Wednesday, October 10, 2012

နေ့စဉ်မြန်မာ့အရေး ဆက်စပ်သတင်းများ (အောက်တိုဘာလ ၉ ရက်နေ့၊ ၂၀၁၂ခုနှစ်)

(၁) ဒီမိုကရေစီမိတ်ဆွေ ပါတီ အစည်းအဝေး : Source : BBC

9-Oct-12
မြန်မာ နိုင်ငံမှာ ဒေသ တခုချင်း အလိုက်၊ တိုင်းရင်းသား ပြည်နယ်တွေ အလိုက် စီမံခန့်ခွဲခွင့် အပြည့်ရရှိတဲ့ စနစ် ကို ဖေါ်ဆောင်နိုင်ရေး အတွက် ဒီမိုကရေစီ ၁ဝ ပါတီ အစည်းအဝေး ကနေ သဘောတူ လိုက်ကြပါတယ်။

ဆက်ဖက်ရန်---

 

(၂) လက်ပံတောင်း စီမံကိန်း ရပ်ရေး ဦးဆောင်သူတွေကို တရားစွဲမယ် : Source : BBC
9-Oct-12
မုံရွာတဖက်ကမ်း ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်း ကြေးနီစီမံကိန်း လုပ်ခွင့်ရတဲ့ ဦးပိုင်နဲ့ ၀မ်ပေါင်ကုမ္ပဏီကနေ သူတို့စီမံကိန်း ရပ်တန့်ရေး ဦးဆောင်လှုပ်ရှားနေသူ ၁၆ ဦးကို တရားစွဲမယ် ဆိုတာကြောင့် ဒီစီမံကိန်းမှာ လယ်သိမ်းခံရတဲ့ ကျေးရွာ ၂၆ ရွာက လယ်သမား တထောင်ကျော် ကလည်း မနေ့ နေ့လည်ပိုင်းက ဦးပိုင်နဲ့ ၀မ်ပေါင်ကုမ္ပဏီကို တန်ပြန် တရားစွဲဖို့ ရဲစခန်းမှာ တိုင်ကြား လိုက်ပါတယ်။

ဆက်ဖက်ရန်---

 

(၃) နိုဘယ်လ်ငြိမ်းချမ်းရေးဆု ခန့်မှန်းစာရင်းမှာ သမ္မတဦးသိန်းစိန် ပါဝင် : Source : VOA

8-Oct-12

၂၀၁၂ခု နိုဘယ်လ်ဆုတွေကို ဒီတပတ် စတင်ကြေညာနေပြီဖြစ်ပါတယ်။ ဒီသီတင်းပတ် သောကြာနေ့မှာတော့နိုဘယ်လ်ငြိမ်းချမ်းဆုကို ဘယ်သူရရှိမယ်ဆိုတာ ကြေညာပေးမှာဖြစ်ပါတယ်။ အခုလိုစောင့်ဆိုင်းနေချိန်မှာ
အခုနှစ် အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ဘယ်သူရသင့်တယ်ဆိုတဲ့
ဆက်ဖက်ရန်---

 



(၄) မလေးရှားသံအဖွဲ့ စစ်တွေ ဒုက္ခသည်စခန်း သွားရောက် : Source : RFA
2012-10-08
မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ် Mr.H.E.Dr.Ahmad Faifal နဲ့ မလေးရှားနိုင်ငံက အလှူရှင်တွေ ပါဝင်တဲ့ အဖွဲ့ဟာ အောက်တိုဘာလ ၇ ရက်နေ့မှာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာပြီး ဒီကနေ့မှာတော့ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။

ဆက်ဖက်ရန်---

 

(၅) ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ် သတင်းစာရှင်းလင်း : Source : RFA
2012-10-08
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ၂ ပတ်ကျော်ကြာ အမေရိကန်ခရီးစဉ် သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ နေ့လည်က ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရုံးချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။

ဆက်ဖက်ရန်---

 

(၆) လူ့အခွင့်အရေး ခေါင်းဆောင် ဦးမြင့်အေး လွတ်မြောက်ရေး လက်မှတ်စုဆောင်း : Source : RFA
2012-10-08
လွိုင်ကော်အကျဉ်းထောင်မှာ ထောင်ဒဏ် တစ်သက်ကျခံနေရတဲ့ HRDP လူ့အခွင့်အရေး မြှင့်တင်သူများကွန်ယက် ခေါင်းဆောင် ဦးမြင့်အေး လွတ်မြောက်ရေးအတွက် တောင်းဆို တင်ပြမယ့် လက်မှတ်တွေ လိုက်လံစုဆောင်းနေတယ်လို့ သိရပါတယ်။

ဆက်ဖက်ရန်---

 

(၇) အာရှစီးပွားဖြစ် အစည်းအဝေးကို ပို့မည့် မြေလွတ်မြေလပ်သဘောထား ထုတ်ပြန် : Source : DVB

Published on October 9, 2012 by ေရွှေအာင်   ·   No Comments
ေအာက်တိုဘာလ ၁၀ ရက်ေန့ ကျင်းပမယ့် ဒုတိယအြကိမ် အာရှစီးပွားြဖစ် စိုက်ပျိူးေရး အစည်းအေ၀းကို ေပးပို့မယ့် ေြမလွတ်ေြမလပ်များစီမံခန့်ခွဲြခင်းဆိုင်ရာ သေဘာထား အြမင် ဆှေးနှေးပှဲတခု ရန်ကုန်မှာ ဒီေန့ကျင်းပခဲ့ြပီး အချက် ၁၀ချက်ပါ သေဘာထားေြကညာချက် တရပ် ထုတ်ြပန်လိုက်ပါတယ်။

ဆက်ဖက်ရန်---

 

 

 

(၈) ၁လ အတွင်း သမ္မတထံ တိုင်စာပေါင်း ၁၀၀၀ကျော် ရောက်ရှိ : Source : DVB

Published on October 9, 2012 by ေရွှေအာင်   ·   No Comments
နိုင်ငံေတာ်သမ္မတထံ တိုက်ရိုက်စာေရးသားေပးပို့နိုင်တဲ့ သမ္မတရံုး၀က်ဘ်ဆိုဒ် က ြပည်သူ့အသံ ကဏ္ဍကို ဖွင့်လှစ်ခဲ့ြပီး တလေလာက်အြကာမှာ စာေပါင်း ၁၀၀၀ ေကျာ် ေရာက်ရှိတယ်လုိ့ သမ္မတရံုး ညွှန်ြကားေရးမှူး ဦးေဇာ်ေဌးက ေြပာပါတယ်။

ဆက်ဖက်ရန်---

 

 

(၉) ဦးပိုင် နှင့် ၀မ်ပေါင် ကုမ္ပဏီကို လယ်သမားများ တရားစွဲမည် : Source : Irrawaddy

9-Oct-12
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ကိုင်နေသည့် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နှင့် မြန်မာ ၀မ်ပေါင် ကုမ္ပဏီကို ဒေသခံလယ်သမား ၁၀၀၀ ကျော်က တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သတင်း ရရှိသည်။

ဆက်ဖက်ရန်---

 


(၁၀) လက်ပံတောင်း စီမံကိန်း ရပ်ရန် ရွာသင်္ချိုင်းတွင် သရုပ်ဖော် ဆန္ဒပြ : Source : Mizzima
နေမျိုး | အင်္ဂါနေ့၊ အောက်တိုဘာလ ၀၉ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၉ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။        ။ လက်ပံတောင်း ကြေးနီစီမံကိန်း ကန့်ကွက်သည့်အနေဖြင့် ဘိုးဘွားများ၏ အုတ်ဂူသို့ သွားရောက် တိုင်တည်သည့် သရုပ်ဖော် ဆန္ဒပြပွဲ (Performance Art)တရပ် အင်္ဂါနေ့ နေ့လည်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဆက်ဖက်ရန်---



(၁၁) ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက ရခိုင်အမျိုးသား ကွန်ရက်နှင့် တွေ့ဆုံလိုဟု ဆို : Source : Irrawaddy
9-Oct-12
မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက ရန်ကုန်အခြေစိုက် ရခိုင်အမျိုးသားကွန်ရက်နှင့် တွေ့ဆုံ စကားပြောလိုသည်ဟု အလွတ်သဘော ကမ်းလှမ်းကြောင်း သတင်းရရှိသည်။

ဆက်ဖက်ရန်---


(၁၂) ထားဝယ်ဒေသတွင် ထိုင်းနိုင်ငံမှ တရားမ၀င် ဆိုင်ကယ်များကို အစိုးရတပ် ဖမ်းဆီးနေ : Source : KIC
8-Oct-12
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲ သပြုချောင်းရွာမှစ၍ အာရှလမ်းမကြီးတစ်လျှောက်တွင် အောက်တိုဘာလ ၅ ရက်နေ့မှစ၍ ထိုင်းနိုင်ငံဘက်ခြမ်းမှ တရားမ၀င် ခိုးဝင်လာသော ဆိုင်ကယ်များကို နယ်မြေခံ အစိုးရစစ်တပ်များက ဖမ်းဆီးအ ရေးယူလျက်ရှိသည်။

ဆက်ဖက်ရန်---

 


(၁၃) ဦးဘရန်ရှောင်အမှု လျှောက်လဲချက် ပေးတော့မည် : Source : Irrawaddy
9-Oct-12
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဒူကထောင် စစ်ပြေးဒုက္ခသည်စခန်းမှ ဦးလထော် ဘရန်ရှောင်အား ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပတ်သက်သည်ဟု စွပ်စွဲဖမ်းဆီးထားသည့်အမူ စွဲချက်တင်သင့် မတင်သင့်ကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

ဆက်ဖက်ရန်---

 


(၁၄) လွယ်ဂျေဘွမ်တိုက်ပွဲ မြန်မာအစိုးရစစ်သား ၂ ဦးကျ : Source : Kachin
9-Oct-12
ကချင်ပြည်နယ် မြစ်ကြီးနား-ဒေါ့ဖုန်းယန်မှ ၅ မိုင်အကွာရှိ လွယ်ဂျေဘွမ် (Loi Je Bum) တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၅) တပ်ရင်း (၂၄)နှင့် မြန်မာအစိုးရတပ် ခမရ ၃၂၀ တို့သည် ယနေနံနက် ၁ နာရီခွဲမှ ၃ နာရီထိ တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်မှ ၂ ဦးသေဆုံးကြောင်း ရှေ့တန်းမှ အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

ဆက်ဖက်ရန်---

 


(၁၅) အစိုးရတပ်နှင့် KIA မုန်းဂိုးဒေသတိုက်ပွဲတွင် အစိုးရတပ်ဗျူဟာမှူး ၁ ဦးနှင့် တပ်သား ၃ ဦးကျ : Source : Kachin
9-Oct-12
ရှမ်းပြည်မြောက်ပိုင်း မုန်းဂိုး (Munggu) ဒေသ ခလွမ်(Hka Lum)နှင့် ဖိုင်ကောင်း (Hpai Kawng) ကြားတွင် ယနေ့ နံနက် ၂ နာရီခွဲမှ ၃ နာရီထိ မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ်မှ ဗျူဟာမှူး ၁ ဦး၊ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဆက်ဖက်ရန်



(၁၆) လားရိုးစစ်တိုင်းမူးသစ် နင့် သျမ်းပြည်တပ်မတော် SSPP/SSA တွေ့ဆုံ : Source : Panglong
Tuesday, 09 October 2012 12:00 သျမ်းသံတော်ဆင့်
သျမ်းပြည်တပ်မတော် SSPP/SSA ထိပ်ပိုင်းခေါင်းဆောင်တချို့နင့် လားရိုး ရမခ စစ်တိုင်းရုံး တိုင်းမူး အပါအဝင် ရုံးအရာရိများ တနင်္ဂနွေနေ့က တွေ့ဆုံကာ ရင်းနီးမု တည်ဆောက်ကြကြောင်း ကြားသိရပါသည်။

ဆက်ဖက်ရန်---

 

 

(၁၇) သွေးခွဲ ခံနေရသော AFFM သည် လွတ်လပ်သော အဖွဲ့ချုပ် ဖြစ်ကြောင်း ကြေညာ : Source : Phophtaw
8-Oct-12
အဖွဲ့ အစည်းတွင်း သွေးစည်း ညီညွတ်မှုကို ထိခိုက် လာနေသဖြင့် ရန်ကုန်မြို့တွင် အခြေစိုက်သည့် မြန်မာနိုင်ငံ တောင်သူ လယ်သမား များနှင့် စိုက်ပျိုးရေး အလုပ် သမားများ အဖွဲ့ချုပ် Agriculture and Farmer Federation of Myanmar ( AFFM ) သည် လွတ်လပ်သော အဖွဲ့အစည်းသာ ဖြစ်ကြောင်း ယနေ့ ထုတ်ပြန် ကြေညာ လိုက်ပါသည်။

ဆက်ဖက်ရန်---

 


(၁၈) SNLD ပါတီဝင်စာရင်း ထောက်လမ်းရေးများ ကွင်းဆင်းစစ်ဆေး : Source : Panglong
Tuesday, 09 October 2012 15:49 သျမ်းသံတော်ဆင့်
သျမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဝင် စာရင်းများအား အစိုးရထောက်လမ်းရေး  အဖွဲ့ က သျမ်းပြည်တွင်းမြို့နယ်အများအပြား၌ စစ်ဆေးမု ပြုလုပ်နေကြောင်း ဒေသခံများပြောပြ ချက်အရ သိရပါသည်။

ဆက်ဖက်ရန်---

No comments:

Post a Comment