(၁) လက်ပံတောင်းတောင် တာဝန်ကျ ရဲ စစ်ဆေးခံရ : Source : BBC
22-Oct-12
Yangon.chronicle ဝက်ဆိုက်နဲ့ DVB ရုပ်သံ က
ထုတ်လွှင့် တဲ့
လက်ပံတောင်းတောင် လုံခြုံရေး တာဝန်ကျ ရဲဝန်ထမ်း နှစ်ယောက် နဲ့
မေးမြန်းခန်း ကြောင့် တာဝန်ကျ ရဲအုပ်နဲ့ ဒုတပ်ကြပ် နှစ်ယောက် လုံးကို ဖမ်းပြီး စစ်ဆေး
နေတယ်လို့ သတင်း
ထွက်နေပါတယ်။
ဆက်ဖက်ရန်---
(၂) သမ္မတ ဦးသိန်းစိန် ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲလုပ် : Source : BBC
21-Oct-12
မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တနင်္ဂနွေနေ့ နေ့လည်က နေပြည်တော်မှာ ရှိတဲ့
သမ္မတ အိမ်တော်မှာ သတင်းနဲ့ စာနယ်ဇင်းသမား တွေကို
တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ဆက်ဖက်ရန်---
(၃) ဓါတ်ငွေ့စီမံကိန်းက
အိန္ဒိယ ကုမ္ပဏီ ပြဿနာတက် : Source : BBC
21-Oct-12
ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ် ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းက အိန္ဒိယ ကုမ္ပဏီ တစ်ခုဟာ အလုပ်
သမားတွေ အပါ
အဝင် သူတို့နဲ့ ကန်ထရိုက် ယူပြီး
အလုပ် လုပ်နေတဲ့ မြန်မာ
ကုမ္ပဏီတွေကို ငွေပုံမှန် မရှင်းတဲ့ အတွက်
အလုပ်ခွင် အတွင်းမှာ ပြဿနာတွေ ပေါ်ပေါက် နေပါတယ်။
ဆက်ဖက်ရန်---
(၄) ပုသိမ်
NLD အဖွဲ့ဝင် တချို့ နှုတ်ထွက်မယ်လို့ ပြော :
Source : BBC
20-Oct-12
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ ပုသိမ်
မြို့နယ်က ပါတီဝင် တချို့ နှုတ်ထွက်မယ်လို့ နှုတ်ထွက်မယ့် သူတွေက ဘီဘီစီကို ပြောပါတယ်။
ဆက်ဖက်ရန်---
(၅) လယ်မြေသိမ်းကိစ္စ တိုင်ကြားသည့် လယ်သမားအား ကပစ (၈)မှ တပ်ရင်းသို့လာရောက်ရန် ဆင့်ခေါ် : Source : Moemaka
21-Oct-12
မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်တွင်
ကပစ (၈) မှ မြေဧက တစ်သောင်းကျော် သိမ်းယူထားခြင်းကို တိုင်ကြားခဲ့သည့်
ကျေးရွာသားအချို့အား ယင်းတပ်ရင်းမှ လာရောက်ဆင့်ခေါ်နေကြောင်း ယင်းကိစ္စနှင့်
ပတ်သက်ပြီး လိုက်ပါဆောင်ရွက်ပေးသူတဦးက ပြောသည်။
ဆက်ဖက်ရန်---
(၆) ၁၉၈၂ ခု
နိုင်ငံသားဥပဒေကို ထိရောက်စွာပြဌာန်ပေးရန်လိုအပ်ကြောင်း သံတွဲလူထုဆန္ဒထုတ်ဖော် :
Source : Arakantimes
21-Oct-12
မြန်မာနိုင်ငံ အနောက်ဘက်
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ရဟန်းရှင် လူထုများက မြန်မာနိုင်ငံအတွင်း OIC ရုံးစိုက်မည်ကို
ကန့်ကွက်ကြောင်းနှင့် အာဏာပိုင်များက ရုံးစိုက်ခွင့် ရုတ်သိမ်းလိုက်သော ဆုံးဖြတ်ချက်ကို
ထောက်ခံကြောင်း ယနေ့ နေ့လည်(၁)နာရီကစတင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဆက်ဖက်ရန်---
(၇) ဘင်္ဂလီများအချင်းချင်း အချင်းများကြရာမှ လူထုအုံကြွကာ မီးလောင်မှုထိဖြစ်ပွား
: Source : Arakantimes
22-Oct-12
အောက်တိုဘာလ (၂၁)ရက်နေ့
ညနေ(၉)နာရီခန့်တွင် မင်းပြားမြို့နယ် ပိုက်သည်ရွာရှိ ဘင်္ဂလီများအချင်းချင်း အချင်းများကြရာမှ
လူထုအုံကြွမှုဖြစ်လာကာ မီးလောင်မှုများအထိ ဖြစ်ပွားခဲ့ရကြောင်း သိရှိရသည်။
(၈) ရင်းနှီးမြှုပ်နှံမှု ဥပဒေ အပြီးသတ်နိုင်ဖို့ သမ္မတ ဦးသိန်းစိန် မျှော်လင့် : Source : VOA
21-Oct-12မြန်မာနိုင်ငံမှာ
နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးအတွက် လိုအပ်နေတဲ့ ဥပဒေတရပ်ကို
မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ချမှတ်နိုင်တော့မယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြား
လိုက်ပါတယ်။ ဒီဥပဒေပြဌာန်းနိုင်ဖို့ လုပ်ဆောင်နေတာ အချိန်ကြာမြင့်နေပြီဖြစ်ပြီး လွှတ်တော်မှာ
လအတော်ကြာ ညှိနှိုင်းဆွေးနွေး ငြင်းခုံမှုတွေ လုပ်ခဲ့ရသလို
ဆက်ဖက်ရန်---
(၉) အလုပ်သမားတွေ ရပိုင်ခွင့်အတွက် ဆန္ဒပြ : Source : RFA
2012-10-21
ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်က
အလုပ်သမား (၂၀၀) ကျော်ဟာ သူတို့ရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ အပြည့်အ၀ရရှိဖို့ အတွက်
အောက်တိုဘာလ ၂၁ ရက် ဒီကနေ့ မနက်က တရားဝင် ခွင့်ပြုချက်နဲ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဆက်ဖက်ရန်---
(၁၀) နိုင်ငံရေး အကျဉ်းသားဟောင်းများကော်မီတီ ဖွဲ့မည် : Source : RFA
2012-10-21
မြန်မာတနိုင်ငံလုံးက
နိုင်ငံရေးအကျဉ်းသားဟောင်းတွေ စုစည်းပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ ကော်မတီ ဖွဲ့စည်းဖို့
နဲ့ လာမယ့် ဒီဇင်ဘာလမှာ ပြည်လုံးကျွတ် နိုင်ငံရေးအကျဉ်းသားများ ညီလာခံ ကျင်းပနိုင်ဖို့အတွက်
ဒီကနေ့ (M3)
ဆက်ဖက်ရန်---
(၁၁) ငြိမ်းချမ်းရေး အမှတ်တံဆိပ်တွေကို ဖားကန့်ဒေသ တခုလုံးကပ်ထားမည် :
Source : RFA
2012-10-20
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ
အောက်တိုဘာလ ၂၄ ရက်နေ့ ကျရောက်မယ့် ကမ္ဘာ့ကုလသမဂ္ဂနေ့ မှာ ငြိမ်းချမ်းရေးအထိမ်းအမှတ်
စာသားတွေပါတဲ့ ကပ်ခွာတွေ နေရာအနှံ့ကပ်ကြမယ်လို့သိရပါတယ်။
ဆက်ဖက်ရန်---
(၁၂) အလုပ်သမားဆန္ဒပြပွဲတွေ ခွင့်ပြုချက်ရ : Source : RFA
2012-10-20
ရန်ကုန်တိုင်းဒေသကြီး
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရွှေပြည်သာ နဲ့ လှိုင်သာယာမြို့နယ် တွေက အလုပ်သမားသမဂ္ဂအဖွဲ့အစည်းတွေက
သက်ဆိုင်ရာ မြို့နယ်အသီးသီးမှာ ဆန္ဒထုတ်ဖော်ခွင့် လျှောက်ထားတာကို
(၁၃) အယုဒ္ဓယတွင် ထိုင်းနှင့် မြန်မာအလုပ်သမားများ ခိုက်ရန်ဖြစ်ပွား : Source : DVB
Published on
October 22, 2012 by နန်းြမနဒီ
· No Comments
ထိုင်းနိုင်ငံ
အလယ်ပိုင်း အယုဒ္ဓယခရိုင်ထဲမှာ ရာချီတဲ့ ြမန်မာအလုပ်သမားေတွနဲ့ ေဒသခံ ထိုင်းအလုပ်သမားြကား
မေန့ညက အုပ်စုဖွဲ့ ခုိက်ရန်ြဖစ်ပွားခဲ့ပါတယ်။
ဆက်ဖက်ရန်---
(၁၄) ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နှင့် ကေအိုင်အို လိုင်ဇာတွင် ဆွေးနွေး : Source : DVB
Published on
October 22, 2012 by ကိုထွေး · No
Comments
အစိုးရနဲ
့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ
ဖြစ်မြောက်ဖို့ ကြားဝင် ဆောင်ရွက်ပေးနေတဲ့ အကျိုးတော်ဆောင် အဖွဲ့ဝင် ၂ ဦးဟာ
အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) တို့ ထပ်မံဆွေးနွေးဖို့
ရက်သတ်မှတ်ရေးအတွက် ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမှာ ဒီနေ့ ဆွေးနွေးနေပါတယ်။
ဆက်ဖက်ရန်---
(၁၅) ပုဂံယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း ပေးရေး ဆန္ဒပြ : Source : DVB
Published on October 22, 2012 by အောငျစိုးထိုကျ
· No Comments
ပုဂံေရှးေဟာင်းယဉ်ေကျးမှု
အေမွအနှစ်ေတွကို စနစ်တကျထိန်းသိမ်းေပးဖို့နဲ့
စေတီပုထိုးတှေ အွကားက အဆောကျအဦ၊ ဆိုင်ခန်းနဲ့ စားေသာက်ဆိုင်ေတွကို သတ်မှတ်ဇုန် အတွင်း ေြပာင်းေရွှ့ေပးဖို့
ွမို့ခံတှေက ဒီနေ့ စီတန်းလှည့်လည် ဆန္ဒေဖာ်ထုတ်ခဲ့ြကပါတယ်။
ဆက်ဖက်ရန်---
(၁၆) ပြည်ပ တပ်များနှင့် မြန်မာစစ်တပ် ထိတွေ့ရန် လိုဟု ဒေါ်အောင်ဆန်းစုကြည်
ပြော : Source : Irrawaddy
22-Oct-12
အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ပြည်ထောင်စုအနေဖြင့် Cobra Gold စစ်ဆင်ရေးအတွက် မြန်မာနိုင်ငံကို လေ့လာသူအဖြစ် ဖိတ်ကြားလာပါက ကန့်ကွက်ရန် မရှိကြောင်းနှင့်
ဆက်ဖက်ရန်---
(၁၇) နှစ်မကုန်မီ UNFC နှင့် နှစ်ကြိမ်
တွေ့နိုင်ရန် ဦးအောင်မင်း ကမ်းလှမ်းထား : Source : Mizzima
ဟင်္သာနီ (မွန်မြေ) | တနင်္လာနေ့၊
အောက်တိုဘာလ ၂၂ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၅၈ မိနစ်
စံခလပူရီ (မဇ္ဈိမ) ။ ။ ညီညွတ်သော
တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့အား ၂ဝ၁၂ ခုနှစ် အတွင်း
နှစ်ကြိမ်တွေ့ဆုံနိုင်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ
ဝန်ကြီး ဦးအောင်မင်း က ကမ်းလှမ်းထားကြောင်း သိရှိရသည်။
ဆက်ဖက်ရန်---
(၁၈) ကျင်းပဆဲ
လွှတ်တော်တွင် ရင်းနှီးမြှုပ်နှံမှုဥပဒေ အတည်ပြုမည် : Source : Mizzima
မြတ်ကျော်သူ | တနင်္လာနေ့၊ အောက်တိုဘာလ
၂၂ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၀၈ မိနစ်
နေပြည်တော် (မဇ္ဈိမ) ။ ။ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုဥပဒေကို ကျင်းပလျက်ရှိသည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော်
ပဉ္စမပုံမှန်အစည်းအဝေးအတွင်း အတည်ပြုနိုင်မည်ဟု လွှတ်တော်အမတ်များက
သုံးသပ်ပြောကြားသည်။
ဆက်ဖက်ရန်---
(၁၉) အခြေခံဥပဒေနှင့်အညီ ပါတီဥက္ကဋ္ဌ
တာဝန်ဆက်ယူထားကြောင်း သမ္မတပြော : Source : Irrawaddy
22-Oct-12
သမ္မတဦးသိန်းစိန်က အာဏာရ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌအဖြစ် ဆက်လက် တာဝန်ယူထားမှုမှာ
ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖြစ်သည်ဟု ပြောဆိုသည်။
ဆက်ဖက်ရန်---
(၂၀)
KIO ဟု စွပ်စွဲခံရသည့် ဦးဘရန်ရှောင် အမှု စွဲချက်တင်ပြီ : Source : Mizzima
ဖနိဒါ | တနင်္လာနေ့၊ အောက်တိုဘာလ ၂၂ ရက်
၂၀၁၂ ခုနှစ် ၁၈ နာရီ ၁၀ မိနစ်
ချင်းမိုင်(မဇ္စျိမ)
။ ။
ကချင်စစ်ပြေးဒုက္ခသည်စခန်းတခုမှ ဦးလထောင် ဘရန်ရှောင် အား ကချင်လွတ်လပ်ရေး အဖွဲ့
KIO အဖွဲ့ဝင်ဖြစ်သည်ဟူသော စွပ်စွဲချက်ကို တင်သင့်ကြောင့် တနင်္လာနေ့ မြစ်ကြီးနား မြို့နယ်တရားရုံးမှ
တရားသူကြီး ဦးမြင့်ထူး က အမိန့်ချလိုက်သည်။
ဆက်ဖက်ရန်---
(၂၁) နိုင်ငံခြားသားများကိုလည်း
PR ပေးမည် : Source : Irrawaddy
22-Oct-12
အစိုးရက ခွင့်ပြုရန်ရှိသည့်
အမြဲတမ်းနေထိုင်ခွင့် (Permanent Resident-PR) အား ပြည်ပနိုင်ငံသား ခံယူထားသည့်
မြန်မာနိုင်ငံ သားများအပြင် မြန်မာပြည် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုသော
နိုင်ငံခြားသားများကိုလည်း ပေးအပ်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ၀န်ကြီး
ဦးစိုးသိန်းက ပြောဆိုလိုက်သည်။
ဆက်ဖက်ရန်---
(၂၂) NLD ဗဟိုအလုပ်အမှုဆောင်ဟောင်း
ဦးလွန်းတင် ကွယ်လွန် : Source : Mizzima
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊
အောက်တိုဘာလ ၂၂ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၄၉ မိနစ်
နယူးဒေလီ
NLD ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အဖြစ် ၂ဝ၁၁ ခုနှစ်အထိ တာဝန်ယူခဲ့ဖူးသည့်
ဗိုလ်မှူးကြီး (ငြိမ်း) ဦးလွန်းတင် သည် အသက် ၉၂ နှစ် အရွယ်တွင် လူကြီးရောဂါဖြင့်
ရန်ကုန်ဆေးရုံကြီး၌ တနင်္ဂနွေ ညနေ ၅ နာရီခွဲခန့်က ကွယ်လွန်သွားခဲ့သည်။
ဆက်ဖက်ရန်---
(၂၃) မုံရွာမြို့နယ် ပြည်သူ့ညီလာခံ တွင် ပြည်ထောင်စုကရင်အမျိုးသား ကွန်ယက် ပေးပို့ : Source : KIC
22-Oct-12
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်
ဆည်တည်းရွာတွင် အောက်တိုဘာလ ၁၈ရက်မှ ၁၉ရက်နေ့အထိ ပထမဦးဆုံး အကြိမ်
ပြည်သူ့ညီလာခံပြုလုပ်ရာ ပြည်ထောင်စု ကရင်အမျိုးသားကွန်ယက်မှ
ညီလာခံအားထောက်ခံကြောင်း သ၀ဏ်လွှာပေးပို့ခဲ့သည်။
ဆက်ဖက်ရန်---
(၂၄) ပြည်ထောင်စုလမ်းမပေါ်က တံတားတခု မကြာခဏပျက် ခရီးသွားများအခက်တွေ့ : Source : Panglong
Monday, 22 October 2012 13:37 သျှမ်းသံတော်ဆင့်/စိုင်းလုံ
သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် မူစယ်မြို့နယ်၊ ပန်ခမ်းရွာအနီး ပြည်ထောင်စုလမ်းမရှိ နမ့်ပေါ့တံတားယမန်နေ့ မနက်ပိုင်းကပျက်သွား ပြီး
၁၀ နာရီခန့် ယာဉ်ကြောပိတ်ဆို့ မှုဖြစ်ခဲ့ရကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါ သည်။
ဆက်ဖက်ရန်---
(၂၅) ဆိုင်ခန်းခ တိုးမြှင့်လိုက်သည့်အပေါ် မကျေနပ်၍ မူစယ်မြို့၌ စာရေးတိုင်ကြားမှုဖြစ် : Source : Panglong
Monday, 22 October 2012 16:39 သျှမ်းသံတော်ဆင့်
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့အမှတ် ၂
စျေးအတွင်းရှိ ဆိုင်ခန်းခများ ရုတ်တရက် တိုးမြှင့် ကောက်ခံ လိုက်
သည့် အပေါ်
မကျေနပ်သဖြင့် စျေးသူစျေးသား ၃၀
ခန့်က မူစယ်မြို့ခရိုင်အုပ်ချုပ်ရေးရုံးနှင့် မြို့နယ် စည်ပင်ဋ္ဌာနများသို့ ယနေ့
စာ ရေး
တိုင်ကြားလိုက်ကြောင်း သတင်းရရှိသည် ။
ဆက်ဖက်ရန်---
(၂၆) လောကနန္ဒာစေတီတော်မြတ်ကြီးအား
ဘက်စုံမွမ်းမံရေး အဝေးသင်ကျောင်းသားများ အလှူခံ : Source : Arakantimes
22-Oct-12
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်
လောကနန္ဒာစေတီတော်မြတ်ကြီးအား ဘက်စုံမွမ်းမံရန် အဝေးသင်ကျောင်းသားများက
ဘုရားဂေါပကအဖွဲ့နှင့် ပူးပေါင်းပြီး အနယ်နယ်အရပ်ရပ်မှ ရောက်ရှိနေကြသော
အဝေးသင်ကျောင်းသားများဆီက မနေ့ညနေမှစ၍ အလှူငွေကောက်ခံနေကြောင်း သတင်းရရှိသည်။
ဆက်ဖက်ရန်---
(၂၇) အမေရိကန်ရဲ့ စစ်ရေးနည်းပညာ
အကူအညီ လိုချင်ဟု ဦးသိန်းစိန် ပြော : Soruce : Irrawaddy
21-Oct-12
မန်မာနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုမှ ကာကွယ်ရေးဆိုင်ရာ
နည်းပညာအကူအညီများ ရယူသွားရန် စဉ်းစားနေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က
ပြောဆိုလိုက်သည်။
No comments:
Post a Comment