင့်  : Source : Panglong

Friday, 05 October 2012 11:48 သျှမ်းသံတော်ဆင့်
သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကန်နိုင်ငံကို ရောက်ရှိနေခိုက်မှာဘဲ ညီညွှတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ ကိုယ်စားလှယ်တွေလည်း အမေရိကန် နိုင်ငံကို သွားရောက် ခဲ့ပါတယ်။ ဒီအမေရိကန် ခရီးစဉ်နဲ့ ပတ်သက်ပြီး UNFC ဒု အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာကို သျှမ်းသံတော်ဆင့် က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်ဖက်ရန်---

 

(၂၀) ကချင် ရိုးရာနှင့် စီးပွားရေး အဖွဲ့တစ်ခု KIO မိုင်ဂျာယန်မြို့တွင် ဖွင့်လှစ်မည် : Source : Kachin
4-Oct-12
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်သည့် မိုင်ဂျာယန်မြို့တွင် ပထမဦးဆုံး ကချင်လုပ်ငန်းရှင်များနှင့် ပြည်သူများ အားလုံးပူးပေါင်းပါဝင်သည့် “Kachin International Trading and Cultural Exchange Society (KITCES)” အဖွဲ့တစ်ခုကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ဆက်ဖက်ရန်---




(၂၁) ဖားကန့်တွင် ကန်ရေပေါက်ကွဲကာ နေအိမ် ၅၀ နှစ်မြုပ် : Source : Kachin
4-Oct-12
ကချင်ပြည်နယ် ဖားကန့်မြို့ရှိ ကျောက်စိမ်းမှော်တွင် ကုမ္မဏီရေကန် ရေလျှံပေါက်ကွဲခြင်းကြောင့် အနီးရှိ ဖားပြင်ကျေးရွာမှ အိမ်ခြေ ၅၀ နစ်မြုပ်ပျက်စီးသွားကြောင်း ဒေသခံများ ပြောသည်။

ဆက်ဖက်ရန်---

 


(၂၂) အပစ်အခတ် ရပ်စဲရေး၏ အနှစ်သာရကို KNU ရင်ဆိုင်ရ : Source : Phophtaw
5-Oct-12
ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ ထိပ်တန်း ခေါင်းဆောင် (၃) ဦးအား တာဝန်မှ ရပ်စဲ လိုက်ရခြင်းသည် KNU နှင့် အစိုးရ တို့၏ အပစ်ခတ် ရပ်စဲရေး အနှစ် သာရကို စတင် ခံစားလိုက်ရပြီး ဖြစ်သည်ဟု ဗဟို ကော်မတီဝင်လည်းဖြစ် ခရိုင် အတွင်း ရေးမှူး တဦး ဖြစ်သူက ဆိုပါသည်။

ဆက်ဖက်ရန်---

No comments:

Post a Comment