Friday, October 19, 2012

နေ့စဉ်မြန်မာ့အရေး ဆက်စပ်သတင်းများ (အောက်တိုဘာလ ၁၈ရက်၊ ၂၀၁၂ခုနှစ်)


(၁) လွှတ်တော် အစည်းအဝေး ကနေ့ပြန်စ : Source : BBC

18-Oct-12
နေပြည်တော်မှာ ပြည်သူ့လွှတ်တော် အစည်းအဝေး တွေ ကနေ့ ပြန်လည် စတင် တော့မှာ ဖြစ်တဲ့ အတွက် အခု တကြိမ်ဟာ ပထမ အကြိမ် လွှတ်တော်တွေ ရဲ့ ပဉ္စမ အကြိမ် ပုံမှန် အစည်းအဝေး လည်း ဖြစ်ပါတယ်။

 

(၂) လူ့အခွင့်အရေးကိစ္စ အမေရိကန် မြန်မာ ပွင့်ပွင့်လင်းလင်း ဆွေးနွေး : Source : BBC

18-Oct-12
အမေရိကန် အစိုးရနဲ့ မြန်မာအစိုးရအကြား လူ့အခွင့်အရေး ကိစ္စအကြောင်း ပထမ အကျော့ ဆွေးနွေး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြောင်းနဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးတက် ကောင်းမွန် လာတာနဲ့အမျှ နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စနဲ့ တခြား အတိမ်း အစောင်း မခံတဲ့ ကိစ္စရပ်မျိုးတွေကို ဆွေးနွေး ပြောဆိုဖို့ ပွင့်လင်းတဲ့ ဆက်ဆံရေး လမ်းကြောင်း တခု အခုအခါ ထားရှိနိုင်ပြီလို့ အမေရိကန် အစိုးရအနေနဲ့ ယုံကြည်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက ဗုဒ္ဒဟူးနေ့က ပြောပါတယ်။

(၃) ရန်ကုန်မှာ နိုင်ငံတကာ IT ကုမ္ပဏီ တခု လုပ်ငန်း စတင် : Source : BBC
17-Oct-12
နိုင်ငံတကာ IT နည်းပညာ ကုမ္ပဏီ တခုဖြစ်တဲ့ ဂျပန် အခြေစိုက် NTT Com ကုမ္ပဏီ ဟာ ရန်ကုန်မှာ ရုံးခွဲတခု ဗုဒ္ဓဟူးနေ့ က ဖွင့်လှစ် လိုက်ပါတယ်။

 


(၄) ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း လွှတ်တော်မှာဆွးနွေးမည် : Source : VOA

17-Oct-12
ပထမအကြိမ် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွေကို မနက်ဖြန် အောက်တိုဘာလ ၁၈ ရက်နေ့မှာ ပြန်လည် စတင်တော့မှာဖြစ်ပါတယ်။ ဒီတခါ လွှတ်တော် စည်းဝေးပွဲတွေကျရင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့ ဆွေးနွေးကြမှာ ဖြစ် သလို အတည်ပြုထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပြင်ဆင်ချက်တွေကို

(၅) ဒေါ်အောင်ဆန်းစုကြည်ကို ဆာကားအိမြို့ ငြိမ်းချမ်းရေးဆု ချီးမြှင့် : Source : RFA
2012-10-17
ဂျပန်နိုင်ငံ အိုဆာကားခရိုင် ဆာကားအိ (Sakai) မြို့ က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ငြိမ်းချမ်းရေးဆု ချီးမြင့်လိုက်ပါတယ်။


(၆) ဝေါမြို့နယ် ရေဘေးဒုက္ခသည် အတွက် ၈၈ ကျောင်းသားအဖွဲ့ လှူဒါန်း : Source : RFA
2012-10-17
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုဂျင်မီ၊ စမ်းချောင်း ကိုကိုကြီး၊ မနီလာသိန်း၊ မမီးမီးနဲ့ ကိုထွန်းထွန်း တို့ဟာ ပဲခူးတိုင်း ဝေါမြို့နယ်အတွင်းက ရေဘေးဒဏ်ခံခဲ့ရတဲ့ ကော့ဝင်းကျေးရွာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းကို ဒီကနေ့ ညနေက သွားရောက်ကြခဲ့ပြီး ငွေသား ၂၅ သိန်း အပါအ၀င် အိမ်သုံးဆေးဝါးနဲ့ အစားအစာ စုစုပေါင်း တန်ဖိုး သိန်း ၁၀၀ နီးပါး


(၇) လက်ပံတောင်းတောင် ပြည်သူ့ညီလာခံ ကျင်းပမည် : Source : RFA
2012-10-17
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးနဲ့ အလုပ်သမား၊ လယ်သမား၊ တိုင်းရင်းသား အရေးတွေ ဆွေးနွေးမယ့် ပြည်သူ့ညီလာခံ တရပ်ကို ကြေးနီစီမံကိန်းဒေသ ဆည်တဲကျေးရွာမှာ မနက်ဖြန် မနက်မှာ ကျင်းပဖို့ ပြင်ဆင်နေပြီး ညီလာခံ တက်ရောက်ဖို့ ကိုယ်စားလှယ် ၃၀၀ ကျော် ရောက်ရှိနေပြီလို့ သိရပါတယ်။


(၈) လွှတ်တော်တွင်းဆွေးနွေးမှု အကျိုးရှိစေရေး ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း  : Source : RFA
2012-10-17
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်ထဲမှာ ဆွေးနွေးကြတဲ့အခါ ဒီမိုကရေစီ နည်းကျ ဆွေးနွေးမှုတွေနဲ့ လူထုအတွက် အကျိုးဖြစ်မယ့် အဆိုတွေကို ထောက်ခံဆွေးနွေးကြဖို့၊ လူထုအတွက် အကျိုးမရှိတဲ့ ဆွေးနွေးချက်တွေကို ကန့်ကွက်ကြဖို့ ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းလိုက်ပါတယ်။

(၉) ပုသိမ် တောင်သူ လယ်သမား သမဂ္ဂ ဖွဲ့ : Source : Irrawaddy
18-Oct-12
တောင်သူ လယ်သမားများ ၏ အရေးကိစ္စများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပုသိမ်မြို့နယ် အတွင်းရှိ ကျေးရွာ ၅၀ ကျော် မှ တောင်သူလယ်သမားများ စုစည်း၍ ပုသိမ်မြို့နယ် တောင်သူ လယ်သမား သမဂ္ဂ ကို ဖွဲ့စည်းလိုက်သည်။

(၁၀) ပါတီတွင်း ပြေလည်အောင် ဖြေရှင်းရန် ဦးတင်ဦး တိုက်တွန်း : Source : Irrawaddy
17-Oct-12
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ညီလာခံမခေါ်ယူမီ ဖြစ်ပေါ်နေသည့် ပါတီတွင်းပြဿနာများကို အချင်းချင်း ပြေလည်အောင် ဖြေရှင်းကြရန် NLD နာယက ဦးတင်ဦးက တိုက်တွန်းလိုက်သည်။

(၁၁) သိန်း ၃၀ ဖြင့် တရုတ်မယား ဈေးကွက် ဗြောင်ဆွယ်နေ : Source : Mizzima
ရတနာဦး | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၁၆ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။        ။ ငွေကျပ် သိန်း ၃၀ ရရှိမည် ဟူသည့် မက်လုံးဖြင့် မြန်မာ အမျိုးသမီးငယ်များကို တရုတ်နိုင်ငံ ရှိ အမျိုးသားများနှင့် လက်ထပ်ရန် ပွဲစားများ အတင့်ရဲစွာ စည်းရုံးသိမ်းသွင်းမှုများ ရှိလာကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ ဒု-ရဲမှူးကြီးညွန့်လှိုင် က ပြောသည်။
ဆက်ဖက်ရန်---

(၁၂) နေပြည်တော်စကားဝိုင်း အပြုသဘောဆောင်ဟု အမေရိကန် ပြော : Source : Irrawaddy
18-Oct-12
ပြီးဆုံးခဲ့ပြီဖြစ်တဲ့ ပထမဆုံးအကြိမ် အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးစကားဝိုင်းဟာ “သိပ်ကိုအပြုသဘောဆောင် တယ်” လို့ အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

(၁၃) အစိုးရတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် KIA နှစ်ဦးနှင့် ရွာသား သုံးဦး သေဆုံး  : Source : Mizzima
ဖနိဒါ | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၅၇ မိနစ်
ချင်းမိုင်(မဇ္စျိမ)။   ။ ဖားကန့်မြို့ပေါ်ရှိ အစိုးရတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲဘော် နှစ်ဦးနှင့် ဒေသခံရွာသား သုံးဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရှိခဲ့သည်ဟု ဖားကန့် ဒေသခံများနှင့် KIO က ပြောသည်။
ဆက်ဖက်ရန်---


(၁၄) တည်ငြိမ်မှုရှိမှ ဒီမိုကရေစီဖော်ဆောင်နိုင်မည်ဟု လွှတ်တော်ဥက္ကဋ္ဌပြော : Source : DVB
Published on October 18, 2012 by ဒီဗွီဘီ   ·   No Comments
တလကျော်ကြာ ရပ်နားထားတဲ့  ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ကို ဒီနေ့   ပြန်လည်ကျင်းပခဲ့ပြီး တည်ငြိမ်အေးချမ်းမှုရှိမှ ဒီမိုကရေစီ ဖော်ဆောင်နိုင်မယ်လို့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဖွင့်အမှာစကားမှာ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

 

(၁၅) ဦးသိန်းစိန် ပထမအကြိမ် သတင်းစာရှင်းလင်းပွဲ လုပ်မည် : Source : DVB

Published on October 18, 2012 by ေရွှေအာင်   ·   No Comments
သမ္မတ ဦးသိန်းစိန်ရဲ့ ပထမဆံုး သီးသန့် သတင်းစာရှင်းလင်းပွဲတခုကို ေအာက်တုိဘာ ၂၁ ရက်ေန့ မနက် နာရီ ေနြပည်ေတာ်ရှိ သမ္မတအိမ်ေတာ်မှာ ြပုလုပ်သွားမယ်လို့ သမ္မတရံုးက စံုစမ်းသိရှိ ရပါတယ်။


(၁၆) လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ဖားကန့်တွင် ၆ဦးသေဆုံး : Source : DVB
Published on October 18, 2012 by ေနာ်နုိရင်း   ·   No Comments
ကချင်ြပည်နယ်ြပည် ဖားကန့်ြမို့နယ် ေမှာ်ေမာင်ကုန်းရွာမှာ မေန့ညက လက်နက်ြကီးကျည် ကျေရာက်ေပါက်ကွဲမှုေြကာင့် ဆယ်အိမ်မှူးအပါအ၀င် ရွာသား  ၆ ဦးေသဆုံးြပီး ၅ ဦး အြပင်းအထန် ဒဏ်ရာရရှိသွားပါတယ်။



(၁၇) ကျိုက်ထီးရိုးက လူငယ်တဦး လက်နက်မှုဖြင့် ထောင်ချခံရ : Source : DVB

Published on October 18, 2012 by နန်းြမနဒီ   ·   No Comments
မွန်ြပည်နယ် ကျိုက်ထီးရိုးဘုရားေတာင်ေပါ်မှာ ဆန္ဒြပဖို့ စီစဉ်ခဲ့တဲ့  ေဈးေရာင်းတဲ့ လူငယ်တဦးကို ကျိုက်ထိုရဲစခန်းက ဖမ်းဆီး ရံုးတင်ြပီး  လက်နက်မှုြဖင့် အလုပ်ြကမ်းနဲ့ ေထာင်ဒဏ် ချမှတ်လိုက်ပါတယ်။

(၁၈) ပဒိုဒေးဗစ်ထော ဈာပနအခမ်းအနား လူပေါင်း ၁ထောင်နီးပါး တက်ရောက် : Source : Kachin

18-Oct-12

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇)နယ်မြေ သေဘေထာ့ဒေသတွင် ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် ပဒိုစောဒေးဗစ်ထော ၆၅ နှစ်၏ ဈာပနအခမ်းအနားသို့ လူထုပရိဿတ် တစ်ထောင်နီးပါး တက်ရောက်ကာ ၎င်း၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့ကြသည်။


(၁၉) ပျောက်ကျားဝတ်စုံ နှင့် ဓါတ်ပုံကြောင့် ကျေးလက်ရွာသားတဦးထိန်းသိမ်းခံရ : Source : Panglong

Thursday, 18 October 2012 17:43 သျှမ်းသံတော်ဆင့်
နံရံ၌ ချိတ်ဆွဲထားသော ဓါတ်ပုံ ကြောင့် သျှမ်းပြည်အလယ်ပိုင်း ကျေးလက်ဒေသခံ တဦးအား ခလရ ၁၃၁ ကဖမ်းဆီး ပြီး ကျေးသီးမြို့အချုပ်ခန်း၌ လဝက်ကျော်ချုပ်နှောင်ထားကြောင်း ဒေသခံများပြောပြချက်အရ သိရပါသည်။


(၂၀) ကရင်ပြည်၏ ပထမဦးဆုံး ထဘာကော် ခရီးသွားလာရေးကုမ္ပဏီဖွင့်လှစ် : Source : KIC
18-Oct-12

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ရတနာဒီပအမှတ်(၉)ရပ်ကွက်၊ ကားကွင်းကြီးအနီးတွင် ကရင်ပြည်နယ်၏ ပထမဦးဆုံးသော “ထဘာကော်”ခရီးသွားလာရေး ကုမ္ပဏီလီမိတက်ကို ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။


 

(၂၁) ထိုင်း မှောင်ခိုဒီဇယ် လီတာသိန်းချီ အစိုးရတပ်ငွေကောက်၍ တင်သွင်းခွင့်ပြု : Source : Panglong

Thursday, 18 October 2012 17:45 သျှမ်းသံတော်ဆင့်
လွန်ခဲ့သည့်လမှစ၍ သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ်အတွင်းအခြေစိုက်သည့်အစိုးရတပ်က လက်နက်ကိုင် တပ်ဖွဲ့တခုမှ တင်သွင်းသည့် ထိုင်းဒီဇယ်များအား တလီတာ(ထိုင်းငွေ) နှစ်ဘတ်နှုန်းဖြင့်ကောက်ကာနေ့စဉ် တင်သွင်းခွင့်ပြုနေသည်ဟု စုံစမ်းသိရှိရပါသည်။
ဆက်ဖက်ရန်---

(၂၂) သျမ်းပြည်မြောက်ပိုင်း ကျေးရွာအုပ်ချုပ်ရေးမူးများအား အစိုးရတပ်ဖမ်းဆီးရိုက်နက် : Source : Panglong
Thursday, 18 October 2012 17:46 သျမ်းသံတော်ဆင့်/စိုင်းလုံ
သျမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် နင့်  ပလောင်ကိုယ်ပိုင်အုပ်ခွင့်ရဒေသအတွင်းမ ကျေးရွာအုပ်စု နင့် ကျေးရွာ ချုပ်ရေးမူး ၁၀ ဦး ကျော်အား နမ္မတူမြို့နယ် မန့်စံတပ်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်စစ်ဆေးမေးမြန်းရိုက်နက်    ခဲ့ကြောင်းစုံစမ်းသိရိရသည်။

(၂၃) ရုံးဖွင့်ခွင့် ပြုတော့မည် မဟုတ်ကြောင်း နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ အိုအိုင်စီသို့ အကြောင်းကြား : Source : Narinjara
18-Oct-12
မြန်မာ နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ အစ္စလာမ်မစ် ပူးပေါင်းရေး အဖွဲ့(အိုအိုင်စီ) သို့ မြန်မာနိုင်ငံ၌ ရုံးဖွင့် ခွင့်ပြုတော့မည်  မဟုတ်ကြောင်း အကြောင်းကြားလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ဆက်ဖက်ရန်---

No comments:

Post a Comment